/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 16, 2014

**** တရားအားမထုတ်လျှင် ****


 
တရားအားမထုတ်လျှင်
*******************

ဗြဟ္မစရိယခေါ် မဂ္ဂင်ရှစ်ပါး မြင့်မြတ်သော အကျင့်တရားကို ကျင့်ရ၏။ ခေတ်အခေါ် တရားအားထုတ်ရ၏။ သာသာ့ရိပ်သာ တစ်ခုခုသို့ဝင်၍ သုံးလခန့် ထိထိမိမိ အားထုတ်ထားရ၏။ နောက်ပိုင်း ထိုတရားကို ဆက်လက်ထိန်း၍ တစ်နှစ် တစ်လခန့် ပြန်လည်အားထုတ်ရ၏။ တရားသဘောကို မသိ၍ သတ္တဝါတွေ လောဘ ဒေါသ မောဟ မာနတွေနှင့် မိန်းမောနေကြ၏။ သံယောဇဉ်တွေနှင့် အချိန်ကုန်နေကြ၏။

လောကလူသားအပေါင်းတို့သည် အကန်းတွေသာ များကြ၏။ မြင်နိုင်စွမ်းသူကား အတော်ပင်နည်း၏။ မုဆိုးလက်မှ ပြန်လွတ်သော ငှက်သည်နည်းသကဲ့သို့ သုဂတိရောက်သူသည် နည်း၏ဟု ဘုရားရှင်က မိန့်တော်မူ၏။ ပုထုဇဉ်တို့သည် အဝိဇ္ဇာတိမ်သလာ အဖုံးခံရသဖြင့် ဥာဏ်မျက်လုံး ကန်းနေကြသူသာ များ၏။ သမုဒယမှန်းမသိအောင် နိရောဓမဂ္ဂကို မသိမမြင်နိုင်အောင် ဖုံးကွယ်ထား၏။ ဒုက္ခဟူသည် ဘဝဖြစ်၏။ သို့သော် မည်သူမျှ ဘဝကို ဒုက္ခဟုမထင်။ အကြောင်းကား အဝိဇ္ဇာဖုံးကွယ်ထားသဖြင့် ဖြစ်၏။ အဝိဇ္ဇာက ဖုံးလည်းဖုံး ဖော်လည်းဖော်သည်ဟု ဆရာကြီး ဦးရွှေအောင်က ဆိုပါ၏။ ဘဝကို ဒုက္ခဟု မမြင်အောင်ဖုံးထားသည့်အပြင် သုခဟုမြင်အောင် ဖော်ပြထားပြန်၏။ သေချာတွေးကြည့် လူတိုင်းဘဝကို သုခဟု ထင်နေ၏။ ဤကား မျက်လှည့်ဆရာ အဝိဇ္ဇာ၏ အစွမ်းဖြစ်၏။ ဒုက္ခသည် သမုဒယကြောင့် ဖြစ်၏။ သမုဒယသည် ဒုက္ခဖြစ်ကြောင်း တရာခံဖြစ်၏။ သမုဒယကို အရကောက်က လောဘတဏှာ ရ၏။ ပုထုဇဉ်သည် လောဘကိုလည်းမမြင် လောဘကို ဒုက္ခဖြစ်ကြောင်း သမုဒယဟုလည်း မမြင် လောဘနှင့်သာ ပျော်နေကြ၏။ လောဘနှင့်သာ အချိန်ကုန်နေကြ၏။ သေချာမြင်အောင် ကြည့်ပါ။ လိုချင်မှုက လောဘ။ ရလာသည်က ဒုက္ခ။ လောဘနှင့် လိုချင်၍ရသော အရာဝတ္ထုမှန်သမျှ သုခမဟုတ်။ ဒုက္ခချည်းသာဖြစ်၏။ လူ့ဘဝလည်း ဒုက္ခ လူ့စည်းစိမ်လည်း ဒုက္ခ။ သို့သော် လူ့ဘဝ လူ့စည်းစိမ်ကို ဘယ်လူသားက ဒုက္ခဟု မြင်ပါသနည်း။ သာမန်အများစု သုခဟုသာ မြင်နေကြ၏။ အဝိဇ္ဇာက တမာကို သကာနှင့်ဖုံးထားခြင်းကြောင့် ဖြစ်၏။ လူအများသည် ဆင်းရဲမှာကို ကြောက်ကြ၏။ သူတို့ကြောက်သော ဆင်းရဲကား သာမန်ဆင်းရဲ ဖြစ်၏။ အစားဆင်းရဲ အဝတ်ဆင်းရဲ အနေဆင်းရဲမှာကိုသာ သူတို့ကြောက်ကြ၏။ ဤဆင်းရဲမျိုးကား အပေါ်ယံ သာမန်ဆင်းရဲဖြစ်၏။ ဆင်းရဲမှုအဖုံဖုံ၏ မူလပင်စည်ပင်မကား ဘဝဖြစ်၏။ ဘဝသည် ဆင်းရဲခြင်းစင်စစ် ဖြစ်ပါလျက် ဆင်းရဲခြင်းဟု မမြင်ကြ ဆင်းရဲခြင်းဟု မမြင်သည့်အပြင် ချမ်းသာသည်ဟု မြင်နေကြ၏။ ဘဝကို ချမ်းသာသည်ဟု အပြည့်အဝ လက်ခံယုံကြည်ထားကြ၏။ ထိုသို့ ဘဝကို ချမ်းသာသည်ဟု ထင်မြင်ယူဆ လက်ခံယုံကြည်ထားကြသဖြင့် ဘဝကို ခုံမင်ကြ၏။ ဘဝကို တွယ်တာကြ၏။ ဘဝကိုသာ အာရုံစိုက်ကြ၏။ ဘဝကိုသာ အလေးထားကြ၏။ လူတစ်လုံး သူတစ်လုံးဖြစ်ဖို့ ဘဝပြည့်စုံဖို့ ဘဝချမ်းသာဖို့ ဘဝကြီးကျယ်ဖို့ ဘဝခမ်းနားထည်ဝါစေဖို့ ဘဝကုံလုံဖို့ ဘဝကြွယ်ဝဖို့ ဘဝတင့်တယ်ဖို့ ဘဝသူများမော်ကြည့်ဖို့ ဘဝသူများ အထင်ကြီးဖို့ ဘဝသူများကောင်းချီးပေးဖို့ ဤရည်ရွယ်ချက်များအတွက် ဘဝကို အကောင်အထည် ဖော်ကြ၏။ ခွန်အားစိုက်ကြ၏။ အချိန်နာရီများစွာ ပေးကြ၏။

လူအများစုသည် ဘဝ၏ အပြင်ပန်းအကာကိုသာ မြင်ကြ၏။ ဘဝ၏ အတွင်းသား လျှို့ဝှက်ချက်ကိုကား မမြင်နိုင်ကြ။ ဘဝ၏ အတွင်းသား လျှို့ဝှက်ချက်ကား ဖြစ်ပျက်ပြောင်းလဲမတည်မြဲသော သဘော။ ပညာမျက်လုံးနှင့်သာ ကြည့်မြင်နိုင်ပါက ဘဝအတွင်းသားသည် ကြောက်လန့်ဖွယ်အတိ ပြီးသဖြင့် ဆင်းရဲသောသဘော အခိုင်အမာ အနှစ်အသား အားကိုးလောက်ဖွယ် တန်ဖိုးထားဖွယ် တစ်စုံတစ်ခု ဘဝအတွင်းမှာ မရှိသဖြင့် အထင်နှင့်အမြင် တက်တက်စင်အောင် လွဲနေသော သုညသဘော။ အနိစ္စ ဒုက္ခ အနတ္တ သဘောတို့သည် ဘဝ၏ အတွင်းသားများ ဖြစ်ကြ၏။ သာမန်လူတို့သည် ဤဘဝ၏ အတွင်းသားများကို ထိုးဖောက် မမြင်နိုင်ကြ။ မြင်အောင်လည်း မလုပ်ကြ။ မြင်ခြင်းတန်ဖိုးကိုလည်း မသိ။ တချို့က မြင်လည်း မမြင်ချင်ကြ။ မမြင်ဟန်နှင့်သာ နေလိုကြ၏။

ဘုရားရှင်က အဘိဏှသုတ်မှာ ဝတ်ကြောင်ဖြစ်စေ ရှင်ရဟန်းဖြစ်စေ အိုခြင်း နာခြင်း သေခြင်း ခွဲခွာရခြင်း ကံတရားသာ ကိုယ်ပိုင်ရှိခြင်းဟူသော တရားငါးမျိုးကို နေ့စဉ်ဆင်ခြင် ပွားများရမည်ဟု မိန့်တော်မူထား၏။ ဘဝကို အဟုတ်ကြီးထင်နေသော ဒိဋ္ဌိ မာန တဏှာတို့ လျော့ပါးကာ ဘဝနှင့်စပ်သဖြင့် အမြင်မှန် အတွေးမှန်တို့ ရှိစေချင်၍ ဖြစ်၏။ ပုထုဇဉ်သည် ဘဝနှင့်စပ်၍ အမြင်မှန်လည်း မရ။ အတွေးမှန်လည်း မရ။ ဒိဋ္ဌိ မာန တဏှာဟူသော တောအုပ်အတွင်းမှာသာ မျက်စိလည်လမ်းမှား စမ်းတဝါးဝါးနှင့် အချိန်ကုန်နေကြ၏။

ဘုရား တရားလေးစားပါ၏။ ကံ ကံ၏အကျိုး ယုံကြည်ပါ၏။ အလှူဒါနပြုဖြစ်ပါ၏။ ဗုဒ္ဓဘာသာ အများစု ကိုယ်ကျင့်သီလ စောင့်ထိန်းပါ၏။ ဘာဝနာလုပ်ငန်းကျ အတော်ပင် အားနည်းသေး၏။ ဘဝအမြင်မှန် မရသေး၍ ဖြစ်၏။ နှစ်ဆယ့်လေးနာရီ တစ်နေ့တာအတွင်း ဘဝအရသာ ဘဝအဓိပ္ပာယ် ရှာကြည့်စမ်းပါ။ စားရသောအရသာ ဝတ်ရသောအရသာ မိမိချစ်ခင်သူတို့ကို မြင်ရသောအရသာ စသော ဤဘဝအရသာတို့ကို ခံစားနေရ ကျေနပ်နေရခြင်း၏ အနှစ်အရသာကား ဘယ်အရာနည်း။ သေသေချာချာ ရှာကြည့်စမ်းပါ။

ဘဝသည် အဓိပ္ပာယ်ကင်းမဲ့စွာဖြင့် နှစ်ဆယ့်လေးနာရီ ကုန်သွား၏။ ဤနည်းဖြင့် အဓိပ္ပာယ်ကင်းမဲ့စွာ နေ့ရက်တွေကုန် လတွေကုန် နှစ်တွေကုန် နောက်ဆုံး ဗျာဓိတရား၏ အထောင်းထုခံရ၍ ဤအချိန်ကျမှ ဘဝသည် အဓိပ္ပာယ်မရှိမှန်း သိလာ၏။ မိမိလှုပ်ရှားခဲ့သမျှ ဘာအဓိပ္ပာယ်မှ မရှိပါလားဟု နားလည်သဘောပေါက်လာ၏။ ကုန်ဆုံးခဲ့ရသော ဘဝအချိန်တွေ နှမျောစရာကောင်းပါဘိတော့ဟု ယူကျုံမရ ဖြစ်၏။ အားအင်တွေ ကုန်ခန်းနေပြီ။ ရုပ်အားလည်း မရှိတော့။ စိတ်အားလည်း မရှိတော့။ သေမင်းပြုသမျှ နုရတော့မည့် အနေထားမှာရှိ၏။ သားကို မော်ကြည့်မိ၏။ သမီးကို မော်ကြည့်မိ၏။ ဇနီးကို မော်ကြည့်မိ၏။ ခင်ပွန်းကို မော်ကြည့်မိ၏။ သူတို့ခမျာ စိတ်မကောင်းဖြစ်ရုံ ဝမ်းနည်းပူဆွေးရုံမှတစ်ပါး။ ဘာမှမတတ်နိုင်တော့ချေ။

တကယ့်အရေး တကယ့်ဘေး ဘယ်သွေး ဘယ်သားမကယ်ပြီ ဟူသော ဆုံးမစကားကို ယခင်ကအကြိမ်ကြိမ် နှုတ်တက်ရွတ်ဖူး၏။ သူများရွတ်သည်ကို အကြိမ်ကြိမ် ကြားဖူး၏။ ယခုလက်တွေ့ သဘောပေါက်ပြီ ဟိုလူ့လက်ကိုဆွဲ သည်လူ့လက်ကိုဆွဲ အားကိုးရှာကြည့်၏။ အားကိုးရာမရှိ ကယ်ပါကယ်ပါဟု တိုးလျသောအသံဖြင့် အခါခါတောင်းဆိုမိ၏။ ကယ်မည့်သူ မရှိ။ သေရမှာ မကြောက်ပါဟု ပြောသူသည် ရင်ဆိုင်မတွေ့ရသေး၍ ဖြစ်၏။ သေမင်းနှင့် ရင်ဆိုင်ပက်ပင်းတိုးသောအခါ အနာဂါမ် ရဟန္တာမှတစ်ပါး သေရမှာ မကြောက်သူ ဟူ၍မရှိ။ သေမင်းသည် မိမိတွေ့ကြုံဖူးသော ကြောက်စရာတွေထက် အဆထောင်ပေါင်းများစွာ ပို၍ ကြောက်စရာကောင်း၏။

တရားလက်လွတ် ငှက်တောင်ကျွတ်ဟု ဆိုစကားရှိ၏။ ငှက်များအတောင်ကျွတ်လျှင် မပျံသန်းနိုင်တော့။ မြေသို့ပြုတ်ကျ၍ အန္တရာယ်နှင့် ကြုံရဖို့ သေချာနေပြီ။ ပုထုဇဉ်လူမိုက် သားကိစ္စ သမီးကိစ္စ ဇနီးကိစ္စ စားဝတ်နေရေး စီးပွားရေးကိစ္စများနှင့်သာ အချိန်ကုန်ခဲ့၏။ ဘုရား တရားကိစ္စဝတ်ကျေတန်းကျေသာ ရှိခဲ့၏။ အသိခေါက်ခက် အဝင်နက်ခဲ့၏။ သိတော့သိပါ၏။ မကျင့်နိုင်ခဲ့။ မိမိကိုယ်မိမိ ယခုကဲ့သို့ သေမင်းနှင့် ဗြုန်းစားကြီး တွေ့ရမည်ဟု မထင်ခဲ့။ မထင်မှတ်ဘဲ။ သေမင်းနှင့် ဗြုန်းစားကြီး တွေ့လိုက်ရသဖြင့် မကြုံဖူးအောင် အကြောက်ကြီးကြောက်မိ၏။ ဇောချွေးများပင် ပြန်နေ၏။ တရားဓာတ်ခံမရှိသဖြင့် ဝေဒနာကိုလည်း မခံစားနိုင်။ နာခြင်း ဗျာဓိက သေခြင်း မရဏနှင့် တစ်ဆက်တည်း စပ်နေသော နာခြင်းဗျာဓိမျိုးဖြစ်၏။ မခံရပ်နိုင်သဖြင့် တညည်းညည်း တညူညူ ဖြစ်နေ၏။ စိတ်အစဉ်ကို ဒေါမနဿက လွှမ်းမိုးထား၏။ ငှက်အတောင်ကျွတ်သကဲ့သို့ ဖြစ်ချေပြီ။ မည်သည့် ဘုရား တရားကိုမှ အာရုံယူ၍ မရတော့။ အားတင်း၍ ဘုရား တရား အာရုံယူကြည့်ပြန်သော်လည်း ဝေဒနာက ပြင်းထန်လွန်းသဖြင့်
 ဝေဒနာကို မကျော်လွှားနိုင်။ ငါမိုက်ခဲ့လေခြင်း ငါမှားခဲ့လေခြင်းဟု နောင်တကြီးစွာရ၏။

သို့သော် နောင်တက နှောင်း၍နေပြီ။ ပြုပြင်ရန် အချိန်မရှိတော့။ ဒေါမနဿ စိန်အစဉ်နောက်မှာ စုတိစိတ်က ကိလေပြီ။ သူ၏ ရှေ့ဆက်ရမည့် ဘဝခရီးကား မတွေးဝံ့တော့ပြီ။

(အရှင်သံဝရာလင်္ကာရ-ဓမ္မပိယဆရာတော်)

No comments:

Post a Comment