/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 22, 2014

***** အသံတိတ် မိုးကြိုး အပစ်ခံရသူ တစ်ဦး အကြောင်း ****



မရောက်တာကြာပြီဖြစ်သောဇာတိမြို့ငယ်လေးသို့ယခု ကျွန်တော် ရောက်ရှိနေပါသည်။ထုံးစံအတိုင်းငယ်သူငယ်ချင်းများ
 နှင့်အတူ
-"ဟေ့ကောင်ကြီး၊ ဟေ့ကောင်၊
သူငယ်ချင်း၊ရောင်းရင်း၊ကိုယ့်လူ၊(နှမပေးတာ,ယူတာလည်း မဟုတ်ပါဘဲ နဲ့ )ယောက်ဖ၊"စသည့်ဖြင့် ပွင့်လင်းရင်းနှီးစွာ "အာလုတ်" စကားပြု၍ရှေးဟောင်းနှောင်းဖြစ်များ စားမြုံ့ပြန်ကြရင်း ပျော်ပျော်ပါးပါး ဆုံဖြစ်ကြပါ၏။

(အကြောင်းတိုက်ဆိုင်၍ ပြောလိုသည်မှာ "အာလုတ်" ဆိုသည်က ပါဠိ လို"အာလပန"မှ ဆင်းသက်လာသည်ဟုဆိုပါသည်။"အာလပန"၏ မြန်မာ အဓိပ္ပါယ် မှာ "ပြောဆိုခြင်း၊ ခေါ်ခြင်း" ဖြစ်ပြီး အင်္ဂလိပ် ဘာသာဖြင့်-"Form of Address" ဖြစ်သည်ဟု မှတ်သားဖူးပါ၏။) ။ ထားပါတော့။
ပြောလိုသည် က- ငယ်သူငယ်ချင်း အတော်များများက သိပ်မကျန်တော့ပါ။

"နာဂစ် "နှင့်အတူပါသွားသည့်ငယ်သူငယ်ချင်းများပင်လျှင်(ကျွန်တော့် စိတ်ထင်)(၂၀)လောက်မက ရှိမည်ထင်ပါသည်။ယခု လက်ကျန် သူငယ်ချင်းများမှာအနည်းငယ်သာကျန်ပါတော့သည်။ ထို့အတူ-" ဘယ်သူကတော့ မရှိတော့ဘူး၊ဘယ်သူကတော့ဖြင့် တစ်လောကမှ ဆုံးသွားတာ"ဆိုတာမျိုးက ပါသေး၏။

အကြောင်းအရာစုံ ပြောကြရင်းဖြင့် ငယ်စဉ်က ကာလ/ယနေ့ခေတ် ကာလ လူအချို့၏"မိုက်မဲမှု"အကြောင်း သို့ရောက်သွားပါလေရော။
တစ်ယောက်သော သူငယ်ချင်း က -
"အဲဒီလို လူမျိုးကျတော့ မိုးကြိုး က လည်း ပစ်နိုင်ခဲ လိုက်တာ"ဟုပြောလိုက်၏။


ထိုအခါ နောက်တစ်ယောက် က-
"ဟား ဟား ပစ်ဖို့နေနေသာသာ ချမ်းသာ သွားလိုက်တာမှ ကျိကျိတက် လို့"ဟူ၍ထောက်ခံပါ၏။

မိုက်နေသူ ကို မိုးကြိုး ပစ်စေချင်ကြသည် ထင်ပါ၏။ သို့သော် တကယ် ပစ်လိုက်သည့် အသံ ကိုကား ကျွန်တော်နှင့် ငယ်သူငယ်ချင်းများ သတိ မထားမိလိုက်ကြပါပေ။

ကျွန်တော်တို့ ငယ်သူငယ်ချင်းများတွေ့ဆုံကြစဉ်ပြောဖြစ်ကြသည့် သံဝေဂယူဖွယ် ဖြစ်ရပ်မှန် အဖြစ်အပျက်ကလေးတစ်ခု က ဤသို့ပါ။
ကျွန်တော်၏ ဇာတိမြို့ငယ်လေးတွင်"ကိုဘဂျမ်း"တို့ ဇနီးမောင်နှံ(အမည်ပြောင်းထား) ကို လူတိုင်းလိုလိုသိကြပါ၏။သူတို့ စီးပွားရေးလုပ်ငန်းက"သားသတ်လုပ်ငန်း နှင့် အမဲသားဆိုင်" ဖွင့်သော လုပ်ငန်း ပင်ဖြစ်ပါ၏။

နယ်မြေဒေသ အခြေအနေက-"သားသတ်လိုင်စင်" ဆိုသည်ကို နားမလည်သည်ကတစ်ကြောင်း၊"နွားသတ်ဖြတ်"ရသည့်
အလုပ်ဖြစ်ခြင်းကြောင့်တစ်ကြောင်း တို့ကြောင့် မည်သူမျှစိတ်မ၀င်စားကြပါချေ။
ယင်းသို့ စိတ်ဝင်စားသူ မရှိလေ"ကိုဘဂျမ်း"တို့ တွက်ချေကိုက်လေ ဖြစ်သည်။ ပြိုင်ဖက်ကင်းသဖြင့်"မိုးလင်းသည် နှင့် လက်ဖျားငွေသီး"နေလေပြီ။

"ကိုဘဂျမ်း"သည် ရုပ်ရည်ကလည်းပြေပြစ်၏။ လူမှုဆက်ဆံရေးကလည်း ကျွန်တော့်လို လူ့ဂလန့်၊လူ့ဂွစာများ စံနမူနာ ယူရလောက်အောင် ကောင်းမွန်လှပေ၏။
ရပ်ကွက်ထဲက တစ်စုံတစ်ယောက် ကျန်းမာရေးဖောက်နေသည်ဟုကြားလျှင်"ကိုဘဂျမ်း" က အရင် ရောက်သွားပါပြီ။

"ဆေး၊သွေး၊ကြေး(ငွေကြေး- ဟုဆိုလိုပါ၏)" ဘာမျှ လိုလေသေးမရှိအောင်ကူညီပေးသည့်အပြင် မတော်တဆ ကာယကံရှင် တိမ်းပါးသွားလျှင်သော်မှ မျက်နှာမငယ်ရလေအောင် အကျိုးဆောင်ပေးလေ့ရှိသဖြင့်"ကိုဘဂျမ်း" ကို လူတိုင်းလေးစားကြပါ၏။
ကထိန်ခင်းချိန်ကာလ ရောက်ပြီ ဆိုလျှင်လည်း "ကိုဘဂျမ်း" ကို မှီအောင် ကထိန်ခင်းနိုင်သူ မရှိဟုပင်ပြောရမလောက်ပါ။

(ကထိန်ရာသီ ရောက်ပြီဆိုလျှင်"အိုးခွက်၊ပန်းကန်၊စောင်၊ခြင်ထောင်
၊ခေါင်းအုံး၊အိပ်ရာ၊ကုတင်"မှသည် "တိုင်ကပ်နာရီ" အဆုံး၊ လူသုံးကုန် ပစ္စည်းအားလုံးနီးပါး လိုလေသေးမရှိအောင် တည်ထောင်ခင်းကျင်းပေးလိုက်သဖြင့်-
"ကိုဘဂျမ်း ကထိန် ကို အလှူခံတဲ့ ကိုယ်တော် ကတော့ လူဝတ်လဲ သွားတာများတယ်ကွ။

ကြည့်လေ။ တံမြက်စည်း ကနေ ခြေသုတ်ခုံ၊ ကြက်သွန်လှီး ဓား အထိပါတာ ဆိုတော့ "ဒကာမ"သာ လိုတော့တာပဲ"ဟု သူငယ်ချင်းတစ်ဦးက ကြားဖြတ် ပြောပါသည်။)

"ကိုဘဂျမ်း" သည် "ဗုဒ္ဓဘာသာ" မှသာ လှူဒါန်းနေခြင်း မဟုတ်ပါချေ။
"အစ္စလာမ်ဘာသာဝင်"တို့၏"ကိုရဗာနီ အစ် ပွဲ"သို့ရောက်သောအခါ"ဇကပ်"ဟုခေါ်သော "ဆင်းရဲသားကြေး"ပေးရ၌လည်း အိမ်တိုင်းလိုလို အမဲသား ငါးဆယ်သားခန့်စီ ရက်ရက်ရောရော ပေးတတ်ပါ၏။

"ခရစ်ယာန်ဘာသာဝင်"တို့၏"နှစ်ခြင်းခရစ်ယာန်"
ဘုရားရှိခိုးကျောင်းဆောင်လုပ်စဉ် ကာလတွင်လည်းအလှူငွေ သိန်း နှင့်ချီ လှူဒါန်းပေသကဲ့သို့- "ဟိန္ဒူ ဘာသာဝင်"တို့၏"ရှန်ခိုက် ဘုရားရှိခိုးကျောင်း" ကိုလည်း အတော်များများငွေကြေးထည့်ဝင်၍ လှူဒါန်းပါ၏။
""ကိုဘဂျမ်း" ဘယ် ဘာသာ ကို ကိုးကွယ်သလဲ"ဟု မေးလျှင် ဖြေလေ့ရှိသည်က-
"ကျုပ် က မေတ္တာ တရားကိုပဲ ကိုးကွယ် ပါတယ်"ဟူ၏။


(ဤသည်ကို ကျွန်တော့် ငယ်သူငယ်ချင်းတစ်ဦးက-
"ကိုဘဂျမ်း က လူလည် မဟုတ်လား ကွ။ လူမျိုးမရွေး၊ဘာသာမရွေး၊သူ့စီးပွားရေး ကို အားပေးအောင် စည်းရုံးရေး အလှူ လုပ်တာပါ"ဟု မကျေမချမ်း ဖြင့် စကားဖြတ်ပြောပါသေး၏။)

ထားပါတော့။ ရှေ့ဆက်ပါဦးမည်။

ကောင်းကျိုး၊ဆိုးကျိုး ဟူသည်က "ရေများ ရေနိုင်၊မီးများ မီးနိုင်" ဆိုသကဲ့သို့ "အားကြီးသောကံ" က ရှေ့ဆောင်တားဆီးထားတတ်သောကြောင့် အလှည့်သင့်နေသည့်ကံအားလျော်စွာရပ်တည်နေထိုင်ရသည်။
"ကိုဘဂျမ်း"သည် "ကုသိုလ် ကောင်းမှု များ" သူမတူအောင် ပြုသကဲ့သို့ "အကုသိုလ်" ကိုလည်း မညည်းမညူပြုတတ်သူပါပေ။ ဆိုလိုသည် က "နွားမသတ်သည့်နေ့"ဟူ၍မရှိ။

နော့ပေတဲ့ လူ့ဘ၀ ဆိုသည်က ချားရဟတ် ကဲ့သို့ အတက်အကျ ရှိသည် မဟုတ်ပါလော။"အတက်"နှေးသော်လည်း "အကျ"ကတော့မြန်တတ်လေ၏။ဥပမာ အားဖြင့်-"အတက်" သည်ခြေလှမ်း(၁၀၀)ရှိသည်ဟုဆိုလျှင် "အကျ"သည်ကား ခြေ လှမ်း (၁) လှမ်းသာတည်း။

"ကိုဘဂျမ်း" စီးပွားရေးကျချိန်တန်ပြီ ဟု ဆိုရ လေမည် လားမသိ။
ပတ်ဝန်းကျင် ရပ်ကွက်၊ရွာနီးချုပ်စပ်တွင်"သတ်နွား"ရှာမရတော့သဖြင့် မြို့ကလေး နှင့် မလှမ်းမကမ်းရွာကလေးများ၊ မြို့ကလေးများဆီသို့ စီးတော်ယာဉ် ဆိုင်ကယ်ဖြင့်"နွား" လိုက်ဝယ်ရလေ၏။

တစ်နေ့သော် "၀ယ်နွား"များကို အငှားမောင်းပြီးပြန်လာစဉ် လမ်း၌ "ဆိုင်ကယ် Accident " ဖြစ်ပါလေရော။
"ကိုဘဂျမ်း ဆိုင်ကယ် Accident ဖြစ်လို့တဲ့"ဟူသသော သတင်း က တစ်မဟုတ်ချင်းပြန့်သွားသဖြင့် လာရောက်မေးမြန်းကြသူများဖြင့် ၀င်ထွက် မစဲ တဖွဲဖွဲ နှင့်စည်ကားလှပေ၏။

အကုသိုလ်ဂြိုဟ်ဆိုး ၀င်လာပြီ ဆိုလျှင်တစ်မျိုးထဲ နှင့် ပြီးတတ်သည် မဟုတ်ပါ။ တတ်သုတ်ရိုက်၍ ၀င်လာတတ်ပါ၏။
"ကိုဘဂျမ်း" ဆိုင်ကယ်Accident ဖြစ်ကာစက သွေးပူနေတုန်းမို့ သိပ်မနာ သော်လည်း ရက်အတော်ကြာလာသောအခါ အကူ လူ မပါ လျှင် မထူ နိုင်၊ မ ထ နိုင်ဖြစ်ပါလေရော။ နောက်မှ စမ်းသပ်ကြည့်ကြလေရာ ခါးဆစ်ရိုးကျိုးသတဲ့။

ထို့အတူ သူ၏ချစ်လှစွာသော ဇနီးသည် မှာလည်း "အမဲသား၊အမဲဆီ၊အမဲသွေးသံရဲရဲများ" ကို တစ်နေကုန် အချိန်ပြည့် နှစ်ချီ ကိုင်တွယ်ခဲ့သဖြင့် လက်သည်းကြား နုသည့်နေရာ မှစ၍ တဖြည်းဖြည်းဖြင့် အက်စစ်(Acid) လို စားလာလေရာ အနာ ဖြစ်လာလေ၏။ ထိုနောက် လက်သည်းကျွတ်သွား၏။ အနာ ကမကျက်ပဲလက်ဆစ်တွေပါ ကြွေကျကုန်၏။အနာ တွေမှာ
 ယောင်အန်း နေလေရာ အစားအစာများ ကိုပင် ခွံ့ကျွေးနေရ၏။

လင်မယားနှစ်ယောက် ရန်ကုန်ဆေးရုံကြီး သို့သွားရောက်ကုသသော်လည်း အနာ ကမပျောက်။ဆေးစား၊ဆေးသောက်ဖြင့် သက်သာသလိုလိုသာရှိလေသည်။ငွေကြေး ပြည့်စုံသူများဖြစ်သဖြင့် "ဘန်ကောက်"သို့သွား၍ဆေးကုသကြပြန်ရာ တစ်လသာကြာမြင့်ခဲ့ပါသော်လည်း အနာ က အချည်းနှီး။ ငွေကုန်ပြီးသာပြန်လာကြရရှာ၏။

"ကိုဘဂျမ်း"လင်မယားမှာ "သားသတ်လုပ်ငန်း နှင့်အမဲသားဆိုင်"မထိုင်နိုင်ကြတော့သဖြင့် လုပ်ငန်းကို ပစ်ထားလိုက်ရလေ၏။ရစရာ ရှိသည့်အကြွေးများကလည်း တောင်းမရတော့ပေ။ရောဂါ 
 ပျောက်ကင်းရေးအတွက် နာမည်ကြီးဆရာများ၊ နာမည်ကြီးဆေး များနှင့်ကုသရနေသေးရာ ၀င်ငွေက ဗလာဖြစ်နေသဖြင့် အိမ် နှင့် လုပ်ငန်းများကို ရရာဈေးနှင့် ရောင်းလိုက်ရပါလေ၏။

ထို့ထက် ဆိုးသည်က ဇနီးသည်၏ အနာ အခြေအနေမှာ လက်ဆစ်ကြွေကျ၊ နှာခေါင်းများပွ၊ နားရွက်များပါထူ လာပြီး ပါးစပ်ကပါရွဲ့၍လာရာ တကယ့် နူနာသည်ကြီး လိုဖြစ်နေပါတော့၏။
ပြုစုသူ များ ကလည်း သားသမီး အရင်းအချာ များမဟုတ်ကြလေသဖြင့် ဟို အကြောင်းပြ၊ ဒီအကြောင်းပြကာ ပြန်ကြပါလေပြီ။ 

အိမ်ရိပ်ပင် မသန်းတော့ပါ။
"ကိုဘဂျမ်း" ၏ အနာ က ခါးဆစ်ရိုး သွက်သွက် ကျိုးသွားသဖြင့် "ငွေရိုးသွင်း"၍ တွဲချုပ်ထားရသောကြောင့် လှုပ်ရှားမှုမှာ ညင်သာရပေ၏။ အလေးအပင် မ -မနိုင်၊အထိုင် အထ မလွယ် ကူလှချေ။ သို့သော် လက်ချောင်း၊ခြေချောင်းများ မရှိတော့သော ဇနီးသည်အတွက် သူ ကပင် ချက်ပြုတ် ကျွေးမွေးရလေသည်။
"လူမမာ" ကို "လူနာ" က ပြုစုနေရသည့်အခြေအနေ မြင်အောင်သာ ကြည့်ပါလေတော့။

တစ်နေ့သား မိုးလေတွေကလည်းကျ။တံခါး မင်းတုပ် များကိုကျအောင် မချနိုင်ဘဲ စေ့ရုံစေ့ထားရသည်။လင်မယား နှစ်ယောက်စလုံးဘယ်သူ ကမှ ထ ပြီး မပိတ်နိုင်။ အိပ်နေကြလေ၏။

ဤသည်ကိုအခွင့်ကောင်းယူ၍ ရှိသမျှ ပစ္စည်းအထုပ်ကလေး နှင့် စစ်ကျောပိုးအိပ်ထဲ ထည့်သိမ်းထားသည့် (အိမ်ရောင်းချထားရသည့်လက်ကျန်ငွေ) (၂၅)သိန်း ကိုပါ ခိုးယူ ခံလိုက်ရပါလေ၏။ခြုံထားသည့် စောင်နှင့် အ၀တ်အစား အချို့သာကျန်ရစ်ခဲ့တော့လေ၏။ ဖြစ်ပုံက တစ်ပူ ပေါ် နှစ်ပူဆင့်ပါပေ။
သို့သော်-"ကထိန် ဒါန၊ အဆောက်အဦးဒါန၊ ဂိလာနုပဋ္ဌကဒါန"စသည် တို့က အကျိုးပေးရန် ခေါင်းထောင်လာသည်ထင့်။

"ပဏ္ဍိတာရုံ"ဘုန်းတော်ကြီးကျောင်းမှ ကျောင်းထိုင်ဆရာတော် "ဦးသုမန"က ကျေးဇူးကြီးလှသော ဆွမ်းဒကာ ၊ ဒကာမများမို့ ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ကမ္မဋ္ဌာန်းကျောင်းငယ်လေးတစ်ကျောင်းတွင် နေစရာပေးလေ၏။
သိန်းရာ နှင့်ချီ ချမ်းသာသော "ကိုဘဂျမ်း"။
"ဘယ်နားသွားသွား၊ ဘယ်နားနေနေ၊ဘာတွေ လုပ်လုပ်၊
တရုတ်-ကုလား၊ဆင်းရဲသား -လူချမ်းသာ၊
တောရွာ ရပ်ကွက်၊
အသားနက်-အသားဖြူ၊ 


ဘယ် လူ -ဘယ်ရဟန်း၊
စမ်းချင်ရာစမ်း-ဘဂျမ်း မှ ဘဂျမ်း" ဟူ၍ လူသားတွေချစ်ခင်အားထားခဲ့ရသော ကယ်တင်ရှင်ကြီးတစ်ယောက် ဘုန်းကြီးကျောင်းကပ်နေရသော ဘ၀ ရောက်ပါလေပြီ။

ဆရာတော်၏ မေတ္တာ၊စေတနာ အရိပ်ကို ခိုလှုံ၍ တိုင်းရင်းဆေး အစွမ်းတို့ကြောင့် "ကိုဘဂျမ်း"၏ခါးဆစ် အနာ က သက်သာလာသော်လည်း ခါးကြီး က စန့်မရ။ ခါးကုန်းကြီး ဘ၀ ရောက်နေလေ၏။နော့ပေတဲ့ အရင် က လှုပ်မရတာနှင့်စာလျှင် ခါးကုန်းကြီး ကတော်ပေသေးသည်ပေါ့။

ဇနီးဖြစ်သူ မှာလည်း ယခင် ပြည် တစ်စိုစို အနာ များကလည်း ခြောက်သွေ့ပျောက်ကင်းသွားပါလေပြီ။သို့သော်
 ခြေဖျားများက တုံးတိတိ၊လက်ဖျားများက လုံးလုံးမရှိ။ နှာခေါင်း နှင့် နှုတ်ခမ်း ကို အာရုံကြောများက ဆွဲထားသဖြင့် မျက်နှာမှာ အလိုအလျောက်"ပြုံးစိစိကြီး" ဖြစ်နေပါလေရော။

"ကိုဘဂျမ်း"၏ရုပ်ပုံမှာလည်း အရင်ကနှင့် ဘာမျှ မဆိုင်ပါ။ခါးတိုင်ကကုန်း၊မျက်လုံးက ရေတွင်း၊နားထင်က ချိုင့်ခွက်၊ အသား ကမဲနက်နေသည့်ပြင် ဆံပင်ကမရှိ။ အပြောအဆို အသံအနေအထားတို့မှာလည်းကံကြမ္မာဒဏ်ချက်ကြောင့် ပြာ အက်အက် ဖြစ်နေလေ၏။"ကျုပ်- ကိုဘဂျမ်းပါ"ဟုပြောလျှင်တောင်မှ မှတ်မိနိုင်စရာ မရှိပါချေ။

ကံဇာတာ အလှည့်အပြောင်းက ကျလာပြန်ပါသည်။
သူဋ္ဌေး"ကိုဘဂျမ်း"ဘ၀ မှ ကပ္ပိယ အဖြစ် တစ်ခန်းရပ်ပြဇာတ် ကပြနေသော "ကိုဘဂျမ်း"သည် တစ်ခန်းရပ် ဆိုသည့်အတိုင်း တကယ့်ကို တစ်ခန်းရပ် သွားရပါချေသည်။


"ကိုဘဂျမ်း"တို့အား စောင့်ရှောက်ပေးနေသော ကျောင်းထိုင် ဆရာတော် က ရုတ်တရက် နှလုံးဖောက်၍ သံဃာ့ဆေးရုံတက်ကုသရာမှ တစ်ပတ် ခန့်သာ ပြုစုလိုက်ရပြီး ဆရာတော်ကြီးက တစ်ဘ၀ ဇာတ်သိမ်းတော်မူလေပါပြီ။
ထိုအခါ ဆက်လက်၍ကျောင်း၏အရိုက်အရာကိုဆက်ခံသော 

 နောက်"မထေရ်"ကျောင်းထိုင်ဘုန်းကြီး က "ဘိုးဘွားရိပ်သာ သို့မဟုတ် ပရဟိတ ရိပ်သာ တစ်ခုခု သို့ပြောင်းရန်" အမိန့်ရှိပါလေသည်။

ဇာတ်နာ လှသော "ကိုဘဂျမ်း" တို့၏ဖြစ်အင်က ယုံချင်စရာမကောင်းလောက်အောင် အပြောင်းအလဲမြန်လှပေ၏။
ပရဟိတ ဂေဟာများနှင့် ဘိုးဘွားရိပ်သာများကလည်း"ကိုဘဂျမ်း"ကိုတော့ဖြင့် လက်ခံ၍ရပါသည်။သို့သော်ဇနီးသည် အနာကြီးရောဂါသည် ကိုတော့ဖြင့် နှာခေါင်းရှုံ့ကြပါ၏။ ထိုအခါ "ကိုဘဂျမ်း"ဇနီးမောင်နှံ သည် "မျောက်သစ်ကိုင်း လှုပ်ချ ခံရသလို" ကွန်းခိုရာမရှိတော့ချေ။

"ကိုဘဂျမ်း"ကလည်း ငယ်လင်၊ငယ်မယား မို့ပစ်မထားရက်။သည်တစ်သက် ကြင်ဖက် မခွဲစတမ်းစိတ်ဖြင့် မြို့ဦး က "စကြာနန္ဒဘုရာကြီး" အာရုံခံတန်ဆောင်း တွင် နေထိုင်ရင်း သူပေး၊လူပေး အစာအာဟာရလေးဖြင့်သာ ဘ၀တစ်ကွေ့ကို သေနေ့စောင့်နေရရှာလေ၏။

"အဟံ=ငါသည်

ကမ္မဿကော=ကံသာလျှင်ကိုယ်ပိုင် ဥစ္စာ ရှိ၏။


ကမ္မယောနိ=ကံ ဟူသောအကြေင်းရှိ၏။


ကမ္မဗန္ဓု=ကံ ဟူသော အဆွေအမျိုးရှိ၏။


ကမ္မပဋိဿရဏော=ကံ ဟူသော လဲလျောင်းမှီခိုရာ ရှိ၏။


ကလျာဏံဝါ=ကောင်းသည် မူလည်း ဖြစ်သော


ပါပကံဝါ=မကောင်းသည် မူလည်းဖြစ်သော


ယံကမ္မံ=အကြင် ကုသိုလ်ကံ၊ အကုသိုလ် ကံကို


ကရိဿမိ=ပြုလုပ်မိငြားအံ့။


တဿကမ္မဿ=ထို ကံကောင်း၊ကံဆိုး အမျိုးမျိုး၏


ဒါယောဒေါ==အမွေခံသည်


ဘ၀ိဿာမိ=ဖြစ်ရမှာပါတကား"


ငရဲသား သည် မီးတောက်ထဲ၌ သဲသဲမဲမဲ ပြေးလွှားနေရသော်လည်းအ ကုသိုလ်ကံအား က ကြီးမားလှသဖြင့် မီးလောင်၍ မသေနိုင်။ ရေမျော သော်လည်း မမြုပ်၊ တင်းပုတ်ဖြင့် ထုသော်လည်း မကြေ။

အကုသိုလ်အရှိန် မသေသေးသမျှ ခံနေရဦးမည်သာ ဖြစ်သကဲ့သို့ "ကိုဘဂျမ်း" တို့ လင်မယားသည်လည်း ဆင်းရဲဒုက္ခ အာဟာရ ချို့တဲ့သဖြင့် အားပြတ်၍ သေစရာကောင်းလှပါသော်လည်း မသေပါ။ အကုသိုလ်ကံ က ခိုင်မာ လှသဖြင့် "အရူး- အအေးမပတ်" ဆိုသလို အကြွေးဆပ်နေရလေ၏။

"သဘာဝမိုးကြိုး" သည် ပစ်သံကြားရ၏။
ပစ်ခတ်လျှင် တစ်နေရာတည်းသာ ထိမှန်၏။
လွတ်အောင် ရှောင်တတ်လျှင်လည်း လွတ်နိုင်ချေ ရှိပါသေး၏။

"အကုသိုလ် မိုးကြိုး"ကား ပစ်သံ လည်းမကြား။

ဘယ် အနားမှာ နေနေ၊ဘယ် အခြေ ရောက်ရောက်၊
ဘယ်လောက် ပင်ကြီးကြီးငယ်ငယ် အရွယ်အစားမရွေး။
ဘ၀တစ်ခုလုံးကြေမွသွားသည် က များလေသည်။ပြုထားသည့် ကံစနက် က အန်ထွက်အောင်နှိပ်စက်ပေတော့၏။

အနှစ်ချုပ်ကား-

"အပြစ်မဲ့၊ အသိဉာဏ် မရှိရှာကြသောနွားများ"ကို သတ်ပြီး စီးပွားရှာလာခဲ့ရာ ငွေကြေးများစွာကိုပိုင်ဆိုင်ခွင့်ရခဲ့ပါသော်လည်း

"အကုသိုလ်ကံ"က ဘ၀ မခြားဘဲ"မိုးကြိုး"ပစ်သည့်အလားစွမ်းပကားကြီးမားလှသောကြောင့် ဘ၀တစ်ပါးဝယ် ငရဲသားဘ၀ဖြင့် ထပ်ဆင့်ခံစားရရှာဦးမည့် "ကိုဘဂျမ်း"လင်မယား၏ တကယ့်ဖြစ်ရပ်မှန် ကို ဆင်ခြင်နိုင်ရန် တင်ပြလိုက်ရခြင်းဖြစ်ပါ၏။
သံဝေဂ ယူတော်မူကြပါကုန်။

(လိုအပ်သည်များဖြည့်စွက်ပြောကြားသော ငယ်သူငယ်ချင်း-ဦးဇော်ဇော်ဦး(မြို့နယ်ဦးစီးမှူး၊မြေစာရင်းဦးစီးဋ္ဌာန)
၏ကျေးဇူးကို မမေ့မလျော့ မှတ်တမ်းတင်ပါ၏။)


(May all beings Living in all the ten directions be happy. May they all share the merits I acquire.
May all be happy! May all be happy! May all be happy!)


မေတ္တာရည်လျက်-
ဉာဏ်လင်းမြို့

 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:357186

No comments:

Post a Comment