မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, February 14, 2014
"ကိုယ့်စိတ်ကိုယ်စစ်"
"ကိုယ့်စိတ်ကိုယ်စစ်"
လူတွေရဲ့ တစ်ကိုယ်ကောင်း
ဆန်မှုကို ပြစ်တင်ကဲ့ရဲ့ပြီး
အကုသိုလ်ပွားမနေတော့ဘဲ အဲ့ဒီ
တစ်ကိုယ်ကောင်းဆန်မှုကိုပဲ သံဝေဂ
ဥာဏ်ရဲ့ အာရုံအဖြစ် စနစ်တကျ
အသုံးချလိုက်တာဟာ ပညာရှိသူ
တော်ကောင်းတွေရဲ့ နှလုံးသွင်းမှန်
မှု (ယောနိသောမနသိကာရ)ပါပဲ။
~~~~~~~~~~~~~~~~~~
တစ်ခါတုန်းက ဗာရာဏသီ
ပြည့်ရှင် မင်းကြီးတပါးမှာ အင်မ
တန်ပြင်းထန်တဲ့ အနာရောဂါတစ်
ခုစွဲကပ်ခဲ့တယ်။ အိပ်ယာထဲဗုန်း
ဗုန်းလဲတဲ့အဆင့်ရောက်တယ်။
မင်းကြီးအဲ့ဒီလို မကျန်းမာချိန်
မှာ နန်းတော်ထဲက အမတ်ကြီးများ
ဟာတိုင်းတပါးကို ထွက်ခွာကာ
တိုင်းတစ်ပါး ရှင်ဘုရင်ဆီမှာဆည်း
ကပ်ခစားကြ အလုပ်အကျွေးပြုကြ
တယ်။
အဲ့ဒီတော့ မင်းကြီးကကျန်းမာ
ကောင်းမွန်လာတဲ့အချိန်မှာအမတ်
ကြီးများကို မတွေ့တော့မေးတယ်။
နန်းတော်ထဲမှ ပုဂ္ဂိုလ်များက အ
ကြောင်းအကျိုးလျှောက်တင်လေ
တော့ ဗာရာဏသီမင်းကြီးက စဉ်း
စားတယ်။
မင်းကြီးက ဥာဏ်ပညာကြီး
မားထက်မြက်တဲ့ ပုဂ္ဂိုလ်။အသိနက်
နဲတဲ့ပုဂ္ဂိုလ် ဖြစ်လေတော့ အပြော
အဆို အပြုအမူလောက်တွင်မရပ်
ဘဲစိတ်အထိရောက်အောင် သွား
တယ်။ အပြင်ဘက်က အပြုအမူ
ကိုကြည့်ပြီး စိတ်ကိုထွင်းဖောက်
သုံးသပ်ရင်း
"သြော်… ဒီပုဂ္ဂိုလ်များဟာ မေ
တ္တာတရားကင်းမဲ့လိုက်တာ"
"မေတ္တာဆိုတာ ••'မိတ္တေ +
ဘဝါ = မေတ္တာ'•• ဆိုတဲ့အတိုင်း
မိတ်ဆွေမှာ ဖြစ်တတ်တဲ့သဘော
ကိုမေတ္တာ ဆိုတဲ့အတွက် 'မေတ္တာ
တရားရှိတဲ့ ပုဂ္ဂိုလ်။ မေတ္တာတရား
ပြည့်စုံတဲ့ပုဂ္ဂိုလ်' လို့ဆိုလိုပါတယ်။
အဲ့ဒီအမတ်များဟာ တိုင်းတစ်
ပါးမှာ မျှော်လင့်ထားသလို အကျိုး
မဖြစ်တော့ မင်းကြီးကျန်းမာရေး
ကောင်းပြီဆိုရော တိုင်းပြည်ကို
ပြန်လာကြတယ်။
ဒီတော့မင်းကြီးက "ပုထုဇဉ်မို့
တစ်ခါတရံဖြစ်မှာပါ။ သူတို့စိတ်ကို
စမ်းသပ်ကြည့်ဦးမယ်'' လို့ဆုံးဖြတ်
လိုက်တယ်။
နောက်တစ်ကြိမ်မှာ အနာရော
ဂါဖြစ်ဟန်ဆောင်ကာ သုံးကြိမ်တိုင်
တိုင်စမ်းသပ်စစ်ဆေးတော့ ရှေးက
အတိုင်း မင်းကြီးကိုစွန့်ခွာလိုက်
ပြန်ခစားလိုက် ချည်းဖြစ်နေတယ်။
လေးကြိမ်မြောက်အမတ်ကြီး
တွေပြန်လာချိန်မှာတော့
••ဒီလိုစိတ်ထားရှိသူတွေနဲ့ ဝေး
ရာကို စွန့်ခွာလည်း ဒီနေရာက စွန့်
ခွာ ဟိုနေရာမှာလည်း ဒီလိုလူ
ပုဂ္ဂိုလ် တွေကို တွေ့ချင်တွေ့နေရဦး
မယ် ။ ဟိုနေရာက တွေ့လို့ တခြား
တစ်နေရာကို စွန့်ခွာ ဒီလိုစိတ်ထား
ရှိသူနဲ့ တွေ့နေရဦးမှာ။ ဒီတော့ ဒီ
လိုမကောင်းတဲ့ စိတ်ရှိတဲ့ပုဂ္ဂိုလ်
တွေနဲ့ ဝေးရာကိုနေခြင်းဟာ သေ
ချာတဲ့ကိစ္စ မဟုတ်ဘူး"
"အသေချာဆုံးကတော့ ဘဝ
ချုပ်ငြိမ်းအောင် ဘဝဇာတ် ခန္ဓာ
ဇာတ် အမြစ်ပြတ်သွားပြီဆိုရင်
တော့ ဒီလိုမကောင်းတဲ့သဘောတ
ရားတွေ လုံးဝကင်းရှင်းသွားပြီ။ ဒီ
လိုပုဂ္ဂိုလ်တွေနဲ့ လုံးဝဝေးသွားပြီ။
ဘဝဇာတ် ခန္ဓာဇာတ်အမြစ်
ပြတ်အောင် ဝိပဿနာအလုပ်ကို
အားထုတ်တော့မှပဲ"••
လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ဆုံးဖြတ်ချက်ချပြီးပြီးချင်း သ
လွန်ညောင်စောင်းပေါ် လဲလျောင်း
ရင်းနဲ့ ရှုမှတ်လိုက်တာ မကြာခင်
အာသဝေါကုန်ခမ်းရဟန္တာဖြစ်သွား
ပါတယ်။
အရဟတ္တမဂ်နဲ့အတူ ''ပစ္စေက
ဗောဓိဥာဏ် " ပါ ယှဉ်တွဲပြီးဖြစ်တဲ့
အတွက် " ပစ္စေကဗုဒ္ဓါ" အရှင်မြတ်
ကြီးတစ်ဆူဖြစ်တော်မူသွားပါတယ်
သူများစိတ်ကို ကိုယ်စစ်ရင်းနဲ့ အ
မြတ်ထုတ်သွားတဲ့ သာဓကပါပဲ။
*****-*-*-*-*-*-*-*-*****
••အရှင်ဆန္ဒာဓိက
(ရွှေပါရမီ တောရ)
**ကိုယ့်စိတ်ကိုယ်စစ်တရားတော်'' မှ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment