****************
မီးသင်းနှင့် ပျော်
***************
ဘဝဟူသည် မသိသူတို့၏
ပျော်ရာ စားကျက်တည်း။
ဒုက္ခဟူသည် မမြင်သူတို့၏
လှော်ရာ လှေတက်တည်း။
သိသူမြင်သူတို့သည်ကား.....
ပျော်ပိုက်၍ မရနိုင်ကြပြီ။
ဒုက္ခကို ဒုက္ခဟူ၍
မမြင်မိသူများသည်လည်းကောင်း
ဒုက္ခကိုလျှင် သုခဟူ၍
အထင်ရှိနေသူများသည်လည်းကောင
ထမင်းစား လျှာဖျားမှာတွင်
လမ်းဆုံးကြတော့ရာ
အစာကြောင့်ဖြစ်သော
ဗိုက်နာ၊ ဗိုက်အောင့်မှု
ဘာကြောင့်ဟု
မသိတတ်နိုင်ကြပြီ။
အစာပုပ်သိုးရာမှဖြစ်သော
အနံ့အသက်ဆိုးဝါးမှု
ဘာကြောင့်ဟူ၍
မသိတတ်နိုင်ကြပြီ။
အဘယ်ကြောင့်ဆိုသော်....
အသိကား အငြိနောက်
ပါသွားပြီ
ဖြစ်သောကြောင့်တည်း။
မဟာဗောဓိမြိုင် ဆရာတော်ကြီး
(ဓမ္မနီတိကထာ၊ ၂၃)
No comments:
Post a Comment