/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Friday, June 20, 2014

"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"

Photo: "ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"

★ လူတိုင်းဘ၀တစ်ခုခုကို ရထားကြတယ်၊ ရထားကြတဲ့ဘ၀မှာ ကိုးကွယ်ရာ 
ဘာသာတရားတွေကအမျိုးစုံအောင်ရှိနေကြတယ်။ 
ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလို ယုံကြည့်ချက်တွေက
များလည်းများ အမျိုးလည်းစုံတယ်။ဥပမာ ဘာနဲ့တူသလဲဆိုတော့ မြေပုံကြီးတစ်ချပ်မှာ
လမ်းဆုံတွေ အများကြီးပါနေတာမျိုးနဲ့တူတယ်။မရောက်ဘူးတဲ့ဒေသ ခရီးသွားရင်း
လမ်းဆုံရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လမ်းက လျှောက်ရမယ်ဆိုတာကို 
ရွေးချယ်ဖို့တော်တော် ခဲယဉ်းတယ်။

★ ဘာသာတရား တစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေကြတယ်။အမှန်တရားလို့ပြောတဲ့ အရာတောင်မှ 
တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတွေ့ရတယ်။ဘာသာတစ်ခုက အမှန်လို့ ပြောတဲ့အရာဟာ 
အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

★ အမှားနဲ့အမှန် ရွေးချယ်နိုင်ဖို့ရန် စံမရှိဘူးဆိုလို့ရှိရင် ရွေးချယ်တတ်ဖို့ အင်မတန်မှခဲယဉ်းပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာ ဘ၀ခရီးကို ဘယ်လမ်းက လျှောက်ရမလဲ 
ဆိုတာ ကိုယ့်ဟာကိုယ်ရွေးချယ်တတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ 
ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းထဲမှာတောင်မှပဲ အရွေးခက်နေတာတွေရှိနေတာပဲ။

★ အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဗုဒ္ဓမြတ်စွာက လျှောက်လှမ်းစရာ လမ်းကြောင်းလေးတစ်ခုကို ရွေးချယ်ပေးတော်မူခဲ့တယ်။ တို့တတွေ 
ဘ၀ခရီးကိုလျှောက်လမ်းတဲ့အခါ ဘုရားရွေးပေး တဲ့လမ်းက လျှောက်ကြရမှာဖြစ်တယ်။ 
အမှန်တရားနဲ့ပတ်သက်ပြီး တွေဝေစရာတွေ တွေ့လာလို့ရှိရင်မှန်ကန်တဲ့လမ်းကို 
ဘယ်လိုရွေးမလဲဆိုတာကို  ဗုဒ္ဓမြတ်စွာက ကေသမုတ္တိသုတ် မှာဟောထားခဲ့တယ်။
အဲ့ဒီသုတ်ကို ကာလာမသုတ်လို့လည်းခေါ်တယ်။

★ ဒီသုတ်ကို ဟောတဲ့နေရာက ကောသလတိုင်းထဲမှာ အပါအ၀င်ဖြစ်တဲ့ 
ကေသမုတ္တိရွာမှာဖြစ်တယ်။ ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တိုင်းဟာ 
သူ့အယူဝါဒကိုမှန်ကန်ကြောင်း တခြားဝါဒတွေ မကောင်း
ကြောင်း မမှန်ကြောင်းဟောပြောလေ့ရှိတယ်။မိမ၀ါဒကိုအကောင်းပြောပြီး 
တခြားဝါဒကို ပြစ်တင်ရှုတ်ချတယ်ပြောဟောတယ်။ကေသမုတ္တိရွာက 
ကာလာမလူမျိုးတွေဟာ မြတ်စွာဘုရားရောက်လာတော့
"ရင်ထဲက သံသယ စကားတွေ"ကိုလျှောက်ထားကြတယ်။

★ " အရှင်ဘုရားတဲ့ ဘာသာရေး ဂိုဏ်းအသီးသီးက ဘာသာရေးဆရာတွေဟာ ဒီဒေသကိုရောက်လာကြတယ်ဘုရား။ရောက်လာတဲ့အခါ သူတို့ရဲ့ဘာသာတရား သူတို့ရဲ့အယူဝါဒ ကောင်းကြောင်း ဟောပြောကြပါတယ်။တခြားအယူဝါဒတွေကိုတော့
 ပြစ်တင်ရှုံ့ချကြတယ်ဘုရား။ အဲ့ဒီတော့တပည့်တော်တို့မှာ
ဘယ်ဟာက မှန်တယ် ဘယ်ဟာကမှားတယ် ဆိုတာ သိဖို့ခက်ပါတယ်ဘုရား"

★ တလောက ဘုန်းကြီးဆီ ဒကာတစ်ယောက်ရောက်လာတယ် ။ တချို့ပုဂ္ဂိုလ်တွေရဲ့ 
ဘာသာရေးအတွေးအမြင်ဆိုတာကို သူကလျှောက်တယ်။လိုက်နာဖို့လွယ်တယ် လိုက်နာဖို့ခက်တယ်ပေါ့။လူဆိုတာအများစုကတော့ အလွယ်ကြိုက်တယ်။

★ ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပြီးဟောတယ်။ကုသိုလ်ကံအကုသိုလ်ကံဆိုတာ ရှိတယ်။ကိုယ်လုပ်တာ ကိုယ်ခံရတယ်။မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံရတယ်။
ကောင်းတာလုပ်ရင်ကောင်းတာစံစားရမယ်။ ကိုယ်လုပ်တာကိုယ်ခံပဲ။ 
ဗုဒ္ဓတရားက  မ, တာဆိုတာ မရှိဘူး။ကယ်တင်တယ်ဆိုတာ မရှိဘူး။
တချို့ဘာသာကျတော့ ဘုရားက မ, တယ် ကယ်တင်တယ်။
လုပ်ချင်တာလုပ် ဘုရားရှေ့ဒူးထောက်ပြီးတော့ ဖြောင့်ဆိုချက် ၀န်ခံချက်(Confession) လုပ်လိုက်တောင်းပန်လိုက်တာနဲ့ ဘုရားက ခွင့်လွှတ်တယ်။
အပြစ်တွေပျောက်တယ်။ မတောင်းပန်ရင်တော့ ဘုရားက ဒဏ်ခတ်တယ်။
အလွန်လွယ်တာကို။

★ အဲ့ဒီဒကာက ဗုဒ္ဓဘာသာက ကိုးသာကိုးကွယ်ရတယ် 
ဘုရားက မ,လည်း  မ, မဘူး။ကိုယ်လုပ်တာ 
ကိုယ်လုပ်တာကိုယ်ခံရမယ်ဆိုရင် ကိုးကွယ်ရတာအလားကားပဲပေါ့တဲ့။
 မ, တဲ့ဘုရား ကိုးကွယ်ရတာပိုမကောင်းဘူးလားတဲ့ ဆိုတဲ့အတွေးတွေဝင်ပြီး 
လာလျှောက်တယ်။

★ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘုန်းကြီးကပြောပြလိုက်တယ်။ အေးတကယ်ဟုတ်ရင် ကောင်းတာပေါ့။
တကယ်မဟုတ်ဘဲနဲ့ မ, မဘဲနဲ့ မ, တယ်ထင်ပြီး ကိုးကွယ်ဂင်တော့ ဒါလူဖြစ်ရှုံးတာပဲ။ ဘုရားက
မ, မယ်ထင်ပြီး ဘုရားအားကိုးနဲ့ လုပ်ချင်ရာလုပ် အချိန်ကျလို့ရှိရင် (Confession) လုပ်လိုက် ရှိတဲ့
အပြစ်တွေ အားလုံးပျော်တယ်ဆိုတာ သိပ်လွယ်တာပေါ့။ဒါ ဟုတ်လား မဟုတ်ဘူးလား သေချာစဉ်းစားရမယ်။တကယ်ဟုတ်ရင်တော့ အားကိုးစရာ 
အလွန်ကောင်းတယ်။မဟုတ်ရင်တော့ ကိုယ်ကျိုးနည်းပြီ။

★ ဘုန်းကြီးက ဥပမာတစ်ခုပြောပြတယ်။ လူတစ်ဦးပြစ်မှုတစ်ခုကို 
ကျူးလွန်တယ်ဆိုပါဆို့။ ကျူးလွန်မိတဲ့အခါဥပဒေအရ အရေးယူခံရတယ်။ 
အဲဒီလို အရေးယူတဲ့အခါမှာ ဘုရားထံသွားပြီး ဒီအပြစ်ကခွင့်လွတ်ပါဆိုပြီး 
(Confession) လုပ်လို့ ဘုရားက လက်ခံလို့လက်တွေ့မှာ အပြစ်က 
လွတ်သွားတာရှိသလားဆိုတာ စဉ်းစားရမယ်၊ တကယ်တော့ မရှိဘူးနော်။

★ ဒီလိုလက်တွေ့အားဖြင့် မရနိုင်တာကို ရနိုင်တယ်ထင်ပြီး ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် 
ကိုယ်ကျိုးမနည်းပေဘူးလား။ အေးလုပ်ချင်တာလုပ်မယိ တရားရုံးကြရင် ငါဖြာင့်ချက်ပေးလိုက်တာနဲ့  ပြစ်မှုတွေအားလုံးကွင်းလုံးကျွတ် 
လွတ်စေဆိုတာမျိုး ရနိုင်သလား။ လူလုပ်တဲ့ဥပဒေတောင်မရဘူးဆိုရင်
သဘာဝတရားရဲ့ ဥပဒေဆိုရင်ဘယ်လိုလုပ် ရမလဲ။လက်တွေ့ ဘာတစ်ခုမှ မရှိဘဲ အပြောသက်သက်သာဖြစ်ပြီး လူတွေလက်ခံ ယုံကြည်နေကြတဲ့အရာတွေ 
လောကမှာ အများကြီးရှိတယ်။ တကယ့်လက်တွေ့
မှာဖြစ်မလာဘူး။အဲ့ဒီတော့ ကိုယ်မဟုတ်တာလုပ်ရင် ကိုယ်ခံရတယ်။
ကိုယ်ကြိုးစားရင် ကိုယ်စံရတယ်။ဆိုတာ လက်တွေ့ပြနိုင်တာတွေ အများကြီးရှိပါတယ်။

★ အရာရာဟာကိုယ့်အပေါ်မှာ မူတည်တယ်ဆိုတာ မှန်တယ်။အလွန်ကျေနပ်စရာကောင်းတယ်။
ဗုဒ္ဓတရားတော်ဟာ တကယ့်လက်တွေ့ (Pratical) ကျတယ်၊ ကိုယ်လုပ်တာ ကိုယ်ခံရတယ်
ဆိုတာလည်း တကယ့်လက်တွေ့မှာ ဟုတ်တယ်။ကိုယ်ကျိုးစားရင် ကိုယ်ဖြစ်တာပဲ မကြိုးစားရင်
မဖြစ်ဘူး။ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။

(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)

"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။

ဆက်လက်ကူးယူဖော်ပြမည်။

 (ဓမ္မမိတ်ဆွေသူတော်စဉ်များကျန်းမာချမ်းသာကြပါစေဗျာ)

%၅၈၄၇၁%

_/\\_ _/\\_ _/\\_

"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း -၁"

★ လူတိုင်းဘ၀တစ်ခုခုကို ရထားကြတယ်၊ ရထားကြတဲ့ဘ၀မှာ ကိုးကွယ်ရာ
ဘာသာတရားတွေကအမျိုးစုံအောင်ရှိနေကြတယ်။
ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တွေများသလို ယုံကြည့်ချက်တွေက
များလည်းများ အမျိုးလည်းစုံတယ်။ဥပမာ ဘာနဲ့တူသလဲဆိုတော့ မြေပုံကြီးတစ်ချပ်မှာ
လမ်းဆုံတွေ အများကြီးပါနေတာမျိုးနဲ့တူတယ်။

 
မရောက်ဘူးတဲ့ဒေသ ခရီးသွားရင်း
လမ်းဆုံရောက်နေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ ဘယ်လမ်းက လျှောက်ရမယ်ဆိုတာကို
ရွေးချယ်ဖို့တော်တော် ခဲယဉ်းတယ်။

★ ဘာသာတရား တစ်ခုနဲ့တစ်ခု ယုံကြည်ချက်တွေ ဟောပြောချက်တွေ ကွဲပြားခြားနားနေကြတယ်။အမှန်တရားလို့ပြောတဲ့ အရာတောင်မှ
တစ်ခုနဲ့တစ်ခု ဆန့်ကျင်နေတာတွေ့ရတယ်။ဘာသာတစ်ခုက အမှန်လို့ ပြောတဲ့အရာဟာ
အခြားဘာသာတစ်ခုမှာ အမှားဖြစ်နေပြန်တယ်။

★ အမှားနဲ့အမှန် ရွေးချယ်နိုင်ဖို့ရန် စံမရှိဘူးဆိုလို့ရှိရင် ရွေးချယ်တတ်ဖို့ အင်မတန်မှခဲယဉ်းပါလိမ့်မယ်ဒီလိုအခြေအနေမျိုးမှာ ဘ၀ခရီးကို ဘယ်လမ်းက လျှောက်ရမလဲ
ဆိုတာ ကိုယ့်ဟာကိုယ်ရွေးချယ်တတ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။
ဗုဒ္ဓဘာသာ အသိုင်းအ၀ိုင်းထဲမှာတောင်မှပဲ အရွေးခက်နေတာတွေရှိနေတာပဲ။

★ အမှားအမှန်ရွေးချယ်ဖို့ခက်နေတဲ့ ပုဂ္ဂိုလ်တွေအတွက် ဗုဒ္ဓမြတ်စွာက လျှောက်လှမ်းစရာ လမ်းကြောင်းလေးတစ်ခုကို ရွေးချယ်ပေးတော်မူခဲ့တယ်။ တို့တတွေ
ဘ၀ခရီးကိုလျှောက်လမ်းတဲ့အခါ ဘုရားရွေးပေး တဲ့လမ်းက လျှောက်ကြရမှာဖြစ်တယ်။
အမှန်တရားနဲ့ပတ်သက်ပြီး တွေဝေစရာတွေ တွေ့လာလို့ရှိရင်

မှန်ကန်တဲ့လမ်းကို
ဘယ်လိုရွေးမလဲဆိုတာကို ဗုဒ္ဓမြတ်စွာက ကေသမုတ္တိသုတ် မှာဟောထားခဲ့တယ်။
အဲ့ဒီသုတ်ကို ကာလာမသုတ်လို့လည်းခေါ်တယ်။

★ ဒီသုတ်ကို ဟောတဲ့နေရာက ကောသလတိုင်းထဲမှာ အပါအ၀င်ဖြစ်တဲ့
ကေသမုတ္တိရွာမှာဖြစ်တယ်။ ဘာသာတရားဟောပြောတဲ့ပုဂ္ဂိုလ်တိုင်းဟာ
သူ့အယူဝါဒကိုမှန်ကန်ကြောင်း တခြားဝါဒတွေ မကောင်း
ကြောင်း မမှန်ကြောင်းဟောပြောလေ့ရှိတယ်။မိမ၀ါဒကိုအကောင်းပြောပြီး
တခြားဝါဒကို ပြစ်တင်ရှုတ်ချတယ်ပြောဟောတယ်။ကေသမုတ္တိရွာက
ကာလာမလူမျိုးတွေဟာ မြတ်စွာဘုရားရောက်လာတော့
"ရင်ထဲက သံသယ စကားတွေ"ကိုလျှောက်ထားကြတယ်။

★ " အရှင်ဘုရားတဲ့ ဘာသာရေး ဂိုဏ်းအသီးသီးက ဘာသာရေးဆရာတွေဟာ ဒီဒေသကိုရောက်လာကြတယ်ဘုရား။ရောက်လာတဲ့အခါ သူတို့ရဲ့ဘာသာတရား သူတို့ရဲ့အယူဝါဒ ကောင်းကြောင်း ဟောပြောကြပါတယ်။

တခြားအယူဝါဒတွေကိုတော့
ပြစ်တင်ရှုံ့ချကြတယ်ဘုရား။ အဲ့ဒီတော့တပည့်တော်တို့မှာ
ဘယ်ဟာက မှန်တယ် ဘယ်ဟာကမှားတယ် ဆိုတာ သိဖို့ခက်ပါတယ်ဘုရား"

★ တလောက ဘုန်းကြီးဆီ ဒကာတစ်ယောက်ရောက်လာတယ် ။ တချို့ပုဂ္ဂိုလ်တွေရဲ့
ဘာသာရေးအတွေးအမြင်ဆိုတာကို သူကလျှောက်တယ်။လိုက်နာဖို့လွယ်တယ် လိုက်နာဖို့ခက်တယ်ပေါ့။လူဆိုတာအများစုကတော့ အလွယ်ကြိုက်တယ်။

★ ဗုဒ္ဓဘာသာက ကံ ကံ၏အကျိုးကို အခြေခံထားပြီးဟောတယ်။ကုသိုလ်ကံအကုသိုလ်ကံဆိုတာ ရှိတယ်။ကိုယ်လုပ်တာ ကိုယ်ခံရတယ်။မကောင်းတာလုပ်ရင် မကောင်းတဲ့အကျိုးခံရတယ်။
ကောင်းတာလုပ်ရင်ကောင်းတာစံစားရမယ်။ ကိုယ်လုပ်တာကိုယ်ခံပဲ။
ဗုဒ္ဓတရားက မ, တာဆိုတာ မရှိဘူး။ကယ်တင်တယ်ဆိုတာ မရှိဘူး။
တချို့ဘာသာကျတော့ ဘုရားက မ, တယ် ကယ်တင်တယ်။
လုပ်ချင်တာလုပ် ဘုရားရှေ့ဒူးထောက်ပြီးတော့ ဖြောင့်ဆိုချက် ၀န်ခံချက်(Confession) လုပ်လိုက်တောင်းပန်လိုက်တာနဲ့ ဘုရားက ခွင့်လွှတ်တယ်။
အပြစ်တွေပျောက်တယ်။ မတောင်းပန်ရင်တော့ ဘုရားက ဒဏ်ခတ်တယ်။
အလွန်လွယ်တာကို။

★ အဲ့ဒီဒကာက ဗုဒ္ဓဘာသာက ကိုးသာကိုးကွယ်ရတယ်
ဘုရားက မ,လည်း မ, မဘူး။ကိုယ်လုပ်တာ
ကိုယ်လုပ်တာကိုယ်ခံရမယ်ဆိုရင် ကိုးကွယ်ရတာအလားကားပဲပေါ့တဲ့။
မ, တဲ့ဘုရား ကိုးကွယ်ရတာပိုမကောင်းဘူးလားတဲ့ ဆိုတဲ့အတွေးတွေဝင်ပြီး
လာလျှောက်တယ်။

★ အဲ့ဒါနဲ့ပတ်သတ်ပြီး ဘုန်းကြီးကပြောပြလိုက်တယ်။ အေးတကယ်ဟုတ်ရင် ကောင်းတာပေါ့။
တကယ်မဟုတ်ဘဲနဲ့ မ, မဘဲနဲ့ မ, တယ်ထင်ပြီး ကိုးကွယ်ဂင်တော့ ဒါလူဖြစ်ရှုံးတာပဲ။ ဘုရားက
မ, မယ်ထင်ပြီး ဘုရားအားကိုးနဲ့ လုပ်ချင်ရာလုပ် အချိန်ကျလို့ရှိရင် (Confession) လုပ်လိုက် ရှိတဲ့
အပြစ်တွေ အားလုံးပျော်တယ်ဆိုတာ သိပ်လွယ်တာပေါ့။ဒါ ဟုတ်လား မဟုတ်ဘူးလား သေချာစဉ်းစားရမယ်။တကယ်ဟုတ်ရင်တော့ အားကိုးစရာ
အလွန်ကောင်းတယ်။မဟုတ်ရင်တော့ ကိုယ်ကျိုးနည်းပြီ။

★ ဘုန်းကြီးက ဥပမာတစ်ခုပြောပြတယ်။ လူတစ်ဦးပြစ်မှုတစ်ခုကို
ကျူးလွန်တယ်ဆိုပါဆို့။ ကျူးလွန်မိတဲ့အခါဥပဒေအရ အရေးယူခံရတယ်။
အဲဒီလို အရေးယူတဲ့အခါမှာ ဘုရားထံသွားပြီး ဒီအပြစ်ကခွင့်လွတ်ပါဆိုပြီး
(Confession) လုပ်လို့ ဘုရားက လက်ခံလို့လက်တွေ့မှာ အပြစ်က
လွတ်သွားတာရှိသလားဆိုတာ စဉ်းစားရမယ်၊ တကယ်တော့ မရှိဘူးနော်။

★ ဒီလိုလက်တွေ့အားဖြင့် မရနိုင်တာကို ရနိုင်တယ်ထင်ပြီး ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ်
ကိုယ်ကျိုးမနည်းပေဘူးလား။ အေးလုပ်ချင်တာလုပ်မယိ တရားရုံးကြရင် ငါဖြာင့်ချက်ပေးလိုက်တာနဲ့ ပြစ်မှုတွေအားလုံးကွင်းလုံးကျွတ်
လွတ်စေဆိုတာမျိုး ရနိုင်သလား။ လူလုပ်တဲ့ဥပဒေတောင်မရဘူးဆိုရင်
သဘာဝတရားရဲ့ ဥပဒေဆိုရင်ဘယ်လိုလုပ် ရမလဲ။လက်တွေ့ ဘာတစ်ခုမှ မရှိဘဲ အပြောသက်သက်သာဖြစ်ပြီး လူတွေလက်ခံ ယုံကြည်နေကြတဲ့အရာတွေ
လောကမှာ အများကြီးရှိတယ်။ တကယ့်လက်တွေ့
မှာဖြစ်မလာဘူး။အဲ့ဒီတော့ ကိုယ်မဟုတ်တာလုပ်ရင် ကိုယ်ခံရတယ်။
ကိုယ်ကြိုးစားရင် ကိုယ်စံရတယ်။ဆိုတာ လက်တွေ့ပြနိုင်တာတွေ အများကြီးရှိပါတယ်။

★ အရာရာဟာကိုယ့်အပေါ်မှာ မူတည်တယ်ဆိုတာ မှန်တယ်။အလွန်ကျေနပ်စရာကောင်းတယ်။
ဗုဒ္ဓတရားတော်ဟာ တကယ့်လက်တွေ့ (Pratical) ကျတယ်၊ ကိုယ်လုပ်တာ ကိုယ်ခံရတယ်
ဆိုတာလည်း တကယ့်လက်တွေ့မှာ ဟုတ်တယ်။ကိုယ်ကျိုးစားရင် ကိုယ်ဖြစ်တာပဲ မကြိုးစားရင်
မဖြစ်ဘူး။ ဉာဏ်ရည် ဉာဏ်သွေး ဘယ်လောက်ကောင်းကောင်း IQ ဘယ်လောက်မြင့်မြင့်
မကြိုးစားရင် ဘာမှဖြစ်မလာဘူး။ကြိုးစားပြီးဆိုရင် လုံ့လ၀ီရိယ အကျိုးခံစားရမယ်။

(ကျေးဇူးတော်ရှင်ပါချုပ်ဆရာတော် ဘုရားကြီး)

"ဘ၀ခရီးဝယ်လျှောက်လှမ်းရမည့်လမ်း" တရားမှကောင်နှုတ်ချက်။

ဆက်လက်ကူးယူဖော်ပြမည်။

 
Creat Post By ....   Pay Thoe

No comments:

Post a Comment