အရေးသုံးပါးလုံအောင်ထား
******************
ဦးဇင်းအမြဲတမ်းတရားနာပရိတ်
ကိန
ဖွင့်ပေးဖို့ ဦးဇင်းစိတ်ထဲမှာ အမြဲတမ်းရှိတယ်။
သွားရင်းလာရင်း နေရင်းထိုင်ရင်းနဲ့ ကြည့်လိုက်လို့ရှိ ရင်လူတွေဟာ အမြဲတမ်းယောက်ယက်ခတ်နေတယ်။
အခုတရားနာပရိတ်သတ်တွေကို ဦးဇင်းမေး ကြည့်မယ် အနာဂတ်ဘ၀ကို ဒကာ ဒကာမတွေ မြတ်တဲ့ဘ၀ရောက်မှာမို့လို ကိုယ့်ဘာကိုယ် အေးအေး ဆေးဆေး နေကြတာလား..မဟုတ်ဘူးနော်။ တကယ်စဉ်းစားကြည့်တဲ့အခါကျတေ
ဘယ်နေရာပဲဖြစ်ဖြစ် အလုပ်သွားလိုက် ပြန်လိုက် ၊ဆိုင်သွားလိုက် ပြန်လိုက်၊ ရုံးသွားလိုက် ပြန်လိုက် နောက်နေ့ပြန်သွားလိုက် ပြန်ဝင်လိုက်
ပြန်ထွက်လိုက် ဒီလိုနဲ့ ကားနဲ့တစ်မျိုး ၊ ရထားနဲ့တစ်မျိုး အမျိုးမျိုး လမ်းပေါ်မှာ သွားနေကြတယ်။ ထိုပုဂ္ဂိုလ်တွေဟာ အနာဂတ်ကို သိကြရဲ့ လား။ မသိကြဘူးနော်။ ဥပမာပြောရရင် လောကမှာ ရေထဲမှာ ငါးတွေရှိတယ်နော်။ ငါးတွေဟာ ရေထဲ နေပေမယ့် ရေကိုမြင်ရဲ့လား..မမြင်ဘူးေ
**ပုထုစဉ်တွေဟာ ကိုယ်သွားရမယ့် လားရာဂတိကို မမြင်ကြဘူး။**
မမြင်တဲ့အတွက်ကြောင့် အဲ့ဒီ ပုဂ္ဂိုလ်တွေဟာ ဒီတစ်ဘ၀စာ ခဏတာအတွင်းမှာရရှိတဲ့ အာရုံကာမဂုဏ်မှာ နစ်မြုပ်နေကြတယ်။
တစ် ချို့ကြတော့လည်း မိမိတို့ရဲ့ အပင်ပန်းခံ အဆင်းရဲခံ ဒုက္ခခံပြီး ကြိုးစားအားထုတ်ခဲ့တဲ့ ရာထူးတွေ နေ ရာတွေ ပြည့်စုံသွားတော့ ကျေနပ်သွားပြီးတော့ အဲ့ဒီရာထူး ဂုဏ်ရယ် ၊ ရာထူးကြောင့် ၀င်တဲ့ ငွေရယ် အဲ့ဒီအပေါ်မှာကျေနပ်ပြီးတော့
ရတဲ့ရာထူးကြီးမှာ ကျေ ကျေနပ်နပ်နဲ့အားပါးတရ ကျေနပ်ပြီးတော့
ဩော် ငါတော့ လူဖြစ်ရကျိုးနပ်ပြီ။ဘ၀အတွက်
မရှိတဲ့ လူကလည်း မရှိလို့ဆိုပြီး နေ့မအား ညမအား ရှာနေရတော့ အားသေးလား..မအားတော့ပါဘူး ဘုရား။
ကိုယ်က မိမိစားဝတ်နေရေးပြေလည်ဖို့အ
အဲ့ဒီလို ရှာကြတဲ့ ပုဂ္ဂိုလ်တွေလည်း အဲ့ဒီအပေါ်မှာပဲ နစ်ပြီးတော့ ရပ်မသွားဘူးလား။
ဒါဖြင့် မိမိတို့ရဲ့ နေရေးသည် ဘာနဲ့တူလဲဆိုတော့ ဦးဇင်းတို့ ငယ်ငယ် တုန်းက ရထားစီးတဲ့အခါကျတော့ ကြက်တွေ ၀က်တွေ တင်တာရှိတယ်။ ခြင်းကြားတွေထဲမှာ ထည့် ထားတာပေါ့။
ဒါပေမယ့် ကြက်ဆိုလည်း တွန်တဲ့အကောင်က တွန်၊ တစ်ကောင်နဲ့တစ်ကောင် စိတ်တဲ့ အကောင်က စိတ်ပေါ့။ တွန်တယ်ဆိုတာ ပျော်လို့ ၊ စိတ်တယ်ဆိုတာ မကျေနပ်လို့ ဒေါသဖြစ်လို့။ တစ် ဖက်မှာကြည့်တော့လည်း ၀က်တွေ ခြေထောက်တွေ လက်တွေတုပ်ပြီး ၀ါးလုံးကြီးတွေလျှိုပြီး တအိအိ နဲ့ နေကြတယ်။ အဲ့ဒီကြက်တွေ ၀က်တွေ သေရွာသွားရမယ်ဆိုတာ သိရဲ့လား။
သူတို့သွားနေရတာ တော့ သူတို့သတ်မယ့်နေရာကို သွားနေကြရတာ။
မသိတဲ့အခါကျတော့ သွားရမယ့်သေမယ့်နေရာကို နှစ်ကောင်လုံး သွားရမှာ။ မသိတော့ မကျေနပ်တော့ စိတ်နေကြတယ်။
တွန်နေကြတယ်။ ဒါဖြင့်လော ကမှာလည်း ကြည့်လိုက်ပေါ့။ စီးပွားရေး လူမှုရေး ပညာရေးနဲ့ပြည့်စုံတော့ အဲ့ဒီပုဂ္ဂိုလ်တွေက ပျော်ပြီး တော့ မနေကြဘူးလား။ ကျေနပ်ကြတယ်။ မကျေနပ်တော့လည်း တစ်ယောက်နဲ့တစ်ယောက် ရုံးတွေ ဂတ်တွေမှာ အမှုတွေဖြစ် တိုက်ကြ ခိုက်ကြ အော်ကြ ဟစ်ကြ အမှုတွေဖြစ်ကြနဲ့ ရန်ဖြစ်မနေကြဘူး လား။
ဒါဖြင့် အားလုံးဟာ ဘယ်သွားနေကြတာလဲ…သေရွာသွားေ
ဒို့တစ်တွေဟာ ဘယ်လိုပဲ ပျော်ပျော် ငါတို့ဟာ သေရွာသွားနေကြပါလားဆိုတာ သိကြရဲ့လား။
သူရော ကိုယ်ရော အားလုံးဟာ သံသရာထောင် ခန္ဓာထောင်ကြီး ကျမနေဘူးလား.. ကျနေပါတယ်ဘုရား။ အဲ့ဒီလို ဒုက္ခ ကြားထဲမှာရောက်နေကြားက ထောင်ကျနေတဲ့ကြားက တစ်ကောင်နဲ့တစ်ကောင်ရုန်းထွ
ရှေး ရှေး အရိယာသူတော်ကောင်းတွေက သံသရာထောင် ခန္ဓာထောင်မှ လွတ်ဖို့ရုန်းထွက်သွားကြပြီ
အကျ
တစ် နေ့ တစ်နေ့ ဒကာ ဒကာမတွေ တရားအားထုတ်တာနဲ့ အားမထုတ်တာ ဘယ်ဟာများလဲ။
အဲ့တော့ ဒကာ ဒကာမတွေ အရေးသုံးပါးလုံအောင်ထားရမယ်
**ဘ၀နေရေး ဘ၀သေရေး ဘ၀နောင်ရေး**
ဆိုတဲ့ အရေးသုံးပါး။ ဘဝသေရေးအတွက် လုံခြုံဖို့ တရားအားထုတ်ရမယ်။ မဖြစ် မနေ အားထုတ်ရလိမ့်မယ်။
အဲဒီစိတ်ကလေးမှာ ဘာမလုံခြုံလဲဆိုတော့ အတွင်းမှာ ကြောက်စရာကောင်းတဲ့ တဏှာ၊ဒိဋ္ဌိ၊မာန၊ လောဘ ဒေါသ မောဟ တို့ဆိုတဲ့ရန်သူက စိတ်ကိုအုပ်ချုပ်ပြီး လာမဆွဲနေဘူးလား။ မလုံခြုံရင် သူတို့ ဝင်မဆွဲဘူးလား။ အဲ့ဒါကြောက်စရာအကောင်းဆုံးပ
မြွေပွေးလည်းကြောက်စရာမကောင
ဩော် အဲ့လိုဆိုရင် ဒကာ ဒကာမတွေ ဘ၀နေ ရေးကတော့ ကိုယ်ပြုခဲ့တဲ့ အတိတ်ကံနဲ့ ကိုယ့်ရဲ့စောင့်ရှောက်မှု အသိဥာဏ်နဲ့ ထိန်းသိမ်းပြီးတော့ ပြည့် စုံအောင် လုံခြုံအောင် လုပ်ကြ။
အရက်မသောက် ဖဲမရိုက် အလေမလိုက်လို့ရှိရင် စားဝတ်နေရေးအ တွက် ဖူလုံမှာပဲ။ ကိုယ်လုံခြုံအောင် ကိုယ်လုပ်။
ဘ၀သေရေးရော သူများက လာခံစားလို့ရလား။ ဘ၀ နောင်ရေးရော သူများလာကယ်လို့ရလား။ အဲ့တော့ ကိုယ်လုံခြုံအောင် ကိုယ်လုပ်။ ဘ၀မှာအရေးအ ကြီးဆုံးက သေမယ့်အချိန်ပဲ။အသေမတတ်လို့
အရှင်စန္ဒိမာ(အောင်လံ)
No comments:
Post a Comment