မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, June 18, 2014
“အရှုံးလား၊ အရင်းလား၊ အမြတ်လား”
“အရှုံးလား၊ အရင်းလား၊ အမြတ်လား”
ဈေးရောင်းသူက အရင်းအတိုင်းရအောင်, ရှုံးအောင်ရောင်းတာ မဟုတ်ဘူး။ အမြတ်ရအောင်ရောင်းတာဖြစ်တယ်။ ဒီလိုပဲ ဗုဒ္ဓသာသနာနဲ့ ကြုံကြိုက်တုန်း လူဖြစ်နေကြသူတွေဟာ အရင်း
နဲ့လည်းမကျေနပ်သင့်ဘူး၊ ရှုံးလည်းမရှုံးသင့်ဘူး၊ အမြတ်ရအောင် ကြိုးစားရမယ်။
နောက်ဘဝလူဖြစ်ရင် အရင်းအတိုင်းပဲ၊ အပါယ်ကျရင်တော့ ရှုံးတာပဲ၊ နတ်ပြည်ဗြဟ္မာ့ပြည်ရောက်ရင်တော့ အမြတ်ရတာပဲ၊ ဒါပေမယ့် အဲဒီအမြတ်က အာမခံချက်မရှိတဲ့ အမြတ်ပဲ၊ အပါယ်အတွက် အာမခံချက်မရှိသေးဘူး။ နိဗ္ဗာန်ကတော့ အကောင်းဆုံးအမြတ်ပဲ။
( ပဏ္ဍိတာရာမ-ရွှေကျောင်းကုန်းသာသနာ့ရိပ်သာဆရာတော် ဘဒ္ဒန္တပဏ္ဍိတာဘိဝံသ)
Buddhavasa Tiloka
Subscribe to:
Post Comments (Atom)
No comments:
Post a Comment