မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Monday, February 24, 2014
***“မေတ္တာစမ်းရေ နဲ့ ငြိမ်းသတ်နိုင်ပါစေ ****
“မေတ္တာစမ်းရေ နဲ့ ငြိမ်းသတ်နိုင်ပါစေ...”
••••••••••••••••••••••••••••••••••
ချစ်ရလွန်းတော့လည်း ဒီ နှလုံးသားက
မခံနိုင်အောင်ပူလောင်ရတယ်။
ချစ်သူရဲ့အရိပ်၊ချစ်သူရဲ့အသံ
ချစ်သူရဲ့မျက်နှာမြင်ရတဲ့အခါတိုင်း
အမြဲဝမ်းသာပျော်ရွှင်ရမယ်လို့ ထင်ခဲ့တာတွေဟာ
“တကယ့်အမှန်တရား” မဟုတ်ဘူး
ဆိုတာသိလာခဲ့ရတယ်။
တကယ်တော့ ချစ်ရသူတိုင်းဟာ
“အပူ” နဲ့ ရင်းနှီးပြီး ချစ်ရတာပါ။
မညှာတာလွန်းစွာ
တုန့်ပြန်လာတဲ့ အခါကြတော့
♦ကံကြမ္မာကိုပဲ ရိုးမယ်ဖွဲ့ ရလေမလား။
♦သူ့ကိုပဲ ရက်စက်လွန်းသူလို့ အပြစ်တင်ရလေမလား။
♦ရူးမိုက်စွာနောက်မဆုတ်ခဲ့တဲ့
ကိုယ့်ကိုပဲ အပြစ်တင်ရလေမလား။
စဉ်းစားလိုက်တိုင်း ကြေကွဲဖို့ ချည်းပါပဲလား။
တကယ်တော့မြတ်စွာဘုရားက
ပီယတော ဇာယတေ သောကော
“ချစ်ခြင်း” ကြောင့်သာ “သောက” တွေဖြစ်ကြရတာ။
“ချစ်ခြင်း” ကြောင့်ပဲ ပူလောင်မှုတွေ
ခံစားနေရတာမို့ “သောကနဲ့အပူ” ကို
လျော့ချချင်ရင် “ ချစ်ခြင်း ”ကို လျော့ချဖို့ပါပဲ ။
●သိပ်ချစ်ရင်သိပ်ပူလောင်မှာပါ။
●အရမ်းချစ်ရင် အရမ်းကိုပူလောင်မှာပါ။
●တအားချစ်ရင် တအားပူလောင်မှာပါ။
●ချစ်ခြင်းက တိုးလာလေလေ၊
အပူကလည်း တိုးလာလေလေပါပဲ။
ဒီအပူကိုပဲ “ ပြာကျသွားပါစေ၊
မလျော့နိုင်ပါဘူး” ဆိုသူ တွေကိုတော့
ဘာမှ ပြောစရာမရှိပါဘူး။
ဆုတော့တောင်းပေးချင်ပါတယ်။
ချစ်ခြင်း အတွက် “ပူလောင်မှု” ကို
“မေတ္တာစမ်းရေနဲ့ ငြိမ်းသတ်နိုင်ပါစေ” လို့ 。。。 ။
-[အရှင်ဝိလာသဂ္ဂ
(ဗောဓိမြိုင်သစ္စာရွှေပြည်ဓမ္မရိပ်သာဆရာတော်)]
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment