/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Wednesday, February 5, 2014

**** အနတ္တဝါဒ အပိုင်း(၈) ****

Photo: အနတ္တဝါဒ
-----------
အပိုင်း(၈)

အတ္တဝါဒကို ယခုခေတ် စိတ်ပညာရှင်တို့ကသာ ပယ်ကြသည်မဟုတ်။ သိပ္ပံပညာရှင်နှင့် ဒဿနိကပညာရှင်တို့ကလည်း ပယ်ကြ၏။ သိပ္ပံပညာကျော် ဟတ်စလီသည် အနတ္တတရားဟောသော ဗုဒ္ဓအား အောက်ပါအတိုင်း ချီးကျူး၏။   ။ နာမ်ဝိညာဉ်၏ နောက်ကွယ်၌ အမာခံ အတ္တမရှိကြောင်း ကျွန်ုပ်တို့ ကောင်းစွာပြနိုင်၏။ ဗာကလေသည် ဤအချက်ကို မသိမြင်ခဲ့ချေ။ ဤနေရာ၌ ဂေါတမဗုဒ္ဓသည် ယခုခေတ်၌ ထင်ရှားဆုံး ဝိညာဏဝါဒီ အသိပညာရှင်ကြီးထက် ပို၍နက်နဲစွာ သိမြင်ခဲ့၏။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ကို တသီးတခြား တည်ရှိသော အတ္တဝိညာဉ်က ဦးဆောင်သည် ဆိုသောအယူကို လက်မခံနိုင်တော့ချေ။ ထိုအယူသည် စွမ်းအင်၏ တည်မြဲမှု နိယာမတရားနှင့် ဆန့်ကျင်၏။ သို့ရာတွင် ထိုသို့ တိကျသေချာသော နိယာမတရားနှင့် ဆန့်ကျင်မှုကြောင့်သာလျှင် ထိုအယူကို ပယ်အပ်သည်မဟုတ် ထိုအယူကို ပယ်အပ်ခြင်းမှာ ကျွန်ုပ်တို့ မြင်တွေ့နေရသော ဒိဋ္ဌဓမ္မများနှင့် မကိုက်ညီသောကြောင့်ဖြစ်၏။ ဘာထရန်ရပ်ဆယ်နှင့် အခြားဥရောပ ဒဿနိက ပညာရှင်တို့၏ ရေးသားချက်မှာ။  ။ ပရမတ္ထအားဖြင့် ကျွန်ုပ် ဟာမင်းကီဇာလင်းသည် လုံးဝမရှိ။ ကျွန်ုပ်၌ သင်္ခါရ အနိစ္စတရား မဟုတ်သောအရာ ဘာမျှမရှိ။ အသင်္ခတဓာတ် နိစ္စဓာတ်အဖြစ် ဘာကိုမျှ ညွန်ပြ၍မရအပ်။ကျွန်ုပ်၏အတ္တ ကျွန်ုပ်၏ကိုယ်ဟူ၍ မှတ်ယူရသောအရာသည်ကား တစ်ခဏအတွင်း ဖြစ်ပေါ်လာ၍ ချုပ်ပျောက်သွားသော  ဓမ္မာရုံများသာဖြစ်၏။   ။ ဒက်စကားတီးက ငါကြံစည်သည်။ သို့ဖြစ်၍ ငါရှိသည် (ဝါ) ငါသည်ကြံစည်သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆို၏။ မိမိသည် မည်သည့်အရာဖြစ်ကြောင်း ဖော်ပြရာ၌ ပြောင်းလဲနေသော နာမ်ရုပ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်သည်ဟု ဆိုခြင်းသည်ပင် အသင့်မြတ်ဆုံး အမှန်ကန်ဆုံးစကား မဟုတ်ချေ။ ပြောင်းလဲနေသော ရုပ်နာမ်ဖြစ်သည်ဟုသာ ဆိုသင့်၏။ ဒက်စကားတီးသည် စိတ်အစဉ်မျှသာဖြစ်၍ ထိုစိတ်အစဉ်ကို သူ၏ နာမ်တရားဟု ခေါ်ဆိုနိုင်၏။ သို့ရာတွင် နယူးယောက်မြို့၏ လူဦးရေသည် နယူးယောက်မြို့သူမြို့သားများကို ကြဉ်၍ိံတသီးတခြားမရှိသည့်နည်းတူ ဒက်စကားတီး၏ နာမ်တရားသည်လည်း တသီးတခြားမရှိ။ သို့ဖြစ်ရကား ဒက်စကားတီးသည် ကြံစည်သည်ဟု မဆိုဘဲ ယုံကြည်ခြင်း ပြန်လည်မှတ်မိခြင်း အလိုရှိခြင်း စသည်တို့ ပါဝင်သော စိတ်အစဉ်ဖြစ်သည်ဟု ဆိုသင့်ပေ၏။အနတ္တတရားကို လက်ခံယုံကြည်သော အနောက်နိုင်ငံ ပညာရှင်တို့၏ စကားများကို စုံစုံစေ့စေ့ ဖော်ပြရမည်ဆိုသော် ဆုံးနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ပညာရှင်နှစ်ဦး၏ ရေးသားချက်မှာ အထူးမှတ်သားဖွယ်ကောင်း၍ ဖော်ပြပါဦးအံ့။

ပထမပညာရှင်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီက များစွာထင်ရှားသော နာမည်ကျော် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲဖြစ်၏။ အိပ်ခ်ျဂျီဝဲသည် ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်သတ္တဝါမရှိပုံကို အောက်ပါအတိုင်း ရေးသားခဲ့၏။ 

ကျွန်ုပ်တို့သည် ဘယ်အရာကို ပုဂ္ဂိုလ်သတ္တဝါဟူ၍ ခေါ်ဆိုအပ်ပါသနည်း။ ပုဂ္ဂိုလ်သတ္တဝါမည်သည် တသီးတခြား ပေါက်ဖွား၍ ခန္ဓာကိုယ် ပျက်စီးသည်အထိ လောက၌ တသီးတခြား အထင်အရှား ရပ်တည်နေသော သတ္တဝါဖြစ်သည်ဟု လူအများယူဆကြ၏။ သို့ရာတွင် ယခုခေတ် သတ္တဗေဒနှင့် စိတ္တဗေဒပညာများကို ကျွန်ုပ်တို့ လေ့လာသောအခါ ပုဂ္ဂိုလိသတ္တဝါ၏ သီးခြားတည်ရှိမှု (အတ္တဘာဝ)ကို သံသယဖြစ်ဖွယ် အချက်များကို တွေ့ရ၏။ ဥပမာ အပင်များသည် တသီးတခြားစီ ပေါက်ဖွားနေကြဟန် ရှိသော်လည်း တသီးပုဂ္ဂလဖြစ်နေခြင်းကို များစွာသော အပင်များ၌ မတွေ့ရချေ။ အပင်တစ်ပင်မှ အခြားပင်များပွားလာအောင် ပြုလုပ်နိုင်၏။ မျိုးမတူသော အပင်နှစ်ပင်ကို ကိုင်းဆက်ကူးခြင်းဖြင့် အပင်သစ်တစ်ခု ဖန်တီးနိုင်၏။ အချို့သောပိုးမွှားများသည် နှစ်ကောင်ပူးပေါင်း၍ တစ်ကောင်တည်းဖြစ်လာ၏။ တစ်ကောင်မှ နှစ်ကောင် သို့မဟုတ် ထိုထက်များပြားသော အကောင်များပွားလာနိုင်၏။ အချို့မှာ အကောင်ပွားလာသော်လည်း အကောင်ပွားများနှင့် မကွဲဘဲ ပူးတွဲနေကြ၏။ စင်စစ် ထိုအဖြစ်မျိုးကို သိုး ကြောင် ခွေးနှင့် လူတို့၌ပင် တစ်ခါတရံတွေ့ရ၏။ ဥပမာ ဦးခေါင်းနှစ်ခုနှင့် ကိုယ်တစ်ခု သို့မဟုတ် ကိုယ်နှစ်ခုနှင့် ဦးခေါင်းတစ်ခုရှိသော နို့စို့ကလေးများကို တသီးပုဂ္ဂလအဖြစ် မည်သို့ မှတ်ယူနိုင်ပါမည်နည်း။ ထို့အပြင် လူသည် မွေးသည်မှ သေသည်အထိ ဘယ်အခါမျှ ထီးတည်း ရပ်တည်နေသည် မဟုတ်ချေ။ လူ၏ ကိုယ်ခန္ဓာထဲ၌ အလွန်သေးငယ်မှုန်မွားသော ပိုးတို့သည် အသင်္ချေအနန္တရှိကြ၏။ ယင်းတို့သည် ရောဂါပိုးများကို ဖျက်ဆီးခြင်း အစာကိုသယ်ယူခြင်းစသော မြောက်မြားလှစွာသော လုပ်ငန်းများကို ဆောင်ရွက်ကြ၏။ နိုင်ငံများသည် ကုဋေကုဋာ များပြားလှသော လူသတ္တဝါတို့ စုပေါင်းထားခြင်း ဖြစ်သည့်နည်းတူ လူသည်လည်း ကုဋေကုဋာ များပြားသော ထိုပိုးများ စုပေါင်းထားခြင်း ဖြစ်၏။ စိတ်ပညာ၌ အတ္တဘာဝကို မယုံကြည်နိုင်စရာ အချက်များကို တွေ့ရ၏။ လူတစ်ကိုယ်တည်း၌ စိတ်သည် နှစ်ခြမ်းကွဲ၍ တစ်ခြမ်းနှင့်တစ်ခြမ်း ပဋိပက္ခဖြစ်နေတတ်၏။ စာရေးဆရာ အာရ်အယ်စတီဗင်ဆင်၏ ဒေါက်တာဂျီကော့နှင့် မစ္စတာဟိုက် ဝတ္ထု၌ ဇာတ်ကောင်သည် တခါတရံ လူဆိုးဖြစ်၍ တစ်ခါတရံ လူကောင်းဖြစ်လာ၏။ ထိုသို့ စိတ်နှစ်ခြမ်းကွဲမှုကို လူတို့တွင် အိပ်မွေ့ချထားသောအခါနှင့် စိတ္တဇရောဂါ စွဲကပ်နေသောအခါ၌ တွေ့ရ၏။ အကြောင်းတစ်ခုခုကြောင့် အတိတ်ဘဝကို လုံးဝမေ့သွားသော သူများသည်လည်း လူတစ်ကိုယ်စိတ်နှစ်မျိုး အဖြစ်မျိုးကြုံရတတ်၏။ ဤအချက်များကြောင့် ကျွန်ုပ် အိပ်ခိဂျီဝဲသည် လူအများထင်မြင်သကဲ့သို့ တသီးတခြား ပုဂ္ဂိုလ်သတ္တဝါအားဖြင့် ဧကန်ထင်ရှားရှိပါ၏လောဟု ကျွန်ုပ် သံသယဖြစ်မိ၏။ ကျွန်ုပ်တို့၏ အတ္တစွဲသည် ပဋိသန္ဓေကပါလာသော အစွဲဖြစ်၍ အသိအမြင် ရင့်ကျက်လာသောအခါ၌ ထိုအစွဲမှ လွတ်မြောက်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အသိပညာ တိုးပွားရင့်ကျင့်လာသောအခါ ကျွန်ုပ်တို့သည် အတ္တဒိဋ္ဌိ အရင်းခံသော အလိုဆန္ဒအားလုံးမှာ နောက်ဆုံး၌ အိုမှုနာမှု သေမှုတွင် အဆုံးသတ်၍ အချည်းအနှီး ဖြစ်ရမည်ဖြစ်ကြောင်း ကောင်းစွာ သိမြင်လာကြမည် အမှန်ဖြစ်၏။ အိပ်ခ်ျဂျီဝဲကဲ့သို့ အနတ္တတရားကို သိမြင်နားလည်သော ဥရောပပုဂ္ဂိုလ်ကျော်မှာ ဂျာမန်ပညာရှင် ဂိုထေး ဖြစ်၏။ ဂိုထေးသည် ကဗျာဆရာ ဒဿနိကဆရာ နိုင်ငံရေးသုခမိန်စသည်ဖြင့် ကမ္ဘာ့ဥာဏ်ကြီးရှင် စွယ်စုံပညာရှင်အဖြစ် ကျော်ကြား၏။ အမေရိကန် ဗုဒ္ဓကျမ်းပြုဆရာ ဒေါက်တာပေါလ်ကရပ်သည် ဂိုထေးမှာ ဗုဒ္ဓတရားကို မကြားဖူးသော်လည်း ဗုဒ္ဓဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေပုံ သူ၏ အတွေးအခေါ်များတွင် အနတ္တတရား ထင်ဟပ်နေပုံများကို ဖော်ပြခဲ့၏။ သူထောက်ပြသော ဂိုထေး၏ ကဗျာများအလိုအားဖြင့်  ဂိုထေး၏ ယုံကြည်ချက်မှာ။

ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှစ်ပါးထံမှ ဗီဇသတ္တိများကို ဆက်ခံရရှိ၍ မွေးလာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လောက၏ ပြုပြင်ဖန်တီးမှုကို ခံရ၏။ ဤသို့ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တရားများ၏ ပြုပြင်မှုကိုခံရသော ကျွန်ုပ်သည် အဘယ်မှာလျှင် အမှီကင်းသော တသီးပုဂ္ဂလ သတ္တဝါ ဖြစ်နိုင်ပါအံ့နည်း။ ကျွန်ုပ်သည် ပန်ဝန်းကျင်လောကနှင့် ကင်း၍ ထီးတည်းရပ်တည် အသက်ရှင်နိုင်ပါက တစ်သီးပုဂ္ဂလသတ္တဝါ ဖြစ်လာပေလိမ့်မည်။ ပြုပြင်စီရင်မှုကင်းသော အသင်္ခတပုဂ္ဂိုလ်ထူး ဖြစ်ရခြင်းသည် အလွန်ကျက်သရေမင်္ဂလာရှိ၍ လိုချင်မက်မောဖွယ်ရာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်မှာ ထိုသို့သော သီးခြားပုဂ္ဂိုလ်မဟုတ်ဘဲ ပတ်ဝန်းကျင် လူ့လောကနှင့် တစ်သားတည်း ရောထွေးပေါင်းစပ်နေသော သတ္တဝါဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်၏။ ဂိုထေး၏စကားသည် မှန်လှ၏ စိတ္တဗေဒပညာသည် အတ္တဝိညာဉ်အကြောင်းကို လုံးဝမစဉ်းစားသည်သာမက ငါတည်းဟူသော အသိ(ဝါ) အတ္တစိတ်သည်ပင် အတ္တဝါဒီတို့ ထင်မြင်သကဲ့သို့ အတ္တရှိမှု၏ နိမိတ်လက္ခဏာအဖြစ် လူတို့၌ အလိုအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင် လူလောက၏ ဖန်တီးမှုဖြစ်ကြောင်း ပြဆိုခဲ့၏။ ဤအကြောင်းကို ပညာရှင်တစ်ဦးက။  ။

ယခုခေတ် စိတ္တဗေဒပညာသည် ငါစွဲအသိ (အတ္တစိတ်)မှာ ပတ်ဝန်းကျင် လူလောကကို စွဲမှီ၍ ဖြစ်ပေါ်လာသည်ဟု ယူဆ၏။ စိတ်ပညာရှင်တို့၏ အဆိုအားဖြင့် နို့စို့ကလေးသည် အစပထမ၌ အတ္တစိတ် လုံးဝမရှိသေးဘဲ ဇာတိစိတ် သို့မဟုတ် အလိုဆန္ဒအမျိုးမျိုး ဖွဲ့စည်းထားမှုမျှသာ ဖြစ်၏။ နောက်ကာလ၌ အခြားလူများနှင့် ဆက်ဆံခြင်း အတုယူခြင်း မှတ်သားနာခံခြင်း စသည်တို့ဖြင့် အတ္တစိတ်သည် ဖြစ်ထွန်း၍ ပတ်ဝန်းကျင် လူလောက၏ ပြုပြင်စီရင်မှုကို ခံယူလျက် တစ်စတစ်စ ကြီးထွားကာ မိမိကိုယ်နှင့် သူတစ်ပါးကို ခွဲခြားလာ၏။ စိတ်ပညာရှင်တို့သည် မွေးစကလေး၏ မူလသတ္တိဗီဇနှင့် စပ်လျဉ်း၍ သဘောအယူအဆ ကွဲလွဲကြစေကာမူ ထိုမူလသတ္တိဗီဇ၌ အတ္တစိတ်မပါဝင်ကြောင်း အတ္တစိတ်သည် ဖြစ်ထွန်းကြီးပွားလာသော စိတ် (ဝါ) သင်္ခါရတရားဖြစ်၍ ပတ်ဝန်းကျင် လူလောက၏ ဖန်တီးမှုဖြစ်ကြောင်း အားလုံးယုံကြည်ကြ၏။ ဤသို့ဖြင့် အတ္တစိတ်သည် အတွေ့အကြုံနှင့် ပတ်ဝန်းကျင်ကို အကြောင်းပြု၍  ဖြစ်ပေါ်လာရ၏။ လူသည် အတ္တစွဲကြောင့် ငါသူတစ်ပါး ခွဲခြားသော်လည်း အတ္တအားကိုးဖြင့် အလိုအလျောက်ဘယ်အခါမျှ  ရပ်တည်နိုင်သည် မဟုတ်။ ကလေးသူငယ်ဘဝတွင် တိရစ္ဆာန်များထက် ပို၍ မိဘကို မှီခိုအားထားရသော သတ္တဝါဖြစ်၏။ ကြီးပြင်းလာသောအခါ၌လည်း အချို့တိရစ္ဆာန်များကဲ့သို့ ထီးတည်းမနေဘဲ အုပ်စုဖွဲ့ကာ နေထိုင်ကြရ၏။ထို့ကြောင့် လူတစ်ဦး၏ အကြောင်းကို မှန်ကန်စွာ သိရှိလိုပါက သူ၏မိဘ ဆွေမျိုးသားချင်းနှင့်တကွ ပေါင်းသင်းဆက်ဆံရေးနယ်၌ လုပ်ကိုင်ဆောင်ရွက်ပုံကို စေ့ငုသေချာစွာ လေ့လာရပေမည်။

လူသည် အတ္တစိတ်မည်မျှ ပြင်းထန်ခိုင်မြဲစေကာမူ လူလောကမှ ခွဲထုတ်၍ မရအပ်ချေ။ လူလောကနှင့် ရစ်ပတ်ဆက်စပ်ထားသော ကြိုးများသည် အကြောင်းတစ်စုံတစ်ခုကြောင့် လျော့ရဲရဲဖြစ်လာမည် သို့မဟုတ် ပျက်စီးမည်ဖြစ်ပါက လူ့ဘဝသည် အချည်းအနှီးဖြစ်ရ၏။ ထင်ရှားသော သာဓကမှာ မိမိကိုယ်မိမိ သတ်သေမှုများဖြစ်၏။ ထိုအမှုပြုသောသူတို့သည် (စိတ်မနှံ့သဖြင့် သတ်သေသော သူတို့ မဟုတ်လျှင်) တစ်နည်းအားဖြင့် ပတ်ဝန်းကျင် လူလောကနှင့် ခိုင်မာစွာ ဆက်စပ်နေသောကြောင့် မိဘကျင့်ဝတ် သားသမီးကျင့်ဝတ် အိမ်ထောင်ရှင်ကျင့်ဝတ် နိုင်ငံသားကျင့်ဝတ် စသည်ဖြင့် လူ့ကျင့်ဝတ်များ ပေါ်လာရ၏။ များပြားလှသော လူ့ကျင့်ဝတ်များက လူ့လောကနှင့် ရစ်ပတ်ဖွဲ့နှောင်ထား၍ လူသည် အတ္တစွဲ မည်မျှကြီးမားစေကာမူ မိမိကိုယ်ကိုအမြဲ မိမိ စိုးပိုင်သည် မဟုတ်ချေ။ (---ဆက်ရန်)

(ဦးအေးမောင်) 

အနတ္တဝါဒ အပိုင်း(၈)
*****************
အတ္တဝါဒကို ယခုခေတ် စိတ်ပညာရှင်တို့ကသာ ပယ်ကြသည်မဟုတ်။ သိပ္ပံပညာရှင်နှင့် ဒဿနိကပညာရှင်တို့ကလည်း ပယ်ကြ၏။

သိပ္ပံပညာကျော် ဟတ်စလီသည် အနတ္တတရားဟောသော ဗုဒ္ဓအား အောက်ပါအတိုင်း ချီးကျူး၏။ ။ နာမ်ဝိညာဉ်၏ နောက်ကွယ်၌ အမာခံ အတ္တမရှိကြောင်း ကျွန်ုပ်တို့ ကောင်းစွာပြနိုင်၏။ ဗာကလေသည် ဤအချက်ကို မသိမြင်ခဲ့ချေ။ ဤနေရာ၌ ဂေါတမဗုဒ္ဓသည် ယခုခေတ်၌ ထင်ရှားဆုံး ဝိညာဏဝါဒီ အသိပညာရှင်ကြီးထက် ပို၍နက်နဲစွာ သိမြင်ခဲ့၏။ ကျွန်ုပ်တို့သည် ခန္ဓာကိုယ်ကို တသီးတခြား တည်ရှိသော အတ္တဝိညာဉ်က ဦးဆောင်သည် ဆိုသောအယူကို လက်မခံနိုင်တော့ချေ။ ထိုအယူသည် စွမ်းအင်၏ တည်မြဲမှု နိယာမတရားနှင့် ဆန့်ကျင်၏။ သို့ရာတွင် ထိုသို့ တိကျသေချာသော နိယာမတရားနှင့် ဆန့်ကျင်မှုကြောင့်သာလျှင် ထိုအယူကို ပယ်အပ်သည်မဟုတ် ထိုအယူကို ပယ်အပ်ခြင်းမှာ ကျွန်ုပ်တို့ မြင်တွေ့နေရသော ဒိဋ္ဌဓမ္မများနှင့် မကိုက်ညီသောကြောင့်ဖြစ်၏။ ဘာထရန်ရပ်ဆယ်နှင့် အခြားဥရောပ ဒဿနိက ပညာရှင်တို့၏ ရေးသားချက်မှာ။ ။ ပရမတ္ထအားဖြင့် ကျွန်ုပ် ဟာမင်းကီဇာလင်းသည် လုံးဝမရှိ။ ကျွန်ုပ်၌ သင်္ခါရ အနိစ္စတရား မဟုတ်သောအရာ ဘာမျှမရှိ။ အသင်္ခတဓာတ် နိစ္စဓာတ်အဖြစ် ဘာကိုမျှ ညွန်ပြ၍မရအပ်။ကျွန်ုပ်၏အတ္တ ကျွန်ုပ်၏ကိုယ်ဟူ၍ မှတ်ယူရသောအရာသည်ကား တစ်ခဏအတွင်း ဖြစ်ပေါ်လာ၍ ချုပ်ပျောက်သွားသော ဓမ္မာရုံများသာဖြစ်၏။ ။ ဒက်စကားတီးက ငါကြံစည်သည်။ သို့ဖြစ်၍ ငါရှိသည် (ဝါ) ငါသည်ကြံစည်သော ပုဂ္ဂိုလ်ဖြစ်သည်ဟု ဆို၏။ မိမိသည် မည်သည့်အရာဖြစ်ကြောင်း ဖော်ပြရာ၌ ပြောင်းလဲနေသော နာမ်ရုပ်ရှိသည့် ပုဂ္ဂိုလ်တစ်ဦးတစ်ယောက် ဖြစ်သည်ဟု ဆိုခြင်းသည်ပင် အသင့်မြတ်ဆုံး အမှန်ကန်ဆုံးစကား မဟုတ်ချေ။ ပြောင်းလဲနေသော ရုပ်နာမ်ဖြစ်သည်ဟုသာ ဆိုသင့်၏။ ဒက်စကားတီးသည် စိတ်အစဉ်မျှသာဖြစ်၍ ထိုစိတ်အစဉ်ကို သူ၏ နာမ်တရားဟု ခေါ်ဆိုနိုင်၏။ သို့ရာတွင် နယူးယောက်မြို့၏ လူဦးရေသည် နယူးယောက်မြို့သူမြို့သားများကို ကြဉ်၍ိံတသီးတခြားမရှိသည့်နည်းတူ ဒက်စကားတီး၏ နာမ်တရားသည်လည်း တသီးတခြားမရှိ။ သို့ဖြစ်ရကား ဒက်စကားတီးသည် ကြံစည်သည်ဟု မဆိုဘဲ ယုံကြည်ခြင်း ပြန်လည်မှတ်မိခြင်း အလိုရှိခြင်း စသည်တို့ ပါဝင်သော စိတ်အစဉ်ဖြစ်သည်ဟု ဆိုသင့်ပေ၏။အနတ္တတရားကို လက်ခံယုံကြည်သော အနောက်နိုင်ငံ ပညာရှင်တို့၏ စကားများကို စုံစုံစေ့စေ့ ဖော်ပြရမည်ဆိုသော် ဆုံးနိုင်မည် မဟုတ်ချေ။ သို့ရာတွင် ပညာရှင်နှစ်ဦး၏ ရေးသားချက်မှာ အထူးမှတ်သားဖွယ်ကောင်း၍ ဖော်ပြပါဦးအံ့။

ပထမပညာရှင်မှာ ဒုတိယကမ္ဘာစစ် မဖြစ်မီက များစွာထင်ရှားသော နာမည်ကျော် အင်္ဂလိပ်စာရေးဆရာကြီး အိပ်ခ်ျဂျီဝဲဖြစ်၏။ အိပ်ခ်ျဂျီဝဲသည် ပရမတ္ထအားဖြင့် ပုဂ္ဂိုလ်သတ္တဝါမရှိပုံကို အောက်ပါအတိုင်း ရေးသားခဲ့၏။

ကျွန်ုပ်တို့သည် ဘယ်အရာကို ပုဂ္ဂိုလ်သတ္တဝါဟူ၍ ခေါ်ဆိုအပ်ပါသနည်း။ ပုဂ္ဂိုလ်သတ္တဝါမည်သည် တသီးတခြား ပေါက်ဖွား၍ ခန္ဓာကိုယ် ပျက်စီးသည်အထိ လောက၌ တသီးတခြား အထင်အရှား ရပ်တည်နေသော သတ္တဝါဖြစ်သည်ဟု လူအများယူဆကြ၏။ သို့ရာတွင် ယခုခေတ် သတ္တဗေဒနှင့် စိတ္တဗေဒပညာများကို ကျွန်ုပ်တို့ လေ့လာသောအခါ ပုဂ္ဂိုလိသတ္တဝါ၏ သီးခြားတည်ရှိမှု (အတ္တဘာဝ)ကို သံသယဖြစ်ဖွယ် အချက်များကို တွေ့ရ၏။ ဥပမာ အပင်များသည် တသီးတခြားစီ ပေါက်ဖွားနေကြဟန် ရှိသော်လည်း တသီးပုဂ္ဂလဖြစ်နေခြင်းကို များစွာသော အပင်များ၌ မတွေ့ရချေ။ အပင်တစ်ပင်မှ အခြားပင်များပွားလာအောင် ပြုလုပ်နိုင်၏။ မျိုးမတူသော အပင်နှစ်ပင်ကို ကိုင်းဆက်ကူးခြင်းဖြင့် အပင်သစ်တစ်ခု ဖန်တီးနိုင်၏။ အချို့သောပိုးမွှားများသည် နှစ်ကောင်ပူးပေါင်း၍ တစ်ကောင်တည်းဖြစ်လာ၏။ တစ်ကောင်မှ နှစ်ကောင် သို့မဟုတ် ထိုထက်များပြားသော အကောင်များပွားလာနိုင်၏။ အချို့မှာ အကောင်ပွားလာသော်လည်း အကောင်ပွားများနှင့် မကွဲဘဲ ပူးတွဲနေကြ၏။ စင်စစ် ထိုအဖြစ်မျိုးကို သိုး ကြောင် ခွေးနှင့် လူတို့၌ပင် တစ်ခါတရံတွေ့ရ၏။ ဥပမာ ဦးခေါင်းနှစ်ခုနှင့် ကိုယ်တစ်ခု သို့မဟုတ် ကိုယ်နှစ်ခုနှင့် ဦးခေါင်းတစ်ခုရှိသော နို့စို့ကလေးများကို တသီးပုဂ္ဂလအဖြစ် မည်သို့ မှတ်ယူနိုင်ပါမည်နည်း။ ထို့အပြင် လူသည် မွေးသည်မှ သေသည်အထိ ဘယ်အခါမျှ ထီးတည်း ရပ်တည်နေသည် မဟုတ်ချေ။ လူ၏ ကိုယ်ခန္ဓာထဲ၌ အလွန်သေးငယ်မှုန်မွားသော ပိုးတို့သည် အသင်္ချေအနန္တရှိကြ၏။ ယင်းတို့သည် ရောဂါပိုးများကို ဖျက်ဆီးခြင်း အစာကိုသယ်ယူခြင်းစသော မြောက်မြားလှစွာသော လုပ်ငန်းများကို ဆောင်ရွက်ကြ၏။ နိုင်ငံများသည် ကုဋေကုဋာ များပြားလှသော လူသတ္တဝါတို့ စုပေါင်းထားခြင်း ဖြစ်သည့်နည်းတူ လူသည်လည်း ကုဋေကုဋာ များပြားသော ထိုပိုးများ စုပေါင်းထားခြင်း ဖြစ်၏။ စိတ်ပညာ၌ အတ္တဘာဝကို မယုံကြည်နိုင်စရာ အချက်များကို တွေ့ရ၏။ လူတစ်ကိုယ်တည်း၌ စိတ်သည် နှစ်ခြမ်းကွဲ၍ တစ်ခြမ်းနှင့်တစ်ခြမ်း ပဋိပက္ခဖြစ်နေတတ်၏။ စာရေးဆရာ အာရ်အယ်စတီဗင်ဆင်၏ ဒေါက်တာဂျီကော့နှင့် မစ္စတာဟိုက် ဝတ္ထု၌ ဇာတ်ကောင်သည် တခါတရံ လူဆိုးဖြစ်၍ တစ်ခါတရံ လူကောင်းဖြစ်လာ၏။ ထိုသို့ စိတ်နှစ်ခြမ်းကွဲမှုကို လူတို့တွင် အိပ်မွေ့ချထားသောအခါနှင့် စိတ္တဇရောဂါ စွဲကပ်နေသောအခါ၌ တွေ့ရ၏။ အကြောင်းတစ်ခုခုကြောင့် အတိတ်ဘဝကို လုံးဝမေ့သွားသော သူများသည်လည်း လူတစ်ကိုယ်စိတ်နှစ်မျိုး အဖြစ်မျိုးကြုံရတတ်၏။ ဤအချက်များကြောင့် ကျွန်ုပ် အိပ်ခိဂျီဝဲသည် လူအများထင်မြင်သကဲ့သို့ တသီးတခြား ပုဂ္ဂိုလ်သတ္တဝါအားဖြင့် ဧကန်ထင်ရှားရှိပါ၏လောဟု ကျွန်ုပ် သံသယဖြစ်မိ၏။ ကျွန်ုပ်တို့၏ အတ္တစွဲသည် ပဋိသန္ဓေကပါလာသော အစွဲဖြစ်၍ အသိအမြင် ရင့်ကျက်လာသောအခါ၌ ထိုအစွဲမှ လွတ်မြောက်ကြပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် အသိပညာ တိုးပွားရင့်ကျင့်လာသောအခါ ကျွန်ုပ်တို့သည် အတ္တဒိဋ္ဌိ အရင်းခံသော အလိုဆန္ဒအားလုံးမှာ နောက်ဆုံး၌ အိုမှုနာမှု သေမှုတွင် အဆုံးသတ်၍ အချည်းအနှီး ဖြစ်ရမည်ဖြစ်ကြောင်း ကောင်းစွာ သိမြင်လာကြမည် အမှန်ဖြစ်၏။ အိပ်ခ်ျဂျီဝဲကဲ့သို့ အနတ္တတရားကို သိမြင်နားလည်သော ဥရောပပုဂ္ဂိုလ်ကျော်မှာ ဂျာမန်ပညာရှင် ဂိုထေး ဖြစ်၏။ ဂိုထေးသည် ကဗျာဆရာ ဒဿနိကဆရာ နိုင်ငံရေးသုခမိန်စသည်ဖြင့် ကမ္ဘာ့ဥာဏ်ကြီးရှင် စွယ်စုံပညာရှင်အဖြစ် ကျော်ကြား၏။ အမေရိကန် ဗုဒ္ဓကျမ်းပြုဆရာ ဒေါက်တာပေါလ်ကရပ်သည် ဂိုထေးမှာ ဗုဒ္ဓတရားကို မကြားဖူးသော်လည်း ဗုဒ္ဓဝါဒီ ဖြစ်မှန်းမသိ ဖြစ်နေပုံ သူ၏ အတွေးအခေါ်များတွင် အနတ္တတရား ထင်ဟပ်နေပုံများကို ဖော်ပြခဲ့၏။ သူထောက်ပြသော ဂိုထေး၏ ကဗျာများအလိုအားဖြင့် ဂိုထေး၏ ယုံကြည်ချက်မှာ။

ကျွန်ုပ်သည် ကျွန်ုပ်၏ မိဘနှစ်ပါးထံမှ ဗီဇသတ္တိများကို ဆက်ခံရရှိ၍ မွေးလာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်လောက၏ ပြုပြင်ဖန်တီးမှုကို ခံရ၏။ ဤသို့ မျိုးရိုးဗီဇနှင့် ပတ်ဝန်းကျင်တရားများ၏ ပြုပြင်မှုကိုခံရသော ကျွန်ုပ်သည် အဘယ်မှာလျှင် အမှီကင်းသော တသီးပုဂ္ဂလ သတ္တဝါ ဖြစ်နိုင်ပါအံ့နည်း။ ကျွန်ုပ်သည် ပန်ဝန်းကျင်လောကနှင့် ကင်း၍ ထီးတည်းရပ်တည် အသက်ရှင်နိုင်ပါက တစ်သီးပုဂ္ဂလသတ္တဝါ ဖြစ်လာပေလိမ့်မည်။ ပြုပြင်စီရင်မှုကင်းသော အသင်္ခတပုဂ္ဂိုလ်ထူး ဖြစ်ရခြင်းသည် အလွန်ကျက်သရေမင်္ဂလာရှိ၍ လိုချင်မက်မောဖွယ်ရာ ဖြစ်ပါ၏။ သို့ရာတွင် ကျွန်ုပ်မှာ ထိုသို့သော သီးခြားပုဂ္ဂိုလ်မဟုတ်ဘဲ ပတ်ဝန်းကျင် လူ့လောကနှင့် တစ်သားတည်း ရောထွေးပေါင်းစပ်နေသော သတ္တဝါဖြစ်ကြောင်း ဝန်ခံရမည်ဖြစ်၏။ ဂိုထေး၏စကားသည် မှန်လှ၏ စိတ္တဗေဒပညာသည် အတ္တဝိညာဉ်အကြောင်းကို လုံးဝမစဉ်းစားသည်သာမက ငါတည်းဟူသော အသိ(ဝါ) အတ္တစိတ်သည်ပင် အတ္တဝါဒီတို့ ထင်မြင်သကဲ့သို့ အတ္တရှိမှု၏ နိမိတ်လက္ခဏာအဖြစ် လူတို့၌ အလိုအလျောက် ဖြစ်ပေါ်လာခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင် လူလောက၏ ဖန်တီးမှုဖြစ်ကြောင်း ပြဆိုခဲ့၏။ ဤအကြောင်းကို ပညာရှင်တစ်ဦးက။ ။

ယခုခေတ် စိတ္တဗေဒပညာသည် ငါစွဲအသိ (အတ္တစိတ်)မှာ ပတ်ဝန်းကျင် လူလောကကို စွဲမှီ၍ ဖြစ်ပေါ်လာသည်ဟု ယူဆ၏။ စိတ်ပညာရှင်တို့၏ အဆိုအားဖြင့် နို့စို့ကလေးသည် အစပထမ၌ အတ္တစိတ် လုံးဝမရှိသေးဘဲ ဇာတိစိတ် သို့မဟုတ် အလိုဆန္ဒအမျိုးမျိုး ဖွဲ့စည်းထားမှုမျှသာ ဖြစ်၏။ နောက်ကာလ၌ အခြားလူများနှင့် ဆက်ဆံခြင်း အတုယူခြင်း မှတ်သားနာခံခြင်း စသည်တို့ဖြင့် အတ္တစိတ်သည် ဖြစ်ထွန်း၍ ပတ်ဝန်းကျင် လူလောက၏ ပြုပြင်စီရင်မှုကို ခံယူလျက် တစ်စတစ်စ ကြီးထွားကာ မိမိကိုယ်နှင့် သူတစ်ပါးကို ခွဲခြားလာ၏။ စိတ်ပညာရှင်တို့သည် မွေးစကလေး၏ မူလသတ္တိဗီဇနှင့် စပ်လျဉ်း၍ သဘောအယူအဆ ကွဲလွဲကြစေကာမူ ထိုမူလသတ္တိဗီဇ၌ အတ္တစိတ်မပါဝင်ကြောင်း အတ္တစိတ်သည် ဖြစ်ထွန်းကြီးပွားလာသော စိတ် (ဝါ) သင်္ခါရတရားဖြစ်၍ ပတ်ဝန်းကျင် လူလောက၏ ဖန်တီးမှုဖြစ်ကြောင်း အားလုံးယုံကြည်ကြ၏။ ဤသို့ဖြင့် အတ္တစိတ်သည် အတွေ့အကြုံနှင့် ပတ်ဝန်းကျင်ကို အကြောင်းပြု၍ ဖြစ်ပေါ်လာရ၏။ လူသည် အတ္တစွဲကြောင့် ငါသူတစ်ပါး ခွဲခြားသော်လည်း အတ္တအားကိုးဖြင့် အလိုအလျောက်ဘယ်အခါမျှ ရပ်တည်နိုင်သည် မဟုတ်။ ကလေးသူငယ်ဘဝတွင် တိရစ္ဆာန်များထက် ပို၍ မိဘကို မှီခိုအားထားရသော သတ္တဝါဖြစ်၏။ ကြီးပြင်းလာသောအခါ၌လည်း အချို့တိရစ္ဆာန်များကဲ့သို့ ထီးတည်းမနေဘဲ အုပ်စုဖွဲ့ကာ နေထိုင်ကြရ၏။ထို့ကြောင့် လူတစ်ဦး၏ အကြောင်းကို မှန်ကန်စွာ သိရှိလိုပါက သူ၏မိဘ ဆွေမျိုးသားချင်းနှင့်တကွ ပေါင်းသင်းဆက်ဆံရေးနယ်၌ လုပ်ကိုင်ဆောင်ရွက်ပုံကို စေ့ငုသေချာစွာ လေ့လာရပေမည်။

လူသည် အတ္တစိတ်မည်မျှ ပြင်းထန်ခိုင်မြဲစေကာမူ လူလောကမှ ခွဲထုတ်၍ မရအပ်ချေ။ လူလောကနှင့် ရစ်ပတ်ဆက်စပ်ထားသော ကြိုးများသည် အကြောင်းတစ်စုံတစ်ခုကြောင့် လျော့ရဲရဲဖြစ်လာမည် သို့မဟုတ် ပျက်စီးမည်ဖြစ်ပါက လူ့ဘဝသည် အချည်းအနှီးဖြစ်ရ၏။ ထင်ရှားသော သာဓကမှာ မိမိကိုယ်မိမိ သတ်သေမှုများဖြစ်၏။ ထိုအမှုပြုသောသူတို့သည် (စိတ်မနှံ့သဖြင့် သတ်သေသော သူတို့ မဟုတ်လျှင်) တစ်နည်းအားဖြင့် ပတ်ဝန်းကျင် လူလောကနှင့် ခိုင်မာစွာ ဆက်စပ်နေသောကြောင့် မိဘကျင့်ဝတ် သားသမီးကျင့်ဝတ် အိမ်ထောင်ရှင်ကျင့်ဝတ် နိုင်ငံသားကျင့်ဝတ် စသည်ဖြင့် လူ့ကျင့်ဝတ်များ ပေါ်လာရ၏။ များပြားလှသော လူ့ကျင့်ဝတ်များက လူ့လောကနှင့် ရစ်ပတ်ဖွဲ့နှောင်ထား၍ လူသည် အတ္တစွဲ မည်မျှကြီးမားစေကာမူ မိမိကိုယ်ကိုအမြဲ မိမိ စိုးပိုင်သည် မဟုတ်ချေ။ 


(---ဆက်ရန်)

Ko Latt  ဖေ့ဘုတ်မှ ကူးယူမျှဝေသည်။

No comments:

Post a Comment