/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, April 20, 2014

****** တရားကျင့်မှု၏ အခြေခံသဘောတရားများ ******

Photo: တရားကျင့်မှု၏ အခြေခံသဘောတရားများ
%%%%%%%%%%%%%%%%%%%%
ဝိပဿနာဟူသည် …မရှိပညတ် အမျိုးမျိုးကို ပယ်ခွာ၍ အရှိပရမတ် ရုပ်+နမ် (ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ)တို့၏ သဘောသက်သက်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာရေး သုံးချက်တင်ကာ ဉာဏ်အမြင်ဖြင့် ရှုခြင်းကိုခေါ်သည်။
    လက္ခဏာရေးသုံးချက် တင်ရှုသည်ဟူရာ၌ ပရမတ်ရုပ်နာမ်တို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောသက်သက်ကို ဉာဏ်ဖြင့်ရှုမြင်နေခြင်းကို ဆိုလို၍ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော သက်သက်ကို ဉာဏ်ဖြင့်မမြင်ဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အမှတ်ပြု၍ ရှုနေခြင်းသည် ၀ိပဿနာ အရှုဉာဏ်မဖြစ်ဘဲ အပြောပညတ်၌ (စိတ်ပြော) သောင်တင်၍ ပညတ်ကို အာရုံပြုရှုနေခြင်းဖြစ်သည်။ 
         ထို့ကြောင့် ၀ိပဿနာရှုသည်ဆိုတိုင်း ၀ိပဿနာစစ်စစ် ဟုတ်/မဟုတ် တရားကျင့်သူတို့ အထူးဝေဖန်ဆန်းစစ်ဖို့ အရေးကြီးသည်။ 
“အနိစ္စပညတ်၊ သဘောပရမတ်” ကွဲပြားဘို့လိုသည်။ ပညတ်ကို ပယ်ခွာနိုင်ပြီးမှ သဘောပရမတ်သို့ ရောက်မည်။ စိတ်သည် ပညတ်ကို အရှိစွဲနေသ၍ တဏှာ၊ မာန၊ ဒိဋ္ဌိ နယ်ပယ်မှ မလွတ်။ ပရမတ်အာရုံ စစ်စစ်ဖြစ်မှ မဂ်ဖိုလ်ဆိုက်မည်။အရှုခံ ပရမတ်ရုပ်သည် ဖြစ်ရာမှ ပျက်သွားခြင်းကို ရုပ်၏ မမြဲခြင်း လက္ခဏာ၊ (ရုပ်၏အနိစ္စ လက္ခဏာ)အရှုခံ ပရမတ်ရုပ်သည် ဖြစ်ရာမှ ပျက်သွားပြီး နှိပ်စက်တတ်သည့် သဘောကြောင့် ရုပ်၏ ဆင်းရဲခြင်း လက္ခဏာ၊ (ရုပ်၏ဒုက္ခလက္ခဏာ)အရှုခံ ပရမတ်ရုပ်သည် အနှစ်မရှိခြင်းကြောင့် ဖြစ်ရာမှ ပျက်သွားခြင်းကို ရုပ်၏ အစိုးမရခြင်း လက္ခဏာ၊ (ရုပ်၏အနတ္တလက္ခဏာ)ရုပ်၏သဘာဝကို ဉာဏ်ဖြင့် ပိုင်းခြားရှုမြင် သုံးသပ်ခြင်းဖြစ်သည်။
အရှုခံသည် ရုပ်၊ မမြဲခြင်းသည် လက္ခဏာ။
အရှုခံသည် ရုပ်၊ ဆင်းရဲခြင်းသည် လက္ခဏ။
အရှုခံသည် ရုပ်၊ အစိုးမရခြင်းသည် လက္ခဏာ။
အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး)

♠«တရားကျင့်မှု၏ အခြေခံသဘောတရားများ»♠
        တရားရှုမည့်စိတ်၌ ဆန့်ကျင်ဘက်အုပ်စု နှစ်ခုရှိ၍ အကုသိုလ်စေတသိက်အုပ်စုတို့သည် အမြဲတမ်းစိတ်ကို အုပ်ချုပ်ထားကြသည်။ အကုသိုလ်စေတသိက်တို့ကို ခေါင်းဆောင်သော မောဟစေတသိက်သည် တရားရှုမည့် အရှုဥာဏ်စိတ်အား အရှုခံအာရုံတို့ကို မမြင်အောင်အမှောင်ချထားသည်။
      နီဝရဏတရား တို့ကလည်း ပိတ်ဆို့ကာကွယ် ထားကြသည်။ ထို့ကြောင့် အမှန်ရှိနေသော ရုပ်နာမ်တို့ကို မတွေ့မြင်ခြင်းဖြစ်သည်။ ထိုမောဟစေတသိက် ဦးဆောင်သည့် အကုသိုလ်စေတသိက်အုပ်စုတို့ စိတ်၌ မယှဉ်နိုင်အောင် ကုသိုလ်စေတသိက်တို့က ခွာထုတ်ခြင်း အလုပ်နှင့် ထိုကုသိုလ်စေတသိက်တို့ စိတ်နှင့် ခိုင်မြဲစွာယှဉ်အောင် အားထုတ်ခြင်းကို ပထမအဆင့် (သို့) တရားကျင့်သော ယောဂီတို့၏ အရင်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထိုအကျင့်ကို တရားအားထုတ်ခြင်း၊ တရားကျင့်ခြင်းဟု ခေါ်သည်။
 တနည်းအားဖြင့်ဆိုသော် အကုသိုလ်စေတသိက်တို့ကို စိတ်၌မယှဉ်နိုင်အောင် ကုသိုလ်စေတသိက်တို့က စိတ်ကို စောင့်ထိန်းခြင်းအကျင့်သည် သီလဝိသုဒ္ဓိကျင့်စဉ်၊ အကုသိုလ်စေတသိက်တို့ စိတ်၌မယှဉ်တော့သဖြင့် ကုသိုလ်စေတသိက်တို့သည် စိတ်ကို ခိုင်ခံ့စွာ စောင့်ရှောက်အုပ်ချုပ်ထားခြင်း အကျင့်သည် စိတ္တဝိသုဒ္ဓိကျင့်စဉ်၊ စိတ်စင်ကြယ်သဖြင့် ပရမတ်ရုပ်နာမ်တို့ကို ပိုင်းခြားရှုမြင်ခြင်းအကျင့်သည် ဒိဋ္ဌိဝိသုဒ္ဓိကျင့်စဉ်။ 
ဤကဲ့သို့ အကုသိုလ်အမှော်အညစ်အကြေးများ စိတ်၌မဖုံးကွယ်နိုင်အောင် ပြုလုပ်သော အကျင့်သည် အခြေခံကျင့်စဉ်ဖြစ်သည်။

အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး)


တရားကျင့်မှု၏ အခြေခံသဘောတရားများ
%%%%%%%%%%%%%%%%%%

ဝိပဿနာဟူသည် …မရှိပညတ် အမျိုးမျိုးကို ပယ်ခွာ၍ အရှိပရမတ် ရုပ်+နမ် (ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ)တို့၏ သဘောသက်သက်ကို အနိစ္စ၊ ဒုက္ခ၊ အနတ္တလက္ခဏာရေး သုံးချက်တင်ကာ ဉာဏ်အမြင်ဖြင့် ရှုခြင်းကိုခေါ်သည်။

လက္ခဏာရေးသုံးချက် တင်ရှုသည်ဟူရာ၌ ပရမတ်ရုပ်နာမ်တို့၏ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘောသက်သက်ကို ဉာဏ်ဖြင့်ရှုမြင်နေခြင်းကို ဆိုလို၍ အနိစ္စသဘော၊ ဒုက္ခသဘော၊ အနတ္တသဘော သက်သက်ကို ဉာဏ်ဖြင့်မမြင်ဘဲ အနိစ္စ၊ ဒုက္ခ၊ အနတ္တဟု အမှတ်ပြု၍ ရှုနေခြင်းသည် ၀ိပဿနာ အရှုဉာဏ်မဖြစ်ဘဲ အပြောပညတ်၌ (စိတ်ပြော) သောင်တင်၍ ပညတ်ကို အာရုံပြုရှုနေခြင်းဖြစ်သည်။
ထို့ကြောင့် ၀ိပဿနာရှုသည်ဆိုတိုင်း ၀ိပဿနာစစ်စစ် ဟုတ်/မဟုတ် တရားကျင့်သူတို့ အထူးဝေဖန်ဆန်းစစ်ဖို့ အရေးကြီးသည်။
“အနိစ္စပညတ်၊ သဘောပရမတ်” ကွဲပြားဘို့လိုသည်။ ပညတ်ကို ပယ်ခွာနိုင်ပြီးမှ သဘောပရမတ်သို့ ရောက်မည်။ စိတ်သည် ပညတ်ကို အရှိစွဲနေသ၍ တဏှာ၊ မာန၊ ဒိဋ္ဌိ နယ်ပယ်မှ မလွတ်။ ပရမတ်အာရုံ စစ်စစ်ဖြစ်မှ မဂ်ဖိုလ်ဆိုက်မည်။အရှုခံ ပရမတ်ရုပ်သည် ဖြစ်ရာမှ ပျက်သွားခြင်းကို ရုပ်၏ မမြဲခြင်း လက္ခဏာ၊ (ရုပ်၏အနိစ္စ လက္ခဏာ)အရှုခံ ပရမတ်ရုပ်သည် ဖြစ်ရာမှ ပျက်သွားပြီး နှိပ်စက်တတ်သည့် သဘောကြောင့် ရုပ်၏ ဆင်းရဲခြင်း လက္ခဏာ၊ (ရုပ်၏ဒုက္ခလက္ခဏာ)အရှုခံ ပရမတ်ရုပ်သည် အနှစ်မရှိခြင်းကြောင့် ဖြစ်ရာမှ ပျက်သွားခြင်းကို ရုပ်၏ အစိုးမရခြင်း လက္ခဏာ၊ (ရုပ်၏အနတ္တလက္ခဏာ)ရုပ်၏သဘာဝကို ဉာဏ်ဖြင့် ပိုင်းခြားရှုမြင် သုံးသပ်ခြင်းဖြစ်သည်။
အရှုခံသည် ရုပ်၊ မမြဲခြင်းသည် လက္ခဏာ။
အရှုခံသည် ရုပ်၊ ဆင်းရဲခြင်းသည် လက္ခဏ။
အရှုခံသည် ရုပ်၊ အစိုးမရခြင်းသည် လက္ခဏာ။
အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး)

♠«တရားကျင့်မှု၏ အခြေခံသဘောတရားများ»♠
တရားရှုမည့်စိတ်၌ ဆန့်ကျင်ဘက်အုပ်စု နှစ်ခုရှိ၍ အကုသိုလ်စေတသိက်အုပ်စုတို့သည် အမြဲတမ်းစိတ်ကို အုပ်ချုပ်ထားကြသည်။ အကုသိုလ်စေတသိက်တို့ကို ခေါင်းဆောင်သော
 မောဟစေတသိက်သည် တရားရှုမည့် အရှုဥာဏ်စိတ်အား အရှုခံအာရုံတို့ကို မမြင်အောင်အမှောင်ချထားသည်။
နီဝရဏတရား တို့ကလည်း ပိတ်ဆို့ကာကွယ် ထားကြသည်။ ထို့ကြောင့် အမှန်ရှိနေသော ရုပ်နာမ်တို့ကို မတွေ့မြင်ခြင်းဖြစ်သည်။ ထိုမောဟစေတသိက် ဦးဆောင်သည့် အကုသိုလ်စေတသိက်အုပ်စုတို့ စိတ်၌ မယှဉ်နိုင်အောင် ကုသိုလ်စေတသိက်တို့က ခွာထုတ်ခြင်း အလုပ်နှင့် ထိုကုသိုလ်စေတသိက်တို့ စိတ်နှင့် ခိုင်မြဲစွာယှဉ်အောင် အားထုတ်ခြင်းကို ပထမအဆင့် (သို့) တရားကျင့်သော ယောဂီတို့၏ အရင်ကျင့်ရမည့် အလုပ်ဖြစ်သည်။ ထိုအကျင့်ကို တရားအားထုတ်ခြင်း၊ တရားကျင့်ခြင်းဟု ခေါ်သည်။
တနည်းအားဖြင့်ဆိုသော် အကုသိုလ်စေတသိက်တို့ကို စိတ်၌မယှဉ်နိုင်အောင် ကုသိုလ်စေတသိက်တို့က စိတ်ကို စောင့်ထိန်းခြင်းအကျင့်သည် သီလဝိသုဒ္ဓိကျင့်စဉ်၊ အကုသိုလ်စေတသိက်တို့ စိတ်၌မယှဉ်တော့သဖြင့် ကုသိုလ်စေတသိက်တို့သည် စိတ်ကို ခိုင်ခံ့စွာ စောင့်ရှောက်အုပ်ချုပ်ထားခြင်း အကျင့်သည် စိတ္တဝိသုဒ္ဓိကျင့်စဉ်၊ စိတ်စင်ကြယ်သဖြင့် ပရမတ်ရုပ်နာမ်တို့ကို ပိုင်းခြားရှုမြင်ခြင်းအကျင့်သည် ဒိဋ္ဌိဝိသုဒ္ဓိကျင့်စဉ်။
ဤကဲ့သို့ အကုသိုလ်အမှော်အညစ်အကြေးများ စိတ်၌မဖုံးကွယ်နိုင်အောင် ပြုလုပ်သော အကျင့်သည် အခြေခံကျင့်စဉ်ဖြစ်သည်။

အရှင်စန္ဒိမာ(အောင်လံသဲအင်းဂူ ဆရာတော်ဘုရားကြီး)

No comments:

Post a Comment