လငပုပ်ဖမ်းခြင်း
ဘုန်းကြီးတို့ ပိဋကတ်စာပေထဲမှာ လကြတ်တာဟာ ဘာကြောင့်ဖြစ်တာလဲဆိုရင် (သိပ္ပံကတော့ တစ်မျိုးပြောတာပေါ့) ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက ဒီလ,ဗိမာန်ကို သူကဘောလုံးလေးလို အောက်မေ့တာ၊ သူသွားတဲ့လမ်းကြောင်းနဲ့ ဆုံမိတဲ့အခါမှာ (သူနဲ့တော့ အမြဲတမ်းမဆုံဖြစ်ဘူး) လ သွားတဲ့ လမ်းကနေ သူဖြတ်ပြီဆိုတဲ့ အချိန်လေးမှာ သူက ကစားတဲ့အနေနဲ့ လ, လာမယ့်နေရာကို ပါးစပ်ကြီးဟထားတယ်၊ လ,ကလည်း ရွေ့လျားလာပြီး သူ့ပါးစပ်ထဲဝင်သွားတယ်တဲ့။
ဒါဗုဒ္ဓဘာသာကျမ်းစာတွေက ဆိုတာနော်၊ ရာဟုကတော့ အပျော်လုပ်တာပေါ့၊ လ,ဟာ ဗိမာန်တစ်ခုပဲပေါ့၊ နတ်ရှိတဲ့ ဗိမာန်တစ်ခုလို့ ဒီလိုဆိုတယ်၊ ဒီကနေ့ခေတ် သိပ္ပံကတော့ တစ်မျိုးပြောတာပေါ့လေ၊ ဗုဒ္ဓဘာသာ စာပေကျမ်းဂန်အရ ပြောမယ်ဆိုရင် လ,ဟာ ဗိမာန်၊ စတုမာရာဇ် နတ်ပြည်မှာရှိတဲ့ ဗိမာန်၊ လ,ဗိမာန်လို့ဆိုတော့ သာမန်လူတွေရဲ့မျက်စိနဲ့ ဗိမာန်ကိုမြင်ရပေမယ့် နတ်သားကို မမြင်ရဘူး။ နတ်တွေရှိတယ်ဆိုတာ မသိနိုင်ဘူး။

လူ့ပြည်မှာရှိတဲ့ သစ်ပင်တွေမှာ ရုက္ခစိုးရှိတယ်ဆိုတာကို လူတွေက အသိအမှတ်ပြုပြီးနေကြတယ်၊ သစ်ပင်ခုတ်လို့ ဒုက္ခရောက်တဲ့လူတွေလည်း အများကြီးရှိတာပဲ။ မုံရွာ လယ်တီတိုက်ထဲက သစ်ပင်ကြီးမှာ ရုက္ခစိုးနတ်ကြီးရှိတယ်ဆိုတာ
ဒီကနေ့ခေတ်တောင်မှ လယ်တီကျောင်းတိုက်ထဲသွားကြည
အဲ့တော့ လ,ဟာလည်း ဗိမာန်ဖြစ်သည့်အတွက် ထိုလ,ဗိမာန်ထဲမှာ နတ်သားရှိတယ်တဲ့၊ အကြောင်းဆုံလာတဲ့အခါမှာ ဒီရာဟုအသူရိန်ကနေပြီးတော့ လ,သွားတဲ့ လမ်းမှာ ပါးစပ်ကြီးဟထားတာ၊ သူ့ပါးစပ်ထဲကို လ,ဝင်သွားတယ်၊ ဝင်သွားတဲ့ အခါမှာ လ,နတ်သားက အင်မတန်မှကြောက်တယ်ပေါ့၊ အဲဒီင်္ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက ခန္ဓာကိုယ်အင်မတန်မှကြီးတဲ့ နတ်ကြီးတဲ့၊ သူ့ခန္ဓာကိုယ်က သူများထက်ပိုပြီးကြီးတယ်၊ သူ့ပါးစပ်ပေါက်ထဲ လ,က ဝင်သွားနိုင်တယ်ပေါ့။
သံယုတ္တပါဠိတော်မှာ လငပုပ်ဖမ်းရင် ရွတ်ရတယ်ဆိုတဲ့ ဂါထာပါတယ်-
''တထာဂတံ အရဟန္တံ၊ စန္ဒိမာ သရဏံ ဂတော။
ရာဟု စန္ဒံ ပမုဉ္စဿု၊ ဗုဒ္ဓါ လောကာနုကမ္ပကာ'' တဲ့။
''မြတ်စွာဘုရားဆိုတာ ဘယ်သူ့အပေါ်မှာပဲ ဖြစ်ဖြစ် အကြင်နာသနားထားတော်မူတယ်၊ ကရုဏာတရားထားတယ်၊ လ,နတ်သားဟာ ဘုရားကို ကိုးကွယ်ဆည်းကပ်သူဖြစ်တယ်၊ လနတ်သားကို ဖမ်းချုပ်မထားပါနဲ့၊ လွှတ်လိုက်ပါလို့ မြတ်စွာဘုရားကီဂါထာကိုရွတ်တယ်။ မြတ်စွာဘုရားရဲ့ အသံကိုလည်း ကြားလိုက်တော့ ရာဟုဟာ ဖမ်းမထားရဲတော့ဘူး၊ လွှတ်လိုက်ရတယ်။
အဲဒီလို စာပေမှာ အဆိုရှိတယ်၊ သို့သော် ဒီကနေ့ခေတ် သိပ္ပံနည်းအရ ဒီလ ဘယ်နေ့မှာလကြတ်မယ် ဆိုတာ တွက်ချက်တဲ့နည်းတွေရှိတယ်။ အဲ့တော့ ဒီလိုမှတ်သင့်တာပေါ့လေ၊ သိပ္ပံနည်းဘက်က ကြည့်မယ်ဆိုရင် လ,ဟာလည်း ကောင်းကင်မှာ လှည့်ပတ်ပြီးတော့ သွားနေတယ်၊ တခြားဂြိုဟ်တွေကလည်း လှည့်ပတ်ပြီးတော့ သွားနေတယ်၊ တခါတရံကျတော့ ကမ္ဘာဘက်ကနေပြီးတော့ တခြားဂြိုဟ်နဲ့ ကွယ်တဲ့အခါမှာလည်း လကြတ်တယ် ဆိုတာဖြစ်နိုင်တယ်။
အခု ဗုဒ္ဓမြတ်စွာဘုရားရဲ့ စာပေထဲမှာ ပါလာတဲ့အတိုင်း လည်းပဲ ရာဟုဆိုတဲ့ အသူရိန်နတ်ကြီးက တခါတရံ သူခရီးကြုံလို့ လုပ်တာလည်းရှိတယ်ဆိုတာ နှစ်ခုတွဲပြီးတော့ မှတ်ထား သင့်တယ်ပေါ့၊ တခါတရံ သိပ္ပံအဆိုနဲ့ ဗုဒ္ဓကျမ်းစာအဆို ကွဲပြားခြားနားမှုလေးတွေ ရှိတယ်၊ အဲဒီလို ကွဲပြားခြားနားမှု ရှိတဲ့အခါမှာ မှန်ကန်တဲ့အတွေးနဲ့ မှတ်သားတတ်ဖို့ လိုတယ်ပေါ့။
အဂ္ဂမဟာပဏ္ဍိတ အရှင်နန္ဒမာလာဘိဝံသ(Ph.D)
(ရှင်ရာဟုလာ၏ဘဝ နှင့် မြတ်ဗုဒ္ဓ၏အဆုံးအမ ဟူသောစာအုပ်မှ)
ဓမ္မအသိဖြင့် အကျိုးရှိရှိနေမည်။
No comments:
Post a Comment