မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, February 21, 2014
**** နှမြောစရာကောင်းသောအချိန် ****
နှမြောစရာကောင်းသောအချိန်
***********************
အချိန်တွေမကုန်စေနှင့်။
ဝတ်လို့အချိန်ကုန်၊ စားလို့အချိန်ကုန်၊ ပျင်းလို့အချိန်ကုန်
အဲဒီလို မဖြစ်စေနဲ့။
ကံကောင်းထောက်မလို့ လူ့ပြည်ရောက်တာ။
ကုသိုလ်မဖြစ်ဘဲ အချိန်ကုန်သွားရင် ပြီးပါရောဗျာ။
အချိန်ဆိုတာ စိစစ်ယူရတယ်။
ယနေ့ ငါ့မှာ ဘာကုသိုလ်ဖြစ်သလဲ။
မဖြစ်သေးရင် ဖြစ်အောင်လုပ်။
အရှုံးမခံနှင့်။
ကနေ့ နက်ဖြန် ပြန်မဖြစ်တော့ဘူး။
နင်တို့မသိလို့ အင်မတန်မှ နှမြောစရာကောင်းတယ်။
(ဝေဘူဆရာတော်ကြီး)
~~~~~~~~~~~~~
မင်းနန် (မော်ကျွန်း)
ဆရာတော်ကြီးများ၏ သြဝါဒတော်များပေါင်းချုပ် (နှာ-၁၃၉) မှ
ကောက်နုတ်ပူဇော်ပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment