
ဝိစိကိစ္ဆာအကြောင်း
*****************
ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည်
"ဝိစိကိစ္ဆာ" တည်း ၊ ထို့ကြောင့် "ဘုရားစသည့်-
ယုံမှားဘိမူ- ဝိစိကိစ္ဆာ" ဟု ဆိုခဲ့သည် ၊ "ယုံမှား"
ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မ
ဟုတ် ၊ စိတ်ချလက်ချ မယုံကြည်ဘဲ "မယုံတစ်
ဝက် ယုံတစ်ဝက်" ဆိုသလို ဖြစ်နေခြင်းမျိုး
တည်း ။ ဤဝိစိကိစ္ဆာ၏ မယုံမှုများကား -
၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ
ဟုတ်ပါ့မလား ၊
*****************
ဘုရားစသည်တို့၌ ယုံမှားခြင်းသဘောသည်
"ဝိစိကိစ္ဆာ" တည်း ၊ ထို့ကြောင့် "ဘုရားစသည့်-
ယုံမှားဘိမူ- ဝိစိကိစ္ဆာ" ဟု ဆိုခဲ့သည် ၊ "ယုံမှား"
ဟူသည် လုံးလုံး မယုံကြည်ခြင်းမျိုးလည်း မ
ဟုတ် ၊ စိတ်ချလက်ချ မယုံကြည်ဘဲ "မယုံတစ်
ဝက် ယုံတစ်ဝက်" ဆိုသလို ဖြစ်နေခြင်းမျိုး
တည်း ။ ဤဝိစိကိစ္ဆာ၏ မယုံမှုများကား -
၁။ အလုံးစုံကို အကုန်သိသော ဘုရားဆိုတာ
ဟုတ်ပါ့မလား ၊
၂။ ထိုတရားအတိုင်းကျင့်လျှင် နတ်ရွာ နိဗ္ဗာန်
ရနိုင်သည်ဆိုတာ ဟုတ်မှဟုတ်ပါ့မလား ၊
၃။ ( ကောင်းမွန်စွာကျင့်သော သံဃာကိုကြည့်
၍) ကောင်းမွန်စွာကျင့်သော သံဃာ ဟုတ်
မှဟုတ်ရဲ့လား ၊
၎။ ငါတို့ ကျင့်ကြံစောင့်ရှောက်အပ်သော သီလ
သိက္ခာပုဒ်များ အကျိုးရှိမှ ရှိပါ့မလား ၊
၅။ ငါတို့ ရှေးရှေးဘဝက ဖြစ်ခဲ့မှ ဖြစ်ခဲ့ဖူး
ရဲ့လား ၊ ( ယခုဘဝမှ ထာဝရဘုရား ဖန်
ဆင်းလို့ ဖြစ်ရတာလေလား)
၆။ နောက်၌ ရောက်ဖို့ရာ ဘဝရှိသေးတယ်ဆို
တာ ဟုတ်ပါ့မလား ၊ ( ယခုဘဝသေလျှင်
ပြီးချင် ပြီးနေမလား)
၇။ ပြုသမျှ ကောင်းမှု မကောင်းမှုသည် ကု
သိုလ်ကံ အကုသိုလ်ကံအဖြစ်ဖြင့် ခန္ဓာအ
စဉ်၌ သတ္တိကျန်ရစ်တယ်ဆိုတာ ဟုတ်နိုင်
ပါ့မလား ၊ ( ကံကို မယုံကြည်ပုံ)
၈။ ထိုကံ၏ အကျိုးများ ရလိမ့်မည်ဆိုတာ
ဟုတ်ပါ့မလား ၊( ကံ၏အကျိုးကို မယုံကြည်ပုံ)
၉။ အဝိဇ္ဇာကြောင့် သင်္ခါရဖြစ်ခြင်း အစရှိသော
အကြောင်းအကျိုးစပ်ပုံသည် ဟုတ်မှ ဟုတ်
ပါ့မလား ၊ ( ပဋိစ္စသမုပ္ပါဒ်ကို မယုံကြည်ပုံ)
* ဤသို့ ဘုရားစသည်၌ မယုံကြည်ခြင်းကိုသာ
ဝိစိကိစ္ဆာဟု မှတ်ပါ ၊ ဤဝိစိကိစ္ဆာကို "သံသ
ယ ဖြစ်ခြင်း" ဟုလည်း ဆိုကြသည် ။
အရှင်ဇနကာဘိဝံသ၏ ကိုယ်ကျင့်အဘိဓမ္မာ
( စာ-၇၈)
No comments:
Post a Comment