/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 22, 2014

**** ဆုတောင်းပေးချင်ပါသည် ****

 မိမိနှင့်သိရှိကျွမ်းဝင်သူတစ်စုံတစ်ဦး ကွယ်လွန်အနိစ္စရောက်ပါက ဗုဒ္ဓဘာသာဝင်တို့အဖို့ အပြောဖြစ်ဆုံး စကားမှာ " ကောင်းရာသုဂတိလားပါစေ " ဟူသော စကားပင် ဖြစ်လိမ့်မည်ဟု ထင်မြင် ယူဆ မိပါသည်။ ထိုစကားကို နာရေးအိမ် အပါး တွင်လည်း ကြားနိုင်၏။ 


ထိုစာသားကို သတင်းစာများတွင်လည်း တွေ့နိုင်၏။
ဗုဒ္ဓဘာသာဝင်တို့သည် ကောင်းကံ မကောင်းကံ တို့ကိုလည်းကောင်း၊ ထိုကံတို့၏ ကောင်းမွေခံ ဆိုးမွေခံ အနေ အထား တို့ကို လည်းကောင်း ကောင်းစွာ နားလည်ထားကြ သူတို့ ဖြစ်ပါ၏ ။

 ကောင်းစွာ နားမလည်သည့်တိုင် အကြမ်းဖျင်း အားဖြင့် နားလည်ထားကြသူတို့သာ ဖြစ်ပါ၏။ တစ်စုံတစ်ဦး၏ သွားရာဘုံဘ၀သည် ထိုသူပြုခဲ့သမျှ ကောင်းကံ မကောင်းကံတို့၏ စီမံချက်အတိုင်း သာ ဖြစ်ကြောင်း ကိုလည်း နားလည် သဘောပေါက် ကြပါ၏ ။ 

သို့သော်သွားလေသူအပေါ်စာနာထောက်ထား 
 မေတ္တာထားသောအားဖြင့်ကောင်း
ရာ သုဂတိလားပါစေကြောင်း ပြောဆိုကြခြင်းသာဖြစ်သည်ဟု
ထင်မြင်မိပေသည်။ထောပတ်အိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ထောပတ်တွေရေထဲ မြုပ်သွားပါစေကြောင်း မည်မျှပင် ၀ိုင်း၍ဆု တောင်း ကြသော်လည်း ထောပတ် သဘာဝရေပေါ်သို့ပေါ်တက်လာမည်သာဖြစ်ပါ၏။

 ။ ကျောက်စရစ် ထည့် ထားသောအိုးကို ရေထဲနှစ်၍ ရိုက်ခွဲပြီးလျှင် ကျောက်စရစ်တွေ ရေပေါ်တက်လာပါစေကြောင်း မည်မျှပင်ဝိုင်း၍ဆုတောင်းကြသော်လည်း ကျောက်စရစ်သဘာဝ
 ရေပေါ်သို့တက်ကြွ လာမည်ကားမဟုတ်ပါချေ။
တမလွန်လားရာနှင့်စပ်၍ ဗုဒ္ဓအရှင်ထားတော်မူခဲ့သော ဥပမာစကားရပ်တို့သည် လက်တွေ့ လောကကို ထပ်ဟပ် ညွှန်းဆို ပြနိုင်ကြပေစွ ။ မှန်ပါ၏။ 

အကယ်၍သာ ရှေ့ရှေ့ လူတို့အတွက် နောက်နောက် လူတို့က ဆုတောင်းဆုယူပြုကာ ကောင်းရာမွန်ရာ ပို့နိုင်ကြမည် ဆိုပါလျှင် ကောင်းမှု ပြုနေကြဖွယ်ရာမရှိသကဲ့သို့ ကောင်းစွာနေထိုင် ကြဖွယ်ရာလည်းလိုမည်မဟုတ်ပေ။

သေသွားသောအခါမှ"ကောင်းရာသုဂတိလားပါစေ"ဟု
ဆုတောင်းပေးခြင်းသည်သွားလေသူတို့အတွက်တစ်စက် ကလေးမျှ အကျိုးမရှိ နိုင်ကြောင်းကျွန်ုပ်တို့ ကောင်းစွာ သိကြပါပြီ ။ ကျွန်ုပ်တို့ ချစ်ခင်သော သူတို့အတွက် သူတို့ လားရာဘ၀နှင့် ပတ်သက်၍ မည်သို့ဆောင်ရွက် ပေးသင့်ကြသည်ကို ကောင်းစွာ စဉ်းစားသင့်ကြပါ၏။

 ဘာတွေ ဆောင်ရွက်ပေးနိုင်ကြမည်နည်း။
သေလွန်သွားပြီး သူတို့အတွက်ကား အထွေအထူး မဆိုသာ။ ကောင်းမှုပြုကာ အမျှပေးဝေကြရုံသာ ရှိတော့၏။ မသေသေးသော သူတို့ကိုမူကား ကောင်းမှု ပြုရန် အရေး အားပေး တိုက်တွန်း နိုင်ခွင့် ရှိကြသေးသည် မဟုတ် ပါလော။ 

ဝန်တိုစေးနဲ သောသူကို ဒါနမှု ပြုချင်လာအောင် ၊ ကိုယ်ကျင့်သီလအားနည်းသူကို သီလအား ကောင်း လာအောင် ၊ ကမ္မဋ္ဌာန်း ဘာဝနာ အမှု၌ အားနည်း သူကို ကမ္မဋ္ဌာန်း ဘာဝနာအမှု၌ အားကြီးလာအောင် အားပေး တိုက်တွန်း နိုင်ကြသေးသည်မဟုတ်ပါလော။
-----------------------------------------------------------------

ရှေ့ရှေ့ကသွားနှင့်လေသူတို့အတွက်ကောင်းရာသုဂတိလား
ပါစေကြောင်းဆုတောင်းပြည့်မည်ဆိုပါကဆုတောင်း ပေးချင်လှပါသည်။ အပန်းကြီးသည်လည်းမဟုတ်။ မလုပ်နိုင်စရာအကြောင်းလည်းမရှိပါ။ သို့သော်------ ----။

ချစ်ခင်ရသောသူတို့ကို ကောင်းမှု၌ တိုး၍မွေ့လျော်လာအောင် အားပေးတိုက်တွန်း ဆော်ညွှန်း ရပေဦးတော့မည် သာတည်း---------------။

အရှင်ဝိသာရဒ(ရမ္မာဝတီ)

 http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:278707

No comments:

Post a Comment