/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Monday, February 24, 2014

**** ဘယ်လောက်ကြာမှ မဂ်ရနိုင်မလဲ" ***

Photo: >>>> သဗ္ဗဒါနံ  ဓမ္မဒါနံ  ဇိနာတိ <<<<
          *********************

"ဘယ်လောက်ကြာမှ  မဂ်ရနိုင်မလဲ"

       အချို့သောပုဂ္ဂိုလ်များက  ရိပ်သာကိုရောက်
လာလျှင်  မေးခွန်းမေးတတ်ကြ၏ ၊ "မဂ်ရအောင်
ဘယ်လောက်ကြာကြာ   အားထုတ်ရမှာလဲ" တဲ့ ၊
"ဘယ်လောက်ကြာမှ    သောတာပန်  ဖြစ်မှာလဲ"
တဲ့ ၊    မေးခွန်းက   ရှေ့ပြေးပေါ်လာသည် ၊    သူ
ကိုယ်တိုင်ကား  အားမထုတ်ရသေး ။ 

     ဤနေရာတွင်  ဗောဓိရာဇကုမာရမင်းသားက
မေးလျှောက်၍   ဘုရားရှင်ကိုယ်တော်မြတ်   ဖြေ
ကြားထားသည်ကို  တင်ပြလိုပါသည် ။
                            
     "အရှင်ဘုရား--မြတ်စွာဘုရားဟူသော  နည်း
ညွှန်လမ်းပြ    ဆုံးမမည့်သူရသော   ရဟန်းသည်
ဘယ်လောက်ကြာမှ    အရဟတ္တမဂ်    အရဟတ္တ
ဖိုလ်ကို  ရနိုင်ပါမည်လဲ  ဘုရား"

     "မင်းသား--   ဤအရေး၌    သင့်ကိုပင်ပြန်၍
မေးရပေဦးမည် ၊   သင်သည်  ဆင်စီးချွန်းကိုင်အ
တတ်ကို  တတ်မြောက်ပါ၏လော"

     "မှန်ပါ-- တတ်မြောက်ပါ၏  ဘုရား"

     "လူတစ်ယောက်သည် သင့်ထံသို့  ဆင်စီးချွန်း
ကိုင်အတတ်ကို  သင်ယူမည်ဟု  လာ၏ ၊    ထိုသူ
သည် --

၁။  ကိုယ့်လုပ်ငန်းအပေါ်  ယုံကြည်မှုမရှိ ၊ 
၂။  ကျန်းမာမှုလည်း  မရှိ ၊ 
၃။  ကောက်ကျစ်လိမ်လည်တတ်၏ ၊
၎။  ပျင်းလည်း  ပျင်း၏ ၊                     
၅။  ဉာဏ်ကလည်း  ထိုင်းလှ၏--  ထိုပုဂ္ဂိုလ်အား
      တတ်မြောက်  ကျွမ်းကျင်အောင်    သင်ကြား
      ပေးနိုင်မည်လော" ဟု  မေးတော်မူ၏ ။

     "မှန်ပါ--   ဤအင်္ဂါငါးပါးအနက်    တစ်ပါးပါး
ချွတ်ယွင်းနေလျှင်ပင်   သင်ဖို့မလွယ်ပါ ၊    ငါးပါး
လုံးများ    ချွတ်ယွင်းနေလျှင်ကား    ဆိုဖွယ်   မရှိ
တော့ပါဘုရား" 
                             
     "သည်လိုဆိုလျှင်မေးဦးမည် ၊ လူတစ်ယောက်
သည်ကား-- 

၁။  ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိ၏ ၊
၂။  ကျန်းလည်း  ကျန်းမာ၏ ၊
၃။  စိတ်ထားလည်း  ဖြောင့်စင်း၏ ၊
၎။  မပျင်းမရိဘဲ  ကြိုးစားတတ်၏ ၊
၅။  ဉာဏ်ရည်ဉာဏ်စရှိသူလည်း  ဖြစ်၏ --ထိုသူ
      မျိုးအား  တတ်မြောက်အောင် သင်ကြားပေး
နိုင်ပါမည်လော"

     "မှန်ပါ-- ထိုကဲ့သို့သော  ပုဂ္ဂိုလ်မျိုးကား  အင်္ဂါ
ရပ်အချို့အဝက်  ပြည့်စုံကာမျှဖြင့်  တတ်မြောက်
အောင်   သင်ကြားပေးနိုင်ပါ၏ ၊     ငါးပါးလုံးများ
ပြည့်စုံပါမူကား  ဆိုဖွယ်  မရှိတော့ပြီဘုရား"ဟူ၍
လျှောက်ထားလေသည် ။

     "မင်းသား-- ထို့အတူပင်  တရားအားထုတ်သူ
၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)ငါးပါးရှိ၏၊ ယင်းတို့ကား-

၁။  ဘုရားအပေါ်  ယုံကြည်သော  သဒ္ဓါရှိရမည် ၊
၂။  ကျန်းမာသူလည်း  ဖြစ်ရမည် ၊
၃။  စိတ်ထားဖြောင့်မတ်သူလည်း  ဖြစ်ရမည် ၊
၎။  ဇွဲသန်   ကြိုးစားအားထုတ်သူလည်း     ဖြစ်ရ
      မည် ၊ 
၅။  ဉာဏ်စွမ်းဉာဏ်စလည်း  ရှိရမည်--  ဤအင်္ဂါ
      ငါးပါးနှင့် ပြည့်စုံခဲ့သော်   မကြာမီပင်  တရား
ထူးရနိုင်၏"ဟူ၍  မိန့်တော်မူသည် ။

[ဆောင်]

* ယုံကြည်ကျန်းမာ   စိတ်ဖြောင့်စွာနှင့်
   လွန်စွာအားထုတ်   နာမ်နှင့်ရုပ်ကို
   ဖြစ်ချုပ်ဉာဏ်မြင်   ဤငါးအင်
   အမှန်ပင်  မဂ်ရကြောင်း ။ 

                                              
မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ   (စာမျက်နှာ-၁၈၅)

"ဘယ်လောက်ကြာမှ မဂ်ရနိုင်မလဲ"
အချို့သောပုဂ္ဂိုလ်များက ရိပ်သာကိုရောက်
လာလျှင် မေးခွန်းမေးတတ်ကြ၏ ၊ "မဂ်ရအောင်
ဘယ်လောက်ကြာကြာ အားထုတ်ရမှာလဲ" တဲ့ ၊
"ဘယ်လောက်ကြာမှ သောတာပန် ဖြစ်မှာလဲ"
တဲ့ ၊ မေးခွန်းက ရှေ့ပြေးပေါ်လာသည် ၊ သူ
ကိုယ်တိုင်ကား အားမထုတ်ရသေး ။

ဤနေရာတွင် ဗောဓိရာဇကုမာရမင်းသားက
မေးလျှောက်၍ ဘုရားရှင်ကိုယ်တော်မြတ် ဖြေ
ကြားထားသည်ကို တင်ပြလိုပါသည် ။

"အရှင်ဘုရား--မြတ်စွာဘုရားဟူသော နည်း
ညွှန်လမ်းပြ ဆုံးမမည့်သူရသော ရဟန်းသည်
ဘယ်လောက်ကြာမှ အရဟတ္တမဂ် အရဟတ္တ
ဖိုလ်ကို ရနိုင်ပါမည်လဲ ဘုရား"

"မင်းသား-- ဤအရေး၌ သင့်ကိုပင်ပြန်၍
မေးရပေဦးမည် ၊ သင်သည် ဆင်စီးချွန်းကိုင်အ
တတ်ကို တတ်မြောက်ပါ၏လော"

"မှန်ပါ-- တတ်မြောက်ပါ၏ ဘုရား"

"လူတစ်ယောက်သည် သင့်ထံသို့ ဆင်စီးချွန်း
ကိုင်အတတ်ကို သင်ယူမည်ဟု လာ၏ ၊ ထိုသူ
သည် --

၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုမရှိ ၊
၂။ ကျန်းမာမှုလည်း မရှိ ၊
၃။ ကောက်ကျစ်လိမ်လည်တတ်၏ ၊
၎။ ပျင်းလည်း ပျင်း၏ ၊
၅။ ဉာဏ်ကလည်း ထိုင်းလှ၏-- ထိုပုဂ္ဂိုလ်အား
တတ်မြောက် ကျွမ်းကျင်အောင် သင်ကြား
ပေးနိုင်မည်လော" ဟု မေးတော်မူ၏ ။

"မှန်ပါ-- ဤအင်္ဂါငါးပါးအနက် တစ်ပါးပါး
ချွတ်ယွင်းနေလျှင်ပင် သင်ဖို့မလွယ်ပါ ၊ ငါးပါး
လုံးများ ချွတ်ယွင်းနေလျှင်ကား ဆိုဖွယ် မရှိ
တော့ပါဘုရား"

"သည်လိုဆိုလျှင်မေးဦးမည် ၊ လူတစ်ယောက်
သည်ကား--

၁။ ကိုယ့်လုပ်ငန်းအပေါ် ယုံကြည်မှုအပြည့်ရှိ၏ ၊
၂။ ကျန်းလည်း ကျန်းမာ၏ ၊
၃။ စိတ်ထားလည်း ဖြောင့်စင်း၏ ၊
၎။ မပျင်းမရိဘဲ ကြိုးစားတတ်၏ ၊
၅။ ဉာဏ်ရည်ဉာဏ်စရှိသူလည်း ဖြစ်၏ --ထိုသူ
မျိုးအား တတ်မြောက်အောင် သင်ကြားပေး
နိုင်ပါမည်လော"

"မှန်ပါ-- ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကား အင်္ဂါ
ရပ်အချို့အဝက် ပြည့်စုံကာမျှဖြင့် တတ်မြောက်
အောင် သင်ကြားပေးနိုင်ပါ၏ ၊ ငါးပါးလုံးများ
ပြည့်စုံပါမူကား ဆိုဖွယ် မရှိတော့ပြီဘုရား"ဟူ၍
လျှောက်ထားလေသည် ။

"မင်းသား-- ထို့အတူပင် တရားအားထုတ်သူ
၏ အင်္ဂါရပ်(ပဓာနိယင်္ဂ)ငါးပါးရှိ၏၊ ယင်းတို့ကား-

၁။ ဘုရားအပေါ် ယုံကြည်သော သဒ္ဓါရှိရမည် ၊
၂။ ကျန်းမာသူလည်း ဖြစ်ရမည် ၊
၃။ စိတ်ထားဖြောင့်မတ်သူလည်း ဖြစ်ရမည် ၊
၎။ ဇွဲသန် ကြိုးစားအားထုတ်သူလည်း ဖြစ်ရ
မည် ၊
၅။ ဉာဏ်စွမ်းဉာဏ်စလည်း ရှိရမည်-- ဤအင်္ဂါ
ငါးပါးနှင့် ပြည့်စုံခဲ့သော် မကြာမီပင် တရား
ထူးရနိုင်၏"ဟူ၍ မိန့်တော်မူသည် ။

[ဆောင်]

* ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာနှင့်
လွန်စွာအားထုတ် နာမ်နှင့်ရုပ်ကို
ဖြစ်ချုပ်ဉာဏ်မြင် ဤငါးအင်
အမှန်ပင် မဂ်ရကြောင်း ။


မိုးကုတ်ဆရာတော်ဘုရားကြီး ၏
တစ်ဘဝ သာသနာ (စာမျက်နှာ-၁၈၅)မှ

No comments:

Post a Comment