/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg
Tuesday, February 25, 2014
**** ပညာပါရမီ ****
Photo: (ပညာပါရမီ)
ဘုရားဖြစ်ရန်ဆုကြီးပန်ပြီး ပါရမီဆယ်ပါးကို သုမေဓာရှင်ရသေ့ ဖြည့်ကျင့်ရာတွင်
စတုတ္ထမြောက်ပါရမီသည် ပညာပါရမီဖြစ်သည်။ပညာပါရမီနှင့်စပ်လျဉ်း၍
ဥာဏ၀ိဘင်း၌-
(၁)စိန္တာမယပညာ
(၂)သုတမယပညာ
(၃)ဘာဝနာမယပညာ ဟူ၍သုံးမျိုးရှိသည်။
            စိန္တာမယပညာ
   လောက၌ အယုပ်အမြတ်ဖြစ်သော အမှုကိစ္စအမျိုးမျိုး ၊ အတက်ပညာအမျိုးမျိုး၌
အကျိုးအကြောင်းဖြစ်သမျှကို မိမိဥာဏ်ဖြင့် ကြံစည်ဖြစ်ပေါ်လာသော အသိဥာဏ်ကို
စိန္တာမယ ပညာဟုခေါ်သည်။
စိန္တာ ၊ ကြံစည်ခြင်း ၊မယ ၊ ပြီးစီးဖြစ်ပေါ်လာသောပညာ၊ကြံစည်သဖြင့် ပြီးစီးဖြစ်ပေါ်လာသော
ပညာကို စန္တမယ ပညာဟုခေါ်သည်။လောကအကြောင်းရာသာမက ဓမ္မအကြောင်းအရာလည်း
ပါသည်။လက်သမား ၊လယ်သမားကိစ္စမှစ၍ ၊ ဓမ္မသဘာဝ စသော ၊ ဒါန ၊ သီလ ၊ သမထ ၊
ဝိပဿနာဟုဆိုအပ်သော တရား ၊ သဘောစုကို ကြံစည်သိမြင်သော ပညာဟူသ၍
စိန္တာမယပညာဖြစ်သည်။မြတ်ဘုရား၏ သဗ္ဖညုတဥာဏ်တော်သည်ပင် စိန္တာမယပညာဟုဆိုနိုင်သည်။သဗ္ဖညုတဥာဏ်တော်ရကြောင်း ကောင်းမြတ်သော
ပဋ္ဋိပတ်အကျင့်ကို မည်သူ့ထံမှ ကြားနာခြင်းမရှိပဲ ကိုယ်တော်တိုင် ကြံစည်ထိုးထွင်း
သိမြင်ကျင့်ကြံ၍ သဗ္ဖညုတဥာဏ်တော်ရလာခြင်းပင်။
                 သုတမယပညာ
   ကိုယ်တိုင်ကြံစည်သိမြင်ခြင်းမပြုနိုင်၍ ပညာရှိများထံမှ မေးမြန်း၍ ပြောဟောသည်ဖြစ်စေ
မမေးမြန်းပဲ အလိုအလျောက် ပြောဟောသည်ဖြစ်စေ ၊ကြားနာ၍ဖြစ်ပေါ်လာသော
ပညာဟူသမျှသည် သုတမယ ပညာဖြစ်သည်။
သုတ ၊ ကြားခြင်း ၊ မယ ၊ ပြီးစီးဖြစ်ပေါ်လာသောပညာ။ကြား၍ဖြစ်ပေါ်လာသောပညာကို
သုတမယပညာခေါ်သည်။
               ဘာဝနာမယပညာ
ဈာနသမာပတ် ၊ ဖလသမာပတ် ၊ ၀င်စားသူတို့၏ သမာပတ်အတွင်းဖြစ်ပေါ်သည့်
ပညာသည် ဘ၀နာမယပညာဖြစ်သည်။
                    ပညာအမျိုးစား
ပညာအမျိုးစားကို (၁)အဆင့်အတန်းမြင့်သောပညာ (၂)အဆင့်အတန်းကို မမီသော
အောက်တန်းပညာဟု ခွဲခြားထားသည်။အသက်မွေးမှု၏ အကြောင်းဖြစ်သောအမှုမျိုး
(ကမ္မာယတန)အသက်မွေးမှု၏အကြောင်းဖြစ်သော အတက်မျိုး (သိပ္ပာယတန) ဟု
အဋ္ဌကထာ၌ ဖွင့်ဆိုခေါ်သည်။
ကမ္မာယတနအရ အမှုမျိုးတွင်အညံ့စား ၊အမြတ်စားဟူ၍ နှစ်မျိုးရှိသည်။ လက်သမားအလုပ်ကို 
အညံ့စားတွင်ထည့်ပြီး လယ်သမားအလုပ် ၊ ကုန်သွယ်အလုပ်ကို အမြတ်စားတွင်ထားသည်။
    သိပ္ပာယတန အတက်မျိုးတွင်လည်း အညံ့စား ၊ အမြတ်စားဟု ခွဲထားသည်။
ထရံရက်အတက် ၊ ရက်ကန်းရက်အတက်ကို အညံ့စားတွင်ထည့်ထားပြီး၊ဂဏန်းအတက်၊
စာရေးအတက်ကို အမြတ်စားတွင်ထည့်ထားသည်။
   ကမ္မာယတနအမှုသည် အထူးသင်ကြားရခြင်းမရှိဘဲ ပြုလုပ်နိုင်သောအမှုဖြစ်သည်။
သိပ္ပာယတနအမှုမှာမူ သင်ကြားမှတက်မြောက်သိမြင်သော အတက်ဖြစ်သည်။
   ပညာတွင်သိအပ်သောအရာက ယုပ်ညံ့၍ ယုတ်ညံ့သောပညာ၊သိအပ်သောပညာက
မြင့်မြတ်၍ မြင့်မြတ်သောပညာဟုမခွဲခြားသင့်။အားသေးသောပညာ ၊ အားကြီးသောပညာဟုသာ
ခွဲသင့်သည်။
             ပညာပါရမီ ဆည်းပူးသူသည် အထက်တန်း ၊ အောက်တန်းဟူ၍ မခွဲခြား။မိမိမသိသေးသောအရာဖြစ်လျှင်ပညာရှိထံမေးလျှက် ဆည်းပူးဖြည့်ကျင့်သင့်သည်။
ပညာပွားကြောင်းခုနစ်ပါး...
၁။ပညာရှိတို့ထံ အဖန်ဖန်မေးမြန်းခြင်း။
၂။ကိုယ်တွင်းကိုဝနှစ်ဋ္ဌာနလုံးသောဝတ္ထုတို့ စင်ကြယ်အောင်ပြုလုပ်ရခြင်း။
၃။သဒ္ဒါစသော က္ကုနြေ္ဒညီမျှအောင်ပြုခြင်း။
၎။ပညာမဲ့ပုဂွိုလ်တို့ကိုဝေးစွာရှောင်ကြည်ခြင်း။
၅။ပညာရှိသူတို့ကိုမှီဝဲခြင်း။
၆။နက်နဲသောဥာဏ် ကျက်စားရာဖြစ်သော တရားသဘောကိုဆင်ခြင်ခြင်း။
၇။ညွှတ်ကိုင်းသောစိတ်ရှိခြင်းဟူသော အကြောင်းခုနစ်ပါးဖြစ်သည်။
ွှဤတွင်ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနစင်ကြယ်စေခြင်းဆိုရာ၌ ဆံပင် ၊ မုတ်ဆိပ်၊ ခြေသည်း၊
လက်သည်း ရှည်လျားနေက အတွင်းဓာတ်တောင့်တင်းလျက် ချွေး ၊ ကြေးညှော်တို့
ထူထပ်သဖြင့် ကိုယ်တွင်းမစင်ကြယ်။သန့်ရှင်းသောကိုယ်ရှိလျှင် စိတ်လည်းလန်းဆန်းသည်။
အ၀တ်အစားဟောင်းနွမ်းခြင်း ၊ အိပ်ရာနေရာ အမှိုက်သရိုက်များ ထူခြင်းကြောင့် ကိုယ်ပစင်ကြယ်
မှုမရှိနိုင်။အမြင်အာရုံ ၊ အနံ့အာရုံတို့ကြောင့် စိတ်လက်မကြည်လင်နိုင်ပေ။
အညစ်အကြေးထူထပ်နေသော ၊ မှိုင်းများသီနေသောမီးခွက်၏ မီးတောက်သည်
မကြည်လင်သကဲ့သို့ အညစ်အကြေးမကြည်လင်က စိတ်မကြည်လင် ။ စိတ်မကြည်လင်က
ဥာဏ်လည်းမရွှင်နိုင်။သန့်ရှင်းပြီး အညစ်အကြေး ကင်းစင်သော မီးခွက်မှမီးတောက်သည်
ကြည်လင်သကဲ့သို့ ကိုယ်တွင်းကိုယ်ပ ကြည်လင်လျှင် ဥာဏ်လည်းရွှင်ပေသည်။
ထို့ကြောင့် ပညာပွားများရန် စိတ်နေ ၊ ကိုယ်နေသန့်ဖို့လည်း အရေးကြီးပေသည်။
  က္ကုနြေ္ဒညီမျှရေးသည်လည်း  ပညာပွားစေရေး၏ အကြောင်းအရင်းဖြစ်သည်။
က္ကုနြေ္ဒငါးပါးတွင် သဒ္ဒါ ၊ ပညာ ၊ ၀ီရိယ ၊ သမာဓိ ၊သတိဟူ၍ ငါးပါးရှိသည်။
သဒ္ဒါလွန်လျှင် ကွန့်သည်။
ပညာလွန်လျှင် ဆွံ့သည်။
ဝီရိယလွန်လျှင် ပြန့်သည်။
သမာဓိလွန်လျှင် တွန့်သည်။
သတိ မူကား လွန်သည်မရှိ ဟူ၍အဆိုရှိသည်။
က္ကုနြေ္ဒငါးပါးအနက် သဓ္ဒိနြေ္ဒအားကြီးလျှင် အခြားက္ကုနြေ္ဒလေးပါ အလိုလိုအားနည်းသွားသည်။
ဝီရိယက္ကုနြေ္ဒက သူ၏တာဝန်ဖြစ်သော အားစိုက်မှုမလုပ်နိုင်။သတိနြေ္ဒကလည်း အာရုံထင်
အမှတ်ရမှု မဆောင်ရွက်နိုင်။သမာဓိနြေ္ဒကလည်းတည်ကြည်ခြင်းကိစ္စမလုပ်နိုင်။
ပညိနြေ္ဒကလည်း သိမြင်မှုမလုပ်နိုင်။သဓ္ဒိနြေ္ဒအားကြီးသဖြင့် ကွန့်သည်။
ထို့အတူပင် ၀ီရိယိနြေ္ဒအားကြီးက အခြားက္ကုနြေ္ဒတို့ အလိုလိုအားသေးသွားသည်။
ဝီရိယိနြေ္ဒကြောင့်ပြန့်လွင့်သွားသည်။သို့ဖြစ်ရာ က္ကုနြေ္ဒငါးပါးကို အညီအမျှထားရှိဖို့လိုသည်။
သဒ္ဒါနှင့်ပညာ ၊ သမာဓိနှင့်ဝီရိယညီမျှခြင်းကို ပညာရှိများကချီးမွန်းသည်။
သဒ္ဒါအားကြီး၍ ပညာအားနည်းပါက အချည်းနှီးသော ကြည်ညိုခြင်းဖြင့် ကြည်ညိုတက်သည်။
ကြည်ညိုအပ်သောအရာ ဟုပ်မဟုပ် မစဉ်းစားနိုင်။ပညာအားနည်းသဖြင့် ကြည်ညိုဖွယ်ရာ မဟုပ်ဘဲ
ကြည်ညိုတက်ပြီး ဘုရား၊တရား၊သံဃာအပေါ် ကြည်ညိုစိတ် လျော့တက်သည်။
ဘုရားစစ်မဟုပ်ဘဲ ဘုရားစစ်ထင်သည်။တရားစစ်မဟုပ်ပဲ တရားစစ်ထင်သည်။သံဃာစစ်မဟုပ်ပဲ
သံဃာစစ်ထင်သည်။မိစ္ဆာအယူရှိသူဖြစ်သွားနိုင်ပေသည်။
     ပညာတရားအားကြီးပြီး သဒ္ဒါတရားအားနည်းလျှင်လည်း လမ်းမှန်မရောက်တက်။
ကောက်ကျစ်စဉ်းလဲသော ဘက်ကိုရောက်သွားတက်သည်။ဒါနတွင်စေတနာသည်သာအရေး
ကြီးသည်။ဝတ္ထုပစ္စည်းက အရေးမကြီး။စေတနာကောင်းထားလျှင် ၀တ္ထုပစ္စည်းလှူစရာမလိုဟု
ကောက်ကျစ်စဉ်းလဲစိတ်ဖြင့် ပိတ်ပင်လျှင်ထိုသူကား  ငရဲကျရုံသာရှိသည်။
မရှိ ၊သမာဓိရအောင်ငြိမ်သက်နေသယောင်ဖြင့် အပျင်းစိတ်လွှမ်းမိုးနေမည်။ဝီရိယအားကြီးပြီး
သမာဓိနည်းလည်း တည်ကြည်မှုမရရှိနိုင်။အမြဲလုံ့လပြုသလောက် အကျိုးမဖြစ်လျှင်
စွန့်လွှတ်လိုစိတ်ဖြစ်လာတက်သည်။ဝီရိယနှင့်သမာဓိမျှလျှင် ပျင်းရိခွင့်ဝင်မရ ဈာန်ကိုအလျှင်အမြန်
ရစေ၏။
      သတိနြေ္ဒမှာမူ လိုသာလိုသည် ပိုသည်မရှိ။သတိသည်ဆားနှင့်တူ၏ ။ဟင်းခွပ်၏အရသာကို
ဆားနှင့်ထိမ်းချုပ် ထားရသကဲ့သို့ က္ကုနြေ္ဒငါးပါးတွင် သတိသည်အရေးပါ၏။
     ပညာမဲ့သူကိုရှောင်ရှားပြီး ပညာရှိသူကို ချည်းကပ်ရခြင်းမှာမူ အထူးရှင်းစရာမလိုပေ။
တစ်စုံတစ်ခုကိုမျှပေးမရ ၊မိမိအတွက်အထောက်အကူမဖြစ်သောသူကို ရှောင်ရှားသင့်ပေသည်။
     နက်နဲသောဥာဏ်၏ကျက်စားရာ တရားသဘောဆင်ခြင်ခြင်းဟူသည် ပညာ၏ကျက်စားမှုပင်
ပညာဥာဏ်သည် သိအပ်ရာမှန်သမျှသိ၏။သေးငယ်သောအရာသိလျှင် သေးငယ်သောဥာဏ်
ပေါ်၏။နက်နဲ့သောအရာကိုသိလျှင် နက်နဲသောဥာဏ်ပေါ်၏။ဥာဏ်၏ကျက်စားရာဟူသည်မှာ
အာယတနစသော တရားစုပင်။ထိုတရားစု၌ဖြစ်သော အသိဥာဏ်သည် နက်နဲသောဥာဏ်မည်၏။
နက်နဲသောသဘောတရားများပြားသလောက် ခွဲခြမ်းဝေဖန်သည့် ဥာဏ်လည်း ကြီးပွားခြင်း
အကြောင်းဖြစ်ပေသည်။
ပညာဥာဏ်ပွားများရာတွင် လျောင်း ၊ ထိုင် ၊ ရပ် ၊သွား က္ကုရိယာပုတ် လေးပါး၌ ပညာတရားဖြင့်
ပွားရန်သာ ညွှတ်ကိုင်းစိတ်ရှိရမည်။
                                  (ဆရာတော် ဦးဝိစိတ္တ၏ မဟာဗုဓ္ဒ၀င် အနုဒီပနီမှ)  
 (ပညာပါရမီ)
ဘုရားဖြစ်ရန်ဆုကြီးပန်ပြီး ပါရမီဆယ်ပါးကို သုမေဓာရှင်ရသေ့ ဖြည့်ကျင့်ရာတွင်စတုတ္ထမြောက်ပါရမီသည် ပညာပါရမီဖြစ်သည်။ပညာပါရမီနှင့်စပ်လျဉ်း၍
ဥာဏ၀ိဘင်း၌-
(၁)စိန္တာမယပညာ
(၂)သုတမယပညာ
(၃)ဘာဝနာမယပညာ ဟူ၍သုံးမျိုးရှိသည်။
စိန္တာမယပညာ
လောက၌ အယုပ်အမြတ်ဖြစ်သော အမှုကိစ္စအမျိုးမျိုး ၊ အတက်ပညာအမျိုးမျိုး၌အကျိုးအကြောင်းဖြစ်သမျှကို မိမိဥာဏ်ဖြင့် ကြံစည်ဖြစ်ပေါ်လာသော အသိဥာဏ်ကိုစိန္တာမယ ပညာဟုခေါ်သည်။
စိန္တာ ၊ ကြံစည်ခြင်း ၊မယ ၊ ပြီးစီးဖြစ်ပေါ်လာသောပညာ၊ကြံစည်သဖြင့် ပြီးစီးဖြစ်ပေါ်လာသောပညာကို စန္တမယ ပညာဟုခေါ်သည်။လောကအကြောင်းရာသာမက ဓမ္မအကြောင်းအရာလည်းပါသည်။လက်သမား ၊လယ်သမားကိစ္စမှစ၍ ၊ ဓမ္မသဘာဝ စသော ၊ ဒါန ၊ သီလ ၊ သမထ ၊၀ိပဿနာဟုဆိုအပ်သော တရား ၊ သဘောစုကို ကြံစည်သိမြင်သော ပညာဟူသ၍စိန္တာမယပညာဖြစ်သည်။မြတ်ဘုရား၏ သဗ္ဖညုတဥာဏ်တော်သည်ပင် စိန္တာမယပညာဟုဆိုနိုင်သည်။သဗ္ဖညုတဥာဏ်တော်ရကြောင်း
 ကောင်းမြတ်သော
ပဋ္ဋိပတ်အကျင့်ကို မည်သူ့ထံမှ ကြားနာခြင်းမရှိပဲ ကိုယ်တော်တိုင် ကြံစည်ထိုးထွင်းသိမြင်ကျင့်ကြံ၍ သဗ္ဖညုတဥာဏ်တော်ရလာခြင်းပင်။
သုတမယပညာကိုယ်တိုင်ကြံစည်သိမြင်ခြင်းမပြုနိုင်၍ ပညာရှိများထံမှ မေးမြန်း၍ ပြောဟောသည်ဖြစ်စေ
မမေးမြန်းပဲ အလိုအလျောက် ပြောဟောသည်ဖြစ်စေ ၊ကြားနာ၍ဖြစ်ပေါ်လာသောပညာဟူသမျှသည် သုတမယ ပညာဖြစ်သည်။သုတ ၊ ကြားခြင်း ၊ မယ ၊ ပြီးစီးဖြစ်ပေါ်လာသောပညာ။ကြား၍ဖြစ်ပေါ်လာသောပညာကို
သုတမယပညာခေါ်သည်။
ဘာဝနာမယပညာ
ဈာနသမာပတ် ၊ ဖလသမာပတ် ၊ ၀င်စားသူတို့၏ သမာပတ်အတွင်းဖြစ်ပေါ်သည့်
ပညာသည် ဘ၀နာမယပညာဖြစ်သည်။
ပညာအမျိုးစား
ပညာအမျိုးစားကို (၁)အဆင့်အတန်းမြင့်သောပညာ (၂)အဆင့်အတန်းကို မမီသောအောက်တန်းပညာဟု ခွဲခြားထားသည်။အသက်မွေးမှု၏ အကြောင်းဖြစ်သောအမှုမျိုး(ကမ္မာယတန)အသက်မွေးမှု၏
အကြောင်းဖြစ်သော အတက်မျိုး (သိပ္ပာယတန) ဟုအဋ္ဌကထာ၌ ဖွင့်ဆိုခေါ်သည်။
ကမ္မာယတနအရ အမှုမျိုးတွင်အညံ့စား ၊အမြတ်စားဟူ၍ နှစ်မျိုးရှိသည်။ လက်သမားအလုပ်ကို
အညံ့စားတွင်ထည့်ပြီး လယ်သမားအလုပ် ၊ ကုန်သွယ်အလုပ်ကို အမြတ်စားတွင်ထားသည်။
သိပ္ပာယတန အတက်မျိုးတွင်လည်း အညံ့စား ၊ အမြတ်စားဟု ခွဲထားသည်။
ထရံရက်အတက် ၊ ရက်ကန်းရက်အတက်ကို အညံ့စားတွင်ထည့်ထားပြီး၊ဂဏန်းအတက်၊
စာရေးအတက်ကို အမြတ်စားတွင်ထည့်ထားသည်။
ကမ္မာယတနအမှုသည် အထူးသင်ကြားရခြင်းမရှိဘဲ ပြုလုပ်နိုင်သောအမှုဖြစ်သည်။သိပ္ပာယတနအမှုမှာမူ သင်ကြားမှတက်မြောက်သိမြင်သော အတက်ဖြစ်သည်။
ပညာတွင်သိအပ်သောအရာက ယုပ်ညံ့၍ ယုတ်ညံ့သောပညာ၊သိအပ်သောပညာက
မြင့်မြတ်၍ မြင့်မြတ်သောပညာဟုမခွဲခြားသင့်။အားသေးသောပညာ ၊ အားကြီးသောပညာဟုသာ
ခွဲသင့်သည်။
ပညာပါရမီ ဆည်းပူးသူသည် အထက်တန်း ၊ အောက်တန်းဟူ၍ မခွဲခြား။မိမိမသိသေးသောအရာဖြစ်လျှင်ပညာရှိထံမေးလျှက် ဆည်းပူးဖြည့်ကျင့်သင့်သည်။
ပညာပွားကြောင်းခုနစ်ပါး...
၁။ပညာရှိတို့ထံ အဖန်ဖန်မေးမြန်းခြင်း။
၂။ကိုယ်တွင်းကိုဝနှစ်ဋ္ဌာနလုံးသောဝတ္ထုတို့ စင်ကြယ်အောင်ပြုလုပ်ရခြင်း။
၃။သဒ္ဒါစသော က္ကုနြေ္ဒညီမျှအောင်ပြုခြင်း။
၎။ပညာမဲ့ပုဂွိုလ်တို့ကိုဝေးစွာရှောင်ကြည်ခြင်း။
၅။ပညာရှိသူတို့ကိုမှီဝဲခြင်း။
၆။နက်နဲသောဥာဏ် ကျက်စားရာဖြစ်သော တရားသဘောကိုဆင်ခြင်ခြင်း။
၇။ညွှတ်ကိုင်းသောစိတ်ရှိခြင်းဟူသော အကြောင်းခုနစ်ပါးဖြစ်သည်။
ဤတွင်ကိုယ်တွင်းကိုယ်ပ နှစ်ဋ္ဌာနစင်ကြယ်စေခြင်းဆိုရာ၌ ဆံပင် ၊ မုတ်ဆိပ်၊ ခြေသည်း၊လက်သည်း ရှည်လျားနေက အတွင်းဓာတ်တောင့်တင်းလျက် ချွေး ၊ ကြေးညှော်တို့ထူထပ်သဖြင့် ကိုယ်တွင်းမစင်ကြယ်။သန့်ရှင်းသောကိုယ်ရှိလျှင် စိတ်လည်းလန်းဆန်းသည်။
အ၀တ်အစားဟောင်းနွမ်းခြင်း ၊ အိပ်ရာနေရာ အမှိုက်သရိုက်များ ထူခြင်းကြောင့် ကိုယ်ပစင်ကြယ်မှုမရှိနိုင်။အမြင်အာရုံ ၊ အနံ့အာရုံတို့ကြောင့် စိတ်လက်မကြည်လင်နိုင်ပေ။
အညစ်အကြေးထူထပ်နေသော ၊ မှိုင်းများသီနေသောမီးခွက်၏ မီးတောက်သည်မကြည်လင်သကဲ့သို့ အညစ်အကြေးမကြည်လင်က စိတ်မကြည်လင် ။ စိတ်မကြည်လင်ကဥာဏ်လည်းမရွှင်နိုင်။သန့်ရှင်းပြီး အညစ်အကြေး ကင်းစင်သော မီးခွက်မှမီးတောက်သည်ကြည်လင်သကဲ့သို့ ကိုယ်တွင်းကိုယ်ပ ကြည်လင်လျှင် ဥာဏ်လည်းရွှင်ပေသည်။
ထို့ကြောင့် ပညာပွားများရန် စိတ်နေ ၊ ကိုယ်နေသန့်ဖို့လည်း အရေးကြီးပေသည်။
က္ကုနြေ္ဒညီမျှရေးသည်လည်း ပညာပွားစေရေး၏ အကြောင်းအရင်းဖြစ်သည်။
က္ကုနြေ္ဒငါးပါးတွင် သဒ္ဒါ ၊ ပညာ ၊ ၀ီရိယ ၊ သမာဓိ ၊သတိဟူ၍ ငါးပါးရှိသည်။
သဒ္ဒါလွန်လျှင် ကွန့်သည်။
ပညာလွန်လျှင် ဆွံ့သည်။
ဝီရိယလွန်လျှင် ပြန့်သည်။
သမာဓိလွန်လျှင် တွန့်သည်။
သတိ မူကား လွန်သည်မရှိ ဟူ၍အဆိုရှိသည်။
က္ကုနြေ္ဒငါးပါးအနက် သဓ္ဒိနြေ္ဒအားကြီးလျှင် အခြားက္ကုနြေ္ဒလေးပါ အလိုလိုအားနည်းသွားသည်။ဝီရိယက္ကုနြေ္ဒက သူ၏တာဝန်ဖြစ်သော အားစိုက်မှုမလုပ်နိုင်။သတိနြေ္ဒကလည်း အာရုံထင်
အမှတ်ရမှုမဆောင်ရွက်နိုင်။သမာဓိနြေ္ဒကလည်းတည်ကြည်ခြင်း
ကိစ္စမလုပ်နိုင်။ ပညိနြေ္ဒကလည်း သိမြင်မှုမလုပ်နိုင်။သဓ္ဒိနြေ္ဒအားကြီးသဖြင့် ကွန့်သည်။
ထို့အတူပင် ၀ီရိယိနြေ္ဒအားကြီးက အခြားက္ကုနြေ္ဒတို့ အလိုလိုအားသေးသွားသည်။
ဝီရိယိနြေ္ဒကြောင့်ပြန့်လွင့်သွားသည်။သို့ဖြစ်ရာ က္ကုနြေ္ဒငါးပါးကို အညီအမျှထားရှိဖို့လိုသည်။သဒ္ဒါနှင့်ပညာ ၊ သမာဓိနှင့်ဝီရိယညီမျှခြင်းကို ပညာရှိများကချီးမွန်းသည်။
သဒ္ဒါအားကြီး၍ ပညာအားနည်းပါက အချည်းနှီးသော ကြည်ညိုခြင်းဖြင့် ကြည်ညိုတက်သည်။ကြည်ညိုအပ်သောအရာ ဟုတ်မဟုတ် မစဉ်းစားနိုင်။ပညာအားနည်းသဖြင့် ကြည်ညိုဖွယ်ရာ မဟုပ်ဘဲ
ကြည်ညိုတက်ပြီး ဘုရား၊တရား၊သံဃာအပေါ် ကြည်ညိုစိတ် လျော့တက်သည်။
ဘုရားစစ်မဟုပ်ဘဲ ဘုရားစစ်ထင်သည်။တရားစစ်မဟုပ်ပဲ တရားစစ်ထင်သည်။သံဃာစစ်မဟုပ်ပဲသံဃာစစ်ထင်သည်။
မိစ္ဆာအယူရှိသူဖြစ်သွားနိုင်ပေသည်။
ပညာတရားအားကြီးပြီး သဒ္ဒါတရားအားနည်းလျှင်လည်း လမ်းမှန်မရောက်တက်။ကောက်ကျစ်စဉ်းလဲသော ဘက်ကိုရောက်သွားတက်သည်။ဒါနတွင်စေတနာသည်သာအရေး
ကြီးသည်။ဝတ္ထုပစ္စည်းက အရေးမကြီး။စေတနာကောင်းထားလျှင် ၀တ္ထုပစ္စည်းလှူစရာမလိုဟုကောက်ကျစ်စဉ်းလဲစိတ်ဖြင့် ပိတ်ပင်လျှင်ထိုသူကား ငရဲကျရုံသာရှိသည်။
ဝီရိယနှင့်သမာဓိလည်းညီမျှဖို့လိုသည်။ ၀ီရိယနည်းပြီးသမာဓိအားများနေလျှင် ထကြွလုံ့လ
မရှိ ၊သမာဓိရအောင်ငြိမ်သက်နေသယောင်ဖြင့် အပျင်းစိတ်လွှမ်းမိုးနေမည်။ဝီရိယအားကြီးပြီး
သမာဓိနည်းလည်း တည်ကြည်မှုမရရှိနိုင်။အမြဲလုံ့လပြုသလောက် အကျိုးမဖြစ်လျှင်စွန့်လွှတ်လိုစိတ်ဖြစ်လာတက်သည်။
ဝီရိယနှင့်သမာဓိမျှလျှင် ပျင်းရိခွင့်ဝင်မရ ဈာန်ကိုအလျှင်အမြန်ရစေ၏။
သတိနြေ္ဒမှာမူ လိုသာလိုသည် ပိုသည်မရှိ။သတိသည်ဆားနှင့်တူ၏ ။ဟင်းခွပ်၏အရသာကိုဆားနှင့်ထိမ်းချုပ် ထားရသကဲ့သို့ က္ကုနြေ္ဒငါးပါးတွင် သတိသည်အရေးပါ၏။
ပညာမဲ့သူကိုရှောင်ရှားပြီး ပညာရှိသူကို ချည်းကပ်ရခြင်းမှာမူ အထူးရှင်းစရာမလိုပေ။တစ်စုံတစ်ခုကိုမျှပေးမရ ၊မိမိအတွက်အထောက်အကူမဖြစ်သောသူကို ရှောင်ရှားသင့်ပေသည်။
နက်နဲသောဥာဏ်၏ကျက်စားရာ တရားသဘောဆင်ခြင်ခြင်းဟူသည် ပညာ၏ကျက်စားမှုပင်ပညာဥာဏ်သည် သိအပ်ရာမှန်သမျှသိ၏။သေးငယ်သောအရာသိလျှင်
 သေးငယ်သောဥာဏ်ပေါ်၏။နက်နဲ့သောအရာကိုသိလျှင် နက်နဲသောဥာဏ်ပေါ်၏။ဥာဏ်၏ကျက်စားရာဟူသည်မှာ
အာယတနစသော တရားစုပင်။ထိုတရားစု၌ဖြစ်သော အသိဥာဏ်သည် နက်နဲသောဥာဏ်မည်၏။
နက်နဲသောသဘောတရားများပြားသလောက် ခွဲခြမ်းဝေဖန်သည့် ဥာဏ်လည်း ကြီးပွားခြင်းအကြောင်းဖြစ်ပေသည်။
ပညာဥာဏ်ပွားများရာတွင် လျောင်း ၊ ထိုင် ၊ ရပ် ၊သွား က္ကုရိယာပုတ် လေးပါး၌ ပညာတရားဖြင့်
ပွားရန်သာ ညွှတ်ကိုင်းစိတ်ရှိရမည်။
(ဆရာတော် ဦးဝိစိတ္တ၏ မဟာဗုဓ္ဒ၀င် အနုဒီပနီမှ)
No comments:
Post a Comment