/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 11, 2014

**** ရှင် အရဟံနှင့် အနော်ရထာမင်းကြီး ****

မင်းကြီး။ ။ အရှင်ကား အဘယ်အမျိုး အနွယ်တည်း။ အဘယ်အရပ်မှ ကြွလာသနည်း။ အဘယ်သူ၏ တရားအဆုံး အမကို ခံယူသနည်း။

မထေရ်။ ။ အသင်မင်းကြီး ငါ၏ အမျိုးအနွယ်ကား ဂုဏ်တော် (၉)ပါး ဘုန်းတော်(၆)ပါး အစိန္တေယျ(၄)ပါး နှင့်ပြည့်စုံတော်မူသော သမ္မာသမ္ဗုဒ္ဓဘုရား အနွယ်တည်း။ ငါ၏ ဆရာနှင့် သီတင်းသုံး ဖော်များရှိရာ သထုံပြည်မှ လာခဲ့သည်။ သမ္ဗာသမ္ဗုဒ္ဓ ဘုရားရှင် ဟောကြားသော အဆုံးအမကို ခံယူသည်။

မင်းကြီး။ ။သမ္မာသမ္ဗုဒ္ဓဘုရား အမျိုးအနွယ်တည်ကား အဘယ်သို့သောဂုဏ်၊ အဘယ်သို့သော အကျင့်ရှိ ပေသနည်း။

မထေရ်။ ။ သမ္မာသမ္ဗုဒ္ဓဘုရား ဟူသည်ကား သစ္စာလေးပါး မြတ်တရားကို ဆရာမရှိဘဲ မဖောက်မပြန် သိတော်မူ၍ မင်းထက်မင်း၊ နတ်ထက်နတ်၊ ဗြဟ္ဗာထက် ဗြဟ္ဗာဖြစ်သော ဂုဏ်ကျေးဇူး သူခပ်သိမ်းတို့၏ ဆင်းရဲခြင်းကို ပယ်သတ်ပေး နိုင်သောအကျင့် ရှိတော်မူ၏ဟု မိန့်တော်မူလေလျှင်…

မင်းကြီး။ ။ မင်းကြီးလည်း အားရ၀မ်းသာ တော်မူ၍ ဘုရားရှင် ဟောကြားသော တရားဒေသနာ တို့ကို အကျွန်ုပ်အား တစ်စိတ်တစ်ဒေသမျှ ဟောကြားတော် မူပါလို့ တောင်းပန်လျှောက် ထားသည်တွင်…

မထေရ်။ ။ (သီရိဓမ္မာသောက မင်းကြီးအား နိကြောဓ သာမဏေ ဟောသကဲ့သို့ ) ဒါန သီလ ဘာဝနာ တရားတို့၌ မမေ့မလျော့ရန် အပ္ပမာဒ သတိတရားကို အကျယ်ဟောတော် မူလေသည်။

မင်းကြီး။ ။ ဘုရားရှင် ယခုဘယ်မှာ ရှိသနည်း။ တရားတော်ကား မည်မျှများ ပါသနည်း။အရှင်မှ တစ်ပါး အခြားသော ရဟန်းတပည့် သံဃာများ ရှိပါသေး သလောဟု ၀မ်းမြောက်ဝမ်းသာ မေးမြန်းလေသည်။

မထေရ်။ ။ ဘုရားရှင်ကား ပရိနိဗ္ဗာန် စံတော်မူ၍ ဓာတ်တော်များသာ ရှိပါတော့သည်။ ပိဋက သုံးပုံ ၊ဓမ္မက္ခန္ဓာ (၈၄၀၀၀) ရှိပေသည်။ သထုံပြည်၌ ပိဋကသုံးပုံ အစုံ သုံးဆယ်ပင် ရှိလေသည်။ ငါမှတစ်ပါး အခြား ရဟန်းတော် များစွာလည်း ရှိပေသည်။

မင်းကြီး။ ။ ၀မ်းမြောက်လှပါသည် ဘုရား၊ အရှင်မှ တစ်ပါးအခြား ကိုးကွယ်အားထားရာ မရှိပါ။ ကျွန်ုပ်၏ အသက်ကိုပင် ဆောင်နှင်းလှူဒါန်းပါ၏။ တရားအဆုံးအမ ပေးသည့်အတိုင်း ခံယူပါမည် ဘုရား ဟု လျှောက်ထား လေသည်။

နေပြည်တော် အရှေ့ဘက် အရပ်၌ ဇေတ၀န်မည်သော ကျောင်းတော်ကို ဆောက်လုပ် လှူဒါန်းလေသည်။ မင်းကြီးသည် ရေကိုထမ်း၊ မိဖုရားသည် ဆွမ်းကိုရွက်ကာ နေ့စဉ်သွားရောက် လှူဒါန်းလေသည်။ သာသနာနှင့် ပတ်သက်သည် များကိုလည်း လျှောက်ထားမေးမြန်း လေသည်။

အရည်းကြီး တို့အားလည်း ပူဇော်ပသမှုကို ရပ်စဲလိုက်လေသည်။ ထို့ကြောင့် အရည်းကြီးတို့သည် ရှင်အရဟံကို ရန်ငြိုးထား ကြလေသည်။ မင်းကြီးကလည်း အရည်းကြီး တို့လက်မှ ကာကွယ်ပေးရန် ဆင်ခြင်ပြီး အရည်းကြီး သုံးကျိတ်နှင့် တပည့်လက်သား ၆သောင်းကျော်တို့ကို လူဝတ်လဲစေပြီး အဲမောင်းကိုင်၊ လှံကိုင်၊ ဆင်ချီးကျုံး၊ မြင်းချီးကျူံး အမှုတော်ထမ်း စေလေသည်။

ရှင်အရဟံ၏ သာသနာ၌ ကြည်ညိုသူ တို့ကိုလည်း ရဟန်းပဉ္စင်း ပြုပေးပြီး သာသနာ တော်မြတ်ကို သန့်ရှင်းထွန်းလင်း စေလေသည်။ ဤသို့ မင်းနှင့်ဆရာ ပူးပေါင်းတိုင်ပင်၍ သာသနာကို သန့်ရှင်းစေလေသည်။

အနော်ရထာ မင်းကြီးသည် ရှင်အရဟံ၏ တိုက်တွန်းချက်အရ သာသနာတော် ပြန့်ပွားစေရန် စကားပြောကျွမ်းကျင် လိမ္မာသော အမတ်တစ်ဦးကို တန်စိုးလက်ဆောင် များပေး၍ သထုံပြည်၌ ရှိသော ပိဋကတ်သုံးပုံနှင့် ဓာတ်တော်၊ မွေတော်များကို ပင့်ဆောင်ခိုင်း လိုက်လေသည်။

ထိုအခါ သထုံပြည်ကို အုပ်စိုးသော မနူဟာမင်းက မိစ္ဆာာဒိဋ္ဌိတို့နှင့် တန်ရာလောဟု ပြောဆိုခံရကာ ဆက်ဆံရေး မပြေပြစ်မှုကြောင့် အနော်ရထာမင်း အမျက်ထွက်တော် မူလေသည်။
ထို့ကြောင့်ကိုယ်တော်တိုင် ရေကြောင်းမှာ လှေရှစ်သိန်း၊ သူရဲကောင်း ရှစ်ကုဋေ ၊ကြည်းကြောင်းမှာ စစ်သူကြီး လေးယောက်နှင့် ဆင်ရှစ်သိန်း၊ မြင်းရှစ်သိန်း၊သူရဲကောင်းကုဋေရှစ်ဆယ် တို့နှင့် ချီတက်လေသည်။

ရေကြောင်းစစ်ဦး ပဲခူး သို့ရောက်၍ ပုဂံက လှေတပ်မကုန်သေး၊ ကြည်းကြောင်း စစ်ဦး သထုံကျေးစပ်သို့ ရောက်၍ပုဂံက ကြည်းတပ် မကုန်သေးချေ။ ထိုစစ်ရေး ချီလာသော သတင်းကို မနူဟာမင်းကြီး ကြားလျှင် လွန်စွာ ကြောက်ရွံ၍ မြို့ကိုပရောဂ စီမံထားလေသည်။

ထို့ကြောင့် အနော်ရထာ မင်းကြီးသည် ကြိမ်ဖန်များစွာ လုပ်ကြံသော်လည်းအောင်မြင်မှုကို မရခဲ့ချေ။ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးသောအခါ ဇော်ဂျီတစ်ကောင်ကို ဖုတ်ကင်၍ စားသောကုလားငယ်၏ဦးခေါင်း၊ ပေါင်၊ လက် တို့ကို မြို့ရိုးအနှံ မြုပ်နှံထားကာ ပရောဂ စီမံထားကြောင်း သိရလေလျှင် အနော်ရထာ မင်းကြီးသည် နေရာအနှံ ရှာဖွေတူးဖော်ကာ သမုဒ္ဒရာတွင် စွန့်ပစ်ကာမှ အနိုင်တိုက်ယူကာ အောင်မြင်ခြင်းကို ရရှိလေသည်။

ထို့နောက် သထုံပြည်ကို အောင်မြင်ကာ သထုံမင်း အဆက်ဆက် ရတနာ ပန်းတောင်းတွင် ထား၍ကိုးကွယ်သော ဓာတ်တော်၊ မွေတော်များ၊ ပိဋကတ် သုံးပုံအစုံ သုံးဆယ် တို့ကိုလည်း သထုံမင်း၏ ဆင်ဖြူ(၃၂)စီးတွင် တင်၍ပင့်ဆောင် လာခဲ့လေသည်။

မနူဟာမင်းကြီး နှင့်တကွ ပိဋကတ် တတ်ကျွမ်းသော အရိယာပုဂ္ဂိုလ် တစ်ထောင် တို့ကိုလည်း ပုဂံပြည်သို့ ခေါ်ဆောင်ခဲ့လေသည်။

ထိုအခါမှစ၍ စစ်မှန်စင်ကြယ်သော သာသနာတော်သည် ပုဂံပြည်၌ ထွန်းကားခဲ့လေသည်။ အနော်ရထာ မင်းကြီးလည်း အရည်းကြီးတို့၏ မိစ္ဆာအမှောင်တွင်း၌ နေခဲ့ကြ ရရှာသော ခေတ်အဆက်ဆက် မင်းပြု အုပ်စိုးလာကြသော ဘိုးလောင်းတော် ဘေးလောင်းတော်တို့အား သတိရ ကြေကွဲဝမ်းနည်းကာ ပါရမီကုသိုလ် ရစေခလိုဟု တမ်းတမြည်ကြွေးလေသည်။

ရှင်အရဟံသည် အလောင်းစည်သူ နန်းစံ၂-နှစ် သက်တော်၈၁တွင် ပရိနိဗ္ဗာန် ပြုလေသည်။ မင်းနှင့်ပြည်သူတို့ ၇ရက်ပတ်လုံး ပူဇော်ပွဲကြီး ကျင်းပ၍ မီးသဂြိုလ် ကြလေသည်။ ဓာတ်တော်များကို ရွှေတလားတွင် ထည့်သွင်း၍ တူရွင်းတောင်ခြေ၌ ဂူတည်ထား ကိုးကွယ်လေသည်။

ရှင်အရဟံ၏ ပုံတူကိုလည်း ထုလုပ်ပူဇော် ကြလေသည်။
(ယခုထိတိုင် အာနန္ဒာဘုရား အတွင်းမှာ ရှိလေသည်)။

မြန်မာပြည်သူပြည်သား အဆက်ဆက်၏ ကျေးဇူးရှင်၊ ဘုရားရှင်၏ သားတော်ကြီး ရဟန္တာ ရှင်အရဟံ၏ သာသနာပြု လုပ်ငန်းကား မြန်မာပြည် သာသနာဝင်တွင် အမြင့်မားဆုံး ဖြစ်ပေလေတော့သည်။

အမတ်ကြီး မဟာဓမ္မသင်္ကြံ ရေးသားပြုစုသော သာသနာ လင်္ကာရစာတမ်း သုံးကျမ်းတွဲ။

THE HISTORY OF THE BUDDHIST’S RELIGION စာအုပ်နှင့် ။
ဓမ္မာစရိယ ဦးဌေးလှိုင် ရေးသားသော ရဟန္တာများ စာအုပ်မှ မှီးငြိမ်းပြီးအတိုချုံးကာ ဖော်ပြလိုက်ပါသည်။

ဓမ္မစေတီဆရာတော် ဦးကောသလ္လ Page မှ
ပြန်လည်ကူးယူ မျှဝေ ပူဇော်ပါသည်။

မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာ စတင်ရောက် ရှိ ပြန်ပွားလာအောင် ဆောင် ရွက်တော်မူကြသော ရှင် အရဟံ မထေရ်မြတ်နှင့် အနော်ရထာမင်းကြီးတို့၏ ကျေးဇူးကား ကြီးမားလှပါပေသည်။

Shwe Tun
 

No comments:

Post a Comment