/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Sunday, February 16, 2014

**** တရားအားထုတ်ခြင်းဟူသည် ****



စိတ်၏အလုပ်ဖြစ်သည့် ကမ္မဋ္ဌာန်းခေါ်(Meditation)
အားထုတ်ရာတွင် စိတ်ကို အာရုံတစ်ခုတွင် တည်ငြိမ်စေရန် စတင်လေ့ကျင့်ရသည်။ ဤသည်ကိုယနေ့ခေတ်တွင် တရားအားထုတ်ခြင်းဟုခေါ်ကြသည်
အမှန်မှာ စိတ်ကို ဂနာငြိမ်စေရန် ထိန်းသိမ်းခြင်း၊ စိတ်ကို သူ့သဘာဝအတိုင်း လွှတ်မထားခြင်း
(Control of mind) သာဖြစ်သည်။

အတွင်းသိစိတ်ဖြင့် အပြင်သိစိတ်ကို
ထိန်းသိမ်းထားခြင်းသာဖြစ်သည်။ အပြင်သိစိတ်(ပဉ္စဝိညာဏ)များသည် ပြင်ပအာရုံရှိရာသို့
ခန္ဓာကိုယ်ပြူတင်းပေါက်(ဒွါရ)များမှ ထွက်၍ သွားလေ့ရှိသလို အတွင်းသိစိတ် (မနောဝိညာဏ)
များကလည်း အာရုံများကို ဆွဲခေါ်လေ့ရှိ၏။ ဤသည်မှာ “ဝိညာဏစိတ်”များ၏ အပြန်အလှန်
အာရုံနှင့် ပလူးတတ်သည့် သဘာဝများဖြစ်သည်။

ထို့ကြောင့် မျက်စိကိုပိတ် ဆိတ်ငြိမ်ရာမှာ
တရားအားထုတ်ကြရသည်။ အကြောင်းမူ မျက်စိကိုပိတ်ထားခြင်းဖြင့်
မျက်စိရှေ့ရောက်လာသည့် အဆင်းအာရုံမြင်ကွင်းကို
တားမြစ်လိုက်သည်။

ဆိတ်ငြိမ်ရာရှာရခြင်းမှာမူ မိမိတို့ တရားအားထုတ်သည့်
နည်းများသည် ဘုရားလောင်း သိဒ္ဓတ္ထမင်းသား ခြောက်နှစ်ကြာ ဒုက္ကရစရိယာ အားထုတ်စဉ်ကလို
မိမိလက်ဖြင့် နာနှင့်မျက်စိ၊ နှာခေါင်းပေါက်တို့ကို ပိတ်၍ ကျင့်သည်မဟုတ်ပေ။ (သို့မဟုတ်)
ဟိန္ဒူယောဂကျင့်စဉ်ကဲ့သို့ လက်မနှစ်ခုဖြင့် နားနှစ်ဖက်၊လက်ညှိုး၊ လက်ခလယ်၊လေးခုဖြင့်မျက်စိနှစ်လုံး၊
လက်သူကြွယ်နှစ်ဖြင့် နှာခေါင်းနှစ်ပေါက်ကို ပိတ်၍ ပါးစပ်နှစ်ခုကို ခပ်တင်းတင်း လေမထွက်နိုင်အောင်
စေ့ထားကာ ကျင့်ကြသည်မဟုတ်ပေ။

မျက်စိနှစ်ဖက်ကိုသာ လက်မပါဘဲ အလိုမလျောက်
သာမန်အနေအထား ဖြင့် ပိတ်ထားကာ နားနှင့် နှာခေါင်းကိုမူ ဖွင့်ထားကြသည်။
အကယ်၍ ဆူညံ့သည့် နေရာတွင် အားထုတ်ပါက ဖွင့်ထားသည့်နားမှ အသံများ ဝင်ရောက်လာသဖြင့်
ကြားသိစိတ်ဖြစ်စဉ်များ ပေါ်ပေါက်လာကာ အတွင်း သိစိတ်က မထိန်းသိမ်းနိုင်တော့ဘဲ
အပြင်သိစိတ်နောက်သို့ စိတ်ရေစီးကြောင်း(The current of Mind) အတိုင်း စီးဆင်းလိုက်ပါလျက်
ထားသည့်နေရာတွင် စိတ်က မနေတော့သဖြင့် တည်ငြိမ်မှု(Concentrate) ပျက်ကာ
သတိလက်လွတ်ဖြစ်ရလေသည်။ သမာဓိ (Concentration) မဖြစ်နိုင်ဟု
ဆိုရမည်ဖြစ်ပါသည်။

ထို့ကြောင့် ဆိတ်ငြိမ်ရာသည်လည်း
တရားအားထုတ်ရာတွင် လိုအပ်သည့်အချက်ပင်ဖြစ်သည်။ အဓိကမှာ စိတ်ကို
ပြင်ပအာရုံများသို့ မလိုက်စေဘဲ ထားရာအာရုံတစ်ခုတည်းတွင်သာ နေစေရန်
လေ့ကျင့်ရမည်ဖြစ်သည်။

ထားရာ အာရုံသည် ပြင်ပအာရုံ(External Sense) ဖြစ်လျှင်
သမထလမ်း(Concentration of Method) ဟု ဆိုရမည်။
ဤသည်မှာ ရိုးရာကမ္မဋ္ဌာန်းလမ်းစဉ်ဖြစ်သည်။

ဗုဒ္ဓမပေါ်မီ(သို့မဟုတ်) သတ္တဝါဖြစ်စဉ်မှစ၍ ရှိခဲ့သဖြင့်
ရိုးရာကမ္မဋ္ဌာန်းဟု ဆိုခြင်းဖြစ်သည်။ အနိမ့်ဆုံးအဆင့် စိတ်မငြိမ်မသက်ဖြစ်နေလျှင်
ဘဝင်မကျနိုင်သဖြင့် အိပ်လို့ ပင်မပျော်နိုင်။ အိပ်ပျော်ရန်မှာ စိတ်ငြိမ်ဖို့လိုပေသည်။
ယင်းသည်ပင်လျှင် ရိုးရာကမ္မဋ္ဌာန်းဖြစ်တော့သည်။ ထို့ကြောင့် စိတ်ငြိမ်ရုံမျှလုပ်သည့် ကမ္မဋ္ဌာန်းမှန်သမျှသည် သမထာသာရှိသေးသည်။ ပြင်ပ အာရုံကိုမယူဘဲ
အတွင်းအာရုံ(Internal Sense) ဟုခေါ်နိုင်သည့် ကိုယ့်ခန္ဓာကိုယ်အတွင်း ရုပ်ကိုဖြစ်စေ၊
နာမ်ကိုဖြစ်စေ၊စိတ်ငြိမ်ရုံမျှ ရှုကြည့်နေလျှင်လည်း
သမာဓိသမထ ပင်ဖြစ်သည်။

အခြားဝါဒ၊ အခြားဘာသာများမှာကဲ့သို့
ထေရဝါဒ မြတ်ဗုဒ္ဓသာသနာတွင် (Psychic Power) တန်ခိုးရသည် မရသည်။ (Miracles) တန်ခိုးကြီးသည် ၊မကြီးသည်မှာ အဓိကမဟုတ်။

မြတ်စွာဘုရားရှင်က တန်ခိုးပြခြင်းကိုပင်
တားမြစ်ပိတ်ခဲ့သေးသည်မဟုတ်ပါလား။ သို့သော် ထေရဝါဒ ဗုဒ္ဓဝါဒီတို့သည်လည်း
အတ္တကို ဗုဒ္ဓဝါဒ (မြန်မာ့ရိုးရာ) အရ ဖြုတ်နေကြသော်လည်း အတွင်းစိတ်တွင်မူ အတ္တက ကင်ဆာရောဂါအဖြစ် အမြစ်တွယ် နေသည်မှာ ကြာပြီဖြစ်၍ အနတ္တနောက်
မလိုက်သေးဘဲ တန်ခိုးများနောက် ကောက်ကောက်ပါတုန်းပင် ရှိနေကြကြောင်းတွေ့ရသည်။

ရိုးရာ(သီလဗ္ဗတုပါဒါန်) အလေ့စွဲ၊
အကျင့်စွဲ ဓလေ့ထုံးစံများကို အမှား (သီလဗ္ဗတပရာမာသ) အဖြစ်
မမြင်နိုင် မပယ်နိုင်ဖြစ်နေကြသောကြောင့် တန်ခိုး၊ ဗေဒင်၊ မန္တာန်ပုဂ္ဂိုလ်များအဖို့
အထက်တန်းကျစွာ နေနိုင်၊စားနိုင်၊ သွားနိုင်၊ ကြွားနိုင်သည့် (Boastful power)
တန်ခိုးများဖြင့် ဘုန်းကြီး ကုန်ကြ၏။ဤသို့ဖြင့် ရိုးရာကမ္မဋ္ဌာန်းမှ မလွတ်နိုင်ဘဲ
(Peace of mind or the power with pride)
စိတ်ချမ်းသာမှုရရုံမျှဖြင့် ကျေနပ်ကြ၏။

ဗုဒ္ဓ၏ အဓိကကမ္မဋ္ဌာန်းသည် ဝိပဿနာ
(ရိုးရာလွန်ကမ္မဋ္ဌာန်း) (Insight of Meditation)ဖြစ်သည်။
ဗုဒ္ဓသည် ရိုးရာမှန်သမျှ ဖဲခွာစွန့်လွှတ်ခဲ့သူဖြစ်သည်။ သတ္တလောကတွင် ပညာရှိနှင့်
သူတော်ကောင်း အခေါ်ခံသူတို့ နောက်သို့လိုက်သူမဟုတ်။ မည်သည့်ပညာရှိ၊
သူတော်ကောင်းဆိုသူတို့မှ မထုတ်ဖော်နိုင်သည့်တရားကို ပထမဆုံးဖော်ထုတ်နိုင်သူ
(First Discoverer) ဖြစ်သည်။

မြတ်စွာဘုရားဖော်ထုတ်နိုင်ခဲ့သည့် တရားသည်
ဖြူစင် သန့်ရှင်းအညစ်ကြေး ကင်းစင်သည့်(Noble) အရိယတရားဖြစ်သည်။ ဗုဒ္ဓသည် သူဖော်ထုတ်နိုင်သည့် တရားကို ဟောပြကြေငြာရာတွင် မည့်သူ့မျက်နှာကိုမှ
မငဲ့ဘဲ တည့်တည့်မတ်မတ် ရှင်းလင်းပြခဲ့သည်။

ဤသို့သော တရားစကားမျိုးကို နားလည်လိုက်မီနိုင်အောင်
မွေးရာပါ ဗီဇစိတ်(ခေါ်) ပဋိသန္ဓေ+ ဘဝင်စိတ် တို့တွင် ဥာဏ်(ခေါ်) (Genesis- Knowledge or IQ) မြင့်မားစွာပါရှိဖို့ လိုသည်။ဗုဒ္ဓဘာသာ၏ အဓိကအချက် မှာ
နေရာတကာ ဥာဏ်ကို အသုံးချ ခိုင်းခြင်းဖြစ်သည်။

ဥာဏ်ကို အသုံးချခိုင်းသော်လည်း
ကြိုးစားမှု (Effort Or Energy) “ဝီရိယ” နှင့် လုပ်ငန်းအပေါ် “မျက်ခြည်မပြတ်မှု” (Mindfulness)
“သတိ” တို့ကို အမြဲတမ်းမှတ်မိနေရန် ၊သညာ(Perception Or Memory) ရှိနေဖို့
လိုကြောင်း ထပ်ခါတလဲလဲပြောခဲ့သည်။ မကြိုးစားဘဲအပျင်းထူ နေသူကို မြတ်စွာဘုရားက
မကြိုက်ရုံမျှမက အပြစ်ပင်တင်သေးသည်။

ထို့ကြောင့် သတိ(Mindfulness) နှင့် ဝီရိယ(Energy)ကို
ဥာဏ်(Konwledge)နှင့် ထိန်းကွပ်ထားပြီး မှတ်ဥာဏ် (Memory)အားကောင်းရေးသည်
ဗုဒ္ဓဘာသာဝင်တို့ လိုက်နာရမည့် အဓိကအလုပ်ဖြစ်သည်။

ထို့ကြောင့် ဝိပဿနာတရားကို သတ္တလောက၏
အစဉ်အလာရိုးရာ(Tradition) ကို ပယ်ဖျက်နိုင်သည့်၊ ရိုးရာတံတိုင်းကို ထွင်းဖောက်ကျော်လွန်နိုင်သည့်
ပဋိဓေဝ(Penetration) ရိုးရာလွန် ကမ္မဋ္ဌာန်းဖြစ်ကြောင်းဆိုခြင်းဖြစ်သည်

♦ ဝိပဿနာဟူသည် “ဝိ+ ပဿနာ”= “အထူး+အမြင်၊ကြည့်ခြင်း”
ဟု အဓိပ္ပာယ်ရသည်။ အထူးဆိုသည်ကို “အထူးထူး အခြားခြား၊ ကွဲကွဲပြားပြား၊ သေသေချာချာ၊
အထူးထူး အပြားပြား၊ စေ့စေ့စပ်စပ် ဟု အဓိပ္ပာယ်ဖော်လျှင် “ဝိ” -ဟူသည်
“ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း(Analysis)” ဖြစ်လာသည်။ “ပဿနာ” ကို ကြည့်ခြင်း၊ မြင်ခြင်း အဓိပ္ပာယ်ဖော်လျှင် “ကြည့်ခြင်း၊ တွေ့မြင်၊ ရှုမြင်၊ သိမြင်၊ တွေးမြင်”
“မြင်” ဆိုသည့်စကား၏ ဒီဂရီကွာပုံကို နားလည်လာမည် ဖြစ်သည်။

♦ အင်္ဂလိပ်ဘာသာဖြင့် (Insight)ဟု ပြန်လေ့ရှိကြရာ
ယင်းကို လေ့လာလျှင်လည်း “ IN=အတွင်းအထဲ” ၊
“Sight=မြင်ခြင်း၊ ကြည့်ခြင်း” ပင်ဖြစ်သည်။ သတ္တဝါတိုင်း ကြည့်ပါ မြင်ပါဆိုလျှင်
ကိုယ့်ကိုယ်ကို ကြည့်ဖို့ထက် ပြင်ပကိုသာကြည့်လေ့ရှိသည်မှာ ထုံးစံဖြစ်သည်။
ထို့ကြောင့် အတွင်းဖောက်၍ ကိုယ့်ကိုယ်ကို မြင်နိုင်သည့် အမြင်ကို (Insight)ဟုဆိုသည်။

♦ သို့ဖြင့် ဝိပဿနာဆိုသည့် စကားကပင်
“ကိုယ့်ကိုယ်ကို ခွဲခြမ်းစိတ်ဖြာ လေ့လာကြည့်ရှုခြင်း”
( Self- Analitical View or Self Investigation or Self Analysis)
ဆိုသည့် သဘောဆောင်သည်ကို တွေ့ရမည်ဖြစ်ကြောင်း တစ်စေ့တစ်စောင်းသိမှတ်ဖွယ်အဖြစ်
ရေးသားလိုက်ရပါသည်။

စာဖတ်သူအားလုံး သက်ရှည်ကျန်းမာ ၊စိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်ဝကြပါစေ။

- 【အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)】
 

No comments:

Post a Comment