/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /http://4.bp.blogspot.com/-64lFCmprlo4/UlIK93uB36I/AAAAAAAAANM/xlqs8O3Iljg/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, June 15, 2014

“ဗုဒ္ဓဂယာ၌ ရုပ်ပွား အမှန်ကို ရွေးနည်း”

Photo: “ဗုဒ္ဓဂယာ၌ ရုပ်ပွား အမှန်ကို ရွေးနည်း”
••••••••••••••••••••••••••••••••••••••••••••
ဗုဒ္ဓဂယာသို့ ဘုရားဖူးသွားသူများသည် သူတို့၏ 
မလိမ့်တပတ် ပြုလုပ်မှုများကြောင့် ဘုရားရုပ်ပွားခြင်း
မှားပြီး ဦးချမိသည်လည်းရှိ၏။ ဝယ်ယူမိသည်လည်း ရှိ၏။
 
ထို့ကြောင့် ရုပ်ပွားတစ်ဆူဆူကို ဦးချတော့မည် 
(သို့မဟုတ်)ဝယ်ယူတော့မည်ဆိုလျှင် ထိုရုပ်ပွား၌ 
သင်္ကန်းပါ,မပါ ဦးစွာ ဆန်းစစ်ကြည့်သင့်ပါ၏။ 
သင်္ကန်းပါလျှင် ဗုဒ္ဓရုပ်ပွားတော်၊
သင်္ကန်း မပါလျှင် ဂျိမ်းရုပ်ပွားတော် ဟုခွဲခြားနိုင်၏။ 
ဂျိမ်းဘုရားသည် သေသည် အထိ အဝတ်ဝတ်မသွားပေ။ 
အိန္ဒိယနိုင်ငံရှိ ဂျိမ်းဘုန်းကြီးများသည် ယခုအချိန်ထိ 
အဝတ်ဝတ်ခြင်းမရှိပေ။

-【ဆရာတော်အရှင်ဇဝန (မေတ္တာရှင် - ရွှေပြည်သာ) 】
*~~~~~~*~~~~~~*~~~~~~*~~~~~~*~~~~~~*~~~~~~* 

“ဂျိန်းဘာသာဝင်များအကြောင်းသိကောင်းစရာ”

ဂျိန်းဘုန်းကြီး ဟု ဆိုလိုက်လျင် မြန်မာလူမျိုးအများစုသည် 
အ၀တ်မ၀တ် Naked ဖြစ်သော၊ မုတ် ဆိတ်မွှေး၊ 
ပါးသိုင်းမွှေးဗလဗျစ် နှင့် အသားမည်းမည်း ဆာဒူးကြီးများကို 
မြင်ယောင်မိကြ ပေလိမ့်မည်။ မှန်ပါသည်၊ 

သို့ပါသော်လည်း အ၀တ်ဝတ်သော ဂျိန်းဘုန်းကြီးများ၊ 
အ၀တ်မ၀တ်သော ဂျိန်းဘုန်းကြီး များ ဟု ဂိုဏ်းနှစ်မျိုးရှိနေသည်။
စာရေးသူတို့ အိန္ဒိယနိုင်ငံအတွင်း နေထိုင်စဉ်မှာတော့ 
မသိချင်လို့ မရ၊ ကင်းလို့ မရသော ဘုန်းတော်ကြီးများ 
ဟု ဆိုရပါမည်၊

အဘယ့်ကြောင့်ဆိုသော် သင်္ကန်းဝတ်ကို
မြင်ကတည်းက ဗုဒ္ဓဘာသာဝင်များက 
ဝန္ဒာမိ ဘန္တေ - ( အရှင်ဘုရား ရှိခိုးပါတယ်ဘုရား) 
ဆိုပြီး နဖူးပေါ်လက်အုပ်ချီသွားသူများ၊   
နာမ ဆကာရေး၊ နာမ ဆကေး ဆိုပြီး စာရေးသူတို့လက်ကို 
တို့ထိပြီး သူတို့ နဖူးကို လက်ညှိုးဖြင့် ပြန်ထိကာ 
ခရစ်ယာန်များ ရင်ဘတ်၊ နဖူးကို ထိကြသလို 
အပြုအမူများကား ရိုးအီနေပေပြီ။ 
ထို့ကြောင့် ဂျိန်းဘုန်းကြီးများကို မြင်ခဲ့လျင် သူတို့၏ 
နောက်ခံသမိုင်းကြောင်းကိုပါ စိတ်ဝင်စားလာပြန်သည်။

သွားလေရာတွင် တကိုယ်လုံးအ၀တ်မ၀တ်ပဲ၊ 
လက်ထဲတွင် ယပ်တောင်ပုံစံ လက်ကိုင်ဒုတ်တခု၊ 
မြန်မာ များ အခေါ်ဖြင့်ပြောရလျင် တဆင့်ချိုင့်၊ 
တလုံးချိုင့် ပုံစံမျိုး အစားအစာ၊ အရည်များ ထည့်စရာ 
စတီးချိုင့်တစ်ခုကို လက်က ဆွဲလျက် မြို့ရော တောပါမကျန် 
လှည့်လည်နေတတ်သော ဆာဒူးများ၊ 
ဂျိန်းဘုန်းကြီးများကို မျိုးစုံအောင် တွေ့ရတတ်၏။ 
အခြားသူများသည် သံယောဇဉ် တဏှာများကို 
မပယ်သတ်နိုင်သေးသောကြောင့်သာ အ၀တ်ဝတ်ကြသည်။
သူတို့က ပယ်သတ်နိုင်သော ကြောင့် ၀တ်စရာမလိုဟု အယူရှိကြသည်။ 
အထူးသဖြင့် နိုင်ငံမြောက်ပိုင်း ဗုဒ္ဓဂါယာ Bodhgaya ဘက်ခြမ်းတွင် 
များစွာ တွေ့ရတတ်ပြီး တောင်ပိုင်း Mumbai, Pune စသော 
မြို့ကြီးများစွာ အနည်းငယ် ကျိုးတိုး ကျဲတဲသာ တွေ့ရတတ်သည်။

“ဂျိန်းဘာသာ”သည် အမြဲတမ်း သူတပါးကို 
မညှင်းဆဲခြင်း မသတ်ဖြတ်ခြင်း အဟိံသာဝါဒ 
ကို ဟောကြားလေ့ရှိ၏။ 
သတ္တ၀ါတကောင်ကောင်ကို မည်သို့သောအကြောင်းကြောင့်မှ 
မသတ်ဖြတ်ရ၊ မညှင်းဆဲရ ဆိုသောသဘောပင်။ 
တမလွန်နောင်ဘ၀နှင့်ပက်သက်၍ ခံယူချက်ကား
Jain doctrine teaches that Jainism has always 
existed and will always exist.
သတ္တ၀ါမှန်သမျှသည် အမြဲတမ်း ရှင်သန်နေမည်၊ 
နောင်လဲ ရှင်သန်နေလိမ့်မည်၊ ခန္ဓာကိုယ်သာ ပြောင်းသွားမည်၊ 
ဝိဥာဏ်တော့ မပြောင်းဟူသော အမြဲတည်ရှိနေခြင်း 
“သဿတ၀ါဒ” ဟု ဆိုရပါမည်။

“ဂျိန်းခေါင်းဆောင် မဟာဝီရ”
•••••••••••••••••••••••••••••••••
ဂျိန်းဝါဒခေါင်းဆောင် မဟာဝီရ( Mahavira ) သည် 
ဘီစီ ( ၆) ရာစုတွင် ပေါ်ထွန်းပြီး သူ့နောက်ပိုင်း
(၉) ရာစုလောက်အထိ အင်အားကောင်းခဲ့ဟန်တူသည်။
ခေတ်အနေနှင့် ဆိုရလျင် ၆ ရာစုတွင် ပေါ်ထွန်းခြင်းကြောင့် 
ဗုဒ္ဓနှင့် ခေတ်ပြိုင်ဟု ဆိုရပါမည်၊

မဟာဝီရသည် ဂျိန်းဘာသာကို စတင်တည်ထောင်သူမဟုတ်ပဲ 
သူ့ဆရာဖြစ်သော ပရရှ်ဝနာထ် Parsh vanath ကသာ 
တည်ထောင်ခဲ့ခြင်း ဖြစ်၏၊ ဆရာဖြစ်သော ပရာရှ်ဝနာထ် သည် 
သူနှင့် သူ့တပည့် များအား အ၀တ်သင်္ကန်းကို ၀တ်ရုံကြရန် 
ညွန်ကြားခဲ့သည်။

သူကွယ်လွန်ပြီးနောက် မဟာဝီရခေါင်း ဆောင်ဖြစ်လာသောအခါ 
ရှေးဟောင်း နိဂဏ္ဍ Nigantha ဂိုဏ်းကို ပြန်လည်အသက် 
သွင်းသော အားဖြင့် သူ့တပည့်များကို အ၀တ်သင်္ကန်း 
မ၀တ်ကြဖို့ ပညတ်ကာ နိဂဏ္ဍ 
(နိ-မရှိခြင်း Nil, ဂဏ္ဍ - နှောင်ကြိုးသံယော ဇဉ် Attachment ၊
လောဘ Greed ဆိုတော့ နှောင်ကြိုးသံယောဇဉ်များ၊ 
လောဘ တဏှာများ ကင်းသူ)ဟု အဓိပ္ပါယ်ဆောင်ကာ 
ဂိုဏ်းကို ပြန်လည်အသက်သွင်းခဲ့သည်။

သံသရာမှ လွတ်မြောက်အောင် ဒုက္ခများများ ခံရမည် ဟု 
ဆိုကာ “အတ္တကိလမထနုယောဂ”အကျင့် Self Mortification 
ဟူသော မိမိခန္ဓာကိုယ်ကို ညှင်းဆဲသောအကျင့်များကို 
ဟောကြားကာ ဒုက္ခကိုအကြိမ် ပေါင်းတစ်ထောင်ကျင့်လျင် 
ကံဟောင်းတစ်ထောင်ကုန်လိမ့်မည် ဟု ဟောကြားပြန်သည်။ 
မြေကြီးပေါ် အိပ်ခြင်း၊ ဆူးများပေါ် အိပ်စက်ခြင်း စသော
ပြင်းထန်သောအကျင့်များကို ထပ်ဟောသည်။

ရေသည် ပိုမွှားရှိသဖြင့် စစ်ပြီးမှသာ သောက်သုံးသင့်သည်။
မြေကြီးပေါ်တွင်လည်း ပိုးမွှားများ ရှိသဖြင့် ဖိနပ်မစီးရ၊ 
ခြေဗလာဖြင့်သာ သွားရမည်၊ ထို့အတူ လေထဲတွင် 
ပိုးမွှားများ ပါလာသဖြင့် ပါးစပ်ကို အ၀တ်ဖြင့် ပိတ်ထားရမည် 
ဟု ပညတ်ချက်ထုတ်သည်။

ဂျိန်းဘာသာဝင်လူများ အဓိက လိုက်နာရမည့် ကျင့်ဝတ်မှာ 
သတ္တ၀ါမှန်သမျှအား မညှင်းဆဲ ၊ မသတ်ဖြတ်ခြင်း 
အဟိံသာတရား ဖြစ်သည်။ 
ဤသို့အားဖြင့် နိဂဏ္ဍဂိုဏ်းကြီးကို စည်းကမ်းက အစ 
ပြုပြင်လိုက်သောကြောင့် အာဇာနည် 
မဟာဝီရ ပုဂ္ဂိုလ်ကြီး ဖြစ်လာခဲ့သည်။ 
ဂျိန်းဘာသာများသည် ဒိဂမ္ဗရ ( အ၀တ်မ၀တ်သော ဂိုဏ်း ) ၊
ဆီတမ္ဗရ ( အ၀တ်ဝတ်သောဂိုဏ်း )အားဖြင့် နှစ်ဂိုဏ်း ကွဲပြားသည်။

“ဂျိန်းခေါင်းဆောင်၏ နောက်ခံသမိုင်း”

မဟာဝီရ ဂျိန Jain သည် ၀ဇ္ဇီတိုင်း ဝေသာလီမြို့အနီး 
ကုဏ္ဍိကရွာသားဖြစ်သော နာဋ၏ သားဖြစ်သော ကြောင့် 
“နာဋပုတ္တ” ဟု အမည်တွင်ခဲ့သည်။
နိဂဏ္ဍဂိုဏ်းကို ၀င်ရောက်သောအခါ 
“နိဂဏ္ဍ နာဋပုတ္တ” ဟု ဖြစ်လာခဲ့သည်။

သူ့မိခင်သည် “တရိရှလ” အမည်ရှိ၍ ဝေသာလီပြည် 
လိစ္ဆ၀ီမင်းသား ဆေတက ၏ နှမဖြစ်သည်။
တဆက်ထည်းတွင် ရာဇဂြိုလ်ဘုရင် ဗိမ္ဗိသာရမင်းကြီး၏
မိဖုရားဆေလ္လန ၏ ညီမလည်းဖြစ်သည်။ 
ထိုဆေလ္လန မိဖုရားသည် နောင်တချိန် အဇာတသတ် ဘုရင်က
ဝေသာလီပြည်ကို ဖျက်ဆီးရန် ကြိုးစားသောအခါ ၃ ကြိမ်တိတိ 
မတိုက်ခိုက်ဖို့ရန် တားမြစ်ခဲ့သေးသည်။ 
မဟာဝီရသည် သိဒ္ဓတ္ထ မင်းသားကဲ့သို့ပင် 
တ၀မ်းကွဲနှမတောင်စပ်သူနှင့် လက်ထပ်ကာ 
သမီးတစ်ယောက် ရရှိပြီး အသက် (၃၀) အရွယ်တွင် 
အိမ်ထောင်ကို စွန့်ပယ်ကာ နိဂဏ္ဍဂိုဏ်းထဲ ၀င်ကာ 
နှစ်ပေါင်း(၁၂)နှစ်တိတိ ကျင့်ပြီး “ဂျိန်းဘာသာခေါင်းဆောင်” 
ဖြစ်လာသည်။

ဇိန - ကိလေသာအားလုံးကို အောင်မြင်ပြီးသူ၊ 
အဖြစ်မှ နောင်တွင် ရိုမာန်အသံထွက်ဖြင့် ဇိန မှ ဂျိန၊ 
ဂျိန မှ မြန်မာသံထွက်ဖြင့် ဂျိန်းဘုန်းကြီးများ၊ 
ဂျိန်းဘုရားဟု ဖြစ်လာခဲ့သည်။ 
ယနေ့အချိန်အထိ အိန္ဒိယနိုင်ငံ အနှံ့အပြားတွင် အ၀တ်မ၀တ်ပဲ 
လှည့်လည်နေသော ဂျိန်းဘုန်းကြီးများကို တွေ့မြင်နိုင် ပါသေးသည်။

“ဂျိန်းတို့၏ သံသရာလွတ်ကြောင်းလမ်းစဉ်”
သတ္တ၀ါအားလုံးတို့သည် လွတ်မြောက်မှုကို မရသေးသမျှ 
ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ လူ့ဘုံ၊ ကောင်းကင်ဘုံ ဟူသော 
ဘုံလေးမျိုး၌သာ ကျင်လည်မြဲ ကျင်လည်ကြရမည်၊

လွတ်မြောက်မှု ဟူသော SIDDh-LOKA အလုံးစုံပြီးစီး
 ပြည့်စုံသော လောကသို့ ရောက်ရှိဖို့ရန် လမ်းကြောင်း 
သုံးသွယ် ရှိသည်။
၁။ Right Knowledge - အသိပညာ ဗဟုသုတ မှန်ကန်ရမည်၊
၂။ Right Conduct - အနေအထိုင် အပြုအမူ မှန်ကန်နေရမည်။
၃။ Right Faith - ယုံကြည်မှု လဲ မှန်ကန်နေရမည်။

အထက်ပါ လမ်းသုံးသွယ်ကို လျောက်လှမ်းနေစဉ် 
Non- Violence ဟူသော မညှင်းဆဲခြင်း အဟိံသာ
တရားကို လက်ကိုင်ထားရမည်၊ သို့မှသာ ထွက်မြောက်မှုကို 
ရောက်ရှိနိုင်မည်။

 ■ အကျဉ်းချုပ် ဆိုရလျင် သူတို့၏ အဆုံးပန်းတိုင်သည် 
ကောင်းကင်ဘုံ ဟူသော “နတ်ဘုံ၊ ဗြဟ္မာ့ဘုံ” လောက်နှင့်သာ 
လမ်းဆုံးနေ၏၊ ဒါတောင် ဗြဟ္မာကျင့်စဉ်ကိုမသိသောကြောင့် 
ရောက်နိုင်ဖို့ မသေချာပေ။

ယနေ့ခေတ်အထိ အိန္ဒိယနိုင်ငံအတွင်း စာရင်းများအရ 
ဂျိန်းဘာသာဝင်ပေါင်း ( ၄ )သန်း ( ၂ )သိန်း ( 4.2 Million ) 
ရှိသည်ဟု ဆိုသည်၊ ထိုမျှမကပဲ မြောက်အမေရိကတိုက်၊ 
ဥရောပ အရှေ့ပိုင်း၊ အနောက်ပိုင်းများ နှင့် 
သြစတေးလျ Australia တို့တွင် အများအပြား ပြန့်ပွားနေသည်
ဟုသိရသည်။ ဒါကြောင့်လဲ အိန္ဒိယ တီဗီ 
စလောင်းလိုင်းများတွင် Incredible of India, 
မယုံကြည်နိုင်စရာများနှင့် အိန္ဒိယ၊
Incredible only in India ဒီလို မယုံနိုင်စရာ၊ 
မြင်ကွင်းများကို အိန္ဒိယတွင်သာ မြင်ခွင့်ရှိသည် ဆိုပြီး 
မကြာခဏ လွှင့်ပေးလေ့ရှိသည်၊ အံ့ဖွယ် အိန္ဒိယပါပေ။

နိဂဏ္ဍ နာဋပုတ္တ Nigantha Nataputta ဂျိန Jain 
မဟာဝီရ Mahavira အမည်များ ရှိသော 
ဂျိန်းဘာသာခေါင်းဆောင် ဂျိန်းဘုရားသည် မလ္လတိုင်း ၊ 
ပါဝါမြို့တွင် သက္ကရာဇ်အတိအကျ မသိရပဲ ဗုဒ္ဓထက် 
စောစီးစွာပင် ကွယ်လွန်ဇာတ် သိမ်းခဲ့ကြောင်း သိရသည်။

(အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ ) ၏ 
“ဂျိန်းဘာသာဝင်များအကြောင်းသိကောင်းစရာ” မှ-)

Dhamma Dãna Source ► 
www.facebook.com/youngbuddhistassociation.mm

No comments:

Post a Comment