ဘုန်းကြီးမနက်ပိုင်းမှာ လမ်းလျှောက်သွားတော့
လမ်းလေးမှာ “အမှိုက်တွေ”ဟာ ခြေလှမ်းလှမ်းလို့တောင်
မလွတ်နိုင်လောက်အောင် ဖြစ်နေတာတွေ့ရတယ်။
အမှိုက်ပုံတွေ “အနံ့အသက်” အင်မတန်ဆိုးတာ တွေ့ရတယ်။
ဘာဖြစ်လို့ လူတွေ “အမှိုက်”ကို စည်းမဲ့ကမ်းမဲ့ပစ်ကြသလဲ။
အဲဒီလိုလုပ်ရင် ညစ်ပတ်သွားမယ်၊
ကြည့်ရဆိုးမယ် ဆိုတာကို သူတို့မစဉ်းစားဘူး။
လမ်းမှာသွားနေရင်းနဲ့ လူတစ်ချို့အမှိုက်ကို
ပစ်ချလိုက်တာတွေ့တယ်။
ဒီလူဟာ... တစ်ချက်မှမစဉ်းစားပါလား။
ဒီအမှိုက်လေးကို ငါသိမ်းထားမယ်။
ပစ်သင့်တဲ့ နေရာတွေမှ စနစ်တကျပစ်မယ်လို့
မစဉ်းစားပါလား၊ တွေးကြည့်မိတယ်။
အဲဒါ ဘာဖြစ်လို့လဲဆိုတော့ “ပညာရေး”ထဲမှာ
အမှိုက်ကိုတွေ့ကရာ နေရာမှာ မပစ်ရဘူးဆိုတာကို
မသင်ပေးလိုက်လို့ဘဲ။

“မိဘ”တွေကလည်း မသင်ပေးလိုက်ဘူး။
“ကျောင်းဆရာ၊ ဆရာမ”တွေလည်း မသင်ပေးလိုက်ဘူး။
ဒါဟာ “ပညာရေးရဲ့ ချို့တဲ့မှု” တစ်ခုပဲ။
အဲဒီတော့
♦သန့်ရှင်းအောင်မှ မနေတတ်ဘူးဆိုရင်
“ပညာတတ်”လို့ ခေါ်မလား။
♦သန့်ရှင်းအောင်မှ မနေတတ်ဘူးဆိုရင်
“ယဉ်ကျေးမှုအဆင့်အတန်း မြင့်တယ်”လို့ ပြောမလား။
-【ဆရာတော် ဦးဇောတိက ၊မဟာမြိုင်တောရ】
Dhamma Dãna Source ►
www.facebook.com/youngbuddhistassociation.mm
No comments:
Post a Comment