စေတနာ ဒေါသနဲ့တွဲမိတော့
*******************
လောကကြီးကံကြောင့် ဖြစ်တာ။ လောကကြီးကံကြောင့် ဖြစ်တာလို့
ပြောလိုက်တော့ ဘုန်းကြီးကျောင်းသံ ပေါက်နေတယ်။ ဒီလောကဟာ စေတနာကြောင့် အမျိုးမျိုးပြောင်းလဲတတ်တယ်ပြောမှ ပိုရှင်းမယ်။ လောကသည် စေတနာကြောင့် အမျိုးမျိုး ပြောင်းလဲနေရတယ်။ ကြည့်ပါ။
စေတနာမှာ ဆိုကြပါစို့၊ ဒေါသအားကြီးတဲ့သူတွေ စုပြီးတော့ ရပ်ကွက်တစ်ခု၊ တိုင်းပြည်တစ်ခုလုံးတော့ ထားပါ။ အိမ်ခြေ (၁၀၀) လောက်ရှိတဲ့ ရပ်ကွက်တစ်ခုကို လူဆယ်ယောက် အုပ်ချုပ်တယ်။ အဲဒီ ၁၀- စလုံးဟာ အကုန်ဒေါသသမားချည်းပဲဆိုရင် အဲဒီရပ်ကွက်ထဲ သတိသာထား၊ ရပ်ကွက်က ထိုဆယ်ဦးကို မကျေနပ်၊ ထိုဆယ်ဦးက ထိုရပ်ကွက်ကို ညှင်းဆဲ၊ ညှင်းဆဲလေ အောက်က မကျေနပ်လေပဲ။
ဖားပြုပ်ကျောကုန်းကို တုတ်နဲ့ရိုက်တာနဲ့ အလွန်တူတယ်၊ ဖားပြုပ်ကြီးကျောကုန်း တုတ်နဲ့ချတော့ ချလေလေ ဖားပြုပ်ကြီးက ကုန်းကုန်းထလေလေ မဟုတ်လား။ လူဆယ်ယောက်က ဒေါသတွေနဲ့ ဖိအုပ်ချုပ်တော့ အောက်က လူတွေက ဖားပြုပ်ကြီးလိုပဲ ပြန်မကိုက်နိုင်လို့ နေရပေမယ့် ကုန်းကုန်းတော့ ထတယ်နော်။ တစ်ရပ်ကွက်လုံး ဒေါသတွေ လွှမ်းမသွားဘူးလား။ ဒေါသလွှမ်းရင် လောကကြီး ချမ်းသာပါဦးမလား၊ မချမ်းသာဘူး။
အလွန် စိတ်ညစ်စရာကောင်းတဲ့လောကကို ဒေါသနဲ့တွဲတဲ့ စေတနာက ဖန်ဆင်းတာ။ ဒေါသစိတ် သူနဲ့တွဲတဲ့ စေတနာ၊ ဟိုဘက်နည်းနည်း ကျော်ပြီးကြည့်လိုက်စမ်း Black Board မှာ `ဇော´ဆိုပြီး ခုနစ်ခုရှိတယ်။
အဲဒီ စေတနာ လုပ်နေတာ။ လောကကြီး အလုပ်လုပ်နေတာ လူဆယ်ယောက်က လုပ်နေတာ မဟုတ်ဘူး။ အဲဒီ စေတနာက လုပ်နေတာ၊ အဲဒီ စေတနာကို အရောင်ဆိုးပေးလိုက်တာက ဒေါသ၊ ဒေါသဆိုတဲ့အရောင်ဆိုးလိုက်တော့
စေတနာဆိုတဲ့ အလုပ်သမားဟာ အမှောင်ကြီးကျသွားတယ်။ ဒေါသအမှောင်ကြီးကျလို့ လုပ်လိုက်သမျှ စိတ်ညစ်စရာချည်း ဖြစ်ကုန်ပြီ။ ဒါဖြင့် လောကကို ဘယ်သူဖန်ဆင်းတာလဲဆိုရင် အဲဒီ စေတနာကသာ ဖန်ဆင်းတယ်။
ကာယကံ, ဝစီကံ, မနောကံ ဘယ်နှစ်ပါးလဲ သုံးပါး၊ လက်နဲ့လုပ်တာ ကာယကံ၊ နှုတ်နဲ့ပြောတာ ဝစီကံ၊ လက်ထဲနှုတ်ထဲ မရောက်သေးပဲနဲ့ စိတ်နဲ့ ကြံတာ မနောကံ၊ လက်နဲ့လုပ်ဖို့ရန် ကြည့်၊ ဇောဆိုတဲ့အထဲမှာ ဒေါသ၊ စိတ်နှလုံးမှာ အတွဲလိုက်ပါသွားတဲ့ စေတနာခုနစ်ခုလုံး ဒေါသစိတ်ကိုတော့ တို့ပရိသတ်အပေါင်း သူတော်ကောင်းတို့ ခေါင်းဆောင်ကြီး၊ သူက ဥပမာလေးနဲ့၊
တိုင်းမှုး၊ စစ်တိုင်းကြီးတစ်တိုင်းမှာ ဦးစီးနေတဲ့ ဒေါသစိတ် သူက တိုင်းမှူး၊ သူ့နောက်ကပါသွားတဲ့ စေတနာက စစ်ဦးစီးမှူး၊ တကယ့်တကယ် တိုက်တာက ဦးစီးမှူးက တိုက်တာ၊ တိုင်းမှူးက စီမံအုပ်ချုပ်တာ၊ ဒေါသနဲ့ စီမံအုပ်ချုပ်ထားတဲ့ လောကသည် ဒေါသနဲ့တွဲနေတဲ့ စေတနာက တိုက်ပွဲဆင်လာတော့ ကြည့်လိုက်စမ်းပါ။
သတ်မယ်ဆိုတဲ့လောကကြီး မဖြစ်ဘူးလား၊ မသတ်လျှင်လဲ ညှင်းဆဲမယ်ဆိုတဲ့ လောကကြီး မဖြစ်ဘူးလား၊ အသတ်ခံရတဲ့ ညှင်းဆဲ့ခံရတဲ့ ပုဂ္ဂိုလ်တွေကလဲ မခံဘူး။ ဒေါသနဲ့တွန်းလှန်တာတွေ မလာနိုင်ဘူးလား။ လာနိုင်တယ်။ ဒေါသအချင်းချင်း အဲဒီမှာ ရင်ဆိုင်ကြတော့ ဒီလောက ဘယ်လိုတုန်း၊ ချမ်းသာပါဦးမလား၊ မချမ်းသာဘူး။ ဒါဖြင့် လောကကြီးဆင်းရဲအောင် ဘယ်သူလုပ်သလဲဆိုတော့ ဒေါသနဲ့တွဲသော စေတနာက လုပ်တာ။
စိတ်ထဲကြံနေတုန်း ကြံစည်သူရဲ့လောကမှာ ဒုက္ခရောက်တယ်။ နှုတ်နဲ့ပြောရင် ပြောသူ၏လောက အပြောခံရသူ၏လောကနှစ်ခုမှာ ဒုက္ခရောက်တယ်။ လောကသုံးပါး၊ သခါၤရေလာက၊ သတၱေလာက၊ ၾသကာသေလာက။ ယခု သခါၤရေလာကကို အဓိကထားကြပါစို့။ ဒီ စိတ်စေတသိတ်ဟာ သခါင်္ရလောကပဲ မဟုတ်လား။ ဒေါသစိတ် သူနဲ့တွဲတဲ့ စေတနာ၊ ဒီနှစ်ခုလုံးကြည့်ရင် လောကအနေနဲ့ပြောတော့ သခါင်္ရလောက။
ဒီစေတနာနဲ့ ဒီလောကက ကြံကတည်းက ဆင်းရဲသလား၊ ချမ်းသာသလား။ ဆင်းရဲတယ်။ ကြံစည်သူ ရှေးဦးစွာ ဆင်းရဲတယ်။ ကြံလို့အားမရဘူး။ ပြောပြီဆိုတော့ ပြောသူရော ပြောတဲ့စကားလုံး၊ ကြားရတဲ့လူရော ဆင်းရဲကုန်တယ်။ ပြောရုံနဲ့ အားမရတော့ လက်နဲ့လုပ်ဦးမယ်၊ လုပ်တဲ့လူ အလုပ်ခံရတဲ့လူ ဆင်းရဲတယ်။ ဒါကြောင့် ဒီဆင်းရဲတဲ့လောကကို ဒီဒေါသနဲ့ တွဲတဲ့ စေတနာက ဖန်ဆင်းတာ။
သီတဂူ ဆရာတော်ဘုရားကြီး
ဒေါက်တာ အရှင်ဉာဏိဿရ
https://www.facebook.com/bwar99/posts/718439341550792:3
No comments:
Post a Comment