/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 2, 2014

မြတ်ဗုဒ္ဓသိထားတဲ့ တလောကလုံးအတွက် အမြဲတမ်း မှန်နေသော သဘာဝ အရှိတရား။


    
   ကမ္ဘာပေါ်မှာ ဘာသာအယူဝါဒပေါင်း မြောက်များစွာရှိပါတယ်။ အဲဒီ အယူဝါဒတွေဟာဆိုင်ရာဆိုင်ရာအယူဝါဒ ခေါင်းဆောင်တွေ
 ပေါ်ထွန်းလာမှသာ ဖြစ်ပေါ်လာကြတာပါ။
ဒါပေမဲ့ ဗုဒ္ဓရှင်တော်မြတ် သိတဲ့တရား၊ ဟောညွှန်ပြတဲ့ တရားဟာ အမြဲတမ်းမှန်ကန်နေတဲ့ သဘာဝတရား ဖြစ်ပါတယ်။ တကယ်လို့ သာ ဗုဒ္ဓရဲ့  တီထွင်ထားတဲ့ တရားဆိုရင် ဗုဒ္ဓပေါ်ထွန်းလာမှပဲ ဒီတရား ပေါ်ထွန်းလာရမယ်။ ဗုဒ္ဓ မပေါ်ထွန်းရင်၊ ဒီတရား မရှိရဘူး၊ ဒီ သဘာဝ တရားကအမြဲတမ်း ရှိနေတာပါ။ တလောကလုံးအတွက် အမြဲတမ်း မှန်ကန်နေတဲ့ သဘာဝ တရားပါ။

      ဗုဒ္ဓဘုရား အလောင်းတော်ဟာ ကပိလ၀တ်ပြည် သုဒ္ဓေါဓန မင်းမြတ်နှင့် မိဖုရားကြီးဖြစ်တဲ့ မဟာမာယာဒေ၀ီတို့ ၏ သားတော် ဖြစ်ပါတယ်။ (၁၆) နှစ် အရွယ်ရောက်သောအခါ ဒေ၀ဒဟပြည့်ရှင်၏ သမီးတော် ယသော်ဓရာဒေ၀ီနှင့် လက်ထပ်ပြီးလျှင် မင်းသမီးပေါင်း လေးသောင်း အခြွေအရံ များနှင့်တကွ၊ ကြီးကျယ်သော မင်းစည်းစိမ်ကို ခံစားတော် မူခဲ့ပါတယ်။


အဲဒီလို ကာမဂုဏ် အာရုံများဖြင့် ပျော်မွေ့ နေစဉ် သူအို၊ သူနာ၊ သူသေ၊ ရဟန်းစတဲ့ သံဝေဂရစရာတွေတွေ့ မြင်ပြီးဒီကာမဂုဏ်တွေကို သိမ်းပိုက်နေတာ မတော်ဘူးလို့  ဆင်ခြင်မိပါတယ်။မိမိကိုယ်တိုင်က အိုတတ်၊ နာတတ်၊ သေတတ်သောသဘော ရှိတဲ့အတွက် မအို၊ မနာ၊ မသေမပျက်တတ်တဲ့ တရားကို ရှာကြံဖို့  ဆုံးဖြတ်လိုက်ပါတယ်။


      လူသားဖြစ်တဲ့ ဗုဒ္ဓဟာ အခုရှိတဲ့ လူသားတွေနဲ့  အတူတူပါ၊ ဒီ သဘာဝ အမှန်ကို ဗုဒ္ဓကအကျင့်တရား  အမှန်နဲ့ ပထမဆုံး တွေ့  ရှိ့တာဟာ (ဘ၀အဆက်ဆက် ပါရမီ) သူများထက်ဉာဏ်ထူးချွန်ထက်မြက်မှု၊ လုံလ ၀ီရိယ ကြိုးစားအားထုတ်မှု၊စိတ်ဓါတ်အင်အားကြီးမားမှု၊တို့ ကြောင့်ဖြစ်ပါတယ်။


      မြတ်ဗုဒ္ဓ သိထားတဲ့ သဘာဝဖြစ်စဉ်ကြီး နှစ်ရပ်ရှိပါတယ်။ (၁)ရုပ်ဖြစ်စဉ်ခေါ်တဲ့ သဘာဝကြီး ဖြစ်စဉ်တစ်ရပ်၊ (၂) နာမ်ဖြစ်စဉ်ခေါ်တဲ့ သဘာဝဖြစ်စဉ်ကြီး တစ်ရပ်တို့  ဖြစ်ကြတယ်။


အဲဒီတရားကို အကျင့်မှန် လမ်းမှန် မသိတဲ့သူက မတွေ့ ပါ။ ဗုဒ္ဓ အလောင်းတော် သိဒ္ဓတ္ထကတော့ အကျင့်မှန် လမ်းမှန်ကို ကျင့်တဲ့အတွက် ဒီသဘာဝ အမှန်ကို ရှင်းရှင်းလင်းလင်းကြီးတွေ့ ၊ သိ၊ မြင်သွားပါတယ်။ တွေ့ လိုက်တာနဲ့  တစ်ပြိုင်နက် သူ့ သန္တာန်က လောဘ၊ ဒေါသ၊မောဟ ငြိမ်းသွားပါတယ်။ အဲဒီ ကိလေသာတွေ ငြိမ်းသွားတော့ ဆင်းရဲ ငြိမ်းသွားပါတယ်။


      ဒီသဘာဝရဲ့  တရားကို ဗုဒ္ဓလို နည်းမှန်လမ်းမှန်နဲ့  ကျင့်ကြံတဲ့ ပုဂ္ဂိုလ်တိုင်း သိမြင်နိုင်ပါတယ်။ ဟိန္ဒူ ဗြာဟ္မဏတွေရော နည်းမှန်လမ်းမှန်အတိုင်း ကျင့်ကြံရင် သိ၊ မြင် နိုင်ပါတယ်။


မူဆလင်တွေ နည်းမှန်လမ်းမှန် ကျင့်ကြံရင် သိနိုင်ပါတယ်၊ ခရစ်ယာန်တွေ ကျင့်ကြံရင်လည်းသိနိုင်ပါတယ်။ ဒီသဘာဝတရားကို မြတ်ဗုဒ္ဓ ပိုင်တဲ့တရား မဟုတ်ပါ။ သဘာဝကပဲ ပိုင်ပါတယ်။သို့ သော် ဗုဒ္ဓရှင်တော်မြတ်က စတင် တွေ့ ရှိတာဖြစ်လို့  စတင်တွေ့ ရှိတဲ့ ပုဂ္ဂိုလ်ကို အစွဲပြုပြီးဗုဒ္ဓတရားတော်လို့  ခေါ်ကြတာပါ။ 


ဗုဒ္ဓမြတ်စွာဟာ နတ်လဲမဟုတ်၊ ဗြဟ္မာလဲမဟုတ်၊ လူသားစင်စစ် ဘုရားပါ။ ဒီဗုဒ္ဓ တရားတော်များကို လူသားအားလုံး ကျင့်နိုင်၊ သိနိုင်မှ အကျိုးရှိမယ်။ဘယ်လို အယူဝါဒမျိုးပဲ ယူနေယူနေ ဒီအကျင့်လမ်းကို အကျင့်မှန်၊ နည်းလမ်းမှန်နဲ့  ကျင့်ရင် သိနိုင် ရနိုင်ပါတယ်။

      မန္တလေးကနေပြီး ရန်ကုန်ကိုသွားတဲ့ မီးရထားကို စီးသွားမယ်ဆိုရင် လမ်းဆုံးတာနဲ့  ရန်
ကုန်ဘူတာ ဆိုက်ရောက်မှာပါ။ တရုတ်စီးရင်လဲ ရောက်မှာပါ။ ကုလားစီးရင်လဲ ရောက်မှာပါ။
မြန်မာစီးရင်လဲ ရောက်မှာပါ။ ရန်ကုန်ကိုသွားတဲ့ မီးရထားကိုသာ မှန်အောင်တက်စီး ရောက်
မှာကတော့ ရန်ကုန်ပါ။ ဒါကြောင့် ဗုဒ္ဓရဲ့ ကျင့်နည်းမှန်ဖြင့် လိုရာခရီး ရောက်နိုင်ကြပါစေ။ ။
{ချမ်းမြေ့ ဆရာတော်၏ ဆင်းရဲငြိမ်းအေး ချမ်းသာရေး တရားတော်ကို ကိုးကားရေးသာ  ပူဇော်ပါသည်။}
      (မှားယွင်းမှုများရှိသော် အစဉ်သနားသောအားဖြင့် သည်းခံခွင့်လွှတ်ပေးပါရန်  ဦးခိုက်လျှောက်ထားပါသည် ဆရာတော်အရှင်သူမြတ်ဘုရား)

 http://www.damanady.tk/ (ဓမ္မနဒီ)တွင်လည်း ဖတ်ရှုနိုင်ပါသည်။

No comments:

Post a Comment