ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ထေရုပ္ပတ္တိ
*********************************
မွန်ပြည်နယ် သထုံမြို့နယ်
ညောင်ဝိုင်းရပ်နေ
ဦးကျော်လှိုင်+ ဒေါ်မြင့်ကြည်တို့မှ ( ၁၉၆၄ ၊ ဇန်န၀ါရီလတွင်
ဖွားမြင်သည်။
တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက် ဆရာတော်ကြီး
ဘဒ္ဒန္တပညာဇောတ
( အဂ္ဂမဟာ သဒ္ဒဇောတိကဓဇ )
ကို ဥပဇ္ဈပြုကာ ရှင်အဖြစ် ရဟန်းအဖြစ်သို့ ရောက်ရှိခဲ့သည်။
တောင်စွန်းဓမ္မဒူတတောရ ၊ မန္တလေးမြို့ မစိုးရိမ်တိုက်ဟောင်း
၊
မစိုးရိမ်တိုက်သစ် ၊ ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းတိုက် ၊
စစ်ကိုင်းတောင်ရိုး
သဒ္ဓမ္မ သီတဂူချောင်တို့တွင်လည်းကောင်း ၊
သီရိလကာင်္နိုင်ငံနှင့် အိန္ဒိယနိုင်ငံ တို့တွင်လည်းကောင်း
ပညာသင်ယူခဲ့ပါသည်။
သာသနဓဇ ဓမ္မာစရိယဘွဲ့ ၊
သာသနာဇောတိပါလ ဓမ္မာစရိယဘွဲ့ ၊
သာသနဟိတ ဂဏ၀ါစက အာစရီယဘွဲ့ ၊
B.A ( Myanmar ) , M.A ( Srilanka ) , Ph.D ( India ) ဘွဲ့
တို့ကို ရရှိခဲ့သည်။
၂၀၀၆ ခုနှစ်တွင် နိုင်ငံတော် မှ ဆက်ကပ်သော
မဟာဂန္ထ၀ါစကပဏ္ဍိတဘွဲ့တော်ကို
ရရှိခဲ့သည်။
ဓမ္မဒူတဆရာတော်ကြီး လွန်တော်မူသည့် ( ၁၉၉၇ ) ခုနှစ်မှ
(
၂၀၀၅ ) ခုနှစ်ထိ တောင်စွန်း ဓမ္မဒူတတောရကျောင်းတိုက်
နာယကဆရာတော်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။
၂၀၀၅ ခုနှစ်မှ စတင်၍ ပဲခူးမြို့ ၊ ဆယ်မိုင်ကုန်းတွင် ဓမ္မဒူတတောရ
သာသနာ့ရိပ်သာကို တည်ထောင်ဖွင့်လှစ်ကာ ပဓာန
နာယကဆရာတော်အဖြစ် စာရေး ၊ စာချ ၊ တရားဟော
။
တရားပြကာ ၊ သာသနာ့တာဝန်များကို ထမ်းဆောင်လျက် ရှိပါသည်။
တရားမိတ်ဆွေများအားလုံး ချမ်းမြေ့ပျော်ရွှင်ကြပါစေ…..
ဓမ္မဒူတ ဒေါက်တာအရှင်ပညိဿရ ရေးသားသော
** ပေးဆပ်ရမယ့်အကြွေး ***
စာအုပ်မှ ပြန်လည်ရေးသားပူဇော်သည်...။
မေတ္တာဖြင့် …… လမင်းကြယ်စင်
No comments:
Post a Comment