ဓမ္မဆွေတော် မျိုးတော်အပေါင်း မင်္ဂလာပါခင်ဗျာ.....။
ဗုဒ္ဓကမ္ဘာ သာသနာဟိတ အသင်းမှအလှူ ပွဲများ ကျင်းပပေးလာခဲ့သည့်မှာ
အသင်းသက်တမ်း( ၂ )နှစ်အတွင်းမှာ (၈)ကြိမ်တိုင်အောင်
အောင်မြင်စွာ ကျင်းပပေးနိုင်ခဲ့ပါသည်။ ယခုတဖန် (၉) ကြိမ်မြောက်
အလှူ ပွဲကို ဆင်နွှဲကျင်းပပေးဖို့ အချိန်အခါ ကျရောက်၍ လာချေပြီ။ ။
နွေရာသီ ကျောင်းပိတ်ရက် ရောက်ပြီဆိုရင် နိုင်ငံတနှံတစ်လျား၌
ဗုဒ္ဓဘာသာ ယဉ်းကျေးလိမ္မာသင်တန်းများ - ဓမ္မစကူးလ်ကျောင်းများ
ဝမ်းမြောက်ဖွယ်ရာ ပေါ်ပေါက်၍ လာပေမည် ။ ။ ။
သည်သို့သည်နှယ် ပေါ်ပေါက်လာမည့် သင်းတန်း-ကျောင်း
မြောက်များစွာအနက်မှ နေရာဒေသ(၂) ခု၌ ဖွင့်လှစ်နိုင်ရေး
ခတ်အခဲရှိနေသည့် ..ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်၊
ရွှေမြင်တင်ကျေးရွာအုပ်စု၊ သစ်ပုတ်ကုန်းကျေရွာ၊ သစ်ပုတ်ကုန်းကျောင်းတိုက်တွင်
ဖွင့်လှစ်မည့် ယဉ်ကျေးလိမ္မာသင်တန်း နှင့်
ပဲခူးတိုင်းဒေသကြီး ၊ မိုးညို မြို့နယ် ၊ ကျွန်းညိုကျေးရွာရှိ
မဟာသဓမ္မ ဇောတိကာရုံကျောင်းတိုက်တွင် ဖွင့်လှစ်မည့်
ယဉ်ကျေးလိမ္မာနှင့် ဓမ္မစကူးလ် သင်တန်းများသို့
သွားရောက်ထောက်ပံ့ လှူ ဒါန်းပေးပါမည်။
ပုသိမ်မြို့နယ် ၊ သစ်ပုတ်ကုန်းကျေးရွာတွင် ဖွင့်လှစ်မည့် သင်တန်း၌
ကျောင်းသာ-ကျောင်းသူ (၂၅၀ )ကျော်
နှင့် ကျောင်းတိုက် သံဃာအပါး (၁ရ )ပါး ရှိပါသည်။
မိုးညိုမြို့နယ် ၊ ကျွန်းညိုကျေးရွာ ကျောင်းတိုက်မှာတော့
ကျောင်းသား- ကျောင်းသူ (၁၅၀)ကျော် ၊
ဆရာမ (၃)ဦး ၊
သံဃာ အပါး (၁၅) ပါး ရှိပါသည်။
ယဉ်ကျေးလိမ္မာ သင်တန်းဆိုသည်ကား...
မိမိတို့၏ မြန်မာရိုးရာ ယဉ်ကျေးမှု၊ လူမျိုး၊ ဘာသာ၊ မြတ်ဗုဒ္ဓကိုယ်တော်တိုင်
တည်ထောင်တော်မူခဲ့သော သာသနာတော်ကြီးအား
တည်တံ့၊ ကြီးထွား၊ ပြန့်ပွား ရှင်သန်အောင် လိုက်နာ ကြိုးစား၊
ဖြန့်ဖြူး၊ စောင့်ရှောက်၊ ထိန်းသိမ်းနိုင်သော
“ အနာဂတ် မျိုးဆက်သစ် သာသနာပြု အမျိုးကောင်းသား၊
အမျိုးကောင်းသမီး၊ လူယဉ်ကျေး၊ လူကောင်း၊ လူတော်များ ပေါ်ပေါက်လာရေး”
ပင်ဖြစ်၏ ။
မျိုးဆက်မပျက်စေရေး ရည်မျှော်တွေးသည် ဤသို့ သာသနာအထောက်အပံ့ပြု လုပ်ငန်း၌ သဒ္ဓါတရား နည်းများမဆို ပါဝင်လှူ ဒါန်း ကုသိုလ်ယူကြပါရန် တိုက်တွန်းရင်း... တောင်မြို့မဟာဂန္ဓာရုံ ဆရာတော်ဘုရားကြီး၏ သြ၀ါဒဆုံးမ
ကဗျာလေးဖြင့်-
“အိုးမဖုတ်ခင်၊ အိုးလုပ်စဉ်ဝယ်၊
အိုးတွင်နှိပ်ခပ်၊ တံဆိပ်မှတ်ကား၊
မပြတ်မစဲ၊ အိုးပင်ကွဲလည်း၊
အမြဲတစေ၊ တည်ရှိနေသို့၊
ထွေထွေသွေးသား၊ ကလေးများ၌၊
ဘုရားတံဆိပ်၊ ဘာသာစိတ်ကို၊
ခပ်နှိပ်နိုင်မှ၊ သက်ဆုံးကြအောင်၊
ဗုဒ္ဓဝါဒီ၊ စွဲ၍တည်မည်၊
ကိုယ်စီခပ်နှိပ်ကြစေသတည်း။” ...ဖြင့် နိဂုံးချုပ်အပ်ပါသည်။
အလှူ ကျင်းပမည့် နေ့ရက်။ ။ ပုသိမ်မြို့နယ် ၊သစ်ပုတ်ကုန်းကျေးရွာ ကျောင်းတိုက်၊
(၁၃၇၆-ခုနှစ်၊ တန်ခူးလဆန်း - ၇ ရက်) ၊ တနင်္ဂနွေနေ့။(6.4.2014)
မိုးညိုမြို့နယ် ၊ ကျွန်းညို ကျေးရွာကျောင်းတိုက် ၊
(၁၃၇၆- ခုနှစ် ၊ တန်ခူးလပြည့်ကျော် -၁၃ ရက်) ၊ တနင်္ဂနွေနေ့။(27.4.2014)
လှူ ဒါန်းလိုပါက ဖော်ပြပါ အကျိုးတော်ဆောင်များနှင့် ဆက်သွယ်လှုဒါန်း နိုင်ပါကြောင်း
(၁)ကိုလှမိုး (ဆစ်ဒနီ)
ဖုန်းနံပါတ်- 0418288634
(၂) ကိုကောင်းမြတ်ဇော် (စင်္ကာပူ)
ဖုန်းနံပါတ်-83283985
(၃)ဒေါ်မေကျော့ရှင်း (ဘန်ကောက်)
ဖုန်းနံပါတ်-00662691-9237 (6681-939-5175)
(၄)ကိုရဲမင်းထွန်း (စင်္ကာပူ)
ဖုန်းနံပါတ်-၀၉ ၇၃၁၄၄၉၃၆
(၅)ကိုကျော်ဝဏ္ဏ (မလေးရှား)
ဖုန်းနံပါတ်-0172218148
(၆) မနန်းယု (ရန်ကုန်)
ဖုန်းနံပါတ်-0931597694
(၇) မဖြူဖြူသီ (ရန်ကုန်)
ဖုန်းနံပါတ်-095500866
(၈) မအေးသီတာ (ရန်ကုန်)
ဖုန်းနံပါတ်-09420011104
(၉) မခင်မို့မို့ဝင်း (ရန်ကုန်)
ဖုန်းနံပါတ်- 0931630272
(၁၀) မဇင်မာဦး (ပဲခူး)
ဖုန်းနံပါတ်- 09250159113
(၁၁) မဆုမွန်ထွေး (ရန်ကုန်)
ဖုန်းနံပါတ်- 9420188860
(၁၂) မသူဇာအေး (ရန်ကုန်)
ဖုန်းနံပါတ်- 09420010771
(၁၃)ကိုညီညီတင် (မူဆယ်-ရှမ်းပြည်)
ဖုန်းနံပါတ်-09445108754
(၁၄) မနီလာ (ရန်ကုန်)
ဖုန်းနံပါတ်-095161478
(၁၅) ကိုလှိုင်ကျော်ထွေး (ရန်ကုန်)
ဖုန်းနံပါတ်-0931543530
ဓမ္မမိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ....။

No comments:
Post a Comment