/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, June 10, 2014

* ပညာမည်သည် သတ္တဝါတို့၏ အပြုအမူအားလျော်စွာထင်ရှား၏ *

Photo: * ပညာမည်သည် သတ္တဝါတို့၏ အပြုအမူအားလျော်စွာ
   ထင်ရှား၏ *

   ရဟန်းတို့ ဤတရားသုံးမျိုးနှင့် ပြည့်စုံသူကို သူမိုက်ဟု
သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူပါမူ ကိုယ်ဖြင့်ပြုအပ်
သော မကောင်းသောအကျင့် ကာယဒုစရိုက်လည်းကောင်း
နှုတ်ဖြင့်ပြုအပ်သော ဝစီဒုစရိုက်လည်းကောင်း, စိတ်ဖြင့်ပြု
အပ်သော မကောင်းသောအကျင့် မနောဒုစရိုက် တို့တည်း။
   ရဟန်းတို့ သူမိုက်၏ သူမိုက်ဟု မှတ်ကြောင်းလက္ခဏာ,
သူမိုက်ဟု သိကြောင်း အမှတ်နိမိတ် , သူမိုက်ဟု ထင်ရှား
ကြောင်း အပြုအမူ 'အပဒါန်' တို့သည် ဤသုံးမျိုးတို့တည်း။
အဘယ်သုံးမျိုးတို့နည်းဟူပါမူ ရဟန်းတို့ ဤလောက၌
သူမိုက်သည် မကောင်းသောအကြံကိုလည်း ကြံလေ့ရှိ၏။
မကောင်းသောစကားကိုလည်း ပြောလေ့ရှိ၏။ မကောင်း
သောအမှုကိုလည်း ပြုလေ့ရှိ၏။
ထို့ကြောင့် ထိုသူမိုက်ကို 'ဤသူကား သူမိုက်သူယုတ်တည်း'
ဟု ပညာရှိသောသူတို့သည် သိကြရကုန်၏။

သိအပ်၏။ အဘယ်သုံးမျိုးတို့နည်းဟူပါမူ 
မိမိအပြစ်ကို အပြစ်အားဖြင့် မရှုခြင်း ,
မိမိအပြစ်ကို အပြစ်အားဖြင့်ရှုသော်လည်း တရားအလျောက်
မကုစား, သူတစ်ပါးသည် အပြစ်ကိုဝန်ခံ၍ ပြောလာပါလျက်
တရားအလျောက် မခံယူ, ရဟန်းတို့ ဤတရားသုံးမျိုးနှင့်
ပြည့်စုံသောသူကို သူမိုက်ဟုသိအပ်၏ဟု မြတ်စွာဘုရားရှင်
မိန့်တော်မူပါသည်။
   ရဟန်းတို့ ဤတရားသုံးမျိုးနှင့်ပြည့်စုံသူသည် အညစ်အ
ကြေးသုံးမျိုးတို့ကို မပယ်ခြင်းကြောင့် ဆောင်ယူ၍ချထား
လိုက်သကဲ့သို့ ဤအတူ ငရဲ၌ ဖြစ်ရ၏။ အဘယ်သုံးမျိုးတို့
နည်းဟူပါမူ
 သီလမရှိသူလည်းဖြစ်၏။ထိုသူသည် သီလမရှိခြင်းဟူသော
 အညစ်အကြေးကိုလည်းမပယ်အပ်။
 ငြူစူတတ်သူလည်းဖြစ်၏။ ထိုသူသည် သီလမရှိခြင်း
ဟူသောအညစ်အကြေးကိုလည်းမပယ်အပ်။,
 ဝန်တိုတတ်သူလည်းဖြစ်၏။ ထိုသူသည် ဝန်တိုခြင်းဟူ
သော အညစ်အကြေးကိုလည်း မပယ်အပ်။
ရဟန်းတို့ ဤတရားသုံးမျိုးနှင့် ပြည့်စုံသောသူသည်
အညစ်အကြေးသုံးမျိုးကို မပယ်ခြင်းကြောင့် ဆောင်ယူ၍
ချထားလိုက်သကဲ့သို့ ဤအတူ ငရဲ၌ဖြစ်ရ၏ဟု
မြတ်စွာဘုရားရှင် မိန့်တော်မူခဲ့ပါသည်။

   ရဟန်းတို့ အကုသိုလ်၏အကြောင်းရင်းတို့သည် ဤသုံးမျိုး
တို့ဖြစ်၏။ အဘယ်သုံးမျိုးတို့နည်းဟူမူ လောဘဟူသော
အကုသိုလ်၏အကြောင်းရင်း, ဒေါသဟူသော အကုသိုလ်၏
အကြောင်းရင်း, မောဟ ဟူသော အကုသိုလ်၏ အကြောင်း
ရင်း တို့ဖြစ်သည်။ 
   ရဟန်းတို့ တပ်မက်ခြင်း 'လောဘ' သည် ရှိ၏။ ယင်းတပ်
မက်ခြင်းလောဘသည် အကုသိုလ်၏ အကြောင်းရင်းတည်း။
တပ်မက်သူသည် ကိုယ်နှုတ်စိတ် ဖြင့် အားထုတ်၏။ သူတစ်
ပါးအား ဆင်းရဲခြင်းကို ဖြစ်စေ၏။ ယင်းသို့ဖြစ်စေခြင်းသည်
အကုသိုလ်တည်း။ ဤသို့လျှင် လောဘကြောင့်ဖြစ်ကုန်သော
လောဘလျှင် အကြောင်းရင်းရှိသော, လောဘလျှင် ဖြစ်
ကြောင်းရှိကုန်သော, လောဘလျှင် အထောက်အပံ့ ရှိကုန်
သော, မြောက်မြားစွာသော ဤ အကုသိုလ်တရားယုတ်တို့
သည် ထိုသူအား ဖြစ်ကုန်၏။
   ရဟန်းတို့ အမျက်ထွက်ခြင်း 'ဒေါသ' သည် ရှိ၏။ 
ယင်းအမျက်ထွက်ခြင်း ဒေါသ သည် အကုသိုလ်၏ အ
ကြောင်းရင်းတည်း။ အမျက်ထွက်သူသည် ကိုယ် နှုတ် စိတ်
ဖြင့် အားထုတ်၏။ သူတစ်ပါးအား ဆင်းရဲကို ဖြစ်စေ၏။
ယင်းသို့ဖြစ်စေခြင်းသည် အကုသိုလ်တည်း။
ဤသို့လျှင် ဒေါသ ကြောင့် ဖြစ်ကုန်သော. ဒေါသလျှင်
အကြောင်းရင်းရှိကုန်သော . ဒေါသလျှင် ဖြစ်ကြောင်းရှိ
ကုန်သော; ဒေါသလျှင် အထောက်အပံ့ရှိကုန်သော;
မြောက်မြားစွာသော ဤ အကုသိုလ်တရားယုတ်တို့သည်
ထိုသူအား ဖြစ်ကုန်၏။
   ရဟန်းတို့ တွေဝေခြင်း 'မောဟ' သည် ရှိ၏။ 
ယင်းတွေဝေခြင်း မောဟသည် အကုသိုလ်၏ အကြောင်း
ရင်းတည်း။ တွေဝေသူသည် ကိုယ် နှုတ် စိတ် ဖြင့် အားထုတ်
၏။ သူတစ်ပါးအား ဆင်းရဲကိုဖြစ်စေ၏။ ယင်းသို့ဖြစ်စေခြင်း
သည် အကုသိုလ်တည်း။ ဤသို့လျှင် မောဟကြောင့်ဖြစ်
ကုန်သော ; မောဟလျင် အကြောင်းရင်းရှိကုန်သော ;
မောဟလျှင် ဖြစ်ကြောင်းရှိကုန်သော; မောဟလျှင် အ
ထောက်အပံ့ရှိကုန်သော; မြောက်မြားစွာသော ဤ
အကုသိုလ်တရားယုတ်တို့သည် ထိုသူအား ဖြစ်ကုန်၏။

   ရဟန်းတို့ ဤသို့သဘောရှိကုန်သော ပုဂ္ဂိုလ်ကို 
အချိန်အခါမဟုတ်ဘဲ ပြောဆိုတတ်သူ ဟူ၍လည်းကောင်း;
မဟုတ်မမှန်သောစကားကို ပြောဆိုတတ်သူ ဟူ၍လည်း
ကောင်း; အကျိုးမရှိသောစကားကို ပြောဆိုတတ်သူ ဟူ၍
လည်းကောင်း; တရားမဟုတ်သည်ကို ပြောဆိုတတ်သူ
ဟူ၍လည်းကောင်း; ဝိနည်းမဟုတ်သည်ကို ပြောဆိုတတ်သူ
ဟူ၍လည်းကောင်း ခေါ်ဆိုအပ်၏။ 
   ရဟန်းတို့ ဤသို့သဘောရှိကုန်သော ပုဂ္ဂိုလ်သည် 
လောဘ ဒေါသ မောဟ ကြောင့် ဖြစ်ကုန်သော အကုသိုလ်
တရားတို့ နှိပ်စက်သိမ်းယူအပ်သော စိတ် ရှိသည်ဖြစ်၍
ယခုဘဝ၌ပင် ပြင်းစွာပင်ပန်းခြင်း ပူလောင်ခြင်း ရှိလျက်
ဆင်းရဲစွာနေရ၏။ ကိုယ်ခန္ဓာပျက်စီး၍ သေပြီးသည်မှ 
နောက်၌လည်း မကောင်းသောလားရာကို (မချွတ်ဧကန်
ရလိမ့်မည်ဟု)မျှော်လင့်အပ်၏။
   
   ဤသို့လျှင် မြတ်စွာဘုရားရှင် ဟောကြားမိန့်တော်မူ
ခဲ့ပါသည်။

* ရှင်ဥာဏ(ဖျာပုံ)၏ "ဗုဒ္ဓဟောကြား အကုသိုလ်မူလတရား"
ဆောင်းပါး(ဓမ္မဝီရဂျာနယ်)မှ ကောက်နှုတ်ကူးယူပါသည်။

* ရွှင်လန်းချမ်းမြေ့ တရားတွေ့ကြပါစေ … ။ 

No comments:

Post a Comment