/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Tuesday, February 11, 2014

**** စဥ့်ကူမင်းခေါင်းလောင်းတော်ကြီး ****



ကျွန်တော် တတိယတန်း ကျောင်းသားအရွယ် လောက် ဖြစ်မယ် ထင်ပါတယ် ။ အဲဒီတုန်းက ယဉ်ကျေးမှု ကဇာတ်အဖွဲ့  တစ်ဖွဲ့ ဟာ ကျွန်တော် တို့ ထားဝယ် မြို့ က ( အ ထ က ) ကျောင်းနောက်ကျောက ဘောလုံးကွင်းကြီးထဲမှာ ရုံသွင်းပြီးတင်ဆက်ပြသ တာကို မှတ်မိနေပါတယ် ။
မှတ်မိတယ် ဆိုတာက အကုန်လုံးအသေးစိတ်ကို မှတ်မိတာမျိုး မဟုတ်ပါဘူး ။ အဲဒီဇာတ်အဖွဲ့  ကတင်ဆက်ကပြသွားတဲ့ ပြဇာတ်တစ်ပုဒ်ရဲ့  အကြောင်းအရာ
တစိတ်တဒေသကို မှတ်မိရုံလောက်ပါ ။ မှတ်မိတယ်နေတယ် ဆိုတဲ့ စိတ်အပိုင်းလေးကိုတော့ တကယ့် ကိုစွဲစွဲလန်းလန်း ခံစားပြီး အမှတ်ရနေတာမျိုးဖြစ်ပါတယ် ။ အဲဒီဇာတ်လမ်း လေးက ယခုလက်ရှိ ရွှေတိဂုံ ဘုရားကုန်းပေါ်ရာဟုထောင့်မှာ ချိတ်ဆွဲထားတဲ့ စဥ့်ကူမင်းခေါင်းလောင်းတော်ကြီးကို ရေထဲကနေ မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ပြန်လည်ဆယ် ယူအောင်မြင်ခဲ့ တဲ့ ဇာတ်ကြောင်းလေးဖြစ်ပါတယ် ။ 


ကျတော်တို့ မိသားစုဟာ သာမန်အားဖြင့် ကိုယ့် အရပ်ဒေသက ပီပြင်မှု မရှိလှတဲ့ ဇာတ်ပွဲတွေ ကိုသိပ်ကြည့်လေ့မရှိပေမယ့် မြန်မာ့ ယဉ်ကျေးမှုနဲ့ အညီ အဆင့်မြင့်မြင့်တင်ဆက်ကပြလေ့ရှိတဲ့ ယဉ်ကျေးမှု ကပွဲတွေကိုတော့ အလွတ်ခံလေ့ မရှိဘဲ ကြည့် ဖြစ်ပါတယ် ။ အဲဒီတုန်းက အင်္ဂလိပ်တွေ သယ်ယူသွားလို့ လှိုင်မြစ် ထဲပြုတ်ကျခဲ့ တဲ့ စဥ့်ကူးမင်းခေါင်းလောင်းကြီး ကိုမြန်မာနည်း မြန်မာဟန်နဲ့ ပြန်ဆယ်ယူတဲ့ အခန်းကို သဘ၀ကျကျ ကပြသွားတာ ကျတော် အခုထိ မျက်စိထဲမြင်ယောင်ပြီးစွဲလမ်းနေမိပါသေးတယ် ။ 
 
   အဲဒီတုန်းက တင်ဆက်သူတွေ ကပြသွားတာကို အကုန်လုံးသဘောမပေါက်နိုင်ပေမယ့် အိမ်ပြန်ရောက်
တဲ့ အခါ အဲဒီခေါင်းလောင်းကြီးနဲ့ ပက်သက်ပြီး သမိုင်းကြောင်းနဲ့ တကွ ကျတော့် အဖေ ကရှင်းပြလေတော့ စိတ်ထဲမှာ တော်တော်လေးကိုစွဲလန်းခဲ့ ရပါတယ် ။ 
ဘယ်လောက်ထိ အဲဒီခေါင်းလောင်းကြီး အကြောင်းကိုစွဲလန်းခဲ့ သလဲ ဆိုရင် ကျတော့်အဖေ အစိုးရကိစ္စနဲ့ ရန်ကုန်သွားခွင့် ရတဲ့ အခါ အမေ့ကိုခွဲပြီး ( အဲဒီတုန်းက ကျတော် 8 နှစ်သားအရွယ် ပါ )10 ရက်လောက် ခရီး မသွားချင်ခဲ့ပေမယ့် စဥ့်ကူးမင်းခေါင်းလောင်းကြီး ကို အပြင်မှာ
မြင်ဖူးချင်ခဲ့ တာတစ်ခုတည်းနဲ့ ရန်ကုန်ကို အဖေနဲ့ အတူလိုက်လိုက်ပါလာခဲ့ တဲ့ အထိပါပဲ ။ 
ဒါတင်ဘယ် ကမလဲ ရန်ကုန်ရောက်ရောက်ချင်း လေယဉ်ကွင်းကနေ တန်းခိုခန်းရောက်ပြီဆိုတာ နဲ့ အဖေ့ကို ရွှေတိဂုံ ဘုရားအပေါ် ကစဥ့်ကူးမင်းခေါင်းလောင်းကြီးဆီကို လိုက်ပို့ ဖို့ မရမက တောင်းဆိုခဲ့သေးတယ် ။ တကယ်တော့ ရွှေတိဂုံဘုရားကြီး ကိုးဖူး ချင်တာထက် ခေါင်းလောင်းကြီး ကို သွားကြည့်တဲ့စိတ်က ကျတော့် စိတ်ကို ပိုမို လွမ်းမိုးထားခဲ့တာပါ ။

     .ရွှေတိဂုံဘုရား ကုန်းပေါ်က စဥ့်ကူးမင်းခေါင်းလောင်းကြီးဆီ ရောက်တဲ့ အခါမှာတော့ ဒဏ်ရာဒဏ်ချက် အပြည့် နဲ့ ဖြစ်နေတဲ့ ခေါင်းလောင်းကြီး ကို ကြည့် ပြီး သနားသလိုလို ၊ စိတ်မကောင်းဖြစ်မိသလိုလို ကျတော့်
စိတ်ထဲ မှာခံစားနေမိပါတယ် ။
 ပြီးတော့ အင်္ဂလိပ်တွေရဲ့ သယ်ဆောင်ရာနောက် ကိုလိုက်ပါ ခြင်းမရှိဘဲ မြန်မာတွေ ပြန်ဆယ်တော့မှရေပေါ်
 ပြန်ပေါ်လာခဲ့တဲ့ ခေါင်းလောင်းကြီးကို ကလေး တစ်ယောက် ရဲ့အတွေးနဲ့ ကျေးဇူးတင်တဲ့ စိတ်တွေ ဖြစ်နေခဲ့သေးတယ် ။ စဥ့်ကူးမင်းခေါင်းလောင်းကြီး ရဲ့ ကျတော့် အပေါ် ဆွဲဆောင် မှုကတော့ တော်တော် ကြီးတယ် လို့ ဆိုနိုင်ပါတယ် ။ 
 အခုချိန်အထိ ဘုရားပေါ်ရောက်တဲ့ အခါတိုင်း သူ့ ဆီကို သွားမကြည့် ရရင် မနေနိုင်ပါဘူး ။တခါတလေ မှာ ဆိုရင် ကျတော် ငယ်ငယ်က ခေါင်းလောင်းကြီး အနားမှာ အဖေက သမိုင်းကြောင်းကိုရှင်းပြနေတာ ကိုသတိရနေပြီး နယ်မှာကျန်နေခဲ့ တဲ့ အဖေ့ကိုလွမ်းနေမိပါတယ် ။

စဥ့်ကူးမင်း ခေါင်းလောင်းကြီးအကြောင်း ကို လူတော်တော် များများ သိပြီးသားဖြစ်နေပေမယ့် သူ့ ရဲ့ သမိုင်းကြောင်းလေးမပါရင် ကျတော့် ရဲ့ဒီပို့ စ်လေး ဟာ အင်္ဂါမစုံဘဲ ဖြစ်နေမှာဆိုတော့ သူ့ ရဲ့ သမိုင်းကြောင်းလေး ကို ထည့် ရေးလိုက်ပါတယ် ။


စဥ့်ကူးမင်းခေါင်းလောင်းကြီးရဲ့ မူလ အလှူရှင် က အလောင်းဘုရား ရဲ့ ဒုတိယသားတော် ဆင်ဖြူရှင်မင်းဖြစ်တယ် ။
ခေါင်းလောင်းကြီးကိုရွှေတိဂုံစေတီမှာ လှူဒါန်းဖို့ သွန်းလုပ်နေစဉ်အတွင်း ကွယ် လွန်ခဲ့သွားတဲ့အခါ သားတော် စဥ့်ကူးမင်း
လက်ထက်မှာအပြီးသတ် သွန်းလုပ်ပြီး လှူခဲ့တာဖြစ်လို့ စဥ့်ကူမင်းခေါင်းလောင်းရယ်လို့ လူသိများတယ် ။

စဥ့်ကူးမင်း ခေါင်းလောင်းကြီးကို 1779 ဇန်နာဝါရီလ 27 ရက် ၊ ဗုဒ္ဓဟူးနေ့မှာ လှူဒါန်းခဲ့တယ် ။ အခု ချိန်မှာ ခေါင်းလောင်းကြီးရဲ့ 
သက်တမ်း ဟာ 234 နှစ်ရှိပါပြီ ။ဘွဲ့ တော်ကတော့ မဟာဂဏ္ဍ ဖြစ်ပြီး အလေးချိန် ကြေးစင် ပိဿာ ၁၅,၅၅၅ (၂၄-တန်ခန့်) ရှိတယ် ။
အတိုင်းအတာမှာ အမြင့် ( ၁၁ ပေ ၊ ၆ လက်မ ) ၊ အချင်း ( ၇ ပေ ၊ ၆ လက်မ ) လုံးပတ် (၂၂-ပေ၊ ၆-လက်မ) ရှိပြီး အထူ (၁-ပေ) ရှိတယ် ။

ပထမ အင်္ဂလိပ်မြန်မာစစ်ပွဲ (ခရစ် ၁၈၂၄-၂၆) ခုနှစ် အင်္ဂလိပ်တို့ ရန်ကုန် မြို့ ကိုသိမ်းပိုက် ပြီးတဲ့ အချိန်မှာ ရွေတိဂုံ
ဘုရားကုန်းပေါ်က စဥ့်ကူးမင်းခေါင်းလောင်းကြီးကို စစ်ပွဲ အောင်နိုင်ခြင်းအထိမ်း မှတ်ပစ္စည်း အဖြစ် အဓမ္မ ဖြုတ်ယူသွားပြီး မြစ်ဆိပ် အရောက် သင်္ဘောအပေါ်တင်နေစဉ်မှာ လှိုင်မြစ် အတွင်းပြုတ်ကျခဲ့ တယ် ။ 
အင်္ဂလိပ် အဖြူကောင်တွေ ဘက် မှ
အင်ဂျင်နီယာတွေဦးဆောင်ပြီး အမျိုးမျိုး ကြိုးစားဆယ်ယူကြပေမယ့် မအောင်မြင်ပါ ။ နောက် ဆုံးလက်လျှော့ လိုက်ရတယ် ။
အဲဒီ အခါမှာ မြန်မာတွေ ဆယ်ယူရရှိခဲ့ ရင် မူလနေရာမှာပြန်ထားခွင့် ပြုမယ်လို့ အင်္ဂလိပ် တွေရဲ့ သဘောတူညီ မှုရတဲ့အခါ မြန်မာတွေက ကိုယ့် နည်းကိုယ့် ဟန်နဲ့ ဆယ်ကြတယ် ။ 
အင်္ဂလိပ်တွေက သူတို့ ဆယ် ယူလို့ မရနိုင်တဲ့ အရာကို မြန်တို့ အနေနဲ့ လုံးဝဆယ်နှိုင်ယူနိုင်မှာ မဟုတ်ဘူး ဆိုတဲ့အတွေးနဲ့ ခေါင်းလောင်း ကိုဆယ်ယူခွင့် ပြုတာဖြစ်တယ် ။ ဒါပေမယ့် မြန်မာတွေဆယ်ယူ အောင်မြင်ခဲ့တယ် ။ ဒါကြောင့်
လည်း သူ့မူလနေရာ ရာဟုထောင့်မှာပြန်ထားခွင့်ရပြီး ကျတော် တို့ ယနေ့အထိမြင်တွေ့ ခွင့်ရနေကြတာဖြစ်တယ် ။

အင်္ဂလိပ်အမျိုးသား စာရေးဆရာကြီး ဖီလဒင်ဟောလ်က သူ့ ရဲ့  The soul of a people စာအုပ်မှာ စဥ့်ကူမင်းခေါင်းလောင်း တော်ကြီးနဲ့ ပက်သက်ပြီး ခေါင်းလောင်းကြီးကို မြန်မာတို့ ဆယ်ယူနိုင်ခဲ့ကြသည်။ ကျွန်ုပ်တို့ ဆယ်ယူမရရှိခဲ့သော်လည်း သူတို့ ဆယ်ယူရရှိခဲ့ကြသည်။
 ခေါင်းလောင်းကြီးကို ကျွန်ုပ်တို့ အားပေးရန် ငြင်းဆန်ခဲ့သောမြစ်မင်းက သူတို့ကိုမူ အကြည်အသာ ပေးအပ်ခဲ့သည်။
သို့ဖြင့် မြန်မာတို့သည် ခေါင်းလောင်းကြီးကိုယူဆောင်ပြီး မူလနေရာတွင် ပြည်လည်ချိတ်ဆွဲထားခဲ့ကြသည်။ ယခုအခါ ခေါင်းလောင်ကြီးသည် မူလနေရာတွင် ပြန်ရောက်နေပြီ။ 
အကယ်၍ ထိုနေရာ ထိုဒေသသို့ သင်ရောက်သွားပါက စေတီတော်၏ အသည်းနှလုံးကြားမှ ပေါ်ထွက်လာသကဲ့သို့ရှိသော သာယာလေးတွဲ့သည့် ထိုခေါင်းလောင်းထိုးသံကို သင်ကြားရပေမည် ။ ....ဆိုပြီး ရေးထာတဲ့ အကြောင်း ဆရာ မင်းယုဝေ ရဲ့ ဆောင်းပါးမှာ မှတ်သားခဲ့ ရဖူးပါတယ် ။
 

No comments:

Post a Comment