/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 25, 2014

++++ မသေခင် ဖြည့်ဆည်းရမည့် ဘ၀အရည်အသွေးများ ++++

Photo: မြတ်စွာဘုရားရှင်က"မသေခင်သုတ္တန်"လို့ အဓိပ္ပာယ်ရတဲ့ "ပုရာဘေဒသုတ္တန်"မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘဝအရည်အသွေးတွေကို
တစ်စုတစ်ဝေးတည်း ဟောကြားထားပါတယ်..
မြင့်မြတ်တဲ့ လူသားတိုင်း 
မြင့်မြတ်လိုတဲ့ လူသားတိုင်း မဖြည့်မဖြစ် ဖြည့်ဆည်းရမယ့် စိတ်ဓာတ်အရည်အသွေး ဘဝအရည်အသွေးတွေဖြစ်ပါတယ်..

မသေခင်မှာ တဏှာကင်းအောင် ကြိုးစားနိုင်ရင် အကောင်းဆုံးပါ..
လုံးဝမကင်းနိုင်ရင်တောင် နည်းနိုင်သမျှ နည်းရပါမယ်..
အစွန်းထွက်တဲ့တဏှာမျိုး လွန်ကဲဖောက်ပြန်တဲ့တဏှာမျိုး လုံးဝမဖြစ်အောင် သတိနဲ့ ထိန်းသိမ်းနိုင်ရပါမယ်..

ပြီးခဲ့တဲ့အတိတ်အကြောင်း ဖြစ်မလာသေးတဲ့ အနာဂတ်အကြောင်းတွေကို မလိုအပ်ပဲ တွေးတောပြီး စိတ်ပင်ပန်းမနေသင့်ပါဘူး..
မသေခင် ကိုယ်တစ်ကယ်ပိုင်တဲ့ ပစ္စုပ္ပန်တစ်ခဏလေးမှာပဲ စိတ်ကိုတည့်တည့်ချထားပြီး လုပ်သင့်လုပ်ထိုက်တာကို အကောင်းဆုံးဖြစ်အောင် လုပ်ရပါမယ်..
မသေခင်ကာလလေးက တိုတိုလေးမို့ စိတ်ပျံ့လွင့်တွေးတောပြီးလည်း အချိန်မဖြုန်းသင့်ပါဘူး..
ကုန်သွားတဲ့အချိန်က ပြန်မရနိုင်တဲ့အတွက် လက်ထဲရောက်လာသမျှ အချိန်တိုင်းကို စိတ်တည်ငြိမ်မှုအပြည့်နဲ့ အကျိုးရှိရှိ အသုံးချတတ်ရပါမယ်..

မသေခင်မှာ ကိုယ့်စိတ်ကို ဒေါသမီး မလောင်မြိုက်အောင် တိမ်းရှောင်နိုင်ရပါမယ်..
ထစ်ကနဲရှိ ဒေါသထွက်တာမျိုး ကိုယ်မကျေနပ်တဲ့လူကို ရန်ငြိုးဖွဲ့ ကလဲ့စားချေဖို့ ကြိုးစားတာမျိုး မလုပ်သင့်ပါဘူး..
သူလည်း တစ်နေ့သေ ကိုယ်လည်း တစ်နေ့သေမှာပါပဲ..
နေရာတကာမှာ စိတ်ပူပန်တတ်တဲ့သူလည်း မဖြစ်သင့်ပါဘူး..
တိုတောင်းလှတဲ့ ဘဝလေးကို စိတ်ပူလောင်မှုတွေနဲ့ အချိန်မဖြုန်းပစ်ပါနဲ့..
စိတ်အေးအေး ခေါင်းအေးအေးနဲ့ အရာရာကို "ယောနိသောမနသိကာရ"ထားတတ်ဖို့ အရေးကြီးပါတယ်..

လုပ်သင့်တာ မလုပ်မိခဲ့လေခြင်း မလုပ်သင့်တာ လုပ်ခဲ့မိလေခြင်းလို့ နောင်တရကာ စိတ်ပူပန်နေတာမျိုးလည်း မဖြစ်သင့်ပါဘူး..
အသိမှန် သတိမှန်ရတဲ့အချိန်ကစပြီး လုပ်သင့်တာလုပ် မလုပ်သင့်တာ မလုပ်ပဲနေရင် မသေခင် ကိုယ့်ဘဝဟာ ကျေနပ်စရာ ကောင်းနေပါပြီ..
ကိုယ့်ရဲ့ လက်ရှိဘဝကို မကျေနပ်ပဲ မရေရာမသေချာတဲ့ အနာဂတ်ဘဝကို ပုံဖော်တပ်မက်နေတာမျိုးလည်း လုံးဝမဖြစ်စေသင့်ပါဘူး..
ကိုယ်နဲ့ထိုက်တန်လို့ရလာတဲ့ ကိုယ့်ဘဝကို ကျေကျေနပ်နပ်လက်ခံပြီး နေတတ်အောင်နေရပါမယ်..
ပစ္စုပ္ပန်ဘဝကို ဖန်တီးပေးလိုက်တဲ့ အတိတ်ကံရဲ့ ဖြစ်တည်ရာဘဝတွေကိုလည်း စိတ်နာနေလို့ အပိုပါပဲ..

ရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် မရှိတဲ့ဂုဏ်နဲ့ပဲဖြစ်ဖြစ် ကြွားတတ်ဝါတတ် ဂုဏ်ပြိုင်တတ်တာမျိုးလည်း ရှောင်ကြဉ်ရပါမယ်..
ကိုယ်လုပ်တာ ကိုယ်ပိုင်တာ လူတကာကို လှည့်ကြွားနေရတဲ့ အရသာက သေရင် ကိုယ့်အတွက် ဘာမှအကျိုးမပြုပါဘူး..
ကိုယ့်ကို သူတစ်ပါးတွေ အထင်ကြီးအောင် မဟုတ်မမှန် လုပ်ကြံ လှုံ့ဆော်တာမျိုးကိုလည်း မပြုလုပ်ပါနဲ့..
လိမ်ညာဖန်တီးပြပြီး နာမည်ကြီး လာဘ်ပေါ ပရိသတ်များအောင် လုပ်ခြင်းဟာ ကိုယ့်ရဲ့ မသေခင်ဘဝကို အမည်းရောင်ဆိုးနေတာပါပဲ..

မသေခင်မှာ ပတ်ဝန်းကျင်က ရွံရှာစက်ဆုပ်တဲ့ ကိုယ်ကျင့်တရားမကောင်းသူ(သီလမရှိသူ) မဖြစ်ပါစေနဲ့..
ကိုယ်အပြုအမူ နှုတ်အပြောအဆို စိတ်နေသဘောထား ကြမ်းတမ်းသူ မဖြစ်အောင်လည်း ဆင်ခြင်ပါ..
နှုတ်စောင့်စည်းသူ စကားကို ဉာဏ်နဲ့ချင့်ချိန်ပြောသူလည်း ဖြစ်ရပါမယ်..
အပိုစကားတွေ အကျိုးမဲ့စကားတွေကို စိတ်ထင်တိုင်းလျှောက်ပြောနေလို့ ကိုယ့်ပါးစပ်လည်း ကျက်သရေရှိမလာနိုင်သလို မသေခင် ကိုယ့်ဘဝလည်း ကျက်သရေရှိမလာပါ..

မာနလွန်ကဲပြီး အောက်ခြေလွတ် ဘဝင်မမြင့်ပါနဲ့..
မာနကြီးတယ်ဆိုတာ အထင်ကြီးတာပါ..
ပစ္စည်း ရုပ်ရည် ပညာ အာဏာ သူများထက်သာတယ်လို့ ထင်နေတဲ့`အထင်´ကြီးနေတာပါ..
အထင်ဟာ အထင်ပါပဲ..တစ်ကယ်မဟုတ်ပါဘူး..
ကိုယ့်အထက်လူနဲ့ နှိုင်းယှဉ်တဲ့မာန
ကိုယ်နဲ့တန်းတူလူနဲ့ နှိုင်းယှဉ်တဲ့မာန
ကိုယ့်အောက်တန်းလူနဲ့ နှိုင်းယှဉ်တဲ့မာန စတဲ့
မာနသုံးမျိုးလုံးလည်း ကင်းရှင်းရပါမယ်..

သူ့ရေစက်နဲ့သူ သူ့အကြောင်းဆက်နဲ့သူ ချစ်ကြ ခင်ကြ အဆင်ပြေနေကြတာကို မနာလိုဝန်တိုဖြစ်ပြီး ကွဲပြားအောင် လှုံ့ဆော်သူ ကုန်းတိုက်သူ မဖြစ်ပါစေနဲ့..
လူသားတွေရဲ့ မသေခင်ဘဝကို အရုပ်ဆိုးအကျည်းတန်စေတဲ့
မနာလိုမှု ဝန်တိုမှု(ဣဿာ..မစ္ဆရိယ)ကို တွန်းလှန်နိုင်ရပါမယ်..
ကိုယ့်ထက်သာ မနာလိုတဲ့စိတ် ကိုယ့်လိုပြည့်စုံမှာ ဝန်တိုတဲ့စိတ် လွှမ်းမိုးနေသူဟာ မသေခင်က ပုပ်နေတဲ့ သက်ရှိအလောင်းကောင်ပါပဲ..

ကံ ကံရဲ့အကျိုးမရှိ ရှေးဘဝ နောက်ဘဝမရှိ အစရှိတဲ့ အယူမှားမိစ္ဆာဒိဋ္ဌိတွေလည်း ကင်းရှင်းနေရပါမယ်..
သေပြီးရင် အသက်ကောင် ဝိညာဉ်ကောင်လေး နောက်ဘဝလိုက်တယ်ဆိုတဲ့ သဿတဒိဋ္ဌိ
သေပြီးပြတ်တယ် ဘာမှမဖြစ်တော့ဘူးဆိုတဲ့ ဥစ္ဆေဒဒိဋ္ဌိတွေ ကင်းရှင်းရပါမယ်..
အယူမှားရင် အလုပ်မှားမယ် အလုပ်မှားရင် အကျိုးတရားလည်းမှားပြီး ပစ္စုန်ပ္ပန်မှာရော သံသရာမှာပါ ဆင်းရဲဒုက္ခတွေ ပင်လယ်ဝေရပါလိမ့်မယ်..

အစားအသောက်နဲ့ ပတ်သက်ပြီးတော့လည်း ဒါမစားရ ဒါမသောက်ရရင်မနေနိုင်တဲ့ တမ်းတမ်းစွဲ မက်မောမှု ကင်းရှင်းရပါမယ်..
ရသတဏှာကို ထိန်းချုပ်စောင့်စည်းနိုင်ရပါမယ်..
မျက်စိ နား နှာ လျှာ ကိုယ် စိတ်လို့ခေါ်တဲ့ တံခါးခြောက်ပေါက်ကနေ အဆင်း အသံ အနံ့ အရသာ အထိအတွေ့ သဘောတရားလို့ခေါ်တဲ့ အာရုံခြောက်ပါးဆီကို တဏှာလောဘ အစရှိတဲ့ ကိလေသာရေအလျဉ်တွေ စီးဆင်းမသွားအောင် စောင့်ရှောက်နိုင်ရပါမယ်..
မြင်-မြင်ကာမျှ ကြား-ကြားကာမျှနဲ့ပြီးအောင် သတိပဋ္ဌာန်တရားကို ပွားများနိုင်ရင် ကိလေသာရေ စီးဆင်းမှု ရပ်တန့်သွားမှာပါ..

ဒါန သီလ သမထ ဝိပဿနာ ကုသိုလ်ကောင်းမှုတွေ ပြုလုပ်တဲ့အခါမှာလည်း လာဘ်မျှော်တဲ့စိတ်နဲ့ မပြုလုပ်ရပါဘူး..
လာဘ်လာဘလို့ခေါ်တဲ့ ထင်ပေါ်ကျော်စောမှု လူမှုရေး စီးပွားရာထူးတိုးတက်မှု သံသရာကောင်းစားမှုတွေကို လုံးဝမမျှော်ကိုးပဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်လိုတဲ့စိတ် သတ္တဝါအများကောင်းစားစေလိုတဲ့စိတ်နဲ့ ပြုလုပ်ကြရပါမယ်..

အကောင်းအဆိုး လောကဓံအမျိုးမျိုးနဲ့ တွေ့ကြုံလာတဲ့အခါမှာလည်း တည်တည်ငြိမ်ငြိမ်နဲ့ ခံနိုင်ရည်ရှိရပါမယ်..
ကိုယ်နဲ့ပတ်သက် ဆက်စပ်နေတဲ့ သက်ရှိတွေ သက်မဲ့အရာဝတ္ထုတွေကို ငါ့သား ငါ့သမီး ငါ့ဇနီး ငါ့ခင်ပွန်း ငါ့အိမ် ငါ့မြေ ငါ့ပစ္စည်းဆိုပြီး ငါစွဲကြီးကြီး ငါ့ဥစ္စာအစွဲကြီးကြီးနဲ့ သိမ်းပိုက်ထားတဲ့စိတ်မျိုး ကင်းရှင်းရပါမယ်..
"တစ်လောကလုံးမှာ ကိုယ်ပိုင်တာ ဘာမှမရှိပါလား"ဆိုတဲ့အသိ စွဲစွဲမြဲမြဲရှိနေရပါမယ်..
အဲဒီအသိ စွဲစွဲမြဲမြဲရှိနေပြီဆိုရင် ရှိချင်တာ မရှိလို့လည်း မပူတော့ပါဘူး..
ရှိပြီးတာ မရှိတော့လည်း မပူတော့ပါဘူး..

မသေခင်မှာ တစ်နေ့ထက်တစ်နေ့ ဉာဏ်ပညာကြီးမားသူဖြစ်အောင် ကြိုးစားနေရပါမယ်..
လောကီဉာဏ်သာမက လောကုတ္တရာဉာဏ်ပါရမှ လူ့ဘဝဖြစ်ရကျိုးနပ်ပါတယ်..
ဘယ်အရာမျိုးကိုမဆို ကိုယ်တွေ့အသိမပါပဲ သူတစ်ပါးအပြောနဲ့ ယုံတတ်တဲ့သူလည်း မဖြစ်စေပါနဲ့..
သိသင့်သိထိုက်တာမှန်သမျှ သူတစ်ပါးပြောတာယုံနေရုံလောက်နဲ့ မပြီးပဲ ကိုယ်တိုင်သိ ကိုယ်တိုင်မြင်အောင် ကြိုးပမ်းအားထုတ်ရပါမယ်..

ကိလေသာဖြစ်မယ့်ကိစ္စ အကုသိုလ်ဖြစ်မယ့်ကိစ္စတွေမှာ တွန့်ဆုတ်တဲ့သူ ဖြစ်ရပါမယ်..
ဘာအလုပ်ပဲလုပ်လုပ်
ကိလေသာကို ရှေ့တန်းတင်တဲ့အလုပ် ကိလေသာကို ဆရာတင်တဲ့အလုပ်မျိုးမဖြစ်အောင်
သတိထားရပါမယ်..
ကိလေသာအရင်းမခံပဲ အလုပ်လုပ်နေပါလျက်နဲ့ သူတစ်ပါးတို့က ကိလေသာအရင်းခံတယ်လို့ ထင်မှားစွပ်စွဲလာရင်လည်း မတုန်မလှုပ် သည်းခံနိုင်ရပါမယ်..

ကိုယ်အပြုအမူဖြစ်သမျှ စိတ်အနေအထားဖြစ်သမျှကို အမြဲသတိကပ်ရှုမှတ်နိုင်တဲ့အတွက်ကြောင့် အာရုံကောင်းဆိုးအမျိုးမျိုးကို မချစ်မမုန်းပဲ ဥပေက္ခာပြု အညီအမျှရှုနိုင်တဲ့သူ ဖြစ်ရပါမယ်..

ချစ်ခြင်း မုန်းခြင်းစတဲ့ ကိလေသာကို အရင်းခံပြီး မလုပ်သင့်မလုပ်ထိုက်တာလုပ်တဲ့ အဂတိလိုက်စားမှုလည်း ကင်းရှင်းရပါမယ်..
အဂတိရဲ့လားရာဟာ ဒုဂ္ဂတိပါ..
လောကမှာ လူသားတွေ
မလုပ်သင့်တာ မလုပ်ထိုက်တာလုပ်
လုပ်သင့်လုပ်ထိုက်တာတွေ မလုပ် ဖြစ်နေကြတာဟာ အရင်းခံကတော့ ကိလေသာပါပဲ..
ကိလေသာခေါင်းပါးလာတာနဲ့အမျှ
မလုပ်သင့် မလုပ်ထိုက်တာတွေ ရှောင်ကြဉ်နိုင်လာပြီး လုပ်သင့်လုပ်ထိုက်တာတွေ ဆောင်ငင်နိုင်လာပါလိမ့်မယ်..

မလုပ်သင့်တာအားလုံး အကြွင်းမဲ့ရှောင်နိုင်ပြီး လုပ်သင့်တာအားလုံး အကြွင်းမဲ့ဆောင်နိုင်ပြီ ဆိုရင်တော့ အကြွင်းမဲ့ဘဝလွတ်မြောက်မှုကိုရပါပြီ.
သေခြင်းတရားက အပြီးတိုင် လွတ်မြောက်ပါပြီ..
ထပ်တလဲလဲ တစ်သေတည်းသေနေရတဲ့ အဖြစ်ဆိုး ဒုက္ခဆိုးတွေကထာဝရလွတ်မြောက်ပါပြီ
အနှိုင်းမဲ့နိဗ္ဗာန်မှာ အကြွင်းမဲ့ပျော်စံနိုင်ပါပြီ..
ဒါကြောင့် မသေခင်လုပ်ရမယ့် အလုပ်တွေထဲမှာ
အရေးအကြီးဆုံး ပဓာနအကျဆုံးကတော့ ကိလေသာခေါင်းပါးရေးအလုပ် ကိလေသာအမြစ်ပြတ်ရေးအလုပ်ပါပဲ..

စေတနာမေတ္တာအရင်းခံဖြင့်-

[အရှင်ဆန္ဒာဓိက၏ဆောင်းပါးကို ကိုးကား ကောက်နုတ်ဖော်ပြပါသည်]  

မြတ်စွာဘုရားရှင်က"မသေခင်သုတ္တန်"လို့ အဓိပ္ပာယ်ရတဲ့ "ပုရာဘေဒသုတ္တန်"မှာ မသေခင်ဖြည့်ဆည်းရမယ့် ဘဝအရည်အသွေးတွေကို

No comments:

Post a Comment