/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, June 18, 2014

အရှင်ဉာဏိဿရ၏ ကိုယ်ပိုင်ဥစ္စာဟူသည်။

   
   ဗုဒ္ဓဘာသာဝင် မြန်မာတို့သည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါးနှင့် ကံ၊ကံ၏အကျိုးကို ယုံကြည်ကြပါသည်။ ဗုဒ္ဓမြတ်စွာဘုရားက “ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ”
“ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ ” ဟူ၍ ဟောကြားတော် မူခဲ့ပါသည်။ မိမိပြုလေသမျှ ကာယကံ၊ ၀စီကံ၊ မနောကံတို့သည်သာ မိမိ၏ ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။



 အိမ်မြေ၊ တိုက်တာ၊ ကား၊ ရွှေငွေ ရ
တနာတို့သည် မိမိလက်ဝယ် ရရှိပိုင်ဆိုင်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် လက်လွတ်
ဆုံးရှုံးတတ်ပါသည်။ ယင်းသို့ လက်လွတ်ဆုံးရှုံးမှု မရှိသည့်တိုင် မိမိကွယ်လွန်တိမ်းပါးသော် ထား
ချန်ရစ်ခဲ့ရပါသည်။ ကံဟူသော ကိုယ်ပိုင်ဥစ္စာမည်သည်ကား သံသရာတစ်လျှောက် မိမိကိုယ်ပိုင်
ပစ္စည်းအဖြစ် ကောင်းမွေ၊ ဆိုးမွေကို ခံစား၊ စံစားစေနိုင်စွမ်း ရှိပါသည်။


 ကောင်းသော ကာယကံ၊
ဝစီကံ၊ မနောကံတို့သည် ကောင်းသော ကိုယ်ပိုင်ဥစ္စာဖြစ်ပါသည်။ မကောင်းသော အပြုအမှူများ
သည်လည်း မကောင်းသော အကုသိုလ် ကိုယ်ပိုင်ဥစ္စာ ဖြစ်ပါသည်။


          မိမိ၏အတွင်းသန္တာန်၌တည်သော စေတနာကောင်းလျှင် ကာယကံမှု၊ ၀စီကံမှု၊ မနောကံ
မှုလည်း ကောင်းပါသည်။ စေတနာဆိုးလျှင် ကာယကံမှု၊ ၀စီကံမှုလည်း ဆိုးပါသည်။ ဖြူစင်သန့်
ရှင်းသော စေတနာသည် ဖြူစင်သန့်ရှင်းသော ကိုယ်ပိုင်ဥစ္စာ မည်ပါသည်။ မည်းညစ်သော စေတ
နာသည် မည်းညစ်သော ကိုယ်ပိုင်ဥစ္စာ မည်ပါသည်။ မိမိတို့သည် မိမိ၏စိတ်ဆန္ဒနှင့် အဆုံးအဖြတ်
ပေါ် မူတည်ပါသည်။ မည်သူတစ်ဦး တစ်ယောက်ကမျှ မိမိ၏ကိုယ်ပိုင်ဥစ္စာကို အရောင်ဆိုး၍ မရ
နိုင်ပါ။ မိမိသည် မည်သို့သော ကိုယ်ပိုင်ဥစ္စာကို စုဆောင်းမည်နည်း ? ။


         မကောင်းသော အကုသိုလ်ကံကို ကိုယ်ပိုင်ဥစ္စာအဖြစ် မသိမ်းဆည်းသင့်ဘဲ ကောင်းသော
ကုသိုလ်ကံတွေကိုသာ ကိုယ်ပိုင်ဥစ္စာအဖြစ် သိမ်းဆည်းသင့်ကြောင်း သီတဂူဆရာတော်ဒေါက်တာ
အရှင်ဉာဏိဿရက ဤသို့ အဆုံးအမပေးခဲ့သည်မှာ===


         “ ကံသာလျှင် ကိုယ်ပိုင်ဥစ္စာဆိုတော့ တွေ့သမျှကံတွေကို အကုန်လုံး သိမ်းကျုံးပြီးတော့
သိမ်းဆည်းစုဆောင်းနေမှာစိုးလို့ ပြောရတာ။ ကုသိုလ်ကံ တစ်ခုတည်းကိုသာလျှင် သိမ်းဆည်း
စုဆောင်းဖို့ပါနော်။ အကုသိုလ်ကံတွေကို သိမ်းဆည်းစုဆောင်းဖို့ မဟုတ်ပါဘူး။ ကိုယ်ပိုင်ဥစ္စာ ဆို
တာ ကံကောင်းကိုပဲ ပြောပါတယ်။ အ၀တ်ကောင်းတွေ သိမ်းဆည်းထားသလို သိမ်းဆည်းထားနော်။


ကမ္မဒါယဒါ၊ အဲဒါ ကံကပေးသမျှ အမွေတုင်းပဲ ကိုယ်ရလိမ့်မယ်။ စေတနာဆိုးတွေကို များများကြီး
စုဆောင်းထားရင် ဒုက္ခဝေဒနာတွေ ခံစားရမယ်ဆိုတာ သေချာတယ်။ စေတနာကောင်းတွေကို များ
များကြီးစုဆောင်းမိတဲ့ ပုဂ္ဂိုလ်တွေကျတော့ သုက္ခဝေဒနာတွေ ခံစားရဖို့ သေချာတယ်။ ကမ္မယောနိ၊
ချမ်းသာသုခ ဆင်းရဲဒုက္ခ ဒီနှစ်မျိုးမှာ စေတနာသည်သာလျှင် အကြောင်းရင်းပဲ။ ကမ္မဂန္တု၊ ကံသာ
လျှင် ကိုယ့်မိတ်ဆွေ၊ မိတ်ဆွေကလည်း မိတ်ဆွေကောင်း၊ မိတ်ဆွေယုတ်နှစ်မျိုးရှိမှာပေါ့။ စေတနာ
ကောင်းသည် မိတ်ဆွေကောင်း၊ စေတနာဆိုးသည် မိတ်ဆွေယုတ်ပဲနော် ” ။ ။


          သူတော်စင် သူတော်ကောင်းတွေကလည်း တရားသဘောကို သိရှိကြပြီး ကောင်းသောကု
သိုလ်ကံကိုသာ ကိုယ်ပိုင်ဥစ္စာအဖြစ် စုဆောင်းသိမ်းဆည်းနိုင်ကြကာ သံသရာခရီးဝယ် ကောင်းသ
ထက်ကောင်း၊ မြင့်သထက်မြင့်၊ ကောင်းကျိုးချမ်းသာကိုခံစား၊ စံစားပြီး နိဗ္ဗာန်ကို မျက်မှောက်ပြု
နိုင်ကြပါစေ ကုန်သတည်း။ ။


 {မင်းနန်(မော်ကျွန်း)၏ ဆရာတော်ကြီးများ၏သြ၀ါဒတော်များကို ကိုးကားရေးသားပူဇော်ပါသည်။


 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment