/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, April 26, 2014

" အတွင်းစင်ကြယ်မှု "




" အတွင်းစင်ကြယ်မှု "

အို ပုဏ္ဏား ဤသစ်သားထင်း မီးလှုံလျှင်
စင်ကြယ်သည်ဟု အသင်အဘယ်ကြောင့်
အောက်မေ့သနည်း။ ဤအရာတို့ကား အပြင်အပ အရာတို့သာဖြစ်၏။ ပညာရှိတို့သည် ဤအရာကို စင်ကြယ်မှုဟု မဆိုကြကုန်။



ငါမူကား ဤ " ထင်းမီးလှုံခြင်း "ကို
ပယ်စွန့်၍ မိမိကိုယ်တွင်း၌သာလျှင် အလင်းရောင်ကို ထွန်းလင်းတောက်ပစေ၏။ 


အမြဲတစေ တည်ကြည်သော စိတ်
နှလုံး ရှိသည်ဖြစ်၍ ငါသည် မြတ်သော
အကျင့်ကို ကျင့်ကြံအားထုတ်၏။ ဤသည်
သာလျှင် မှန်ကန်သည့် စင်ကြယ်မှုဖြစ်
သည်။


အို ပုဏ္ဏား သင်၏ ဤမာနသည်
မြက်ခြောက်ကောက်ရိုး ဖြစ်၏။ အမျက်
ဒေါသသည် မီးခိုးဖြစ်၏။ မဟုတ်မမှန်သည့်
စကားသည် ပြာဖြစ်၏။ လျှာသည် ယဇ်ပူ
ဇော်ရာတွင် သုံးသည့် ယောက်ချိုဖြစ်၏။


နှလုံးသည် အလင်းရောင်၏တည်ရာဌာန
ဖြစ်၏။ လူသည်မိမိကိုယ်ကိုမိမိ ချုပ်တည်း
နိုင်မှသာလျှင် ဤအလင်းရောင်ကို ရနိုင်
သည်။ ဤအလင်းရောင် သည်သာလျှင်
မှန်ကန်သော ကိုယ်တွင်းစင်ကြယ်မှု ဖြစ်၏။


အိုပုဏ္ဏား သူတော်ကောင်းတို့ ချီးကျူးအပ်သည့် သီလတည်းဟူသော
ရေချိုးဆိပ်ရှိသော အညစ်အကြေးကင်းစင်
သည့် တရားရေကန်၌ သူတော်သူမြတ်
တို့သည် ကိုယ်ကိုမစိုစွတ်စေဘဲ ကူးမြောက်ကြကုန်သည်။


မြင့်မြတ်သောစင်ကြယ်မှုကို ရရှိဖို့
ရန်အတွက် မှန်ကန်မှု တရားဓမ္မ စောင့်
စည်းမှု မြင့်မြတ်သည့် အကျင့်တရားတို့၌
တည်ရှိနေ၏။ 


အိုလူမိုက် ဆံကျစ်ကို ထုံးခြင်းအား
ဖြင့် လည်းကောင်း သစ်နက်ရေကို ဝတ်
ခြင်းအားဖြင့်လည်းကောင်း သင့်မှာ အဘယ်အကျိုးရှိမည်နည်း။ 


သင်၏ကိုယ်တွင်း၌ ရာဂစသည့် အညစ်အကြေးများ
ပြည့်နှက်၍နေ၏။ သင်သည် အပြင်အပ
ကိုသာ အဘယ်ကြောင့် သုတ်သင်ဆေး
ကြော၍ နေဘိသနည်း။


ရေဖြင့် စင်ကြယ်သန့်ရှင်းမှု မဖြစ်နိုင်။
အကြင်သူသည် သစ္စာတရားရှိ၏။ တရား
နှင့်ပြည့်စုံ၏။ ထိုသူသာလျှင် စင်ကြယ်
သန့်ရှင်း၏။ 


တဏှာ အနှောင်အဖွဲ့မှ မလွတ်
ကင်းသောသူသည် ဝတ်လစ်စလစ် နေခြင်းအားဖြင့် လည်းကောင်း ဆံကျစ်ထုံးခြင်းအားဖြင့် လည်းကောင်း ရွှံ့ညွှန် ပြာ
လိမ်းကျံခြင်းအားဖြင့် လည်းကောင်း စင်
ကြယ်မှုကို မရှိနိုင်ပေ။


အကြောင်းတရားတို့ ပြုပြင် စီရင်
အပ်ကုန်သော ဖြစ်ပျက်ပေါ်ပေါက်လာ
သည့် အရာဝတ္ထု ဟူသမျှသည် ဆင်းရဲ
ဒုက္ခကို ပေးတတ်၏ ဟူ၍ ပညာမျက်စိဖြင့်
အမှန်ကိုသိသော သူသည် သံသရာ ဝဋ်
ဆင်းရဲ ဟူသမျှ၌ ငြီးငွေ့၏။ ဤသို့ငြီးငွေ့
ခြင်းသည် စိတ်နှလုံး စင်ကြယ်မှု၏ မှန်ကန်
သော လမ်းကြောင်းဖြစ်၏။


နာမ်တရား ရုပ်တရား ဟူသမျှသည်
အနတ္တ ဖြစ်ကုန်၏။ အစိုးမရ အလိုသို့မ
လိုက်။ ဤသို့ ပညာမျက်စိဖြင့် အမှန်ကို
သိမြင်သောသူသည် သံသရာဝဋ်ဆင်းရဲ
ဟူသမျှ၌ ငြီးငွေ့၏။ ဤသို့ငြီးငွေ့ခြင်း
သည် စိတ်နှလုံး စင်ကြယ်ခြင်း၏ လမ်း
ကြောင်းဖြစ်၏။


( ဘာရဒွါဇသုတ် ဗြဟ္မဏဝဂ် ဇဋိလသုတ်)

No comments:

Post a Comment