/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, February 13, 2014

**** စူဌသောတပန် ရှုနည်း မှ မဟာသောတပန်ဖြစ်စေရန် ****




Add caption
 ခန္ဓာ ဥာဏ်ရောက်ဝိပဿ......နာအလုပ် ကြိုးစားမယုတ် ပွားများအားထုတ်ကြတဲ့နေရာမှာ ကိုယ်ထင်ရာကိုယ်
စိုင်း ပြီး တော့ ကောင်းမယ်ထင်ပြီးထွင်လိုက်တဲ့ ထွင်လုံးတွေမပါစေပဲနဲ့  ရှင်တော်မြတ် ဗုဒ္ဓ၏ အလိုတော်ကျ

ထေရ၀ါဒ ပိဋကတ်တော်က လာတဲ့လမ်းကြောင်းမှန် အတိုင်း ကျင့်သုံးသွားမယ်ဆိုရင် ရှေးရှေးသော

ဘုရား အရိယာ သူတော်စွာတို့ ရောက်အပ်တဲ့နိဗ္ဗာန် တို့လဲ ရောက်ရလိမ့်မယ်လို့ ယုံယုံကြည်ကြည်နဲ့

ဆုံးဖြတ်ပြီး အလုပ်လုပ်ရလိမ့်မယ်လို့ မှတ်ရမယ်နော်။(မှန်လှပါဘုရား)


အဲ့တော့  ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့အလိုတော်ကျ အဌကထာ ဆရာများက ဘာပြောထားသလဲဆိုရင်

နာမ ရူပ ပဋိစ္ဆေဒ ကျမ်း မှာ  ၀ိပဿ......နာအားမထုတ်ခင်   ဥာဏ်(၃)ဥာဏ် အရင်ရအောင်လုပ် တဲ့။

အဲ့ဒီဥာဏ်သုံးဥာဏ် ဆိုတာ ၀ိပဿ......နာရဲ့  အစဉ်မှာ

 
(၁) ကြောင်းကျိုးသိတဲ့ဥာဏ်

 
(၂)ရုပ်နာမ် သိတဲ့ဥာဏ်

 
(၃)ဖြစ်ပျက်မြင်တဲ့ဥာဏ်

 
ဒီဥာဏ်(၃)ဥာဏ် အရင်ရအောင်လုပ်ရမယ်။

ဒီဥာဏ်(၃)ဥာဏ် ရအောင်လည်းပဲ ဆရာသမား အသီးသီး က သင်ပေးရမယ်။

 
ဝိပဿ......နာ အလုပ်စဉ် တရားမှာ တကယ် နိဗ္ဗာန်ရောက်ကြောင်းကျင့်သုံးကြမယ့် ယောဂီ သူတော်စင်များ

အစဉ်မှန်မှန်ကလေးနဲ့အလုပ်လုပ်တတ်ဖို့ လိုပါတယ်။

သီလစင်ကြယ်ရမယ်။ သမာဓိ ကောင်းရမယ်။
ဒိဌိ ကိုအသိဥာဏ်နဲ့စင်ကြယ်ရမယ်။သံသယ ကင်းရမယ်။


ဒီအစဉ်လေးတွေလာနေတဲ့အခါကြတော့ ဘုန်းကြီးတို့ရဲ့ အနန္တ သခင်ကျေးဇူးရှင် မိုးကုတ် ဆရာတော်ဘုရား

ကြီးက ပိဋကတ် သုံးပုံ ကိုမွှေနှောက်ပြီးတော့ အသွေးတော် အသားတော် အရိုးတော်ကနေ ဓါတ်တော်ကျ

အောင် ကျင့်တော်မူသွားတဲ့အတွက် ရှင်တော်မြတ်ဗုဒ္ဓ၏ ၀ိပဿ......နာ ကျင့်စဉ် နည်းစနစ်ပေးတဲ့အပေါ်မှာ

ဘာမှသံသယ၀င်စရာမလိုပါဘူး။ဆရာတော်ဘုရားကြီးက

 မြတ်စွာဘုရားရှင်ရဲ့ အလိုတော်ကျ အတိုင်း
ကျင့်တော်မူသွားလို့ ဓါတ်တော်ကျသွားပြီ။


မုံလည်ဆရာတော် ကလည်း မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ ဥပနိသယ အတိုင်း ကျင့်ကြံသွားလို့ 

ဓါတ်တော်ကျတာပဲ။ဆရာတော်ဘုရား ဦးဓမ္မသာရ လည်း ဒီ အတိုင်းပဲ ။ဆရာတော်ရဲ့အနားမှာ
၆ နှစ်ဆက်တိုက် နေခဲ့ရတယ်။

ဆရာတော်ဦးဓမ္မသာရလည်း အသက်ကြီးမှ ၀တ်တာပဲ။
ပဋိယတ္တိ စာပေ တတ်တော်မမူရှာပါဘူး။


ဒါပေမယ့် သူတော်ကောင်းတို့ရယ်  ဆရာတော်ဘုရားကြီးရဲ့
ဥပနိသယ အတိုင်း တသွေမတိမ်း  အရှင်မြတ်တို့ က စာမတတ်ပေမယ့် အရှင်မြတ်တို့်ရဲ့ ဆရာတော်

ဘုရားဖြစ်တဲ့ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဥပနိသယ အတိုင်း သံသယ ကင်းကင်းနဲ့ ကျင့်ကြံ

ခဲ့လို့ ဆရာတော်ဘုရား ပျံလွန်တော်မူတော့ အသွေးတော် အသားတော် အရိုးတော်တွေက ဓါတ်တော်ကျလို့

မီးသဂြိုလ်တဲ့အခါ ဟာဒယ ၀တ္ထုက သွေးတွေများ စီးကျလာတာ ရေတံခွန်က ရေစီးတဲ့အတိုင်းပဲ။

 
အဲ့ဒီသွေးထဲမှာ အလုံးအလုံးအသီးအသီးတွေ ပါလာတာ နောက်ဆုံး အကုန် ဓါတ်တော်တွေဖြစ်ကုန်တာပဲ။

မျက်ခုံးမွှေးက နောက်ဆုံးမှ မီးလောင် တယ် ဗျား။ကိုင်း..ဓမ္မ ရဲ့ စွမ်းအားဘယ်လောက်ကြီးမားလဲ။

ဒါကြောင့် သူတော်ကောင်းတို့ အချိန် က ခပ်တိုတိုမှာ မိုးကုတ် ဆရာတော်ဘုရားကြီးအသုံးနဲ့ သုံးရင်

ဒကာကြွယ် ဦးလှဘူး  တို့ ရေ  ခင်ဗျားတို့ သက်တမ်းက ခပ်တိုတို ကျန်တော့တာနော်။ တဲ့ ခပ်ခိုခို လုပ်မနေနဲ့ 

ခပ်ယောင်ယောင် လုပ်မနေ နဲ့ တဲ့။


ဟိုလူ့ ပါးစပ် လမ်းဆုံး ဒီလူ့ ပါးစပ် လမ်းဆုံး  နဲ့  သူများပါးစပ် လမ်းမဆုံးနဲ့။
ဒကာကြွယ်ရေ  ခင်ဗျားတို့ ခန္ဓာပြောတာကို ယုံလိုက်စမ်းပါ။ဘုန်းကြီးတို့ ကလဲ ပဲ ခန္ဓာ ကို လက်ညှိုးထိုးပြနေ

တာ။ဘုရားက ခန္ဓာကို လက်ညှိုးထိုးပြီးဟောသွားသလို ဘုန်းကြီးများကလဲ ဘုရားရဲ့ တပည့်သားသာဝက

ပီပီ ခန္ဓာ ကို ပဲလက်ညှိုးထိုးရမှာဟေ့   တဲ့။ကိုယ်သိ ကိုယ်တတ်နဲ့ ဘာမှ ထွင်ပြောလို့မရဘူးကွဲ့ ။

မိုးကုတ် ဆရာတော်ဘုရားကြီးက ပြောခဲ့တာ။


ဒါကြောင့်ယောဂီတို့ ဟာရှေးဘုန်း ရှေးကံ ရှေး ပါရမီတွေရှိကြပါတယ်။ ကုသိုလ်ရှိန်စော်ကြောင့် ခုလို

သာသနာတွင်းတရားတွေနဲ့ လာတွေ့ရတယ် သစ္စာ တရား ၀ိပဿ......နာတရားတွေနဲ့လာပြီးတွေ့ ရတာ။

လူတိုင်းတွေ့ ခွင့်ရရဲ့လား။ဗုဒ္ဓဘာသာတိုင်းတွေ့ ခွင့်ရရဲ့ လား။ တချို့ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် သေသာ သွား

ရော ခန္ဓာ (၅)ပါး။ အာယတန(၆)ပါး။ ဓါတ်(၁၈)ပါး။  ဖြစ်ပျက်တရား။ ဒုက္ခသစ္စာတရား။ ။ဘာတစ်ခုမှ မသိပဲနဲ့

သေသွားကြရတာတွေ လောက မှာ အများကြီး ဒုနဲ့ ဒေး။


ယောဂီတို့က ရှေးဘုန်းရှေးကံ ကြီးမားလို့  ဒီတရားနဲ့လာတွေ့ ရတာ။ဘုန်းကြီး မှာတော့ အသက် (၂၆)နှစ်ကျမှ

ဒီတရားတော်တွေကိုတွေ့ ရတာ။ခုယောဂီတို့ထဲမှာ အသက်(၁၆)(၁၇)(၁၉)  ဒီအရွယ်လေးနဲ့ ဒီတရား

လာတွေ့ ရတာ နည်းတဲ့ ဘုန်းကံ မဟုတ်ဘူးနော်။ ဒါကြောင့်တစ်သိန်းတန် ရွှေဖလား ကို ပဲကြီးလှော်နဲ့

လဲမစားလိုက်ပါနဲ့လို့  ယောဂီ တို့ ကိုလေးစားစွာ တိုက်တွန်းတယ်လို့ မှတ်ပါ။


ကိုင်း ဒါကြောင့် မို့  တရားအစဉ် မှာ  ကြောင်းကျိုး သိတဲ့ဥာဏ် ကမ္မဌာန်း ပေးတဲ့နေရာမှာ အခြေခံ

နိုင်နိုင်နင်းနင်း ပေဖို့လိုပါတယ်။


ကမ္မဌာန်းပေးတဲ့နေရာမှာ(၁) မူလ ကမ္မဌာန်း(၂)ကြားထိုး ကမ္မဌာန်းလို့ရှိတယ်။

မူလကမ္မဌာန်း ဆိုတာ မူလ= အခြေခံ အကျဆုံး။  ကမ္မ= ၀ိပဿ......နာအလုပ်။ ဌါန= နေရာ။ဝိပဿ......နာ

စ  အားထုတ်မယ့် ပုဂ္ဂိုလ် ရဲ့ အာရုံပြုရမယ့်နေရာ။အာရုံပြုရမယ့် သဘော.၀ိပဿ......နာ စအားထုတ်မယ့်

ယောဂီရဲ့  အာရုံစပြုရမယ့် ကမ္မဌာန်း ကို မူလ ကမ္မဌာန်း တဲ့။ ဒါဖြင့် ၀ိပဿ......နာ အစ အာနာ ပါန ။

ဒါကြောင့် ၀င်လေ ထွက်လေ ကိုမှန်မှန် ရှူ မှန်မှန် ရှိုက်။ လေဆိုတာ ရုပ်တရား။နှာသီးဖျားဆိုတာလဲ

ရုပ်တရား။ရုပ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ လေလေးက

 နှာသီးဖျားကိုတိုးဝင်ပါတယ်။

 အဲ့ဒီ တိုးနေတာလေးက
အလိုလိုလားအကြောင်းတရားကြောင့်လား။

(အကြောင်းတရားကြောင့်ပါဘုရား)။လေ နဲ့ နှာသီးဖျား က အကြောင်း။တိုးနေတဲ့ သဘောလေး က အကျိုးတရား။ လေဆိုတာက ရုပ်တရား နှာသီးဖျား က လဲ ရုပ်တရား
ရုပ်နှစ်ခုပေါင်းစပ်လိုက်တော့တိုးနေတဲ့သဘောလေးရတယ်။

လေနဲ့နှာသီးဖျားက ရုပ်ဆိုရင် တိုးနေတဲ့
သဘောတရားက လဲ ရုပ်ပဲ။ 


ဒါပေမယ့် ကြည့်လိုက်တော့ ရုပ်တုံး ရုပ်ခဲ့ မဟုတ်ပဲ သဘောလေးပဲ ရှိတယ်။ လေနဲ့နှာသီးဖျား က အကြောင်း ရုပ်။ တိုးနေတဲ့သဘောလေး က အကျိုးရုပ်။နော် အကြောင်း အကျိုး။
ဒီပြင်တ၀ ခန္ဓာ ကိုယ်ထဲမှာ တရားလေးထိုင်နေရင်းနဲ့ ခန္ဓာကိုယ်မှာ ပူကနဲ အေးကနဲ့ ။လှုပ်ကနဲ့။ ပေါ်သွား
တယ် ဆိုပါစို့ ။

ခန္ဓာ ကိုယ်ထဲမှာ ဓါတ်ကြီး(၄)ပါး နဲ့ရပ်တည်နေတယ်။သွားလာရတယ်။လှုပ်ရှားရတယ်။အခြေခံ အကျဆုံး
ရုပ်တရား (၄)ပါး။ပထ၀ီ။တေဇော။အာပေါ။ဝါယော။  ခန္ဓာ ကိုယ်ထဲမှာ မာမှူ ပျော့ မှူလေးတွေရှိတယ်။
အရိုးဆိုရင်မာတဲ့သဘော  အသားဆိုရင် ပျော့ တဲ့သဘော။  အဲ့ဒီ မာတဲ့ ပျော့တဲ့ သဘောလေးတွေက ပထ၀ီ။

ပူတဲ့အေးတဲ့ သဘောလေးတွေက တေဇော။


ခန္ဓာကိုယ်ကိုစမ်းကြည့်
ရှိန်ရှိန်နွေးနွေးသဘောလေးတွေ
ရှိတယ်။အဲ့ဒါ တေဇော။တခါ ခန္ဓာ ကိုယ်ထဲမှာ ချွေးတွေ နှပ်တွေ တံတွေးတွေ ယိုစီးတတ် ဖွဲ့စည်းတတ်တဲ့

သဘောတွေ ရှိတယ် ။အဲ့ဒါ အာပေါ။ရေဓါတ်လို့ခေါ်တယ်။ရေဓါတ် မရှိရင်လဲ လူက သေမှာပဲ နော်။

နောက်တခါ ဒီခန္ဓာ ကိုယ်ထဲမှာပဲ သွေးတွေ လည်ပတ်နိုင်အောင်လို့ လေ ဆိုတာ ရှိတယ်။အဲ့ဒါ ၀ါယော။

အဲ့ဒီ ဓါတ်ကြီး(၄)ပါးဟာ ငါလား  ရုပ်တရားလား။(ရုပ်တရား ပါဘုရား)။


ဓါတ်(၄)ပါး က ရုပ်တရား။အဲ့ဒီ ဓါတ်(၄)ပါး ခန္ဓာကိုယ်ထဲမှာ တခုနဲတခု တိုးဝှေ့ ထိခတ် တာက အကြောင်း

အဲ့ဒီ ဓါတ်(၄)ပါး တိုးဝှေ့ ထိခတ် တဲ့အတွက် ပူတဲ့သဘော အေးတဲ့ သဘော လှုပ်တဲ့သဘော ငြိမ်တဲ့သဘော

တောင့်တဲ့ သဘော တင်းတဲ့သဘော နာတဲ့သဘော ကျင်တဲ့သဘော ယားတဲ့သဘော  အဲ့ဒီ သဘောလေး

တွေ ပေါ်လာတာက အကျိုး။ဓါတ်ကြီး(၄)ပါးက အကြောင်း  ဖေါက်ပြန်လာတာက အကျိုး။နာတာပေါ်လည်း

အကြောင်းအကျိုး ကျင်တာပေါ်လည်း အကြောင်းအကျိုး။ပူတာပေါ်လည်း အကြောင်းအကျိုး။

ဘယ်ဓမ္မလေးပေါ်ပေါ်  အကြောင်းအကျိုး ပါပဲ။ 


ဘယ်ဓမ္မ ပေါ်ပေါ် အလိုလို ပေါ်တယ် ဆိုတာ မရှိဘူး။
အကြောင်းကြောင့်အကျိုးဖြစ်တာ။နှာသီးဖျားမှာ တိုးနေတဲ့ သဘောလေးကလဲ အလိုလိုပေါ်တာမဟုတ်ဘူး။

အကြောင်းကြောင့် အကျိုးဖြစ်နေတာ။ နာတာလေး ကျင်တာလေးကလဲ အလိုလိုပေါ်တာ မဟုတ်ဘူး။

အကြောင်းကြောင့် အကျိုး ဖြစ်နေတာ။


အခုလို ဘယ်ဓမ္မလေးပေါ်ပေါ် အကြောင်းကြောင့် အကျိုးဖြစ်တယ်
ဆိုတာ သိတော့ နာနာ ကျင်ကျင် ဖြစ်ပေါ်တိုင်း  အကြောင်းတရားကြောင့်ဖြစ်တဲ့ အကျိုးတရားပါလားလို့  ပိုင်ပိုင်နိုင်နိုင် သိထားတော့ ဘာကြောင့်နာတာလဲ  ဘာကြောင့်ကျင်တာလဲ ဆိုတဲ့သံသယ လာစရာ

မလိုတော့ဘူး။အဲ့ဒါ အကြောင်းနဲ့အကျိုး ကို ပိုင်းခြားသိလို့ ပါပဲ။


ဟောဒီ ကြောင်းကျိုးဆိုတဲ့ သဘောဟာ ခန္ဓာ ဥာဏ်ရောက်တင်မက ပဲ ဟိုးအပြင်လောက မှာ ပြောဆိုဆက်

ဆံ တဲ့ နေရာမှာလည်းပဲ ထိုနည်းပမာ ပေါ့။အရာရာတိုင်းဟာ အကြောင်းအကျိုးပဲ။  ဆင်းရဲရတာလည်း

အကြောင်းအကျိုးပဲ ချမ်းသာရတာလည်း အကြောင်းအကျိုး ပဲ။


 ဒါကြောင့်မို့ လို့  သောရေယျ ရဲ့သားသုဘ က
ဘုရားကိုလျှောက်တယ်။ လူချင်းတူပါရဲ့နဲ့ တချို့ က ချမ်းသာတယ် တချို့  ကဆင်းရဲတယ်။ အဲ့ဒါ ဘာကြောင့်လဲ

ဘုရား။ မလှူမတန်းမပေးကမ်း ခြောက်ခမ်းဥစ္စာ ဆို။ စွန့် ကြဲလေကုန်ဥစ္စာ စုံ ကုန်လုံကြွယ်ဝ လို။

ဆင်းရဲရတာ ဘာကြောင့်လဲ မလှူမတန်းခဲ့လို့ ။


 ချမ်းသာရတာ ဘာကြောင့်လဲ လှူတန်းပေးကမ်းခဲ့လို့ ။
တချို့ အနာရောဂါ ကင်းရတယ် တချို့ အနာရောဂါ ထူရတယ်။တချို့ မွေးကတည်း က အနာရောဂါနဲ့နှပန်း လုံး

နေရတာ။ မနာလိုပြန် ဣဿာ....ာရံ  ခြံရံ ကင်းမည်ဆို။ဣဿ......ာ မထား ၀မ်းမြောက်ငြား  ပေါများ ချွေရံကို။

နှိပ်စက်ကလူ ညှင်းစဲမူ  ပြောသူရောဂါစုံ။ သနားစိတ်တွင်း မနှိမ်နင်း ကင်းရှင်းရောဂါ ကို။
သူများကို အမြဲတမ်း နှိပ်စက် ညှင်းပန်း တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘ၀မှာ အနာရောဂါ ဖြစ်တတ်တယ်။

 
ရောဂါထူတယ်။ သူများအပေါ် မေတ္တာ တရားနဲ့ အေးချမ်းစွာ နေထိုင်တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာ ဘ၀ တိုင်းမှာ

ရောဂါ ကင်းရတယ် ။ရောဂါကင်းတာလည်း အလိုလိုလား အကြောင်းအကျိုးလား။(အကြောင်းအကျိုးပါဘုရား)

ရောဂါထူရတာလည်း အကြောင်းအကျိုးပါပဲ။ ဘယ်သူ့ ကိုမှ အပြစ် မမြင်ရဘူးနော်။ဥပမာ ဆိုကြပါစို့ 
ကိုယ်က သူများပစ္စည်းကိုခိုးမိတယ် ဆိုရင် ဒီဘ၀ ကြရင်လည်း ကိုယ့်ပစ္စည်း အခိုးခံရမယ်။


 ဒါကြောင့် ဘုန်းကြီးတို့  ဖိနပ် ပျောက်ရင် ဘယ်တော့မှ မပြောဘူး။ ကိုယ့်ဘာသာ ခြေဗလာနဲ့ပြန်လာတယ်။
သူများက ဘုန်းဘုန်း ဖိနပ် ဘယ်ပျောက်သွားလဲ မေးရင် ပိုင်ရှင်ယူသွားလို့ လို့ ပြောလိုက်တယ်။

  
ဒါတွေ က အတိတ် ကအကြောင်းကြောင့်ဖြစ်တာ သူများကိုအပြစ် မပြောရဘူး။ အသက်ရှည်ချင်ရင်

သူများကို သံသယ မ၀င်နဲ့။သံသယ မျက်လုံးနဲ မကြည့်နဲ့။သူများအပေါ် သံသယ ၀င်တာ ကိုယ် အရင်ဆုံး
ပူလောင်တယ်။အဲ့ဒီ ကိလေသာ အပူ က နှလုံးသားကိုလောင်မြိုက်တာ။ဟာဒယ ၀တ္ထု ကိုလောင်မြိုက်ပစ်တာ
ဒါကြောင့်မျက်နှာတွေ မဲတက်လာတာ။ 


ဘယ်တော့မှ သူများကိုမတော်မတရားစိတ်တွေ မထားနဲ့ သံသယ
စိတ်တွေမထားနဲ့။နောက်ပြီးတော့သူများကိုအပြစ်မြင်မစောနဲ့။

 နောက်ပြီးတော့ တစ်ဦးနဲ့ တစ်ဦး ဘယ်တော့မှ အထင်မသေးနဲ့။တရားဟောတဲ့ပုဂ္ဂိုလ်နဲ့ တရားနာတဲ့ ပုဂ္ဂိုလ်။ တရားနာတဲ့ ပုဂ္ဂိုလ် က တရား
ဟောတဲ့ ဆရာကို ဘယ်တော့မှ အထင်မသေးရဘူး။


 တရားဟောတဲ့ပုဂ္ဂိုလ် က တရားနာတဲ့ပုဂ္ဂိုလ်ကို
လေးလေးစားစားနဲ့ တရားကိုလေးစားသောအားဖြင့် တရားနာတဲ့ပုဂ္ဂိုလ်ကို လေးစားသောအားဖြင့် ရိုရိုသေသေ လေးလေးစားစား ဟောရသလို  နာယူတဲ့ ပုဂ္ဂိုလ်ကလည်း တရားဟောတဲ့ပုဂ္ဂိုလ် နဲ့ တရားတော်

ကိုလေးစားသောအားဖြင့် ရိုရိုသေသေ လေးလေးစားစား နာယူရမှာဖြစ်တယ်။တစ်ဦးနဲ့တစ်ဦးမနှိမ်နင်းရဘူး

မချိုးနှိမ်ရဘူး။တစ်ဦးနဲ့ တစ်ဦးအပြစ်မြင် မစောနဲ့။ သူ့ နေရာ ကိုယ်နေကြည့်။ ကိုယ့်နေရာ သူနေကြည့် ။

ပုထုဇဉ် သဘာဝ မှားတတ်တဲ့သဘာဝ နိယာမ ရှိတယ်။ 


အရာရာတိုင်းမှာ လောက စီးပွားရေး ပညာရေး
ကျန်းမာရေး။ ဘယ်အရေးကိစ္စမှာပဲဖြစ်ဖြစ် ကိုယ်နဲ့သဘောထားခြင်းမတိုက်ဆိုင်သည် ရှိသော် တိုက်ဆိုင်

သည် ရှိသော် အကြောင်းအကျိုး ဆိုတာ သိမှတ်ရမယ်။ ကိုယ်ကတော့ ဒီပုံစံလေးဖြစ်ချင်တယ်။


 ဒါပေမယ့် ကိုယ့်ဖြစ်ချင်တဲ့ပုံစံ အတိုင်း အရာရာတိုင်းဖြစ်လို့ ရမလား။ကိုယ့်လက်တောင်မှ ညီတာမှ မဟုတ်ပဲ။
ကိုယ့်ခန္ဓာ ကိုယ်တောင်မှ ညီတာမှ မဟုတ်ပဲ။အရာရာတိုင်းမှာ အကြောင်းအကျိုး ဆိုတော့ ကိုယ်ဖြစ်ချင်တိုင်း

ဖြစ်လို့ ရမလား။အရပ်ပုရတာလဲ အကြောင်းအကျိုး။အရပ်ရှည်ရတာလဲ အကြောင်းအကျိုး.။ 


ရုပ်ချောရတာ
လဲ အကြောင်းအကျိုး။ရုပ်ဆိုးရတာလဲ အကြောင်းအကျိုး။ အရာရာတိုင်းကိုဆင်ခြင်လိုက်စမ်းပါယောဂီတို့ ။

အဲ့လိုဆင်ခြင်လိုက်တဲ့အခါ မှာ ဆင်ခြင်လိုက်တာက ဥာဏ်ပါပဲ။လောက ကြီးပေါ်မှာ ဥာဏ်ကလေးက

ရောက်သွားတော့ ဘယ်သူ့ ကိုဖြင့် မကျေနပ်ပါဘူး။ဘယ်သူ့ ကိုဖြင့်မနာလိုပါဘူး။


ဘယ်သူ့ ကိုတော့ပြန်
တုန့် ပြန်အုံးမယ် ဆိုတဲ့ ကြမ်းတမ်းတဲ့အာဃာတ တွေ လာအုံးမှာလား။(မလာတော့ပါဘူး ဘုရား)။

သိတ်ကောင်းတာပဲ ဗျာ ။ချက်ချင်းကိုငြိမ်းအေးသွားတာ။ အကာလိကော  တဲ့ ခုရှူ ခုငြိမ်း။ တဲ့။

အခုဆင်ခြင်လိုက်တာနဲ့ခု ငြိမ်းသွားတာ ဒါတောင် ၀ိပဿ......နာ မပါသေးဘူး။


ဒီကြောင်းကျိုး သိတဲ့ဥာဏ်က
ဘယ်လောက်ကျေးဇူးများသလဲဆိုရင် သံသယ ကိုပယ်သတ်တယ်။ ဒါကြောင့် အကြောင်းအကျိုးပေါ် ဥာဏ်

ရှင်းတော့ ၀ီစိကိစ္ဆာ သေတယ်။ဝီစိကိစ္ဆာသေရင် သူတော်ကောင်းတို့ အပယ်လေးပါး က လွတ်မြောက်မှာ။

ရှင်း ပြီလား။သူတော်ကောင်းတို့စီးပွားရှာတာကလေ ဆင်းရဲချင်လို့ လား ချမ်းသာချင်လို့ လား။


(ချမ်းသာချင်လို့ 
ပါဘုရား)။ချမ်းသာချင်လို့ စီးပွားရှာကြတယ်ဆိုရင် တကယ်ချမ်းသာချင်တယ် ဆိုရင် ဘယ်တော့မှ သူများ

အပေါ်မှာ ဣဿ......ာ မစ္ဆရိယ စိတ်တွေ မ၀င်နဲ့။မငြူစူ နဲ့ မစောင်းမြောင်းနဲ့။မတွန့်တိုနဲ့။ 


တချို့  က အလကား
နေရင်း ကိုယ်ပေးရတာလည်း မဟုတ်ပဲနဲ့ ကြားကနေ တွန့် တိုနေတာလဲ ရှိသေး။ဒါမျိုးလဲရှိတယ်။နော်။

ချမ်းသာချင်ရင် ဣဿ......ာမစ္ဆရိယ စိတ်ကင်းအောင်နေ။ဟုတ်လား။ဘယ်တော့မှ မငြူ စူနဲ့ သူများစားတာ

သောက်တာ မငြူ စူနဲ့။များသောအားဖြင့် သူများအကြောင်း မကောင်းပြောတယ် ဆိုတာ အဲ့ဒီ ဣဿ......ာ

မစ္ဆရိယ က လာတာ။


အသက်ရှည်ချင်တယ် ကျန်းမာချင်တယ် စီးပွားလာဘ်လာဘ တိုးတက်ပြီတော့မှ
ဒီဘ၀ တကယ့် ကိုချမ်းသာအစစ် ရင်ထဲမှာကိန်းချင်တယ်ဆိုရင် ဣဿ......ာမစ္ဆရိယ ကင်းအောင် ကြိုးစား ပါ။

သူများအကြောင်းမစဉ်းစားနဲ့။ သူများအကြောင်းစဉ်းစားရင်  ကောင်းကွက်ကိုတွေ့ ပြန်တော့လဲ တို့ က

မနာလိုမရှူစိမ့်ဖြစ်တတ်တယ်။ ဘာကြောင့်လဲ။


 ပုထုဇဉ် ကိုးကွဲ့ ။ကောင်းကွက်မြင်တော့လဲ မုဒိတာ မပွား
နိုင်ကြဘူး။ဒါကြောင့်မို့ လို့  သူများအကြောင်းကိုစဉ်းစားတဲ့အခါ ပုထုဇဉ် က ကောင်းတာနဲ့ မကောင်းတာ

များသောအားဖြင့် မကောင်းတဲ့ ဘက်ကို စဉ်းစားတာများတယ်။မကောင်းတဲ့ဘက် တွေးတာက များတယ်။

အဲ့ တော့ ကိုယ့်အကြောင်းကိုယ်တွေးပါ။ဖြစ်သမျှဟာ အကြောင်းအကျိုး ပဲလို့ တွေးတော့ ရင်ထဲမှာ ငြိမ်းအေး

သွားတယ်။ အလေ့ အကျင့် များအောင် လုပ်ပါ။ အလေ့ အကျင့်များတော့ ပါရမီ က ရင့်ကျက်လာမယ်။



အကြောင်းတရား က ဓါတ်ကြီး(၄)ပါး။အကျိုးတရားက ဖေါက်ပြန်တာ။ နာတာပေါ်လဲ ဖေါက်ပြန်တာ။

ကျင်တာပေါ်လဲ ဖေါက်ပြန်တာ။ အေး ဒါကြောင့်မို့  စကားလုံးတွေ အများကြီး မပြောပဲနဲ့  နာမှု ကျင်မှု

ထုံမှု ယားမှု အောင့်မှု ပူမှု အေးမှု တောင့်မှု တင်းမှု လှုပ်မှု  ငြိမ်မှု အဲ့ဒီလို ခန္ဓာကိုယ်က  အမျိုးမျိုးသော

သဘောတရားတွေ ကို ပရမတ္တ သဘောအရ စကားလေး တစ်လုံးတည်းနဲ့သုံးလိုက်တယ်။ ဖေါက်ပြန်တာ။

ယားတာပေါ်လည်း ဖေါက်ပြန်တာ။ကျင်တာပေါ်လည်း ဖေါက်ပြန်တာ။ ပူတာပေါ်လည်း ဖေါက်ပြန်တာ။

 
ဖေါက်ပြန်တာ ဘယ်သူ့ ရဲ့ သဘောလဲ။ ရုပ်  ရဲ့ သဘော နော်။သိလိုက်တာက နာမ်ရဲ့ သဘောနော်။

ဒါဖြင့် ယောဂီတို့ ရယ် တရားလေးနာနေရင်းက လှုပ်ခနဲ  ပေါ်သွားရင် ဖေါက်ပြန်တာ။ကျင်ခနဲ့ပေါ်သွားရင်

ဖေါက်ပြန်တာ။ပူခနဲ့ပေါ်သွားရင်ဖေါက်ပြန်တာ။ အဲ့လိုဖေါက်ပြန်တာပဲ ဖေါက်ပြန်တာပဲလို့ သိရင်။

နာမ ရူပ ပရိစ္ဆေဒ ဥာဏ်တဲ့။မြန်မာလိုပြန်တော့ ရုပ်နာမ် သိတဲ့ဥာဏ်။


 ခန္ဓာ ဥာဏ်ရောက်နဲ့ပြောတော့
ဖေါက်ပြန်တယ်လို့ သိတဲ့ ဥာဏ်။ဒါဖြင့် ပူတာပေါ်လည်း ဖေါက်ပြန်တယ်။အေးတာပေါ်လည်းဖေါက်ပြန်တယ်။

ပူတာအေးတာ လှူပ်တာငြိမ်တာကို ဘယ်သူက ပြတာလဲ။(ခန္ဓာ က ပြတာပါဘုရား)။ဟုတ်တယ်။

ယားတဲ့သဘောလေး က ခန္ဓာမှာပေါ်တာပူတဲ့သဘောလေးကလဲ ခန္ဓာ မှာပေါ်တာ။ တောမှာ တိုင်မှာ

အိမ်မှာ ဓမ္မာရုံမှာ ပေါ်တာလား ခန္ဓာမှာ ပေါ်တာလား။(ခန္ဓာ မှာပေါ်တာပါ ဘုရား)။ကျင်တာလေးပေါ်လဲ

ခန္ဓာမှာပေါ်တယ် ပူတာလေးလဲ ခန္ဓာမှာပေါ်တာ။ 


ခန္ဓာ မှာ ပူတာအေးတာ လှူပ်တာငြိမ်တာ ပေါ်တာ
အဲ့ဒါ ဖေါက်ပြန်တာ။ဖေါက်ပြန်မှူသဘောက ခန္ဓာ မှာ ပေါ်တာ။အဲ့ဒါကိုဖေါက်ပြန်တာပဲလို့ သိတာ

ဘယ်သူ က သိတာလဲ။(ဥာဏ်က သိတာပါဘုရား)။ဖေါက်ပြန်မှူကဘယ်မှာပေါ်။

(ခန္ဓာမှာ ပေါ်ပါတယ်ဘုရား)။
ဘယ်သူ က သိတာလဲ(ဥာဏ်က သိတာပါဘုရား)။ဒါဖြင့်  ခန္ဓာ ပေါ်ကို ဘာရောက်သွားတာလဲ။

(ဥာဏ်ရောက်သွားတာပါဘုရား)။အဲ့ဒါ ခန္ဓာ ဥာဏ်ရောက်ဆိုတာ အဲ့ဒါပဲ။ရှင်းပြီလား။


ယောဂီတို့  ငယ်ငယ်ရွယ်ရွယ် နဲ့ အသေမဦးခင် ဥာဏ်ဦးတာနော်။


အဲ့တော့ ဒီလိုဖေါက်ပြန်တယ် ဆိုတာ သိလိုက်တော့ ငါနာ တယ်ဆိုတာ လာဦးမလား။(မလာတော့ပါဘူး

ဘုရား)။အဲ့ဒီ ယားတာ ကျင်တာ ထုံတာ ကိုက်တာ ယောဂီတို့ သဏ္ဍန်မှာပေါ်လာရင် ဒီ ယားတာလေး က

ထင်ထင်ရှားရှား ဖြစ်တယ်။ အသွင်သဏ္ဍန် အနေ နဲ့ ထင်ရှားတာလား။ သဘောလေးနဲ့ ထင်ရှားတာလား။

(သဘောလေး နဲ့ ထင်ရှားတာပါဘုရား)။ကိုယ်တိုင်တရားထိုင်နေတော့ ပူတာလေး နာတာလေးကျင်တာလေး ပေါ်လာတယ်။


 ပေါ်လာတာလေးက ပုံသဏ္ဍန် အနေ နဲ့ ထင်ရှားတာ မဟုတ်ဘူး။
သဘောလေးနဲထင်ရှားတာ။နာတာ အောင့်တာကိုပြပါဆို 

 ပြလို့ မရပါဘူး။ဘာမရှိလို့ လဲ။(အထည် မရှိလို့ ပါဘုရား)။နာကျင်နေတဲ့သဘောလေးတော့ ရှိပါတယ် ။အထည်ပြပါဆို ပြလို့ မရပါဘူး။ အထည်ကတော့မရှိ
ဘူး။သဘောကတော့ရှိတယ်။ အထည်သည် ပညတ်  သဘောသည် ပရမတ်။  ၀ိပဿ......နာ ရှူတယ် ဆိုတာ

ပရမတ် ကိုရှူရမှာနော်။ အဲ့တော့ လှုပ်ခနဲ့ဖေါက်ပြန်တာဟာ အထည်လားသဘောလေးလား။
(သဘောလေးပါဘုရား)။ပညတ် လား ပရမတ် လား။(ပရမတ်ပါဘုရား)။အေး ပရမတ် ကို အရင်သိအောင်
လုပ်ရတယ်။


ပရမတ် မသိ ၀ မရှိ။ဝိ လည်း မဖြစ်နိုင်။

ဝိ မဖြစ်က အနတ္တ  မုချ ဥာဏ်မပိုင်။

ဥာဏ် မြင် အနတ္တ မတွေ့က ဒုက္ခ ဆုံးမတိုင်။

ဒိဌိ ကိုလည်း မခွာတတ်
နှလုံးသားက ဂျွတ် ဆတ်ဆတ်
အ၀ီစိ မှာ အောက်ဂျိုးကပ်။ ။။။တဲ့   မှတ် ထား


ဘာဖြစ်လို့ လဲ ဆိုတော့ ပရမတ် မှ မသိတော့ အနတ္တလက္ခဏာ ဥာဏ် မရရင် ဒိဌိ မပြုတ်နိုင်ဘူး။
ဒိဌိ တန်းလန်း နဲ့သေရင် အပယ်လေးဘုံ ရောက်မယ်။ ဂျွတ်ဆတ်ဆတ် နိုင်တာ  ဒိဌိ ကြောင့်။ အမေ ကိုဂျွတ်ဆတ်ဆတ် လုပ်လိုက်။အဖေ ကိုဂျွတ်ဆတ်ဆတ် လုပ်လိုက်။ပြောမရ ဆိုမရ။
ဆုံးမ မရ။သွန်သင်မရ။ မိ မေတ္တာ နားမလည်  ဖ မေတ္တာ နားမလည်။ဒိဌိ ရဲ့ သတ္တိ ပဲ။
ဒါကြောင့် ဒိဌိ အားကြီးလေလေ ဂျွတ်ဆတ်ဆတ် မာကြောကြောနိုင်လေလေ ပဲ။ရှင်းပြီလား။


 
 ဒါကြောင့် မို့ လို့  ဒီတရားစခန်းပြီးသွားတဲ့အခါ  တရားစခန်းမတိုင်မှီက ယောဂီတို့ ရဲ့ အသိဥာဏ်လေးနဲ့
တရားစခန်းပွဲပြီးသွားတဲ့ အသိဥာဏ်လေး အသိတရားလေးတွေ ပြောင်းလဲကြပါစေနော်။ဘုန်းကြီးက

ကျေးဇူးဆပ်တာပါ။ ဘ၀ ကိုတစ်ဆစ်ချိုး အသိဥာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲလိုက်မယ်ဆိုရင် ယောဂီ တို့ ရဲ့

ဘ၀ဟာ တဆင့်ထက် တဆင့် မြင့်သွားမှာပါ။


ဝိပဿ......နာ ဆိုတာက လောကုတ္တရာ တစ်ခုတည်းအတွက်မဟုတ်ဘူး။ လောကီအတွက်လဲ အလွန် အင်မတန်

ကျေးဇူးမျာတဲ့ကျင့်စဉ် တစ်ရပ်လို့ ။မှတ်စမ်းပါ။ 


အလွန်မတန်ချမ်းသာတဲ့ ကျင့်စဉ်။အလွန်မတန် ငြိမ်းအေးတဲ့
ကျင့်စဉ်။ ဒီကျင့်စဉ်ကြီးကျင့်ဖို့  ဘုရား ပွင့်လာတာနော် ။ ရှင်းပြီလား။အဲ့တော့ ဒီကျင့်စဉ်နဲ့ ဒီအသိတရားတွေမှ

မရသေးလို့ ရှိရင်တော့ ယောဂီ တို့ ရေ ငါဟာ ဗုဒ္ဓဘာသာတစ်ယောက်လို့  ၀န် မခံနဲ့ အုံး။

အကယ်၍များ ဒီကျင့်စဉ် ဒီအသိတရားတွေ နဲ့ ယောဂီတို့   မရသေးဘူးဆိုရင် ငါဟာ အောက်တန်းစား

ဗုဒ္ဓဘာသာပါလားလို့   မှတ်ပါအုံး။ရှင်းပြီလား။ 


ဘ၀ ကိုတိုးတက်ချင်တယ် ဆိုရင်  အောင်မြင်တာလဲ
ကိုယ့်အပေါ်မူတည်တယ် ကျရှူံ.း တာလည်း ပဲ ကိုယ့်အပေါ်မူတည်တယ်။ လမ်းပေါ်ရောက်တာလည်း 

ကိုယ့်အပေါ် မူတည်တယ်။ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်သည် ကိုယ့်ရဲ့ ဘ၀ ရဲ့  

အောင်မြင်ခြင်း ကျဆုံးခြင်း  ရဲ့ သော့ချက်ပဲလို့ မှတ်ပါ။ 


အေး ဒါကြောင့်မို့ ယောဂီတို့ရော  ဒါဟာ ဖေါက်ပြန်တာပဲလို့ တချက်သိလိုက်တာနဲ့   အဲ့ဒီဖေါက်ပြန်တာ

ပူတာ အေးတာ ထုံတာ ကျင်တာ ကိုက်တာ ပေါ်လာတာ ကွယ်ကွယ်ဝှက်ဝှက်လား ထင်ထင်ရှားရှားလား။

(ထင်ထင်ရှားရှားပါဘုရား)။ ထင်ရှားလို့  ထင်ထင်ရှားရှားပေါ်လာလို့  သက္ကာယ လို့  ခေါ်တယ်။

 
 အထည်အနေ နဲ့လား သဘောလေးအနေ နဲ့လား။(သဘောလေးပါဘုရား) သဘောလေးအနေ နဲ့
ထင်ရှားလို့  သက္ကာယ တရားလို့ ခေါ်တယ်။ဒါဖြင့် ယောဂီတို့ ရေ ယားနေတာက သက္ကာယ။

အဲ့ဒါကို ဖေါက်ပြန်တယ်လို့ မသိတဲ့အခါကြတော့။ ငါ ယားတယ်လို့  ထုံးစံ အတိုင်းယူပစ်တာ။

 
ယားတာ က သက္ကာယ။ငါယားတယ်လို့   ယူလိုက်တာက ဒိဌိ။သက္ကာယ နဲ့ ဒိဌိ နဲ့ပေါင်းတော့

သက္ကာယ ဒိဌိ။ ကိုင်းသက္ကာယ ဒိဌိ  ဖြစ်ပြီ။ ကျင် ခနဲ့ပေါ်တာက သက္ကာယ။ ငါကျင်တယ်လို့ ယူလိုက်တာက

ဒိဌိ။ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။ ဖြတ်ခနဲ့မြင်လိုက်တာ သက္ကာယ။ငါကိုယ်တိုင်မြင်ခဲ့တယ်လို့ ယူလိုက်

တာက ဒိဌိ။ ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။  


ကဲ.တနေ ကုန် ဘယ်သူနဲ့နေတာလဲ။ (သက္ကာယ ဒိဌိ နဲ့
နေတာပါဘုရား) ။ တနေ ကုန် ဒိဌိ နဲ့နေတာပေါ့။ ဒိဌိ နဲ့နေတာ အခုမှလား ငယ်တည်း ကလား။

(ငယ်တည်း ကပါဘုရား)။ဒါဆို ငယ်ပေါင်းကြီးပေါ့။ ကဲ ခု ငယ်ပေါင်းကိုတွေ့ ပြီလား။လောက မှာ

ပြောကြတယ်။


ငယ်ကပေါင်း အနှစ်တစ်သောင်းမမေ့ ကောင်းတဲ့။ မှတ်ထား ဒိဌိ နဲ့သေရင် ဒယ်အိုး ကလွဲလို 
ကျန်တာ အကျိုးပေးစရာမရှိဘူး။ယောဂီတို့ရေ ငါ့ လာမထိ နဲ့ ငါလိုကောင်မ ဘာမှတ်လို့ လဲ ငါလိုကောင် 

ဘာမှတ်လို့ လဲ။ အဲ့လိုဖြစ်တာ ဒိဌိ ကြောင့်ဖြစ်တာ။ ဒိဌိ ရှိနေရင်  သူမလုပ်ရဲတဲ့ အကုသိုလ် ဘာမှ မရှိဘူး။

အမိ စော်ကား အဖ စော်ကား ဘုရားစော်ကားတယ် ဆိုတာလည်း ဒိဌိ ရဲ့ သတ္တိ ပဲ။ အဇာတသတ်က

အဖေ ကိုလုပ်ကြံတယ်ဆိုတာ လည်း ငါရှင်ဘုရင် ဖြစ်ချင်တယ် ။ငါဆိုတာ က ဒိဌိ ။ 


ဒီဒိဌိ က ခေါင်းဆောင်ပြီး
တော့ လုပ်တာ။ရှင်ဘုရင် ဖြစ်ချင်တယ် အာရုံငါးပါး ကာမဂုဏ် ခံစားချင်တဲ့လောဘ က ဒိဌိ နဲ့ယှဉ်ဖေါ် 

ယှဉ်ဖက်။အလုံးစုံသော အကုသိုလ် ရဲ့ခေါင်သူကြီးဟာ ဒိဌိ ပဲ။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တားမှာလည်း ဒိဌိ ပဲ။

အပ္ပါယ်လေးဘုံဆွဲချမှာလည်း ဒိဌိ ပဲ။ ဒါကြောင့်မို့ ထမင်းတစ်ပွဲလုံး ဘယ်လောက်ကြီးကျယ် ခမ်းနားတယ်

ဆိုပေမယ့် မစင်တစ်စက် ကျသွားရင် ထမင်းပွဲ ပျက်တယ်ဗျ။  ။


ဒီတိုင်း ပဲ ယောဂီတို့  ဘာကုသိုလ်ကောင်းမှူ
တွေ လုပ်ခဲ့တယ် ပြောပြော ဒိဌိ တည်းဟူသော မစင် တစ်စက် ကျသွားရင် ယောဂီတို့  ကုသိုလ်က အကျိုး

ပေးခွင့်မပါပဲနဲ့  အပ္ပါယ်(၄)ဘုံ ကိုဒိဌိ  က ဆွဲချသွားမှာ။ အလွန် မတန် ကြောက်စရာကောင်းတယ်။


ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးက  ၀ိပဿ......နာ ရှူမှူကိုနောက်ထားစမ်းပါအုံး ဒိဌိ အရင်ဖြုတ်ပါကွ။

ရှင်တော်မြတ် ဗုဒ္ဓ၏ အလိုတော်ကျ ကျေးဇူးရှင် မိုးကုတ် ဆရာတော်ဘုရားကြီး က  ၀ိပဿ......နာ ရှူမှူကို

နောက်ထား ဒိဌိ ဖြုတ်မှူကို ရှေ့ ထား(၁၆-၂-၆၀) မှာ သေသေချာချာ  ရှင်ဆန္ဒ ဥပမာ ပြ ဒိဌိ ဖြုတ် တရားတွေ

ဟောသွားတာ။ ကောင်းမှ ကောင်း။ 


ဒါကြောင့်မို့ သူတော်ကောင်းတို့ ရေ ၀ိပဿ......နာ ရှူတယ် ၀ိပဿ......နာ ရှူတယ် ဆိုတာ ဘာလုပ်တာလဲ မေးရင်  ဒိဌိ ကို အပွားဥာဏ်နဲ့ ပယ်နေတာ။ တချို့  ရိပ်သာတွေ ၀င်ပြီး
အိမ်ပြန်ရောက်တဲ့အခါ အမိ ထိုင်ဆဲ အဖ ထိုင်ဆဲ နဲ့ ။ 


လူရိုင်းကြီးတွေ ကိုဖြစ်လို့ ။သူတို့  ရိပ်သာဝင်တယ် ဆိုတာ ထိုင်တာပဲ ရှိတာ။နာနာ ကျင်ကျင် ကိုက်ကိုက်ခဲခဲ ပူပူအေးအေး လှူပ်လှူပ် ငြိမ်ငြိမ်  တောင့်တောင့်
တင်းတင်း သူဒါပဲ သိသွားတယ်။  သူတရားထိုင်တာ ညောင်းတာပဲသိတယ် ။နာတာပဲသိတယ်။ အောင့်တာ

ပဲ သိတယ်။  သက္ကာယ ဒိဌိ ဘယ်ဆီနေမှန်းလည်းမသိ။


သက္ကာယ ဒိဌိ ဘာပြောမှန်းမသိ။သက္ကာယ ဒိဌိ ရှိရင်
လူတွေ  ဘယ်လောက်စရိုက်ကြမ်းတယ် ဆိုတာ သူမသိဘူး။ သက္ကာယ ဒိဌိ ရဲ့အကျိုးပေး ကိုလည်း 

သူနားမလည်ဘူး။ သက္ကာယ ဒိဌိ ဖြစ်ပုံလည်း နားမလည်ဘူး။သက္ကာယ ဒိဌိ ဖြုတ်ပုံလည်း သူနားမလည်ဘူး။

ဟော ခု ယောဂီတို့ ဘယ်လောက်ကံကောင်းလဲ။ သက္ကာယ ဒိဌိ ဖြစ်ပုံကိုသိခွင့်မရဘူးလား။(ရပါတယ်ဘုရား)

 
ဒါဖြင့်လှူပ်ခနဲ့ပေါ်လာရင် ဘာတရားလဲ။(သက္ကာယတရားပါဘုရား)။


ကျင်ခနဲ့ပေါ်လာရင်။(သက္ကာယပါဘုရား)
 
ဖြတ်ခနဲ့ ကြားလိုက်ရင်(သက္ကာယ ပါဘုရား) 


ငါကြားတယ်လို့ ယူလိုက်တာ က ဒိဌိ။သက္ကာယ ကိုမှီပြီး
ဖြစ်တဲ့ ဒိဌိ မို့   သက္ကာယ ဒိဌိလို့ ခေါ်တယ်။ ဒါက သက္ကာယ ဒိဌိ ဖြစ်ပုံကိုပြောတာ။လက်မှာ ကျင်တာလေး

ပေါ်ရင် သက္ကာယ ။ငါကျင်တယ်လို့ ယူလိုက်ရင် ဒိဌိ။


 ပေါင်းတော့ သက္ကာယ ဒိဌိ။ဖြုတ်မယ်ဆိုရင်
သက္ကာယ ကိုဖြုတ်ရမှာလား။ ဒိဌိ ကိုဖြုတ်ရမှာလား။ ဒိဌိ ကိုဖြုတ်ရမယ် နော်။ သက္ကာယ တော့သွားမဖြုတ် နဲ့။

သေသွားမှာပေါ့။ သက္ကာယ ကိုဖြုတ်ရမှာလား ဒိဌိ ကိုဖြုတ်ရမှာလား။(ဒိဌိ ကို ဖြုတ်ရမှာပါဘုရား)

 
သို့ သော် ဒီ ဒိဌိ က သက္ကာယ ကိုမှီဖြစ်တာလား မိုး ပေါ်ကကျလာတာလား။ (သက္ကာယကိုမှီဖြစ်တာပါ ဘုရား)

သက္ကာယ ကိုမှီဖြစ်တဲ ဒိဌိ မို့  သက္ကာယ ဒိဌိ။ ဖြစ်ပုံနားလည်ပြီနော်။ ဖြစ်ပုံနားလည်မှ ဖြုတ်ပုံ နားလည်မှာ ဗျ။ 

သွားတယ် ဆိုပါစို့ ။သွားချင်တာ က နာမ် သွားတဲ့ ဟန် က ရုပ် သူမဟုတ် ငါမဟုတ်  သွားနေတာ နာမ်နဲ့ရုပ်။

 
အဲ့ဒါ ကို ငါသွားတယ်လို့ ယူလိုက်ရင်အယူမှား ဖြစ်တယ်။အယူမှားတာ ဒိဌိ။ ဘာဒိဌိလဲ ဆိုရင် သက္ကာယဒိဌိ။

ဒါဖြင့် ငါရယ်သူရယ် ယောင်္ကျား မိန်းမ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာက ပြောလို့ ဒိဌိ ဖြစ်တာမဟုတ်ဘူးယူမှ ဖြစ်တာ။

အပြော က ဒိဌိ ဖြစ်တာမဟုတ်ဘူးနော်။ အယူ က ဒိဌိ ဖြစ်တာ ။


 ပြောတာတော့ ဘုရားရှင်ကိုယ်တော်မြတ်
လည်ပြောတာပဲ။ငါဘုရား လို့ သုံးနှုန်း တာပဲ။ သုံးရုံသုံးသွားတာ။လောက မှာ တင့်တယ်အောင်

စကားပြောရာ ပေါင်းသင်းဆက်ဆံရာ ပြေလည်ပါစေခြင်း အကျိုးငှာ ယောက်ျားရယ် မိန်းမ ရယ် ပုဂ္ဂိုလ်ရယ်

သတ္တ၀ါရယ် ကလေး လူကြီး ဆရာသမား ဘုရား တရားသံဃာ မိဘ သူ့ နေရာနဲ့သူ အတိုင်းအတာ ရှိတယ်။

 
ဣရိယာ ကိုအကြောင်းပြုပြီးတော့ ဒါက လူပဲ ဒါက နတ်ပဲ ဒါက ခွေးပဲ ဒါက ကြောင်ပဲ စသည် အားဖြင့် အမည်

နာမ သတ်မှတ်ထားတာရှိတယ်။ သမုတိ သစ္စာတဲ့ ။သူ့ လောက စကားနဲ့သူ မှန်တယ်။  ပြောပါ ဆိုပါ။

သမီးကို သမီးလို့ ခေါ်တာ ဘာဒိဌိ မှ မဖြစ်ဘူး။ သားကိုသားလို့ ခေါ်တာ ဘာဒိဌိ မှ မဖြစ်ဘူး။ ငါ့ သား အစစ်

လို့ ယူရင်တော့ ဒိဌိပဲ။ အပြောနဲ့အယူ ခွဲထားရမယ်နော်။


ကျင်နေတာက သက္ကာယ။ ငါကျင်တယ်လို့ ယူလိုက်တာ ဒိဌိ။ ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။ အဲ့ဒါ သက္ကာယ

ဒိဌိ ဖြစ်ပုံပြောလိုက်တာ။ ဒိဌိ ဖြုတ်ပုံလေးကတော့။ အဲ့ဒီ ကျင်ခနဲ့ပေါ်လာလို့ ရှိရင် သူတော်ကောင်းတို့ က

ဘယ်လိုဆုံးဖြတ်ရမယ်။(ဖေါက်ပြန်တယ်လို့ ဆုံးဖြတ်ရမှာပါဘုရား)

။အေး ဖေါက်ပြန်တယ်လို့ သိလိုက်တဲ့
အတွက် ငါကျင်တယ်ဆိုတဲ့အယူ မလာတော့ဘူး။အဲ့ဒါ သက္ကာယဒိဌိစင်သွားတာ။ခန္ဓာ ပေါ်ဥာဏ်ရောက်သွား

လို့ ။ ခန္ဓာပေါ် ဥာဏ်ရောက်တော့ ဒိဌိ ပျောက်သွာတယ်။ ဒါကြောင့် ခန္ဓာ ဥာဏ်ရောက်ဒိဌိ ပျောက်။လို့ ပြော
တာ။

ဒီလိုနိုင်နိုင်နင်းနင်း ပြောရမယ် ဒိဌိ ပျောက် တယ်ဆိုတာ နားလည်အောင်ပြောရမယ် ။
 

သဘောပေါက်အောင်ပြောရမယ်။ဒါကြောင့်ဒိဌိ ပြုတ်ဖို့ က အရေးကြီးတယ်။ 

မူလ ကမ္မဌာန်း ဆိုတာကနှာသီးဖျား ၀င်လေလေး တိုးနေတာ။အဲ့ဒီတိုးနေတာလေး က သက္ကာယ။

ငါရှူတယ်လို့  ယူလိုက်တော့ သက္ကာယ ဒိဌိ။  အဲ့တော့ တိုးနေတာကို တိုးတဲ့သဘောလေး ကိုသိရမယ်။

 
တိုးနေတဲ့သဘောလေး က ရုပ်ရဲ့သဘော။သိနေတာလေး က နာမ်ရဲ့ သဘော။ တိုးတာ တိုးမှန်းသိနေရင်

ငါ ရှူတယ်  ငါရှိုက်တယ် ဆိုတဲ့ အယူ မလာတော့ဘူး။အဲ့တော့ သက္ကာယ ဒိဌိ စင်တယ်။အကြောင်း အကျိုး

ပေါ်ဥာဏ်ရှင်းတော့ ဝီစိကိစ္ဆာ သေတယ်။ ဖေါက်ပြန်တယ်

 ဖေါက်ပြန်တယ်လို့ သိတော့ သက္ကာယ ဒိဌိ
ပြုတ်တယ်။တိုးနေတာလေးက ဖြစ်တာ ။ဝင်လေ လေး ကုန်သွားတော့ မရှိတော့ဘူး။မရှိတော့တာ က 
ပျက်တာ။


ပျက်ရင်ပြီးရောလား ထွက်လေ အစားထိုးလား။(ထွက်လေ အစားထိုး ပါတယ် ဘုရား)။ ထွက်တော့လည်း တိုးပြီးထွက်တယ်။ တိုးတာသိတာ  အဖြစ်ကို သိတာ။ ထွက်လေလေး ပြီးသွားတော့
တိုးတာလေး မရှိတော့ဘူး။


မရှိဘူးလို့ သိတာက အပျက် ကိုသိတာ။
အဖြစ်ကိုသိတာသည် သမထ။ အပျက် ကိုသိတာ သည် ၀ိပဿ......နာ။တိုးဝင်တာလေး သိလိုက် မရှိတာလေး 

သိလိုက် ။ တိုးထွက်တာလေး သိလိုက် မရှိတာလေး သိလိုက်။အဲ့လိုသိနေတာလေး က မူလကမ္မဌာန်း။

အဲ့လိုရှူနေရင်း က တနေရာက လှူပ်ခနဲ့ပေါ်တယ်။


လှုပ်ခနဲ့ ပေါ်တာက အမြဲတမ်းရှိတာမဟုတ်ဘူး။
အကြောင်းတိုက်ဆိုင်မှာပေါ်တာ။လှူပ်ခနဲ့ပေါ်တာ ဖေါက်ပြန်တာ။ ကျင်ခနဲ့ပေါ်တာ ဖေါက်ပြန်တာ။

ပူခနဲ့ ပေါ်တာ ဖေါက်ပြန်တာ။ အဲ့မှာ မူလကမ္မဌာန်း တိုးတာလေး သိလိုက် မရှိတော့တာလေးသိလိုက်။

တိုးထွက်တာလေးသိလိုက် မရှိတာလေး သိလိုက်။


တိုးတာလေးသိရင် အဖြစ်ကိုသိနေပြီ။ မရှိတာလေး သိရင်
အပျက် ကိုသိနေပြီ။ပါးစပ်ကနေ ဖြစ်ပျက် ဖြစ်ပျက်လို့  လိုက် ရွတ်နေရမှာ မဟုတ်ဘူးနော်။ နဂိုတည်း က

မရှိတာလား ရှိရာမှ မရှိတာလား။(ရှိရာမှ မရှိတာပါဘုရား)။တိုးနေတုံး က တိုးတဲ့သဘောလေး ရှိတယ်။

ဝင်လေ ကုန်သွားတော့ မရှိတော့ဘူး။ ရှိရာမှ မရှိတာ။


မိုးကုတ် ဆရာတော်ဘုရားကြီး က ပြောတယ်။ ဒကာကြွယ် ဦးလှဘူး တို့ ရေ ရှိရာမှ မရှိတာကိုသိတာ
ဝိပဿ......နာ ဥာဏ်။တဲ့ 

လှူပ်ခနဲ့ပေါ်တာက ဖြစ်တာ။ အဲ့သဘောလေး မရှိတာက ပျက်တာ။ဖြစ်လည်း ဖြစ်တယ်။ ပျက်လည်း ပျက်တယ်။ လှူပ်ခနဲ့ လို့ ဖေါက်ပြန်တာ ခန္ဓာက ပြတာ။ ရှိမရှိကို  သိတာ  ဥာဏ်က  ဆုံးဖြတ်တာ။
ခန္ဓာ က ခန္ဓာ အလုပ် ခန္ဓာ လုပ်။ ဥာဏ် က ဥာဏ် အလုပ် ဥာဏ်လုပ်။

ဝိပဿ......နာလုပ်တယ် ဆိုတာ ခန္ဓာ ဘာပြောတယ် ဆိုတာ စောင့်ကြည့်တာ။ အဲ့ဒါ ၀ိပဿ......နာ။   


ဘာမှမမြင်ပဲနဲ့ မရှိပါလားလို့  ဆုံးဖြတ်ရမှာ မဟုတ်ဘူးနော်။ ရှိရာမှ မရှိတာကိုသိပြီး ဆုံးဖြတ်ရမှာ။

မရှိတော့ပါလားလို့ ဆုံးဖြတ်ပြီးရင်နောက်ထပ် ဖေါက်ပြန်မှူလေးတွေ

 ပေါ်သေးလားစောင့်ကြည့်။
ဘယ်ကမှ မပေါ်တော့ရင် မူလ ကမ္မဌာန်းနေရာကို ပြန်ထိုင်ပါ။ မူလကမ္မဌာန်း ရှူရာကနေ ခန္ဓာမှာ

လှူပ်ခနဲ့ ပူခနဲ့  စသည်ဖြင့် ပေါ်လာပြီး ရှိမရှိဆုံးဖြတ်ပေးတာ ကြားထိုး ကမ္မဌာန်း။ နှာသီးဖျား ထိ သိ
ရုပ်နာမ် ဓမ္မ ဖြစ်ပျက် မှူ  က မူလ ကမ္မဌာန်း။ ကြားထဲမှာအကြာင်းတိုက်ဆိုင်လို့ ဖေါက်ပြန်ပျက်စီးသွားတာ
ကြားထိုး ကမ္မဌာန်း။မူလ ကမ္မဌာန်း နဲ့ ကြားထိုး ကမ္မဌာန်း။


အဲ့လိုလှည့်ရှူလိုက်တော့ လှူပ်ခနဲ့ပေါ်တာ ဖေါက်ပြန်တာပဲလို့ သိလိုက်တာက အကြောင်းအကျိုး။
ဖေါက်ပြန်တာပဲလို့ သိလိုက်တော့ သက္ကာယ ဒိဌိ စင်တယ်။ ဖေါက်ပြန်တာလေး က မမြဲဘူး။
ဖြစ်ပြီးပျက်သွားတာပဲ။ ပျက်သွားတာပဲလို့ သိလိုက်တော့ ခိုင်တယ် မြဲတယ် ဆိုတဲ့ အယူ မလာတော့ဘူး။

အဲ့ဒါ သဿ......တ ဒိဌိ စင်တယ်။


 ဖေါက်ပြန်တာ အကြိမ်ကြိမ်ဖြစ်နေတာကိုသိတဲ့အတွက် ဥစ္ဆေဒ ဒိဌိ စင်တယ်။
အဖြစ်ကိုမြင်တော့ ဥစ္ဆေဒ ဒိဌိ စင်တယ်။ အပျက် ကိုမြင်တော့ သဿ......တ ဒိဌိ စင်တယ်။ သဘောလေးပေါ်ပြီး

သဘောလေး ပျက်တာကိုမြင်တော့ သက္ကာယ ဒိဌိ စင်တယ်။သံသယ လာစရာမလိုတော့ ၀ီစိကိစ္ဆာ
  သေတယ် ။

အရှူခံ ဖြစ်တဲ့ မူလ ကမ္မဌာန်း နဲ့ ကြားထိုး ကမ္မဌာန်းက ဖြစ်ပျက်။ မရှိတော့တာကိုသိတာက မဂ်။

ဖြစ်ပျက် က ဒုက္ခ သစ္စာ။ မရှိတော့ပါလားလို့ သိတာက မဂ္ဂ သစ္စာ။ အဲ့ဒီမှာ ကြောင်းကျိုး သိတဲ့ ဥာဏ်
ပါတယ်။ရုပ်နာမ် သိတဲ့ ဥာဏ် ပါတယ်။ ဖြစ်ပျက်မြင်တဲ့ ဥာဏ်ပါတယ်။ ဥာဏ်(၃)ဥာဏ်။ ပါတယ်။

ဒါကြောင့်မို့  ခန္ဓာ ဖြစ်ပျက်  ရှူတဲ့ ဥာဏ် က မဂ်။ဒီလိုကိုက်နေတာ။ ကိုက်နေတော့ ငါနာတယ်။
ငါကျင်တယ်။ ငါ ကိုက်တယ်။ ငါ ခဲတယ်။ မလာတော့ဘူး။သေသွားတာ ဒိဌိ (၃)မျိုး။ ဒိဌိ (၃)မျိုးနဲ့ သံသယ ၀ီစိကိစ္ဆာ ကင်းနေတော့ သမုဒယေ နိရောဓေါ နိဗ္ဗာ နံ  တဲ့  သမုဒယ တို့ ကင်းနေတာ  နိရောဓ သစ္စာ။

ဒါကြောင့် ဖြစ်ပျက် မြင်။ ဒိဌိ ပြုတ်။ သစ္စာ တန်း  ။တဲ့ 


ဒါက စူဠ သောတပန် ရှူနည်း။ သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ် ရဲ့ ရှူနည်း။

ဒီနည်းအတိုင်းသာ သွားရင် သောတာပန် တည်ရမယ် လို့ ဆုံးဖြတ်ချက်ချ။


သာဓု ခေါ်။
  ။   ။ (၁၀-၄-၂၀၁၁)ရက်နေ့ တွင်"ဓမ္မ ရံသီ  ဆရာတော် ဘုရားဟောကြားတော်မူသော 
          ကာယနုပဿ......နာ ရှူပွားနည်း  အလုပ်သင်  အမှတ်(၃) တရားတော် "  ။   ။




*****တတိယမြောက်သမီးတော်*****

No comments:

Post a Comment