/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, February 13, 2014

**** သေဖို့ကော အားအုန်းမှာလား ****

မဟာသီဝ အမည်ရသောမထေရ်ကြီးတစ်ပါးသည် ဂိုဏ်းကြီးတစ်ဆယ့်ရှစ်ဂိုဏ်း ရဟန်းတော်ပေါင်း
တစ်ဆယ့်ရှစ်သင်းတို့ကိုစာဝါပို့ချနေထိုင်တော်မူ၏။

ထိုမထေရ်ကြီး၏ အဆုံးအမ သြ၀ါဒကို ခံယူသူများမှ
ရဟန်းတော်ပေါင်း သုံးသောင်းတို့ အရဟတ္တဖိုလ်သို့ရောက်တော်မူကြပြီးဖြစ်သည်။ ထိုတပည့် ရဟန္တာ
သုံးသောင်းအနက် ရဟန္တာ တစ်ပါးသည်"   မဟာသီဝ မထေရ်မြတ်ကြီး၏ သီလ စသော ကျေးဇူး
ဂုဏ်အထူးကို ဆင်ခြင်ကြည့်လေသော် ပုထုဇဉ် သာ ဖြစ်ရှိနေသေးသည်ကို မြင်၍ မဟာသီဝ မထေရ်
မြတ်ကို အဆုံးအမ သြ၀ါဒ ပေးပေအံ့ "ဟု ကြံစည်ပြီးကောင်းကင်ခရီး ဈာန်ယာဉ်စီး၍ကြွတော်မူကာ
ကျောင်းတိုက်အနီး သက်ဆင်း၍ ဆရာ ဖြစ်သူထံ ဆည်းကပ်လျှက် အရိုအသေ ပြု ပြီးသော် အပြစ်လွတ်ရာ
နေရာ`၌ ထိုင်နေတော်မူ၏။



ဆရာက ဘာအတွက်လာရောက်သလဲ မေးရာ အနုမောဒနာတရားတပုဒ် သင်ယူရန် လာရောက်ကြောင်း

လျှောက်ထား၏။

ဆရာက မအားဘူး ငါ့တပည့် သင်ပေးဖို့အချိန်ရှိမှာ မဟုတ်ဘူး။  ဟုဆိုလတ်သော်

တပည့် ရဟန္တာသည် အရှင်ဘုရားဆွမ်းခံသွားရာတန်ဆောင်ဝန်း`၌ ရပ်တည်သောအခါ မေးပါရစေ
ထို့သို့လျှောက်ထားသော်လည်း မအားဘူး ငါ့တပည့် ဟုဆိုပြန်၏။
တပည့်ရဟန္တာ က လမ်းခရီး`၌မေးပါရစေ။သင်္ဃန်းရုံရာ အရပ်`၌မေးပါရစေ။ယာဂုသောက်တော်မူသော
အခါ`၌မေးပါရစေ။ဆွမ်းခံပြီးကျောင်းသို့အပြန်လမ်းခရီး`၌ မေးပါရစေ။ ဆွမ်းစားခြင်းကိစ္စပြီးသောအခါ`၌
မေးပါရစေ။ခြေဆေးသောအခါ`၌မေးပါရစေ။ မျက်နှာသစ်သောအခါ`၌ မေးပါရစေ။ အစရှိသဖြင့်
မေးလျှောက်နိုင်ခွင့်ကို တောင်းဆိုသော်လည်း အခြားသောတပည့်များ ပြဿနာလျှောက်ကြသည်ကိုသာ
အကြောင်းပြ၍ မအားဘူးဟုသာငြင်းဆိုလေ၏။

တပည့်ရဟန္တာ သည်  အရှင်ဘုရား..တကယ်ဆိုလျှင် မျက်နှာသစ်ပြီး ကျောင်းတွင်းသို့ ဝင်လျှက် ထက်ဝယ်

တင်ပလ္လင်ခွေ  သုံးလေးကြိမ်မျှကိုယ့်ငွေ့ ယူပြီး ကမ္မဋ္ဌာန်း နှလုံးသွင်းကျင့်သုံးမှူပြုရန် အရှင်ဘုရားတို့
အချိန်ရှိသင့်ပါတယ် ဘုရား။  ဒီအတိုင်းသာဆိုလျှင် အရှင်ဘုရားတို့ သေဖို့အချိန်ကိုလည်း မရနိုင်တော့
ဘူးလား ဘုရား။   ဟု   မထေရ်မြန်ကိုသတိပေးစကားလျှောက်ထားကာ ကောင်းကင်သို့

ပျံတက်ကြွ
သွားတော်မူလေ၏။

ထိုအခါမှမဟာသီဝ မထေရ်လည်း တပည့်ရဟန္တာ မှာ ပရိယတ်မေးလျှောက်ရန် လာခြင်းမဟုတ်ဘူး

ငါ့ အားဆုံးမ နှိပ်ကွပ်ရန်လာခြင်းပါလား ဟု ဆင်ခြင်မိလေ၏။

ထို့ ကြောင့်တပည့် ရဟန်းတို့ သတိမထားမိသည့်အချိန်တွင် အခြားသော ရဟန်းတစ်ပါးအသွင်ဖြင့် တိတ်

တဆိတ်တောထွက်တော်မူ၏။ မထေရ်၏ စိတ်`၌" ငါကဲ့သို့ သောပုဂ္ဂိုလ် အား အရဟတ္တဖိုလ်မည်သည်
ရရန် မခဲယဉ်းနိုင်။ နှစ်ရက် သုံးရက် မျှဖြင့် ငါသည် အရဟတ္တဖိုလ်ရောက် ကျင့်ဆောင်ကြိုးကုတ် အားထုတ်ပြီး
ပြန်လာအံ့  "ဟု ကြံစည်တော်မူ၏။

သို့ သော်လည်း မဟာသီဝ မထေရ်ကြီးသည် တစ်ရက်နှင့်လည်းမရ။ နှစ်ရက်နှင့်လည်းမရ။ဝါတွင်း သုံးလနှင့်

လည်း မရ။သီတင်းသုံးဖေါ်တို့သည်ကား ပ၀ါရဏာပြုတော်မူကြသည်ကို ကြံစည်တွေးတောမိပြီး  မျက်ရည်
သွင်သွင် စီးကျလာကုန်၏။

ထို့ နောက် ညောင်းစောင်း ခဋင် `၌ လျောင်း  ထိုင်  ရပ်  သွား ဣရိယာ ပုတ် လေးပါးတို့်ဖြင့် လှည့်လည်သော်

မဂ်ဖိုလ်တရားများ ဖြစ်ပွါးမည်မဟုတ်ဟု ဆင်ခြင်တော်မူကာ အရဟတ္တဖိုလ်သို့မရောက်သေးသမျှ ကာလ
ပတ်လုံး ကျောပြင်ကိုမဆန့် တော့အံ့  ခြေကို မဆေးတော့အံ့ ဟုကြံစည်၍ ကမ္မဋ္ဌာန်းတရားပွားများအားထုတ်
ပြန်လေ၏။ ဤ နည်းဖြင့်  နှစ်ဆယ့်ကိုးနှစ် (ပ၀ါရဏာ အလိုအားဖြင့် နှစ်ဆယ့်ကိုးကြိမ်)အချိန်ကို လွန်၍
အရဟတ္တဖိုလ် ကိုမရောက်နိုင်ရကာ မျက်ရည်တို့တသွင်သွင် စီးကျခြင်းသည် ဖြစ်လေ၏။

ရွာသားတို့သည် မထေရ်မြတ်၏ ခြေတော် နှစ်ဖက်တို့`၌ ကွဲအက်သောနေရာများကို ဆူးတို့ဖြင့် ချုပ်စပ်ပေး

ကြကုန်၏။

မဟာသီဝ မထေရ်မြတ်သည် နှစ်ပေါင်းသုံးဆယ်ပြည့်မြောက် သီတင်းကျွတ်လပြည့် မဟာပ၀ါရဏာနေ့ `၌

"  ငါသည် ရဟန်းတရားပွားများအားထုတ်ခဲ့သည်မှာ အနှစ်သုံးဆယ်ရှိခဲ့ပြီ ငါ့အဖို့ရာ ဤ ယခု ဘ၀ `၌ ဧကန္တ
 မဂ် တရား ဖိုလ် တရား ဖြစ်ပွားနိုင်မည် မဟုတ်ချေ" ဟု စဉ်းစားကြံစည်ကာ ဒေါမနဿ ဝေဒနာ တရား တရိပ်ရိပ်
ဖြစ်ပွားပြီး မျက်ရည်တသွင်သွင် ယိုစီးကျလာပြန်၏။

မထေရ်၏ မနီး မဝေးအရပ်`၌ နတ်သမီးတယောက်သည် တ ရှုပ်ရှုပ် ငိုကြွေးရပ်တည်လာ၏။

"ဒီအရပ်မှာ  လာငိုနေတာ ဘယ်သူလဲ  "ဟု မထေရ်မြတ်ကမေးသော်    " အရှင်ဘုရား တပည့်တော်မသည်
နတ်သမီးဖြစ်ပါသည် ငိုကြွေးသောသူအတွက် မဂ် ဖိုလ် တရားဖြစ်ပွားစေနိုင်သလား ဟု အရှင် ဘုရားကို
အတု ယူကာ တပည့်တော်လည်း တမဂ် တဖိုလ် ရအောင် ကြံစည်အောက်မေ့ ငိုကြွေးနေပါသည် ဘုရား  "
ဟု လျှောက်ထားလေ၏။

မဟာသီဝ မထေရ်လည်း ရှက်ဖွယ် ကိစ္စကိုပြုမိလေပြီဟု သံဝေဂ ကြီးစွာဖြစ်လျှက် ရှေးကထက်ပို၍လုံလ ပြု

အားထုတ်လေရာ ပဋိသမ္ဘိဒါ လေးပါးတို့နှင့်တကွ အရဟတ္တ ဖိုလ် ကိုရတော်မူလေ၏။

မဟာသီဝ မထေရ်မြတ်မှာ  ကိုင်း ငါသည် အနည်းငယ် မျှတရုံ ကျောဆန့် လျောင်းစက်ဦးအံ ..ဟု ကြံစည်၍

အိပ်ယာနေရာကို သုတ်သင်ပြီးသော် နှစ်ပေါင်းသုံးဆယ်ကြာ မဆေးမကြော ရသော ခြေကို ယခုဆေးတော့
အံ့  ဟု ကြံစည်တော်မူ၍ ပျဉ်ချပ်`၌ထိုင်နေတော်မူစဉ် တပည့် ရဟန္တာပေါင်း သုံးသောင်းတို့သည်
ငါတို့ ၏ ဆရာ မဟာသီဝ မထေရ်အား ခြေဆေးပေးအံဟု  ပြောဆိုကြကာ ကောင်းကင် ခရီးဖြင့်ကြွသွားကြ
၍ ရိုသေစွာ ရှိခိုးလျှက်  အရှင်ဘုရား တပည့်တော်တို့ခြေဆေး၍ ပေးပါမည်ဘုရား ဟု လျှောက်ထားကြ၏။

မထေရ်မြတ်သည် တပည့်များကို ငါ့ ရှင်တို့  ငါ့ရဲ့ခြေကိုမဆေးပဲထားခဲ့သည်မှာ အနှစ်သုံးဆယ် တင်းတင်း

ပြည့်ခဲ့လေပြီ။ ငါသည်ပင်လျှင် ဆေးကြောအံ့  ဟု မိန့် တော်မူလေ၏။ထိုအခါ နတ်တို့သနင်း သိကြားမင်း
သည် သူဇာအသုရာ နတ်သမီးကို ရှေ့ မှထား၍ ဖယ်ရှားတော်မူကြပါဘုရား မာတုဂါမ ပါလာပါသည်ဟု
အကြောင်းပြု၍ ရဟန္တာ အရှင်မြတ်တို့ကိုဖယ်တော်မူ၍  အရှင် ဘုရားရဲ့ ခြေကိုဆေးကြောပေးပါရစေ
ဘုရား ဟု လျှောက်ထားလေ၏။

ဒကာ သိကြား ငါ၏ ခြေများကိုမဆေးပဲထားခဲ့သည်မှာ အနှစ်သုံးဆယ် ရှိခဲ့ပြီ။နတ်တို့အဖို့ရာမှာ ပင်ကိုယ်

ပကတိ အားဖြင့် လူတို့၏ ကိုယ်နံ့ သည် စက်ဆုပ်ဖွယ်ဖြစ်ပေ၏။ငါသည်ပင် ဆေးကြောအံ့ ဟုမိန့် ဆို
လေလျှင်  သိကြားမင်းသည်  အရှင်ဘုရား သီလ တည်းဟူသော ရနံ့ ကောင်းသည်ကား ကာမာဝစရ နတ်
ပြည်ခြောက်ထပ်ကိုပင် ကျော်လွန်၍ အထက်ဘ၀ဂ်သို့တိုင်တည်နေပါ၏။ သီလတည်းဟူသော ရနံ့ ထက်

သာလွန်သည့် အခြားရနံ့ သည် မရှိပါတကား။ အရှင်ဘုရားတို့၏ သီလတည်းဟူသော ရနံ့ ကြောင့်

မနေသာပဲ လာရောက်ကြရပါသည် အရှင်ဘုရား
ဟု လျှောက်ထား၍ လက်ဝဲလက်ဖြင့်မထေရ်မြတ်၏ ဖမျက်
အစပ်`၌မြဲမြံစွာ ဆုပ်ကိုင်၍ လက်ယာ လက်ဖြင့် ခြေဖ၀ါး အပြင်ကိုပွတ်တိုက်ဆေးကြောသုတ်သင်ပေး
လေ၏။

ပရိယတ္တိ အရာတွင် သာလွန်မြင့်မြတ်ခဲ့သော်လည်း တရားနှလုံးသွင်းရာ`၌ အလွန်ပင်ခဲယဉ်းလှပါသည်။

နည်းစနစ်မှန်ကန်သော်လည်း စူးစိုက်နိုင်စွမ်းသည် လိုအပ်လှပါသည်။အသက်ငယ်သူများသည် အသက်
အရွယ်ကြီးရင့်သူတို့ထက် အာရုံစူးစိုက်နိင်စွမ်းပိုကောင်းကြ၏။ သတိပိုကောင်းကြး၏။ ထို့ ကြောင့် အသက်
အရွယ်ငယ်စဉ်အခါ`၌ပင် သစ္စာတရားကို နာကြားမှတ်သားကြရန်  ကျင့်ကြံအားထုတ်ကြရန် အရေးကြီးလှ
ပါသည်။အရေးကြီးသောအလုပ်ကို နောက်ထား၍ ကာမဂုဏ်အာရုံတို့ကိုဦးစားပေးကာ အချိန် ဖြုန်းတီးနေ
ကြသူများ သားကိစ္စ သမီးကိစ္စ ခင်ပွန်း ကိစ္စတို့ဖြင့် တရားအားထုတ်ရန် အချိန်မရကြသေးသူများ  သေဖို့
ကော အားအုံးမှာလား ဟု မေးဖွယ်ရာရှိပါသည်။သတိ အသိဖြင့် ဆင်ခြင်ကြပါ။

ပရိယတ္တိ သာသနာ။ ပဋိပတ္တိ သာသနာ ။ ပဋိဝေဓ သာသနာ တည်းဟူသော သာသနာတော်သုံးရပ်

အကျင့်မြတ်တို့သည် သူတော်ကောင်းတို့၏ နှလုံးအိမ်`၌ တည်နိုင်ကြပါစေသတည်း။
 

(ကျမ်းကိုး။  ။ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲ  မဟာသီဝ မထေရ်ကြီးဝတ္ထု စာမျက်နှာ-၁၄၈)
*****တတိယမြောက်သမီးတော်*****

No comments:

Post a Comment