<*> အမှားနောက်မှာ ... အမှောက်နားမယ် <*>
{*} အမှားဆိုတာ ...
မောဟမကင်းသေးသူတိုင်းရဲ့.
ဘဝမှာ. ဖြစ်လေ့ဖြစ်ထရှိတဲ့ ...
သဘာဝတစ်ခုပါ. ၊၊
မောဟကင်းတယ်ပဲ ထားဦး.
အသိဉာဏ်. မပြည့်စုံရင် ...
ကျွမ်းကျင်မှု အားနည်းရင်လည်း.
မှားတတ်တာပါပဲ ၊၊
မောဟကင်းရုံမက ...
ပညာအရာမှာ အသာဆုံး.
အမြတ်ဆုံးဖြစ်တဲ့ ...
အရှင်သာရိပုတ္တရာ မထေရ်မြတ်ကြီးတောင်မှ ...
ရွှေပန်းတိမ်သည်သား.
တပည့် ရဟန်းတစ်ပါးကို ...
ကမ္မဋ္ဌာန်း အပေးမှားခဲ့ဖူးလို့.
တပည့်ရဟန်းခမျာ ...
စိတ်အဆင်းရဲကြီး. ဆင်းရဲပြီး.
လူထွက်ဖို့အထိ ...
စိတ်ဓာတ်ကျသွား.ခဲဖူးပါတယ် ၊၊
{*} လောကမှာ ...
အမှားလုံးဝ. ကင်းတာ.
ဘုရား နဲ့ ပစ္စေကဗုဒ္ဓါပဲ. ရှိပါတယ် ၊၊
မောဟဆိုတာကလည်း.
ဘုရား ရဟန္တာ ဖြစ်မှ ...
( အရဟတ္တမဂ် ရပြီးမှ )
ပယ်သတ်နိုင်တာဆိုတော့.
မောဟကို လုံးဝ မပယ်သတ်ရသေးတဲ့ ...
ပုထုဇဉ် လူသားတွေ အနေနဲ့.
အမှား တစ်ခုမဟုတ်. တစ်ခုကို. တစ်ချိန်မဟုတ်.
တစ်ချိန်မှာ.
ပြုမိနေကြမှာပါပဲ ၊၊
{*} လူတိုင်း လူတိုင်းမှာ ...
အမှားကိုယ်စီ ရှိကြပါတယ် ၊၊
တစ်ယောက်ရဲ့ အမှားနဲ့.
အခြားတစ်ယောက်ရဲ့. အမှားတော့ ... တူချင်မှ တူမှာပေါ့ .. ၊၊
တူညီတဲ့ အမှားတွေလည်း.
ရှိနိုင်သလို ...
မတူတဲ့ အမှားတွေလည်း
ရှိနိုင်ပါတယ်. ၊၊
ကိုယ့်အမှား နဲ့ သူ့အမှား.
မတူရင်သာ နေမယ် ...
ကိုယ့်မှာရော. သူ့မှာရော.
အမှားကတော့ ...
ရှိနေတာပါပဲ ၊၊
အမှား ချင်း မတူကြပေမယ့် ...
အမှားရှိ ချင်းကတော့ ...
တူကြပါတယ် ၊၊
အပြစ် ချင်း မတူကြပေမယ့်.
အပြစ်ရှိ ချင်း ကတော့ ...
တူကြပါတယ် ၊၊
{*} အမှားရှိချင်း အတူတူ.
သူတစ်ပါးရဲ့ အမှားကို ...
လက်ညိုးငေါက်ငေါက်ထိုးပြီး.
အပြစ် မပြောသင့်ပါဘူး. ၊၊
အပြစ်ရှိချင်း. အတူတူ ...
သူတစ်ပါး ရဲ့ အပြစ်ကို.
နှုတ်ခမ်းမဲ့မဲ့ ရွဲ့ပြီး ...
မကဲ့ရဲ့ သင့်ပါဘူး. ၊၊
အမှားရှိချင်း အတူတူ. သူတစ်ပါးရဲ့ အမှားကို ...
နားလည် စာနာပေးသင့်ပါတယ် ၊၊ အပြစ်ရှိချင်း. အတူတူ.
သူတစ်ပါး ရဲ့ အပြစ်ကို ...
ခွင့်လွတ်သည်းခံ. ပေးသင့်ပါတယ် ၊၊
{*} ကိုယ့်မှာ. နားလည်စာနာမှု
ခွင့်လွတ်သည်းခံမှု ...
ရှိတယ်. မရှိဘူး. ..
ရှီရင်လည်း. ဘယ်လောက်အတိုင်းအတာထိ
မြင့်မားတယ်. မမြင့်မားဘူးဆိုတာကို.
သူတစ်ပါး ရဲ့ အမှား. သူတစ်ပါးရဲ့ အပြစ်တွေ နဲ့ ...
လက်တွေ့စမ်းသပ် ကြည့်နိုင်ပါတယ်. ၊၊
{*} သူတစ်ပါးရဲ့ အမှား.
သူတစ်ပါး ရဲ့ အပြစ်တွေကို.
ထိပ်တိုက်မြင်တွေ့ ...
ကြားသိရတဲ့ အခါ.
ကိုယ်ဘယ်လို. တုန့်ပြန်သလဲ.
ကိုယ်ဘယ်လို စိတ်ထားသလဲ.
ဆိုတာ ကို ...
သတိပြု လေ့လာကြည့်ရင် ...
ကိုယ့်ရဲ့ နားလည်စာနာမှုစွမ်းရည်.
ခွင့်လွှတ်သည်းခံမှုစွမ်းရည် ...
အဆင့်အတန်းကို.
အမှန်အတိုင်း သိနိုင်မှာပါ. ၊၊
{*} ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော. အပြစ်ကင်းစင်သူလို့ ...
အာမခံနိုင်တဲ့သူ.
ဘယ်သူများ. ရှိလို့လဲ.
ထပ်တူအပြစ်မျိုး.
ကိုယ့်မှာ မရှိတာနဲ့ပဲ ...
သူတစ်ပါး ရဲ့ အပြစ်ကို. လက်ညိုးထိုး. မေးငေါ့ပြီး.
” ငါသာဆို. ဒီလိုမလုပ်ဘူး. ငါသာ သူ့နေရာမှာဆို.
ဒီလိုလုပ်မယ် " နဲ့ ...
ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်ဝေဖန်နေတာဟာ ...
ကိုယ့်ကိုယ်ကိုယ်.
လုံးဝ. အပြစ်ကင်းစင်သူလို့ ...
အထင်ရောက်.
ဘဝင်မောက်နေတာပါပဲ. ၊၊
{*} ကိုယ့်အမှား. ကိုယ့်အပြစ်ကို
သူတစ်ပါးက. နားလည်ပေးရင်.
ခွင့်လွှတ်ရင်.
ကိုယ်ဘယ်လောက်.
စိတ်ချမ်းသာသလဲ ...
သူ့အမှား. သူ့အပြစ်ကို.
ကိုယ်က နားလည် ပေးမယ်
ခွင့်လွှတ်မယ် ဆိုရင်လည်း. ...
သူဘယ်လောက်. စိတ်ချမ်းသာသွားမလဲ ... ၊၊
ကိုယ်ချင်းစာတရားသာ.
လက်ကိုင်ထားမယ်ဆိုရင်.
ဘယ်သူ့အပေါ်မှာမှ ...
နားလည် မပေးနိုင်စရာ.
ခွင့်မလွှတ်နိုင်စရာ.
မရှိတော့ပါဘူး. ၊၊
{*} နားလည်မှု နဲ့
ခွင့်လွှတ်မှု ဆိုတာ ...
ကိုယ်ချင်းစာတရား. အားကောင်း သူ တွေရဲ့.
နှစ်သက်မြတ်နိုးဖွယ်ရာ...
အဖိုးတန် ရတနာတွပါပဲ. ၊၊
~*~ အရှင်ဆန္ဒာဓိက. ~*~
( ရွှေပါရမီ တောရ )
<> Donated. By -
Ukyaw Kyawsoe .
အမှားကိုယ်စီ ရှိကြပါတယ် ၊၊
တစ်ယောက်ရဲ့ အမှားနဲ့.
အခြားတစ်ယောက်ရဲ့. အမှားတော့ ... တူချင်မှ တူမှာပေါ့ .. ၊၊
တူညီတဲ့ အမှားတွေလည်း.
ရှိနိုင်သလို ...
မတူတဲ့ အမှားတွေလည်း
ရှိနိုင်ပါတယ်. ၊၊
ကိုယ့်အမှား နဲ့ သူ့အမှား.
မတူရင်သာ နေမယ် ...
ကိုယ့်မှာရော. သူ့မှာရော.
အမှားကတော့ ...
ရှိနေတာပါပဲ ၊၊
အမှား ချင်း မတူကြပေမယ့် ...
အမှားရှိ ချင်းကတော့ ...
တူကြပါတယ် ၊၊
အပြစ် ချင်း မတူကြပေမယ့်.
အပြစ်ရှိ ချင်း ကတော့ ...
တူကြပါတယ် ၊၊
{*} အမှားရှိချင်း အတူတူ.
သူတစ်ပါးရဲ့ အမှားကို ...
လက်ညိုးငေါက်ငေါက်ထိုးပြီး.
အပြစ် မပြောသင့်ပါဘူး. ၊၊
အပြစ်ရှိချင်း. အတူတူ ...
သူတစ်ပါး ရဲ့ အပြစ်ကို.
နှုတ်ခမ်းမဲ့မဲ့ ရွဲ့ပြီး ...
မကဲ့ရဲ့ သင့်ပါဘူး. ၊၊
အမှားရှိချင်း အတူတူ. သူတစ်ပါးရဲ့ အမှားကို ...
နားလည် စာနာပေးသင့်ပါတယ် ၊၊ အပြစ်ရှိချင်း. အတူတူ.
သူတစ်ပါး ရဲ့ အပြစ်ကို ...
ခွင့်လွတ်သည်းခံ. ပေးသင့်ပါတယ် ၊၊
{*} ကိုယ့်မှာ. နားလည်စာနာမှု
ခွင့်လွတ်သည်းခံမှု ...
ရှိတယ်. မရှိဘူး. ..
ရှီရင်လည်း. ဘယ်လောက်အတိုင်းအတာထိ
မြင့်မားတယ်. မမြင့်မားဘူးဆိုတာကို.
သူတစ်ပါး ရဲ့ အမှား. သူတစ်ပါးရဲ့ အပြစ်တွေ နဲ့ ...
လက်တွေ့စမ်းသပ် ကြည့်နိုင်ပါတယ်. ၊၊
{*} သူတစ်ပါးရဲ့ အမှား.
သူတစ်ပါး ရဲ့ အပြစ်တွေကို.
ထိပ်တိုက်မြင်တွေ့ ...
ကြားသိရတဲ့ အခါ.
ကိုယ်ဘယ်လို. တုန့်ပြန်သလဲ.
ကိုယ်ဘယ်လို စိတ်ထားသလဲ.
ဆိုတာ ကို ...
သတိပြု လေ့လာကြည့်ရင် ...
ကိုယ့်ရဲ့ နားလည်စာနာမှုစွမ်းရည်.
ခွင့်လွှတ်သည်းခံမှုစွမ်းရည် ...
အဆင့်အတန်းကို.
အမှန်အတိုင်း သိနိုင်မှာပါ. ၊၊
{*} ကိုယ့်ကိုယ်ကိုယ် စင်းလုံးချော. အပြစ်ကင်းစင်သူလို့ ...
အာမခံနိုင်တဲ့သူ.
ဘယ်သူများ. ရှိလို့လဲ.
ထပ်တူအပြစ်မျိုး.
ကိုယ့်မှာ မရှိတာနဲ့ပဲ ...
သူတစ်ပါး ရဲ့ အပြစ်ကို. လက်ညိုးထိုး. မေးငေါ့ပြီး.
” ငါသာဆို. ဒီလိုမလုပ်ဘူး. ငါသာ သူ့နေရာမှာဆို.
ဒီလိုလုပ်မယ် " နဲ့ ...
ကဲ့ရဲ့ရှုတ်ချ ပုတ်ခတ်ဝေဖန်နေတာဟာ ...
ကိုယ့်ကိုယ်ကိုယ်.
လုံးဝ. အပြစ်ကင်းစင်သူလို့ ...
အထင်ရောက်.
ဘဝင်မောက်နေတာပါပဲ. ၊၊
{*} ကိုယ့်အမှား. ကိုယ့်အပြစ်ကို
သူတစ်ပါးက. နားလည်ပေးရင်.
ခွင့်လွှတ်ရင်.
ကိုယ်ဘယ်လောက်.
စိတ်ချမ်းသာသလဲ ...
သူ့အမှား. သူ့အပြစ်ကို.
ကိုယ်က နားလည် ပေးမယ်
ခွင့်လွှတ်မယ် ဆိုရင်လည်း. ...
သူဘယ်လောက်. စိတ်ချမ်းသာသွားမလဲ ... ၊၊
ကိုယ်ချင်းစာတရားသာ.
လက်ကိုင်ထားမယ်ဆိုရင်.
ဘယ်သူ့အပေါ်မှာမှ ...
နားလည် မပေးနိုင်စရာ.
ခွင့်မလွှတ်နိုင်စရာ.
မရှိတော့ပါဘူး. ၊၊
{*} နားလည်မှု နဲ့
ခွင့်လွှတ်မှု ဆိုတာ ...
ကိုယ်ချင်းစာတရား. အားကောင်း သူ တွေရဲ့.
နှစ်သက်မြတ်နိုးဖွယ်ရာ...
အဖိုးတန် ရတနာတွပါပဲ. ၊၊
~*~ အရှင်ဆန္ဒာဓိက. ~*~
( ရွှေပါရမီ တောရ )
<> Donated. By -
Ukyaw Kyawsoe .
No comments:
Post a Comment