သင်နှင့်ကျွန်ုပ်တို.၏ လမ်းစဉ်အဖြစ် သတ်မှတ်ကြစို.
မြတ်စွာဘုရာရှင်၏ မေတ္တာသုတ်လာ အဆုံးအမ---
န ပရော ပရံ နိကုဗ္ဗေထ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ။ ဗျာရောသနာ ပဋိဃသည၊ နာညမညဿ ဒုက္ခမိစ္ဆေယျ။
တစ်ယောက်က တစ်ယောက်ကို အမျက်မထွက်ပါစေလင့်၊ တစ်စုံတစ်ခုသော အရာ၌ တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်ခြင်းဖြင့်လည်းကောင်း ရန်လိုသောစိတ်ဖြင့်လည်းကောင်း မထီမဲ့မြင် မပြုပါစေလင့်၊ အချင်းချင်းဆင်းရဲမှုကို အလိုမရှိပါစေလင့်။ ဟူ၍ဖြစ်သည်။
ဘုရားရှင်သည် တစ်စုံတစ်ယောက်ကိုသော်လည်း အမျက်မထွက်စေလိုပေ။
အမျက်ထွက်စေတတ်သော အပြုအမူ အပြောအဆိုတို.ကို တစ်ဦးနှင့်တစ်ဦး ရှောင်ရှားစေလို၏။မည်သို.သောကိစ္စ၌သော်လည်း တစ်စုံတစ်ယောက်ကိုမျှ ချုပ်ချယ်သောအပြုအမူ အပြောအဆို ၊ရန်လိုသောအပြုအမူ အပြောအဆို ၊မထီမဲ့မြင်ပြုသော အပြုအမူ အပြောအဆို တို.ကို မပြုစေလိုပေ။ ဆင်းရဲမှုကိုရှောင်၍ ချမ်းသာခြင်းကိုဆောင်တတ်သော ပြုမူနေထိုင်ခြင်းကိုသာ အလိုရှိတော်မူ၏။ ဘုရားရှင်၏မေတ္တာဓာတ်တည်း။
တစ်ယောက်သည်တစ်ယောက်ကို အမျက်ထွက်အောင်ပြုခြင်းဟူသည် လေးလေးစားစား ပြုမူပြောဆို ဆက်ဆံခြင်းမဟုတ်ပေ။ မလေးမစားပြုမူ ပြောဆိုဆက်ဆံခြင်းသာ ဖြစ်သည်။ ချုပ်ချယ်ခြင်း၊ ရန်လိုခြင်း၊ မထီမဲ့မြင်ပြုခြင်းသည် မလေးစားခြင်းသာလျှင် ဖြစ်ပေသည်။
ဆင်းရဲခြင်းကို အလိုမရှိပါမူ ချုပ်ချယ်ခြင်းကို အလိုမရှိသင့်ပေ။
ချမ်းသာခြင်းကို အလိုရှိပါမူ ရန်လိုခြင်းကို အလိုမရှိသင့်ပေ။
ညီညွတ်ခြင်းကို အလိုရှိပါမူ မထီမဲ့မြင်ပြုခြင်းကို အလိုမရှိသင့်ပေ။
လေးစားခြင်းသည် အမျက်မထွက်စေသော ဆေးကောင်းဖြစ်၏။လေးစားစွာပြုမူခြင်းသည် မချုပ်ချယ်သော အလေ.သာဖြစ်၏။ လေးစားခြင်းကြောင့် ချမ်းသာခြင်းကို ဖြစ်ပေါ်စေ၏။
လေးစားခြင်းတည်းဟူသော သူတော်ကောင်းတို.၏ အလေ့၊ သူတော်ကောင်းတို.၏ လမ်းစဉ်ကို အတု အတူလိုက်၍ ပြုမူပြောဆို နေထိုင်ကြခြင်းမည်သည် ငြိမ်းချမ်းသော
နေထိုင်မှု ၊အပြစ်ကင်းသော နေထိုင်မှု အကျိုးကြီးသောနေထိုင်မှု ၊ရင့်ကျက်သောနေထိုင်မှုပင် ဖြစ်သည်။
လေးစားခြင်းဟူသည့် လမ်းစဉ်အား သင်နှင့်အကျွန်ုပ်တို.၏ အားထုတ်မှုလမ်းစဉ်အဖြစ် သတ်မှတ်ကြပါစို.။လေးစားသောစိတ် အလေးထားသောစိတ်ဖြင့် အချင်းချင်း ပြုမူပြောဆို ဆက်ဆံကြပါစို.။
ဖားအောက်တောရဆရာတော် အရှင်ရေဝတ၏ နားလည်နိုင်ခြင်း စွမ်းအား စာအုပ်မှ ထုတ်နှုတ်မျှဝေပါသည်။
ဆန္ဒမွန်ဖြင့်
nyansoe
http://buddhismworld.ning.com/profiles/blogs/6371237:BlogPost:411982

No comments:
Post a Comment