မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Sunday, February 23, 2014
“လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သောအင်္ဂါ”
“လူတစ်ယောက်အဖြစ် သတ်မှတ်နိုင်သောအင်္ဂါ”
•••••••••••••••••••••••••••••••••••••••
လောကီလူသားများ လူတစ်ယောက်အဖြစ်
သတ်မှတ်နိုင်သောအင်္ဂါနှင့် ဘုရားအစရှိသော
သူတော်ကောင်းများ၏ လူတစ်ယောက်အဖြစ်
သတ်မှတ်သောအင်္ဂါသည် မိုးနှင့်မြေလို ကွာခြားလွန်းလှ၏။
လောကီလူသားများက -
●အမျိုးမြတ်ခြင်း၊
●ခေတ်ပညာတတ်ခြင်း၊
●ရာထူးကြီးမြင့်ခြင်း၊
●ဥစ္စာစည်းစိမ်ပေါများခြင်း
ဟူသော အင်္ဂါများနှင့်ပြည့်စုံလျှင်
“အထက်တန်းစား လူတစ်ယောက်”အဖြစ် သတ်မှတ်ကြ၏။
ဘုရားရှင်၏ လူတစ်ယောက်အဖြစ်သတ်မှတ်သော
အင်္ဂါသုံးချက်တွင် အထက်ဖော်ပြီး အင်္ဂါများ
တစ်ချက်မှ ပါမလာပေ။
www.facebook.com/youngbuddhistassociation.mm
“အင်္ဂုတ္တိုရ်ပါဠိတော်၊ တိကနိပါတ်”တွင်
ဇမ္ဗူဒိပ်ကျွန်းနေလူသားများက
နတ်တို့ထက်သာလွန်သော၊ တစ်နည်း
လူတစ်ယောက်အဖြစ်သတ်မှတ်နိုင်သော
အင်္ဂါသုံးချက်ကို ယခုလိုဟောကြားထား၏။
●သတ္တိ - ကုသိုလ်တရားများကို ရဲဝံ့စွာ လုပ်ရဲခြင်း၊
●သတိ - ကုသိုလ်တရားများအပေါ် သတိရခြင်း၊
●ဗြဟ္မစရိယ - မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ခြင်း။
ဗုဒ္ဓ၏ လူတစ်ယောက်အဖြစ် အင်္ဂါသတ်မှတ်ချက်တွင်
ရာထူး၊ ဂုဏ်သိန်၊ စည်းစိမ်ဥစ္စာများ တစ်ခုမှ မပါသည်ကို
အံ့သြဖွယ်ရာ တွေ့မြင်ရမည် ဖြစ်သည်။
【အရှင်ဇဝန - မေတ္တာရှင်(ရွှေပြည်သာ)
“သင်လူတစ်ယောက်ဖြစ်ပြီလား” စာအုပ်မှ-】
Dhamma Danã Source ►
www.facebook.com/youngbuddhistassociation.mm
Subscribe to:
Post Comments (Atom)
No comments:
Post a Comment