ကင်းမြီးကောက် နှင့်
****************
တူသော စိတ်
***********
ကင်းမြီးကောက်ရဲ့
အမြီးမှာရှိတဲ့အဆိပ်က
လူကို သေစေနိုင်တယ်၊
ယောဂီရဲ့ စိတ်မှာရှိတဲ့
ဝိပဿနာဉာဏ်က
ကိလေသာကို
သေစေနိုင်တယ်၊
သေစေနိုင်တဲ့
သတ္တိချင်း တူလို့
ဝိပဿနာဉာဏ်ဟာ
အဆိပ်ပါပဲ။
ဝိပဿနာဉာဏ်တည်းဟူသော
အဆိပ်တွေပြည့်နေတဲ့
ဝိပဿနာစိတ်တည်းဟူသော
အမြီးကို
ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာမှာ
အမြဲအဆင်သင့်
ထောင်ထားရပါမယ်။
ကိုယ့်စိတ်ကို
ကင်းမြီးကောက်နဲ့
တူတဲ့စိတ်ဖြစ်အောင်
အားထုတ်နိုင်ပြီဆိုရင်
ကိလေသာဘေးရန်မှန်သမျှ၊
အကုသိုလ် အန္တရာယ်မှန်သမျှ
ကင်းရှင်းသွားပါလိမ့်မယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
အမြီးမှာရှိတဲ့အဆိပ်က
လူကို သေစေနိုင်တယ်၊
ယောဂီရဲ့ စိတ်မှာရှိတဲ့
ဝိပဿနာဉာဏ်က
ကိလေသာကို
သေစေနိုင်တယ်၊
သေစေနိုင်တဲ့
သတ္တိချင်း တူလို့
ဝိပဿနာဉာဏ်ဟာ
အဆိပ်ပါပဲ။
ဝိပဿနာဉာဏ်တည်းဟူသော
အဆိပ်တွေပြည့်နေတဲ့
ဝိပဿနာစိတ်တည်းဟူသော
အမြီးကို
ကိုယ့်ဘဝ၊ ကိုယ့်ခန္ဓာမှာ
အမြဲအဆင်သင့်
ထောင်ထားရပါမယ်။
ကိုယ့်စိတ်ကို
ကင်းမြီးကောက်နဲ့
တူတဲ့စိတ်ဖြစ်အောင်
အားထုတ်နိုင်ပြီဆိုရင်
ကိလေသာဘေးရန်မှန်သမျှ၊
အကုသိုလ် အန္တရာယ်မှန်သမျှ
ကင်းရှင်းသွားပါလိမ့်မယ်။
အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)
No comments:
Post a Comment