★★★ ဒါန ★★★
-သူတော်ကောင်းတို့ပြုလုပ်သောသပ္ပုရိသဒါနအင်္ဂါ(၅)မျိုး
ဘုရားအ လောင်းတော်မှန်သမျှဘုရားဖြစ်ရန်ပါရမီဆယ်ပါးကိုဖြည့်ကျင့်
သည့်အခါ``ဒါနပါရမီ´´ကိုရှေးဦးစွာဖြည့်ကျင့်ခဲ့ကြသည်ချည်းဖြစ်သည်။
ဒါနပြုသူများသည်ဘုရားအ လောင်းတော်များ၏ကျင့်စဉ်
လမ်းကြောင်းအတိုင်းလိုက်နာကျင့်သုံးသူများဖြစ်ကြသည် ။
ယင်းသို့သော'ပထမတန်းစားဒါန'ဖြစ်
အောင်ပေးလှူစွန့်ကြဲကြရာတွင် အောက်
ဖော်ပြပါအင်္ဂါ၅-ချက်နှင့်ပြည့်စုံပါကသူ
တော်ကောင်းတို့ပြုလုပ်သောသပ္ပုရိသ
ဒါနဖြစ်သည်။
၁။ယုံကြည်ချက်ဖြင့်လှူဒါန်းပါ။
ကောင်းမှုပြုလျှင်ကောင်းကျိုးခံစားရမည်။
မ ကောင်းမှုပြုလျှင် မ ကောင်းကျိုးခံစားရသည်ဟူ၍
စွဲမြဲခိုင် မာစွာယုံကြည်လျက်(သဒ္ဒါခိုင် မာ
လျက်)လှူဒါန်းစွန့်ကြဲရပါမည်။
၂။ရိုသေ လေးနက်စွာလှူဒါန်းပါ။
အလှူပစ္စည်းကိုသန့်ရှင်းသပ် ရပ်စွာပြုလုပ်ပြီးအလှူခံမည့်ပုဂ္ဂိုလ်ကို
ို(သက္ကစ္စံရိုသေ လေး
နက်စွာ)လှူဒါန်းစွန့်ကြဲရပါမည်။
၃။အချိန်ကာလနှင့်လျော်ညီစွာလှူဒါန်းပါ။
အလှူခံပုဂ္ဂိုလ်လိုအပ်နေသည့်အချိန်၌
သင့်လျော်သောလိုအပ်သည့်ပစ္စည်းကို
လှူဒါန်းစွန့်ကြဲရပါမည်။
၎။အလှူပစ္စည်းအ ပေါ်တွယ်တာမှုမရှိဘဲလှူဒါန်းပါ။
မိမိပေးကမ်းလှူဒါန်းတော့
မည့်အလှူပစ္စည်းအ ပေါ်နှမြောတွန့်တို
စိတ် ကပ်ငြိတွယ်တာစိတ်လုံးဝကင်းရှင်း
လျက်ဖော်ပြပါစေတနာသုံးတန်ပြဋ္ဌာန်းကာ
လွတ်လပ်လှူဒါန်းစွန့်ကြဲရပါမည်။
၅။မိမိသူတစ်ပါးထိခိုက်မှုမရှိအောင်ကြံဆောင် လှူဒါန်းပါ။
တုပပြိုင် ဆိုင် အနိုင် ရလိုသောလှူဒါန်းခြင်းမျိုးနှင့်မိမိအလှူ
ကြောင့်သူတစ်ပါးထိခိုက်နစ်နာစေသည့်
လှူဒါန်းခြင်းမျိုးလုံးဝကင်းရှင်းအောင် ကြံ
ဆောင် စီစဉ်လျက်လှူဒါန်းစွန့်ကြဲရပါမည်။ -အလှူဒါနအဆင့်အတန်း(၃)မျိုး
-လှူဒါန်းသူ၏ရည်မှန်းချက်နှင့်စိတ်နေ
စိတ်ထားအ ပေါ်အ ခြေတည်၍အညံ့စား
ဒါန အလတ်စားဒါန အထက်တန်းစား
ဒါနဟူ၍(၃)မျိုးကွဲပြားသွားပါသည်။
-ညံ့ဖြင်းသောအလိုဆန္ဒ ညံ့ဖြင်းသောအား
ထုတ်မှုဝီရိယ ညံ့ဖြင်းသောစိတ်နေစိတ်ထား
မ လေးနက်သောအသိဥာဏ်တွေးခေါ်မှု
တို့ဖြင့်ပြုလုပ်သောဒါနမျိုးသည်'အညံ့စားဒါန'ဖြစ်သည်။
သာမန်အလိုဆန္ဒ သာမန်
အားထုတ်မှုဝီရိယ သာမန်စိတ်နေစိတ်ထား
သာမန်တွေးခေါ်မြော်မြင် မှုတို့ဖြင့်ပြုလုပ်
သောဒါနမျိုးသည်။'အလတ်စားဒါန'ဖြစ်
သည်။ကောင်းမွန်ထက်သန်သောဆန္ဒ
ပြင်းပြ သောဝီရိယ စူးစိုက်သောစိတ်နေ
စိတ်ထား မြင့်မားသောအဓိပတိတပ်သည့်
တွေးခေါ်မြော်မြင် မှုတို့ဖြင့် ပြုလုပ်သော
ဒါနသည်'အမြတ်စားဒါန'ဖြစ်သည်။
တစ်နည်းအားဖြင့် မိမိသုံးစွဲသောပစ္စည်း
ဝတ္ထုထက် နိမ့်ကျညံ့ဖျင်းသော လှူဖွယ်
ဝတ္ထုကိုပေးလှူခြင်းသည်'အညံ့စားဒါန'
မိမိသုံးစွဲသည့် ပစ္စည်းအမျိုးအစားအ
တိုင်းလှူဒါန်းမှုကို'အလတ်စားဒါန' မိမိသုံး
စွဲသည့်ပစ္စည်းဝတ္ထုထက် သာလွန်မွန်
မြတ်သောပစ္စည်းပေးလှူခြင်းသည်
'အမြတ်စားဒါန'ဖြစ်သည်။
တစ်နည်းအားဖြင့်ဂုဏ်သတင်းကျော်ကြား
မှုကိုမျှော်ကိုးပြုလုပ်သောအလှူသည်
'အညံ့စားဒါန' ကောင်းမှုအကျိုးကိုရလို
သောရည်မှန်းချက်ဖြင့်ပြုလုပ်သောအလှူ
သည်'အလတ်စားဒါန' ဒါနအကျိုးကိုမ မျှော်ကိုးပဲ'ဒါနဟူသည်သူတော်ကောင်း
မှန်လျှင် ဧကန်ပြုရမည့်လုပ်ငန်းဖြစ်၏'ဟူ
၍ခံစားနားလည်ပြုလုပ်သောအလှူသည်
'အမြတ်စားဒါန 'ဖြစ်သည်။
တစ်နည်းအားဖြင့် မိမိကိုယ်ကိုဂုဏ်တင်
လျက်တစ်ပါးသူကိုနိမ့်ချလို၍ ပြုလုပ်သော
အလှူသည်'အညံ့စားဒါန' ထိုစိတ်မျိုးမပါ
ဘဲ လောကီချမ်းသာကို ဆုတောင်းပြုလုပ်
သောအလှူသည်'အလတ်စားဒါန' ဝဠ်ဆင်း
ရဲဒုက္ခအ ပေါင်းမှလွတ်မြောက် ရန်နိဗ္ဗာန်
မဂ်ဖိုလ်ချမ်းသာကို ရည်သန်ဆုတောင်း
ပြုလုပ်သောအလှူသည်'အမြတ်စားဒါန'
ဖြစ်သည်။
၎င်းအပြင် ဘဝစည်းစိမ်ကို ဆုတောင်း
လှူဒါန်းလျှင်'အညံ့စားဒါန' မိမိတစ်ဦး
တည်းအတွက် သံသရာမှလွတ်မြောက်
ရေးကို ရည်မှန်းဆုတောင်းလှူဒါန်းလျှင်
'အလတ်စားဒါန' သတ္တဝါအ ပေါင်း၏
လွတ်မြောက်ရေးအတွက် ဘုရားအ
လောင်းတို့ကျင့်ဆောင် ဆည်းပူးသော
အလှူသည်'အမြတ်ဆုံးအထက်တန်းကျ
ဆုံးပါရမီဒါန'ဖြစ်သည်။
နိဗ္ဗာန်ကိုရည်သန်တောင့်တလျက်
သမ္မာပဋိပဒါအကျင့်ဖြင့်လှူဒါန်းပေးကမ်း
စွန့်ကြဲလျှင် မည်သည့်ကုသိုလ်မဆို နိဗ္ဗာန်
ရောက်နိုင် သည်သာဖြစ်၏။ထို့ကြောင့်
ဒါန ကြောင့် သံသရာ မရှည်စေနိုင် ပါ။
အကျဉ်းချုပ်ပြောရလျှင် ပေးကမ်းစွန့်ကြဲ
မှုဒါနလုပ်ငန်းကိုလူမျိုးမ ရွေး ဘာသာမ
ရွေး ပြုလုပ်ထိုက်သောလောကအကျိုးပြု
အမွန်မြတ်ဆုံးလုပ်ငန်းဟူ၍သတ်မှတ်
ထိုက်၏။
ထို့ကြောင့်သဒ္ဒါ မေတ္တာ ပညာဦးစီးလျှက်
ဒါနလမ်းစဉ်ဖြင့်ဖြန့်ကြဲပေးကမ်း လှူ
ဒါန်းသည့်အခါ ကိုယ်ပိုင် အင် အားများ
အတိုးအပွားများစွာကိုဆုပ်ကိုင် ပိုင် ဆိုင်
နိုင် လာ၏။စစ်မှန်သောဒါနလုပ်ငန်းကြောင့်
ဆင်းရဲမွဲတေသွားသူဟူ၍ ရှေးအခါက
လည်းမရှိခဲ့ ယခုလည်းမရှိခဲ့ နောင် အခါ
တွင် လည်းမရှိနိုင။် အလှူဒါနပြုကြသူ
မှန်သမျှ ဖြစ်လေရာဘဝတိုင်း၌အမြဲထာ
ဝရချမ်းသာသုခနဲ့ပြည့်စုံသူများသာဖြစ်
ကြ၏။
ထို့ကြောင့်ဒါနလုပ်ငန်းစဉ်ကိုနတ်ပြည်
သွားရောက် ရာစောင်းတန်းလှေ ကား
ဟူ၍လည်းကောင်း သံသရာခရီးလမ်း
လျှောက်လမ်းရာ၌ရိက္ခာထုပ်ဟူ၍လည်း
ကောင်းနိဗ္ဗာန်သို့ရောက် ရှိရန်လမ်း
်ဖြောင့်လမ်းမှန်ဟူ၍လည်းကောင်း နိဗ္ဗာန်
ရောက်ကြောင်းအ ခြေခံနည်းလမ်း
ကောင်းဟူ၍လည်းကောင်းပြဆိုထားသည်
ဖြစ် ရာဒါနလုပ်ငန်းမှန်သမျှကိုရည်မှန်း
ချက်မှန်မှန် အသိဥာဏ်ပါပါ စေတနာသန့်
ရှင်းထက်သန်စွာအခွင့်အခါပေးသမျှပြု
လုပ်ကြကုန် ရာ၏ ။
- ဗန်းမော်ဆရာတော်ကြီး
ဒေါက်တာဘဒ္ဒန္တကုမာရာဘိဝံသ
- ဓမ္မဝီရဂျာနယ်မှယူပါသည် ။
- ဒါနပြုတတ်ကြပါစေ…။
No comments:
Post a Comment