/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, April 27, 2014

***** “အမွေခံကောင်းနှင့် အမွေခံဆိုး” *****

Photo: “အမွေခံကောင်းနှင့် အမွေခံဆိုး”
••••••••••••••••••••••••••••••••••
လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ 
ဒါကြောင့် သားသမီးတွေဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။ 
ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။ 
လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။ 
♦သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊ 
♦အနည်းငယ်သာ ခံစားရတဲ့သူ၊ 
♦၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ 
ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့ 
သားသမီးပင်ဖြစ်သော်လည်း မိဘစကားနားမထောင်လို့ 
အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ “အမွေမခံစားရသူ”ပါပဲ။ 

၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊ 
အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ 
အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။
ဒါကြောင့် သူတို့ကို “အမွေအနည်းငယ်သာခံစားရသူ”လို့ ဆိုပါတယ်။

၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး 
ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။ 
အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။ 
သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။ 

၎။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို 
အကုန်တိုးပွားအောင်လုပ်တယ်။
ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး 
မိဘအမွေကို များစွာ ခံစားကြရတယ်။

ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ 
ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ 
မိဘအမွေကို ခံယူထိုက်ပါတယ်။ 
“ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊ 
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။”
ဆိုသည့်အတိုင်း သားသမီးများဟာ 
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး ၊
မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊ 
မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့်
မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။

ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို
ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့ 
“အမွေခံဆိုး” ပဲ ဖြစ်လိမ့်မယ်။ 

မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့ 
သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။ 
မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို 
အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။ 
စားတိုင်း ၊ စားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။ 
သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့
အမွေကို ခံစားရတဲ့အတွက် စိတ်ချမ်းသာတယ်။ 
အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။

 နောက်ပြီး လိမ်မာတဲ့သားသမီးများဟာ မိဘအမွေကို 
ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့ 
မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။ 
မရရင် ပြဿနာရှာတတ်ကြတယ်။

ဒါကြောင့် သားသမီးများအားလုံး သားသမီးဝတ်ငါးပါး
ကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများ
ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm 


“အမွေခံကောင်းနှင့် အမွေခံဆိုး”
••••••••••••••••••••••••••••••

လောကအစဉ်အလာအရ မိဘရဲ့ပိုင်ဆိုင်မှုကို သားသမီးတွေ ရရှိကြတယ်။ ဒါကြောင့် သားသမီးတွေဟာ အမွေခံပုဂ္ဂိုလ်တွေပါပဲ။
ဒီနေရာမှာ အမွေခံပုဂ္ဂိုလ်အမျိုးမျိုး တွေ့ရပါတယ်။

လယ်တီဆရာတော်က အခုလို ဆိုထားပါတယ်။
♦သားသမီးပင်ဖြစ်သော်လည်း မိဘအမွေကို မခံစားရတဲ့သူ၊
♦အနည်းငယ်သာ ခံစားရတဲ့သူ၊
♦၀မ်းဝရုံသာ ခံစားရသူနှင့် များစွာခံစားရသူ
ဆိုပြီးတော့ အမျိုးမျိုးရှိပါတယ်။

၁။ သိန်းထောင်ပေါင်းများစွာ ချမ်းသာတဲ့ မိဘရဲ့
သားသမီးပင်ဖြစ်သော်လည်း မိဘစကားနားမထောင်လို့
အမွေပြတ်စွန့်လွတ်ခံရတဲ့သူဟာ “အမွေမခံစားရသူ”ပါပဲ။

၂။ အမွေဝေစုရသော်လည်းပဲ လုပ်ကိုင်မစား၊ တိုးပွားအောင်မလုပ်၊
အပျော်အပါးသောက်စားပြီး ဖြုန်းတီးပစ်တဲ့ သားသမီးတွေဟာ
အမွေကုန်တဲ့အခါ ဆင်းရဲတွင်းထဲ ရောက်ကြရတာပါပဲ။
ဒါကြောင့် သူတို့ကို “အမွေအနည်းငယ်သာခံစားရသူ”လို့ ဆိုပါတယ်။

၃။ စက်ပစ္စည်း၊ လယ်ယာစသည် မိဘအမွေရပြီး
ထိုလုပ်ငန်းတွေရဲ့ အချို့ကိုသာ လုပ်စားတယ်။
အချို့ကိုတော့ ရောင်းစားတာ၊ လုပ်မစားပဲ ပစ်ထားတာတွေရှိတယ်။
သူတို့ကျတော့ ၀မ်းဝရုံပါပဲ။ မိဘအမွေ အပြည့်အ၀ မခံစားရပါဘူး။

၎။ အချို့သားသမီးများကျတော့ ရရှိတဲ့အမွေကို
အကုန်တိုးပွားအောင်လုပ်တယ်။
ဒါကြောင့် အဲဒီသားသမီးတွေဟာ ချမ်းသာကြီးပွားပြီး
မိဘအမွေကို များစွာ ခံစားကြရတယ်။

ဒါ့အပြင် သားသမီးတွေအနေနဲ့ အမွေခံထိုက်အောင် နေတတ်ဖို့လည်း လိုပါတယ်။ ဗုဒ္ဓစာပေအရ သားသမီးဝတ်ငါးပါး ကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို ခံယူထိုက်ပါတယ်။
“ကျွေးမွေးမပြတ်၊ ဆောင်ရွက်စီမံ၊ မွေခံထိုက်စေ၊
လှူမျှဝေ၍၊ စောင့်လေမျိုးနွယ်၊ ၀တ်ငါးသွယ်၊ ကျင့်ဖွယ်သားတို့တာ။”
ဆိုသည့်အတိုင်း သားသမီးများဟာ
 
၁။ မိဘကို လုပ်ကျွေးပြုစုရမယ်။
 
၂။ မိဘရဲ့အလုပ်ကိစ္စတွေကို ကူညီလုပ်ဆောင်ပေးရမယ်။
 
၃။ မိဘရဲ့ လယ်ယာ၊ ရွှေငွေစတာတွေကို မဖြုန်းတီး ၊
မဖျက်ဆီးဘဲ စောင့်ရှောက်ခြင်း၊
မိဘတွေပြုလုပ်လေ့ရှိတဲ့ ကုသိုလ်လုပ်ငန်းတွေကို လုပ်ဆောင်ပေးခြင်းဖြင့်
မိဘရဲ့ ကောင်းမွန်တဲ့အမျိုးအနွယ်၊ ဂုဏ်သိက္ခာကို စောင့်ထိန်းရမယ်။
 
၎။ မိဘအမွေကို မပျက်ဆီးမဆုံးရှုံးအောင်၊ တိုးပွားအောင် ထိန်းသိန်းရမယ်။
 
၅။ မိဘတွေ သေလွန်တဲ့အခါ ရည်စူးကုသိုလ်ပြုပြီး အမျှဝေရမယ်။

ဒီငါးပါးကျေပြွန်တဲ့ သားသမီးများဟာ မိဘအမွေကို
ခံထိုက်တဲ့သူများဖြစ်တယ်။ ဒီလိုမှမဟုတ်ရင်တော့
“အမွေခံဆိုး” ပဲ ဖြစ်လိမ့်မယ်။

မိဘပစ်ထားပြီး သေမှ အမွေလာတောင်းတဲ့
သားသမီးများလည်း ဒုနဲ့ဒေးပါပဲ။
မိဘအမွေမတောင်းခင်မှာ အရင်ဆုံး ကိုယ့်ကိုယ်ကို
အမွေခံထိုက်သူလား မထိုက်သူလားဆိုတာ အရင်စဉ်းစားဖို့လိုပါတယ်။ ကိုယ်နဲ့မထိုက်တဲ့အမွေရယူတဲ့သူဟာ စိတ်ချမ်းသာမူမရနိုင်ပါဘူး။
စားတိုင်း ၊ စားတိုင်း လိပ်ပြာမသန့်ဖြစ်တတ်ပါတယ်။
သားသမီးဝတ်ကျေပြွန်တဲ့ သူများကတော့ ထိုက်တန်တဲ့
အမွေကို ခံစားရတဲ့အတွက် စိတ်ချမ်းသာတယ်။
အပြစ်ကင်းကင်းနဲ့ သုံးဆောင်ခံစားရတယ်။

နောက်ပြီး လိမ်မာတဲ့သားသမီးများဟာ မိဘအမွေကို
ငန်းငန်းတက်မမက်မောပါဘူး။ မလိမ်မာတဲ့သားသမီးများကတော့
မထိုက်တဲ့အမွေကို ငန်းငန်းတက်လိုချင်ကြတယ်။
မရရင် ပြဿနာရှာတတ်ကြတယ်။

ဒါကြောင့် သားသမီးများအားလုံး သားသမီးဝတ်ငါးပါး
ကျေပြွန်အောင် နေပြီး အမွေခံထိုက်တဲ့ သားသမီးရတနာများ
ဖြစ်နိုင်ကြပါစေလို့ ဆုတောင်းလိုက်ရပါတယ်။

- 【ရွှေစမ်းမြေ အရှင်က၀ိဓဇသာရ】

Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment