မေတ္တာဂရုဏာမုဒိတာတို့မှ ပေါက်ဖွားလာသောမြတ်နိုးစရာ မိမိ၏အားပေးဆေးစွမ်းကို အပြစ်ကင်းမြတ်နိုးစရာအလုပ် လုပ်နေသူ တွေ့မြင်လေက မိမိသည်တိုက်ကြွေးသင့်လှ၏။ မိမိ၏အကြိုက်နှင့်စရိုက်ကို
ဦးစားမပေးသင့် အလုပ်၏ မြတ်နိုး
အပြစ်ကင်းမှုကိုသာ ကြည့်ရှုသင့်လှ၏ ။
မိမိ၏ ဝါသနာစရိုက်နှင့်
မကိုက်၍ မနှစ်သက် သဘောမတွေ့သော်လည်း
နှစ်သက်သဘောကျလို့ လုပ်ဆောင်နေသူအတွက် အပြစ်ကင်းပါ၏ နှစ်ခြိုက်၍
အတုလိုက်သူလည်း အပြစ်ကင်းပါ၏
အပြစ်ကင်းမှုသည် လိမ္မာမှုပဖြစ်၍
လူတစ်ယောက် လိမ္မာလျှင် တနေရာအေးချမ်းပါ၏ မှီခိုသူပါမကျန် အေးချမ်းပါ၏။
ထို့ ကြာင်း လူတစ်ယောက်လိမ္မာမှု ဆက်ဖြစ်ဖို့ အားပေးသော အားဆေးသည် အေးချမ်းသောအရိပ်အာဝါသကို များများတည်ဆောက်ရာ ရောက်ပါ၏ ။
မိမိစိတ်အကြိုက်သည် စံပယ်ပန်းပင်ဖြစ်ပါစေ နှင်းဆီပန်း ပန်ဆင်ထားသူတွေ့မြင်လေက
အို…
``နှင်းဆီပန်းလေးနဲ့ အကောင်းဆုံး
ပြင်ဆင်ထားပါဘိ လိုက်ဖက်ပါ့ကွယ် ´´ဟု အသိမှတ်ပြုသင့်၏ အားပေးသင့်၏ ဥပမာမျှသာ။
မိမိ၏ အားပေးမှုကြောင်း ကြိုးစား၍ လုပ်ဆောင်နေသူသည် လောကကောင်းကြိုး အများအပြား မသယ်ပိုးနိုင်ခဲ့လည်း သူ၏ မိခင်ဖခင်နှင့် သမီးသား ဇနီးမယားကိုတော့ဖြင့် အကောင်းဆုံးအကျိုးပြု သယ်ပိုးမှာတော့ အမှန်ပင် ဖြစ်၏။
ကြီးပွါးရေး စီးပွါးရေးအစ လူမှုရေးပါမကျန် တစ်ဦးနှင့်တစ်ဦး မြတ်နိုးမှု နွေးထွေးမှု ယုံကြည်မှု ရရှိရန် ကွန်ယက်သဖွယ် ဆက်သွယ်ပေးသော ကောင်းမွန်းသော လူမှုဆက်ဆံရေးသည် အထူးလိုအပ်ပါ၏။
ဆူးကောက်ပမာ ချိပ်တတ် ငြိတတ်သော စကားမျိုစသည်ကိုရှောင်းရှား
အာပေးမှုစကားသည်… မိမိ၏ ကူညီမှု ဖေးမမှု အသက်မှက်ပြုမှု နှလုံးသားမှဖြစ်ပေါလာသော
အာပေးသော ``အားဆေးစွမ်း ´´ ဖြစ်၏။
မေတ္တာသည် အေးမြကိုဖော်ဆောင်၏ ။
သစ္စာသည် ကောင်းမြတ်မှုကို ဖော်ဆောင်၏။
နှလုံးသားအာဟာရ စာပေများ
No comments:
Post a Comment