/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Saturday, February 1, 2014

*** ရောက်လေရာတိုင်း၌ အပူဇော်ခံရသူ ***


ဇေတ၀န်ကျောင်းတော်၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် လာဘ်ပူဇော်သကာ ပေါများလှသော စိတ္တသူကြွယ်ကို အကြောင်းပြု၍ ဤဒေသနာတော်ကို ဟောကြားတော်မူလေသည်။


မစ္ဆိကာသဏ္ဍမြို့မှ စိတ္တသူကြွယ်သည်ကား ဘုရားတပည့်သား သံဃာတော်များ၏ တရားကို နာကြားရ၍ အနာဂါမ်ဖိုလ်သို့ ဆိုက်ရောက်ခဲ့၏။သို့ရာတွင် ဘုရားရှင်ကိုကား တစ်ကြိမ်တစ်ခါမျှ မဖူးရသေးသဖြင့် ဘုရားဖူးသွားရန် ပြင်ဆင်၏။ လှည်းငါးရာတို့၌ နှမ်း၊ ဆန်၊ ထောပတ်၊ တင်လဲ၊ အ၀တ်အထည်တို့ကို အပြည့်တင်၏။

“မြတ်စွာဘုရားထံ အဖူးအမြော် ကြွရောက်လိုသော အရှင်များ ရှိပါလျှင် ကြွကြပါကုန်။ လမ်းတစ်လျှောက်၌ ဆွမ်းစသည်ဖြင့် မပင်ပန်းစေရန်
ပြုစုလုပ်ကျွေးပါမည်” ဟု ရဟန်းငါးရာတို့ကို ပင့်လျှောက်၏။
ထိုအတူပင် ရဟန်းမငါးရာ၊ ဒါယကာငါးရာနှင့် ဒါယိကာမငါးရာတို့ကို ပင့်လျှောက်ဖိတ်ခေါ်၏။ မိမိ၏ အခြံအရံများနှင့် ပေါင်းသော်
အားလုံး ပရိသတ်သုံးထောင်ရှိ၏။

စိတ္တသူကြွယ် မြို့မှထွက်သောအခါ နတ်တို့က တစ်ယူဇနာအကွာအဝေး
တိုင်း၌ သစ်ခက်တဲများ ထိုးပေးကြ၏။ ထိုသစ်ခက်တဲများတွင် စခန်းချလျက် စိတ္တသူကြွယ်သည် ပါလာသော ပရိသတ်သုံးထောင်အား ယာဂု၊ ထမင်း စသည်ဖြင့် လိုလေသေးမရှိအောင် ပြုစုလုပ်ကျွေး၏။
နတ်တို့ကလည်း မိမိတို့စားသုံးသော အာဟာရများကို ထည့်ပေးကြ၏။ ဤသို့အားဖြင့် ယူဇနာသုံးဆယ်ရှိသောခရီးတွင် တစ်နေ့လျှင် တစ်ယူဇနာကျ သက်တောင့်သက်သာ သွားကြကာ တစ်လအကြာတွင် သာဝတ္ထိမြို့တော်သို့ ဆိုက်ရောက်ကြလေသည်။

စိတ္တသူကြွယ်ရောက်လာသောအခါ ဖြစ်ပေါ်လာမည့် ထူးဆန်းအံ့သြဖွယ်
တို့ကို ဘုရားရှင်က ကြိုတင်၍ ဟောထားတော်မူသဖြင့် သာဝတ္ထိမြို့သူမြို့သားတို့သည် လက်ဆောင်ပစ္စည်း ကိုယ်စီကိုင်လျက် လမ်းနှစ်ဘက်မှ စောင့်ကြိုနေကြကာ စိတ္တသူကြွယ်အား ပေးလှူကြ၏။ 

ဇေတ၀န်ကျောင်းတော်နားသို့ ရောက်သောအခါ ရဟန်းငါးရာနှင့် ရဟန်းမငါးရာတို့ ၀င်ရောက်သွားကြပြီးနောက် စိတ္တသူကြွယ်က ဒါယိကာမကြီးများကို ခေတ္တဆိုင်းငံ့ကြပါရန် ပြောကြားပြီးနောက် ဒါယကာငါးရာခြံရံလျက် ဘုရားရှေ့တော်မှောက် ၀င်ရောက်၏။
ဘုရားရှင်၏ ရောင်ခြည်တော်ခြောက်သွယ်အောက်သို့ ၀င်ရောက်ကာ
ခြေတော်အစုံကို ဆုပ်နယ်၍ ရှိခိုး၏။ ထိုအခိုက်မှာပင် ကောင်းကင်မှ ပန်းမိုးကြီး ရွာချလာလေသည်။

စိတ္တသူကြွယ်သည် တစ်လတိုင်တိုင် ဇေတ၀န်ကျောင်းတော်၌ နေထိုင်၍ ဘုရားရှင်နှင့်တကွ သံဃာတော်များအား ဆွမ်းဆက်ကပ်နေ၏။
အတူပါလာသော ပရိသတ်များကိုလည်း ကျွေးမွေးနေ၏။
သို့ရာတွင် မိမိလှည်းပေါ်မှာ ပါလာသောပစ္စည်းများကိုကား ထုတ်ယူ၍ အသုံးမချရသေးပေ။
သူတစ်ပါးတို့ ပေးလာကြသော ပစ္စည်းများဖြင့်သာ ချက်ပြုတ်ကျွေးမွေး
နေရ၏။

သို့ဖြစ်၍ စိတ္တသူကြွယ်သည် ဘုရားရှင်ထံ ၀င်ရောက်ရှိခိုးပြီးလျှင် “အရှင်ဘုရား၊ တပည့်တော်သည် ဤကျောင်းတော်၌ တစ်နှစ်ပတ်လုံး
နေသော်ငြားလည်း တပည့်တော်၏ပစ္စည်းကို လှူခွင့်ရမည် မဟုတ်ပါ။ သို့ဖြစ်၍ လှည်းပေါ်ပါလာသော ပစ္စည်းများကို သွန်ချ၍ ပြန်လိုပါသည်။ ပစ္စည်းများကို သိုမှီးထားရမည့် နေရာကို ညွန်ပြတော်မူပါဘုရား” ဟု
လျှောက်ထား၏။
 
ွှဤတွင် ဘုရားရှင်သည် ရဟန်းများ၏ကျောင်း၌ စားသောက်ကုန်ပစ္စည်းများ ထားသိုရန် သင့်လျော်သော ကပ္ဗိယကုဋိ အဆောက်အအုံကို ခွင့်ပြုတော်မူ၏။
အရှင်အာနန္ဒာကလည်း သင့်လျော်သော အဆောက်အအုံတစ်ခုကို ကပ္ဗိယကုဋိသမုတ်ပြီးလျှင် ထိုအဆောက်အအုံ၌ ပစ္စည်းများ ထားခဲ့ရန် စိတ္တသူကြွယ်အား ညွန်ကြား၏။
စိတ္တသူကြွယ်ကလည်း ညွန်ကြားသည့်အတိုင်း ထားခဲ့၍ လှည်းခွက်များချည်း ပြန်သွားလေရာ နတ်တို့က ရတနာခုနစ်ပါးကို လှည်းငါးရာအပြည့် ထည့်ပေးကြလေသည်။

စိတ္တသူကြွယ် ပြန်သွားပြီးနောက်တွင် အရှင်အာနန္ဒာသည် ဘုရားရှင်ထံ ချဉ်းကပ်၍ “အရှင်ဘုရား၊ စိတ္တသူကြွယ်အား လာဘ်ပူဇော်သကာ များပြားခြင်းသည် ဘုရားရှင်ထံ လာသောအခါမှသာ ဖြစ်ပါသလော။ သို့မဟုတ် အခြားအရပ်များ၌ သွားသောအခါတွင်လည်း
ဖြစ်ပါသေးသလော” ဟု လျှောက်ထား၏။ ထိုအမေးကို ဖြေတော်မူသောအားဖြင့်
ဘုရားရှင်က အောက်ပါဒေသနာတော်ကို ဟောကြားတော်မူလေ
သတည်း။

သဒ္ဓါတရားလည်းရှိသော ..
သီလနှင့်လည်း ပြည့်စုံသော ..
အခြံအရံ စည်းစိမ်ဥစ္စာတို့နှင့်လည်း ပြည့်စုံသောသူသည် ..
ရောက်လေရာရာအရပ်၌ အပူဇော်ခံကြရ၏။

ထို့နောက်တစ်ဖန် အရှင်အာနန္ဒာက စိတ္တသူကြွယ်၏ ရှေးကုသိုလ်ကံကို
မေးလျှောက်သဖြင့် ဘုရားရှင်က “အာနန္ဒာ၊ စိတ္တသူကြွယ်သည်
ဤသို့သော ဂုဏ်ကျေးဇူးကို ရရှိနိုင်ရန် ပဒုမုတ္တရ ဘုရားရှင်ထံမှ ဆုပန်ခဲ့၏။ ကဿပမြတ်စွာဘုရား လက်ထက်တော်တွင် သားမုဆိုးဖြစ်၍ သဘာဝသောင်ဝှမ်း၌ တရားအားထုတ်နေသော ရဟန်းတစ်ပါးကို
တွေ့ရှိသဖြင့် ဆွမ်းဆက်ကပ်နိုင်ရန် အိမ်သို့ အလျင်အမြန်ပြန်၍ ယူ၏။ 
 
လမ်း၌ တွေ့ရသော ပန်းအမျိုးမျိုးကိုလည်း ခူး၍ ထမင်းထုပ်ပေါ် တင်ထားပြီးလျှင် တရားအားထုတ်နေသော ရဟန်းထံသို့ သွားရောက်၏။ ရဟန်းထံမှ သပိတ်ကို တောင်းယူကာ ပါလာသော ထမင်းဟင်းများကို
လောင်းလှူ၏။ ပါလာသော ပန်းတို့ကိုလည်း ပူဇော်၏။ ထိုကုသိုလ်ကောင်းမှု ပြုစဉ်တုန်းက ဆုတောင်းခဲ့သည့်အတိုင်း ယခုဘ၀မှာ ပြည့်စုံလာပေသည်” ဟု မိန့်ကြားတော်မူလေ၏။

( ဓမ္မပဒ။ ပကိဏ္ဏက၀ဂ် )

3 Treasures: Buddha, Dhamma & Sangha


https://www.facebook.com/photo.php?fbid=483731441724692&set=a.3510477149 
 http://satekuupuyar.blogspot.com မှတဆင့်တင်ပြသည်။

No comments:

Post a Comment