မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Wednesday, June 18, 2014
“မီးခဲ”
“မီးခဲ”
လူတွေဆိုတာက ကာမဂုဏ်အာရုံ ခံစားတဲ့နေရာမှာ
ယားနာကလေး လက်သည်းနဲ့ ကုတ်ပြီး အရသာခံနေ တတ်ကြတာ၊
မီးခဲကို လက်ဝါးပေါ် တင်ကြည့်စမ်းပါ၊
ပူမှန်းသိတော့ လွှတ်ချလိုက်တယ် မဟုတ်လား။
ကာမဂုဏ်အာရုံ ခံစားမှုနောက်က လိုက်ပါလာတဲ့ ကိလေသာ မီးခဲကြီးကျတော့
ပူလို့ပူမှန်းမသိပါဘူးဗျာ၊ တစ်သံသရာလုံး ပူလာတာ၊
တကယ့်မီးခဲက ကိုင်မိတုန်းခဏ ပူတာ
ဒီကိလေသာမီးခဲက တစ်ဘဝလုံး၊ တစ်သံသရာလုံး ...
ဒီလောက်ပူနေတာတောင် ဘာလို့ လွှတ်မချသေးပါလိမ့်။
မဟာဗောဓိမြိုင်ဆရာတော်
[အညွှန်း။ ။ ၁၄-၃-၉၇၊ သာစည်မြို့နယ်ခန်းမတရားပွဲ]
Buddhavasa Tiloka
ဓမ္မစာပေများ တစ်ဆင့်မျှဝေခြင်းဖြင့် ကုသိုလ်ပွားများနိုင် ကြပါစေ .....
Subscribe to:
Post Comments (Atom)
No comments:
Post a Comment