ဂုဏ်တော်ကို အာရုံပြု၍ အကျိုးရသော မိဖုရား စောလုံ ၀တ္ထု
********************************************
ပုဂံပြည်“နရသီဟပတေ့”မင်း၏“စောလုံ”မည်သောမိဖုရားသည် အပြစ်ကင်း၍ကောင်းခြင်းအင်္ဂါလက္ခဏာ အသွင်အပြင်နှင့်ပြည့်စုံသောကြောင့်မိဖုရားအများတွင် ဘုရင်အမြတ်နိုးဆုံးမိဖုရားတစ်ဦးပေတည်း၊ ထိုမင်းသည်နွေလအခါဝယ်ဧရာဝတီမြစ်ကမ်းတွင်
စံနန်းတော်တည်၍မောင်းမမိဿံအခြွေအရံများနှင့် အတူရေကစားတော်မူမြဲဖြစ်၏၊အခါတစ်ပါးဝယ်မိဖုရားစောလုံကို ကျီစယ်လိုသဖြင့်မျက်နှာဆံပင်ပါမကျန်တစ်ကိုယ်လုံး ရွှဲရွှဲစိုအောင် ရေဖြင့်ပက်စေတော်မူသည်။
စောလုံမိဖုရားသည်ကျီစယ်သည်ကိုအပြစ်ဟုထင်မှား၍ ရန်ငြိုးထားပြီးလျှင်“မိန်းမတို့ဓမ္မတာသာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည်”အားလျော်စွာအနာကြီးနာသောကြေင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်၊ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲခွေးကိုကျွေးစေရာတွင် တစ်ခဏချင်းခွေးသေသည်ကိုမြင်၍ပွဲတော်ဆက်သူကို စစ်ဆေးသောအခါမိဖုရားစောလုံအပေါ်ကျရောက်၏၊မိဖုရားကို စစ်ဆေးပြန်ရာ“မိမိကိုတစ်ကိုယ်လုံးစိုအောင်ရေပတ်စေလျက် အရှက်ခွဲသောကြောင့်မကျေနပ်သည့်အတွက်အသက်ကို လုပ်ကြံကြောင်း”ဟုပြတ်တောင်းတောင်းခပ်မာမာနှင့် သံတော်ဦးတင်သဖြင့်မင်းတို့မျက်စောင်း အကြောင်းမရွေးတတ်သည့်အတိုင်းဆိုင်းငံ့စဉ်းစားခြင်းမရှိ၊ အမြတ်နိုးဆုံးမိဖုရားကိုပင်ထောက်ထားတော်မမူဘဲ ပန်းပဲသမားကိုခေါ်၍သံကျပ်စင်(ကျပ်ခိုးစင်)ကိုလုပ်စေပြီးလျှင် “မီးရဲရဲငြိသော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့်ချမှတ်သည်။
စောလုံမိဖုရားသည်ကျီစယ်သည်ကိုအပြစ်ဟုထင်မှား၍ ရန်ငြိုးထားပြီးလျှင်“မိန်းမတို့ဓမ္မတာသာမန်အပြစ်မျိုးဖြင့် အငြိုးကြီးတတ်သည်”အားလျော်စွာအနာကြီးနာသောကြေင့် စားတော်ပွဲတွင် အဆိပ်ခတ်၍ ဆက်သစေလေသည်၊ ဘုရင်မင်းလည်း ပွဲတော်မတည်သေးဘဲခွေးကိုကျွေးစေရာတွင် တစ်ခဏချင်းခွေးသေသည်ကိုမြင်၍ပွဲတော်ဆက်သူကို စစ်ဆေးသောအခါမိဖုရားစောလုံအပေါ်ကျရောက်၏၊မိဖုရားကို စစ်ဆေးပြန်ရာ“မိမိကိုတစ်ကိုယ်လုံးစိုအောင်ရေပတ်စေလျက် အရှက်ခွဲသောကြောင့်မကျေနပ်သည့်အတွက်အသက်ကို လုပ်ကြံကြောင်း”ဟုပြတ်တောင်းတောင်းခပ်မာမာနှင့် သံတော်ဦးတင်သဖြင့်မင်းတို့မျက်စောင်း အကြောင်းမရွေးတတ်သည့်အတိုင်းဆိုင်းငံ့စဉ်းစားခြင်းမရှိ၊ အမြတ်နိုးဆုံးမိဖုရားကိုပင်ထောက်ထားတော်မမူဘဲ ပန်းပဲသမားကိုခေါ်၍သံကျပ်စင်(ကျပ်ခိုးစင်)ကိုလုပ်စေပြီးလျှင် “မီးရဲရဲငြိသော ကျပ်စင်ပေါ်တင်၍ သတ်စေ”ဟု အမိန့်ချမှတ်သည်။
မိဖုရားလည်း
ပန်းပဲသမားကို ရွှေငွေများစွာပေး၍ ခုနှစ်ရက်ကြာအောင် ကျပ်စင်ကိုပြုလုပ်စေပြီးလျှင်တရားနာ၍နေ့ရောညဥ့်ပါ သီလကိုဆောက်တည်လျက်၇-ရက်ပတ်လုံးဘုရားဂုဏ်တော်, တရားဂုဏ်တော်,သံဃာ့ဂုဏ်တော်များကိုရွတ်ဖတ်
အာရုံပြု၍နေလျက်၇-ရက်စေ့သောအခါရဲရဲညီးသော သံကျပ်စင်ထက်သို့မကြောက်မရွံ့တက်လေရာ အလွန်အေးမြမွှေးကြိုင်လှသောဂေါသီတစန္ဒကူးကို
ထည့်ခတ်လိုက်သလို တစ်ခါတည်း မီးငြိမ်း၍ သွားလေသည်။
ဤနည်းအတိုင်း
ရတနာသုံးပါး၏ဂုဏ်တော်များကို အာရုံပြုနေမူကြောင့် သုံးကြိမ်တိုင်အောင်ထပ်ကာထပ်ကာ မီးငြိမ်းပြီးနောက်“ချမ်းသာခွင့်ရမည်မဟုတ်လျှင် တစ်ခဏချင်းလောင်ကျွမ်းစေတော့”ဟုစိတ်ကိုလျှော့ချ ဓိဋ္ဌာန်သည့်အခါကျမှတစ်ခဏချင်းကွယ်ပျောက်ရရှာလေသည်၊ မိဖုရားမရှိသည့်နောက်ဘုရင်လည်းစက်တော်ခေါ်ရာ၌
ကရောင်ကတမ်းဖြစ်ပြီးလျှင်မိဖုရားကို တမ်းတ၍ နေရစ်ရှာလေသတည်း။
(ဤ၀တ္ထု၌ ရာဇ၀င်ဆရာတို့ ယူပုံနှင့်
အနည်းငယ်ကွဲလွဲ၏၊ တွေ့ဖူးသော စာအတိုင်း ရေးသားလိုက်သည်။)
အထူးသတိပေးချက်။။ဤပြဆိုခဲ့ပြီးသောစကားအစဉ်ဖြင့် ဘုရားရှင်နှင့်စပ်၍
တတ်သိနားလည်ထိုက်သော အချက်များကို အထိုက်အလျောက်
နားလည်လောက်ပေပြီ၊
ဗုဒ္ဓဘာသာဝင်တို့သည်
သက်တော်ထင်ရှား ဘုရားရှင်ကို ရည်မှန်းလျက် ဆွမ်း,
ရေချမ်း, ပန်း, ဆီမီး,နံ့သာတိုင် စသည်တို့ကို
ပူဇော်လေ့ရှိကြ၏၊ ထိုသို့
ပူဇော်ရာ၌ ၀တ်ကျေတန်းကျေ အိမ်နီးချင်း
ရိုသေရုံသဘောမထားဘဲ
ရုပ်ပုံတော်,စေတီတော်ကိုပူဇော်သောအခါ ဘုရားကျောင်းတော်ကိုသွား၍သက်တော်ထင်ရှား
ရှင်တော်ဘုရားအားလှူဒါန်းပူဇော်ရသကဲ့သို့စိတ်ထဲ၌ ထင်ယောင်မြင်ယောင် ဖြစ်လာအောင်
ပူဇော်ရာ၏၊ ထိုသို့ ပူဇော်ရာဝယ် ဆွမ်းကို နေ့လွဲသောအခါ
ပူဇော်လျှင်
အပြစ်တင်လေ့ရှိသကဲ့သို့
ထို့အတူ မှောင်သောအခါ ဆီမီးပူဇော်မူကို
ပြုသင့်သည်”ဟု မထင်ပေ။
ထို့ပြင်ရုပ်ပွားတော်တည်ရာ
ဂူလိုဏ်, အာရုံခံရာတန်ဆောင်း,
စေတီရင်ပြင်တော် စသည်၌ ဖယောင်းစက်တွေ
ဗလပွေကျအောင်
ပူဇော်မူ, ပန်းတွေကို ဖရိုဖရဲ ပစ်ထားခဲ့မူ,
ရေတွေ ပုပ်နံအောင်
ရက်ရှည်လများထားမူကို
ယခုအခါ တန်ခိုးကြီးသော ဘုရားတိုင်းမှာလိုပင်
တွေ့မြင်ရ၏၊
ထိုအမူများကိုမိမိတို့အိမ်မှာပြုလျှင်ကျေနပ်နိုင်ကြမည်,
မဟုတ်ပါဘဲလျက် ဘယ်အတွက်
ဘုရားနှင့်စပ်သော အဆောက်အဦးမှာ ပြုဝံ့ကြ,
ပြုရက်ကြပါလိမ့်မည်နည်း၊
ထို့ကြောင့် ပန်း, ဆီမီး
စသည်ကို ပူဇော်ရာ၌
မိမိတို့၏ ပစ္စည်းဝတ္ထုအတွက် ဘုရားနှင့်စပ်သော
အဆောက်အဦး၌မညစ်မပေစေဘဲဖူးမြင်သူလူအများတို့ သဒ္ဓါတိုးပွားအောင်သားနားသပ်ရပ်စွာပူဇော်ကြမှသာနောင်သံသရာ၌
အကျိုးပေး စင်ကြယ်နိုင်ပါသည်။
ထို့ပြင်ဘုရားနှင့်စပ်သောအဆောက်အဦးများ၌လည်း ခမ်းနားသပ်ရပ်သော
ဝတ္ထုမှတစ်ပါး
တိုလီမိုက်စ မလှပသော ပစ္စည်းဝတ္ထုမရှိမှသာ ပို၍
ကျက်သရေရှိရာသောကြောင့်
တစ်ယောက်တည်း
မတတ်နိုင်လျှင်လူအများစုပေါင်း၍ကြီးကျယ်ခမ်းနားသော
ဘုရားကျောင်း, စေတီတော်
စသည်များကိုသာတည်ထားကိုးကွယ်ခြင်း,
ကြည်ညိုဖွယ်မဖြစ်လောက်အောင်
ပျက်စီးယိုယွင်းနေသောဘုရား,ကျောင်းစသည်များကို စုပေါင်းပြုပြင်ခြင်း,ရှိပြီးနေရာများ၌နောက်ထပ်တည်ထားမည့်အစား မရှိသေးသော နေရာဝယ်တည်ထားကိုးကွယ်ခြင်းစသည်တို့ဖြင့်အရှည်ကို
မြင်မြော်၍ ပူဇော်ကိုးကွယ်သင့်ကြသည်။
အမှာ။
။ယခုအခါ တစ်ချို့ ကိုးကွယ်ပုံမှာ မိမိအတွက် ကုသိုလ်ရမူ
တစ်ခုကိုသာ
ရည်ရွယ်ဟန်တူ၏၊ ဘာသာ, သာသနာ အသရေရှိမူကို
ရည်ရွယ်ဟန်မတူ၊ထို့ကြောင့်ထိုသူ၏အလှူဝတ္ထု ပူဇော်ကိုးကွယ်မူအတွက်
အမျိုး, ဘာသာ, သာသနာမှာ ဂုဏ်မတက်ဘဲ
ဂုဏ်ပျက်ရလေသည်၊
ယခုခေတ်သည် သူတစ်ပါးအလုပ်ကို ဝေဖန်ကြသော ခေတ်ဖြစ်၏၊
ထို့ကြောင့် ဗုဒ္ဓဘာသာဝင်တို့သည် မိမိတို့၏ ရှင်ပြု, ရဟန်းခံ,
ဘုန်းကြီးပျံ
စသော အလုပ်တို့၌ သူတစ်ပါး၏ ဝေဖန်ခံနိုင်အောင်
ပြုပြင်ကြဖို့ရန်
တိုက်တွန်းပါသည်။
ကျေးဇူးရှင်မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ ပထမကျမ်းစာ"ရတနာ့ဂုဏ်ရည်" စာအုပ်မှ ပြန်လည်ထုတ်နုတ်ဖော်ပြပေးထားသည်။
No comments:
Post a Comment