
ဧကဂ္ဂတာအကြောင်း
******************
တည်ငြိမ်ခြင်း ငြိမ်သက်ခြင်းသဘောသည်
ဧကဂ္ဂတာတည်း ၊ ထို့ကြောင့် "ဧကဂ္ဂတာ တည်
ငြိမ်စွာသား" ဟု ဆိုခဲ့သည် ။ ဤဧကဂ္ဂတာကို
"သမာဓိ" ဟုလည်း ခေါ်ကြသည် ၊
******************
တည်ငြိမ်ခြင်း ငြိမ်သက်ခြင်းသဘောသည်
ဧကဂ္ဂတာတည်း ၊ ထို့ကြောင့် "ဧကဂ္ဂတာ တည်
ငြိမ်စွာသား" ဟု ဆိုခဲ့သည် ။ ဤဧကဂ္ဂတာကို
"သမာဓိ" ဟုလည်း ခေါ်ကြသည် ၊
ဧကဂ္ဂတာ
ခေါ်သော သမာဓိ၏အစွမ်းကြောင့် စိတ်သည်
အာရုံကိုယူသောအခါ အာရုံတစ်ခု၌ အတော်
ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏ ၊ ထို့
ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထား
သော မီးတောက်၏ငြိမ်သက်နေပုံကဲ့သို့ အာရုံ
တစ်ခု၌ တည်တံ့သော ( တည်ကြည်သော) ငြိမ်
သက်သောတရားဟု ဆိုရပေသည် ။
ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို ယူနေရာ၌ ထို
အာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍
အာရုံပြုနိုင်လျှင် "သမာဓိရပြီ သမာဓိအား
ကောင်းလာပြီ" ဟု ပြောစမှတ်ပြုကြ၏ ၊ ထို
သမာဓိဓာတ်ခံ အားကောင်းသူသည် အနေအ
ထိုင် တည်ကြည်၏ ၊ အပြောအဆိုလည်း တည်
ကြည်၏ ၊ သွားလာရာ၌လည်း ဣနြေ္ဒရ၏ ။
ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏ ။
သို့ရာတွင် စွဲမိစွဲရာအာရုံကိုကား စွဲလမ်းတတ်
လေသည် ။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၉)
ခေါ်သော သမာဓိ၏အစွမ်းကြောင့် စိတ်သည်
အာရုံကိုယူသောအခါ အာရုံတစ်ခု၌ အတော်
ကြာအောင် ထပ်ကာထပ်ကာ ယူနိုင်၏ ၊ ထို့
ကြောင့် ဤသမာဓိကို လေငြိမ်ရာ၌ ထွန်းထား
သော မီးတောက်၏ငြိမ်သက်နေပုံကဲ့သို့ အာရုံ
တစ်ခု၌ တည်တံ့သော ( တည်ကြည်သော) ငြိမ်
သက်သောတရားဟု ဆိုရပေသည် ။
ကမ္မဋ္ဌာန်းအာရုံတစ်ခုခုကို ယူနေရာ၌ ထို
အာရုံတစ်ခုအပေါ်မှာ ကြာရှည်စွာ ထပ်၍ထပ်၍
အာရုံပြုနိုင်လျှင် "သမာဓိရပြီ သမာဓိအား
ကောင်းလာပြီ" ဟု ပြောစမှတ်ပြုကြ၏ ၊ ထို
သမာဓိဓာတ်ခံ အားကောင်းသူသည် အနေအ
ထိုင် တည်ကြည်၏ ၊ အပြောအဆိုလည်း တည်
ကြည်၏ ၊ သွားလာရာ၌လည်း ဣနြေ္ဒရ၏ ။
ပေါင်းသင်းဆက်ဆံရာ၌လည်း တည့်မတ်၏ ။
သို့ရာတွင် စွဲမိစွဲရာအာရုံကိုကား စွဲလမ်းတတ်
လေသည် ။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၁၂၉)
No comments:
Post a Comment