°°°°°°° အဖော်ကောင်းကိုရှာဖွေခြင်း °°°°°°°°°
အဖော်ကောင်း အဖော်မွန်ကိုပဲ ရွေးချယ်ဘို့အတွက်
လက်တွေ့ကွင်းဆင်းရှာဖွေခဲ့ပါတယ်။
သူကဟိုဟာစားခြင်တယ်၊ ဒီဟာစားခြင်တယ်
ဂျီးတော်တော်များတာပဲ ၊အများတကာနဲ့ နေလို့နေရမှန်း မသိ ၊
မကျီးရွက်သုတ်စားခြင်ရတာနဲ့အချိရည်သောက်
ခြင်ရတာနဲ့ ပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ အမျိုးမျိုး တောင်းဆိုတဲ့ အဖော်နဲ့စတွေ့ပါတယ်။
ပြီးတော့ ဟိုနားကုတ်ပေးအုံး ၊ဒီနားကုတ်ပေးအုံး ၊
တင်ပါးကနာလိုက်တာ ၊ခြေဖျားတွေကျင်လိုက်တာ ၊
နေရာရွေ့ထိုင်ခိုင်းလို ထိုင်ခိုင်းနဲ့ တော်တော်ဒုက္ခပေးတဲ့
အဖော်ပေါ့ ၊ ဒါနဲ့ ဒီအဖော်ကို နေနှင့်အုံးဆိုပြီး ကျမ တေးထားလိုက်ပါတယ်၊
သူနဲ့တွေ့ပြီး သုံးရက်လောက်နေတော့ ကျမ သူပြောတာ မလုပ်ပေးတော့ဘူး ၊စားခြင်လို့ တောင်းလည်း မကျွေးတော့ဘူး ၊ယားလို့ကုတ်ခိုင်းလည်း ကုတ်မပေးတော့ဘူး ၊ကျင်လို့နေရာပြောင်းထိုင်းခိုင်း လည်း မထိုင်ဘူး ၊ကျမ ခပ်တင်းတင်းပဲ ပြောလိုက်တယ်
နင် ငါနဲ့ နေခြင်ရင် ငါ့စကား နားထောင်လို့ ပေါ့။
သူ ကျမ ကိုကြောက်သွားပြီး ၊ကျမပြောသလို သူနေ နေရပြီပေါ့ ။
ချက်တိုင်ကို အာရုံပြုပြီး အသက်ရှုသွင်းလိုက်၍ ဗိုက်
ဖောင်းလာလျှင် ဖောင်းတယ်လို့မှတ် ၊အသက်ရှုထုတ်လိုက်၍ ဗိုက် ပိန်သွားလျှင် ပိန်တယ်လို့မှတ်၊ နာရင်နာတယ်လို့မှတ် ၊ ကျင်ရင်ကျင်တယ်လို့မှတ်နေရ ပါပြီ ။ အဖော်ကောင်း အဖော်မွန်ကိုရပါပြီ ၊ အဲဒါကတော့ သဒ္ဓါ ပါပဲ ။
တရားကြားနာခြင်းဖြင့်လည်းကောင်း ၊တရားအား ထုတ်ခြင်းဖြင့်လည်းကောင်း သဒ္ဓါတရားများ ထက်သန်လာနိုင်ပါသည်။
လူသားတိုင်းအတွက် သဒ္ဓါတရားသည် အဖော်ကောင်း အဖော်မွန်ဖြစ်ပါသည်။
ဒါန၊ သီလ၊ သမထ ၊၀ိပဿနာ ဟူ၍ ကုသိုလ်လေးမျိုးရှိပါသည်။
ဒါန၊သီလ၊သမထ သုံးမျိုးကို ချိန်ခွင်ထဲထဲ့ပြီး တစ်ဘက်ချိန်ခွင်ထဲတွင် ဖောင်းတယ်မှတ်ခြင်းအား
(၂၆၅ စိတ်၏ တစ်စိပ်)အားထဲ့လျှင် ၀ိပဿနာဖက်မှ သာနေပါသည်တဲ့ ။
ကဲဒါဆို ၀ိပဿနာ ဘယ်လောက်အကျိုးများပါသလဲ
တစ်ရှု ၊တစ်ရှိုက်ဖြင့်ပင် အလွန်အကျိုးကျေးဇူးများလှပါ သည်။
°°°°°°°°°° ဆုတောင်း အမျှဝေခြင်း °°°°°°°°°°
ဤသို့ပြုရ မြတ်ပုညကြောင့် ချမ်းမြအေးကြည် ဘေးမဲ့မည်သည် ရွှေပြည်ထုတ်ခြောက် လမ်းမကောက်ဘဲ ရောက်ရပါလို ထိုထိုဘဝ ကျင်လည်ရလည်း ဒုက္ခဘေးဒဏ် ရန်မာန်အပေါင်း မကောင်းဟူသမျှ မတွေ့ရဘဲ သဗ္ဗဣစ္ဆာ မင်္ဂလာကို ရွယ်ကာတတိုင်း ရောက်စေသော် ။
ယနေ့ ယခု ပြုပြုသမျှ မြတ်ဘာဂကို မိဘဆရာ ၊ မျိုးသဟာ ( ဓမ္မမိတ်ဆွေများ) နှင့် ကိုယ်မှာစောင့်ကြပ်
ကိုယ်စောင့်နတ်က အရင်းစ၍ ရှိသမျှလုံးစုံ ဘုံသုံးဆယ့်တစ် ဖြစ်ဖြစ်သမျှ ဝေနေယျတို့ ရကြပါစေ ပေးငှဝေသည် များတွေ သာဓု ခေါ်စေသော် ။
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်
သာဓု ၊သာဓု ၊သာဓု
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်
သာဓု ၊သာဓု ၊သာဓု
အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်
သာဓု ၊သာဓု ၊သာဓု ။
ရွှေအင်တောင်ဆရာတော် ဟောပြောသော တရားများမှ မှတ်မိသမျှ ဖော်ပြခြင်းဖြစ်ပါသည်။

No comments:
Post a Comment