
"အနီးရန်သူ" & "အဝေးရန်သူ"
**********************
"အနီးရန်သူ" အနီးကပ် ဆန့်ကျင့်တဲ့ သဘောတရားက ကရုဏာနဲ့ ဆင်ဆင်တူပြီးတော့ ကရုဏာ ယောင်ဆောင်နိုင်တယ်။ အဲဒီတရားဟာ အနီးကပ် ဆန့်ကျင်တဲ့ သဘာဝတရားဖြစ်တယ်။
အဲဒါကို သိပ်သတိထားရတယ်။
ဘုန်းကြီးတို့တစ်တွေမှာ အနီးရန်သူနဲ့ အဝေးရန်သူဆိုရင် အနီးရန်သူကို သိပ်သတိထားရတယ်။ အနီးရန်သူက
ဒုက္ခကောင်းကောင်းပေးနိုင်တယ
ကရုဏာ နဲ့ သောက ဟာ အလွန်နီးစပ်တယ်တဲ့။ ကရုဏာ ဆိုတာဟာ တစ်ဖက်သားကို ကြည့်ပြီး စိတ်ရဲ့ ကြင်နာမှုကို ခေါ်တယ်။ သောက ဆိုတာက ဒေါသနဲ့ယှဉ်ပြီး စိုးရိမ်မှု ခံစားချက်တစ်ခု ဖြစ်တယ်။ ကရုဏာဆိုတဲ့ ဘောင်ကို ကျော်ပြီး သောက ဖြစ်သွားရင် ကုသိုလ်လိုလိုနဲ့ အကုသိုလ်ဖြစ်သွားရော။ သောက ဆိုတာက ဒေါသနဲ့ယှဉ်တဲ့ခံစားချက်ဖြစ်တယ်။
ဒေါမနဿ ဝေဒနာလို့ ခေါ်တယ်။ ဒေါမနဿဝေဒနာဆိုတာ စိတ်ရဲ့ အရုပ်ဆိုး အကျည်းတန်တဲ့ ခံစားမှုမျိုးဖြစ်တယ်။ အဲဒီခံစားမှုမျိုးကို သောက လို့ခေါ်တယ်။ ကရုဏာဟာ အဲဒီလို သောကမျိုးမဟုတ်ဘူး။ သူတစ်ပါး ဒုက္ခ ရောက်နေတာကိုမနေစိမ့်တာ၊ ငြိမ်ပြီးမနေနိုင်တာ၊ ကူညီဖြေရှင်းချင်တဲ့စိတ်တွေ
သဘာဝချင်း ဆင်ဆင်တူတဲ့ အနီးကပ် ဆန့်ကျင်ဘက်ဖြစ်တဲ့ သောကကို သတိထားရမယ်။သောက က ကရုဏာယောင်ဆောင်ပြီးတော့ ၀င်လာတတ်တယ်။ အဲဒါဟာ ကရုဏာ အစစ်မဟုတ်ဘူးတဲ့။ အကုသိုလ်ဖြစ်တယ်ပေါ့။ ကရုဏာစစ်စစ်ဆိုတာ အင်မတန်မှ မွန်မြတ်သန့်စင်တဲ့ တရား။
ကရုဏာတရားကို မိမိသန္တာန်မှာ ဖြစ်ပွားစေချင်ရင် ဘယ်လိုဖြစ်ပွားစေရမလဲ။ ဒုက္ခာ မုစ္စန္တု အခက်ခဲတွေမှ လွတ်မြောက်ကြပါစေ။ ဒီလို အကျပ်အတည်းကြီးမှ လွတ်မြောက်ကြပါစေ။ ဒုက္ခတွေမှ လွတ်မြောက်ကြပါစေဆိုတဲ့ ဒီလိုစိတ်ဓါတ်မျိုးတွေ ဖြစ်ပွားစေရမယ်။ သောက ဆိုတာဟာ အဲဒီလိုမဟုတ်ဘူး။ ဖြစ်ရလေခြင်းဆိုပြီး ၀မ်းနည်းတဲ့ သဘောဖြစ်တယ်။
ဒီနှစ်ခုဟာ ဆင်ဆင်တူသည့်အတွက်ကြောင့် သောက သည် ကရုဏာရဲ့ အနီးကပ်ရန်သူလို့ စာပေကျမ်းဂန်တွေ မျာဆိုတယ်။ အဲဒီတော့ အနီးကပ် ရန်သူ၊ အနီးကပ် သဘာဝတရားကို သတိထားပြီး မဖြစ်လာအောင် စောင့်ရှောက်ဖို့ လိုအပ်တယ်။
(ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏
"အဝေးရန်သူ"
နောက်တစ်ခုက အဝေးရန်သူဖြစ်တယ်။ အဝေးရန်သူဆိုတာ သိသာမြင်သာလို့ အဝေးရန်သူလို့ခေါ်တာ၊ ကရုဏာနဲ့ သဘာဝချင်း မတူတဲ့ ရက်စက်မှု ၀ိဟိံသာ တရားဖြစ်တယ်။ ကရုဏာက ကြင်နာတယ်၊ ၀ိဟိံသာက ရက်စက်တယ်။ ရက်စက်မှုနှင့် ကြင်နာမှုဆိုတာဟာ သဘာဝချင်း တူရဲ့လား။ မတူဘူးနော်။
သဘာဝချင်းမတူပဲ ကွဲပြားခြားနားသည့် အတွက်ကြောင့် အဲဒါကို ကရုဏာ ရဲ့ အဝေးရန်သူ(သို့)အဝေးဆန့်ကျင
အဲဒီ ကရုဏာဖြစ်ပုံနဲ့ပတ်သက်ပြီး တစ်ခုလောက် ပြောရမယ်ဆိုရင် လောက လူသားတွေဟာ ဗျာဓိ လို့ဆိုတဲ့ ရောဂါဝေဒနာတွေ နှိပ်စက်ပြီးနေတယ်။ ဒါ တစ်ဦးတစ်ယောက်ထဲကို ကြည့်လို့မရဘူး၊ လူသားတွေအတွက် ကြည့်မယ်ဆိုရင် ဒီကနေ့ခေတ်မှာ လူဦးရေဟာ သန်းပေါင်း(၆၀၀၀)လောက်ရှိမယ
အဲဒီ သန်းပေါင်း(၆၀၀၀)လောက်ရှိတဲ
ထို့အတူပဲ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခု ဥာဏ်တော်ကြီးနဲ့ ကြည့်လိုက်မယ်ဆိုရင် စက္ကန့်နှင့်အမျှ သတ္တ၀ါတွေဟာ သေဆုံးနေကြတာကို တွေ့ရတယ်။ အဲဒီလို သေဆုံးနေကြတာကို တွေ့ရတဲ့အခါ မရဏေန အဗ္ဘာဟတော လောကသန္နိဝါသော အေး...သေခြင်းတရားဟာ သတ္တ၀ါတွေကို လွှမ်းမိုးနှိပ်စက်နေပါလားလု
ဒီသေခြင်းတရားက လွတ်အောင် ဘယ်လိုလုပ်ရမလဲ။ ရောဂါဝေဒနာတွေက လွတ်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားလှုံ့ဆော်စေတတ်တဲ့ နှလုံးသားထဲမှာ ငြိမ်မနေပဲနဲ့ ရောဂါဝေဒနာတွေက လွတ်မြောက်အောင်၊ သေခြင်းတရားက လွတ်မြောက်အောင် ဘယ်လိုစွမ်းဆောင်ပေးရမလဲဆို
(ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ၏ ဘ၀ဆည်းဆာ ကရုဏာမှ)
by ဓမ္မအေးရိပ်
်Mg Chan Nyein Win ဆိုဒ်မှတဆင့် ကူးယူမျှဝေသည်။
No comments:
Post a Comment