"ပဋ္ဌာန်းမဟာကြောင့် ရဟန္တာဖြစ်သွား"
တစ်ချိန်တုန်းက သီရိလင်္ကာ(သီဟိုဠ်ကျွန်း)မှာ
မဟာဂတိ ဂမိယတိဿဒတ္တ - အမည်ရှိတဲ့ မ
ထေရ်ကြီးတစ်ပါး ရှိခဲ့ဖူး၏ ၊ ထိုမထေရ်ကြီးသည်
အဘိဓမ္မာကျွမ်းကျင်သည်၊ အထူးအားဖြင့်ပဋ္ဌာန်း
ဒေသနာတော်ကြီး၌ အမြဲတမ်း အာရုံပြု ကျက်
စားလေ့ရှိပါသတတ် ။
တစ်ခါသော် ထိုမထေရ်ကြီးသည် သီရိလင်္ကာ
ကျွန်းမှနေ၍ မဇ္ဈိမဒေသ အိန္ဒိယသို့ ခရီးကြွ၏။
မဟာဗောဓိပင်ကို ဖူးမြော်ရန်ဖြစ်သည်၊ သင်္ဘော
ကြီးဖြင့် ပင်လယ်ပြင်ကြီးကို ဖြတ်ကူးနေခိုက်
ဖြစ်၏ ။
သမုဒ္ဒရာပင်လယ်ရေပြင်ကျယ်ကြီးကား အ
နှိုင်းအဆမရှိ ကျယ်ပြောလှပါဘိ ၊ ကမ်းမမြင်
လမ်းမမြင် ၊ ဤအသွင်ကိုကြည့်ကာ စဉ်းစား
နေမိပါသတတ် -
"ပဋ္ဌာန်းဒေသနာတော်ကြီးနဲ့ သည်ပင်လယ်
ကြီးဟာ ဘယ်သူကပို၍ ကျယ်ဝန်းနက်ရှိုင်းပါ
လိမ့် --" ဤသို့ စဉ်းစားဆင်ခြင်သောအခါ --
"ပင်လယ်ပြင်ကြီးဆိုတာ လေးဘက်လေးတန်
ကမ်းစပ်တော့ ရှိသေးတာပဲ ၊ အောက်မှာဆိုရင်
လဲ အောက်ခံမြေပြင်ကြီးရှိတယ် ၊ အထက်ဆို
လဲ မိုးကောင်းကင်ကြီးတော့ ရှိသေးတာပဲ ၊ ဤ
သို့အပိုင်းအခြား ရှိပါသေးတယ်"
"ပဋ္ဌာန်းဒေသနာတော်ကြီး ဆိုတာကတော့ အပိုင်းအခြား အဆုံးအစပင် မမြင်နိုင်အောင် ကျယ်ဝန်းနက်ရှိုင်းလှဘိတကား --"
ဤသို့ စဉ်းစားရင်း စဉ်းစားရင်းနဲ့ ဝမ်းသာ
မှုပီတိတွေ ဖြစ်လာကြပါသတဲ့ ၊ အဲဒီ ပီတိတွေ
ကိုပဲ လက္ခဏာရေးသုံးပါးတင် ဝိပဿနာဉာဏ်
နဲ့ ဆင်ခြင်ပြီး ဖြစ်ပျက်ရှုလိုက်ပါသတဲ့ ၊ အဲဒီအ
ခါမှာ လေးမဂ် လေးဖိုလ်အထိ ဆိုက်သွားလို့
"ရဟန္တာကြီး" အထိ ဖြစ်သွားပါသတတ် ။
ပဋ္ဌာန်းဒေသနာတော်ကြီးကား ဤမျှလောက်
ပင် အံ့တစ်ပါးဖြစ်ပါပေ၏ ၊ ကျယ်လဲကျယ် ၊
နက်လဲနက် ၊ ခက်လဲခက်၍ ၊ သိမ်လဲသိမ်မွေ့
လှချေတကား ။
ထို့ကြောင့်လည်း ဘုရားဖြစ်စ- စတုတ္ထသတ္တာ
ဟမှာ အဘိဓမ္မာတွေ ဆင်ခြင်တုန်းက အောက်
ပိုင်း အဘိဓမ္မာတွေကို ဆင်ခြင်ရာ၌ ဘာမျှထူး
ထူးခြားခြား မဖြစ်ခဲ့ ၊ အထက်ပိုင်း ဤပဋ္ဌာန်း
ဒေသနာတော်ကြီးကို ဆင်ခြင်သောအခါကျမှ
ပင် ရောင်ခြည်တော်(၆)ဆိုင် အပြိုင် အပြိုင်
လှိုင်လှိုင်ကြီး ကွန့်မြူး ထွက်ပေါ်လာရလေ
သတတ် ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏
တစ်ဘဝ သာသနာ (စာမျက်နှာ-၇၈)မှ ကောက်နှုတ် တင်ပြအပ်ပါသည်။

No comments:
Post a Comment