/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, April 3, 2014

***** သာမာဝတီ မိဖုရားရဲ့ထုံးကို နှလုံးသွင်း ****

 
သူလိုစိတ်မျိုးထားကြည့်ကြမယ်၊
သတ္တဝါ တို့သည် သံသရာကျင်လည်စဉ်ကာလအတွင်း ကောင်း မှု များကို ပြုခဲ့ကြသလို မကောင်း မှုများ ပြုခဲ့ကြသည်လည်း ရှိခဲ့ကြ၏၊ထို့ကြောင့် သံသရာကျင်လည်သူ မှန်သမျှသည် “ ချမ်းသာ ဆင်းရဲ ” ခံစားကြရစမြဲဖြစ်၏၊


ဒီလိုချမ်းသာဆင်းရဲခံစားရတာလည်းဘယ်သူမှမလုပ်ဘူး မိမိကိုယ်တိုင်လုပ်ခဲ့တာပါပဲ မိမိကိုယ်တိုင်အသက်ရှင်နေရတဲ့အချိန်လေးမှာ ကိုယ့်ဘဝကို တန်ဖိုးရှိတဲ့လူတွေဖြစ်အောင် မေတ္တာတရားလက်ကိုင်
ထားပြီးနေသင့်ပါတယ်။

မေတ္တာလက်ဝယ်ထားကာ မနာလိုမှုကင်းတပါးသူကိုအကောင်းမြင်တတ်တဲ့သာမာဝတီ
အကြောင်းလေးနည်းနည်းပြောပြချင်ပါတယ်ကောသမ္ဗီပြည် ဥတေနမင်းဝယ် သမာဝတီ၊ မာဂဏ္ဍီ၊ ၀ါသုလဒတ္တဒေ၀ီ ဟု မိဖုရားသုံးယောက် ရှိပါတယ်။ သမာဝတီဟာ ရတနာသုံးပါးကို ကြည်ညိုတယ်။
မာဂဏ္ဍီကား မိဖုရား မဖြစ်
ခင် အပျိုစင်ဘ၀ကပင် ဘုရားအပေါ်မှာ ရန်ငြိုးထားခဲ့တဲ့ ပုဏ္ဏေးမကလေးပါ။


ဒါကြောင့် မာဂဏ္ဍီဟာ သမာဝတီအပေါ် အမြဲအပြစ်ရှာတတ်တယ်။ သာမာဝတီကား မေတ္တာတရား အထူးပွားမှားနေသူဖြစ်တယ်။ ဥတေနမင်းဟာ မိဖုရားသုံးယောက်တို့ရဲ့ အဆောင်ဝယ် တစ်လှည့်စီစံစားကာ
စောင်းတီးဝါသနာပါတဲ့ ဘုရင်တစ်ပါး ဖြစ်ပါတယ်။

တစ်နေ့တော့ သာမာဝတီအထံ အဆောင်တော်ကူးရန်နီး မာဂဏ္ဍီမိဖုရားက သူရဲ့ဘထွေးထံအဆိပ်ပြင်းတဲ့ မြွေကိုမှာပြီးအဆိပ်ကိုဖြေစေလျက် 
 စောင်းခွက်အတွင်းသို့ သွင်းထားလေတယ်။

ပြီးရင် စောင်းအပေါက်ကို ပန်းကုံးဖြင့်ပိတ်ဆို့ထားပြီးမှ ဘုရင့်ထံသွားကာ အိပ်မက်ရာ
မက် မကောင်းတဲ့အတွက်ကြောင့် သာမာဝတီအဆောင် မကူးဖို့ရန် မိန်းမတို့ရဲ့ အမူအရာနဲ့ သံတော်ဦးတင်လေပါတယ်။ ဘုရင်ကလည်း ဂရုမစိုက်ဘဲ သာမာဝတီရဲ့ အဆောင်သို့ ကူးသွားလေရာ၊ စိတ်မချတဲ့ဟန်နဲ့ နောက်ကအတင်း လိုက်သွားပါတယ်။


အဆောင်ရောက်ပြီး ဆက်သတဲ့ပွဲတော်ကို တည်ပြီးနောက် သလွန်ပေါ်မှာ လျောင်းတဲ့
အခါ မယောင်မလည်နဲ့ သူပိတ်ဆို့ထားတဲ့ ပန်းကုံးကို နုတ်လိုက်လေပါတယ်။ အဲဒီအချိန်မှာ စောင်းပေါက်မှာ ထည့်ထားတဲ့မြွေဟာ အလွန်စိတ်ဆိုးနေတဲ့အတွက် ရှူးကနဲထွက်ခါ ဘုရင်းဦးခေါင်းအနီးသို့ ရောက်လာတယ်။


အဲဒီအချိန်မှာ မာဂဏ္ဍီက အလွန်ထိတ်လန့် စိုးရိမ်ဟန်ဖြင့် ရှင်
ဘုရင်ကိုပြ၍ သမာဝတီနှင့် မောင်းမတစ်စုကို ကြိမ်းမောင်းပြီးလျှင် ရှင်ဘုရင်ကလည်း သူ့စကားကို နားမထောင်မိသဖြင့် ယခုလို ဖြစ်ရတယ်လို့ အပြစ်တင်လေပါတယ်။


ဥတေနမင်းကလည်း ရာဇမာန်ရှကာ ကိုင်နေကျ လေးကိုတင်ပြီး သာမာဝတီတို့ အစုကို
စီတန်းစေလျက် ပစ်ဖို့ရန် ကြိမ်းဝါးနေတုန်းမှာပင် သူတော်စင် သာမာဝတီမိဖုရားက သူရဲ့မောင်းမမိဿံများကို သြ၀ါဒပေးသည်မှာ=

အမိတို့ .. မောင်တော်မင်းမြတ်နှင့် မာဂဏ္ဍီတို့ အပေါ်မှာ
အနည်းငယ်မျှ စိတ်မကွက်ကြနဲ့နော်။ အခုလို အခါမျိုးမှာ မေတ္တာမှတစ်ပါး အားကိုးစရာ မရှိပေဘူး။ အမိတို့ ပွားများနေကျဖြစ်တဲ့ မေတ္တာကိုသာ မောင်တော်နှင့် မာဂဏ္ဍီတို့အပေါ်မှာ ကြိုးစား၍ ပွားများကြပါ ” တဲ့။


ဒီလိုတိုက်တွန်းလိုက်တာနဲ့ ပင်ကိုယ်ယဉ်ကျေးနေပြီး မောင်းမများဖြစ်တဲ့အတွက် အသက်ဘေးကို အရေးတကြီး မစဉ်းစားဘဲ မေတ္တာကိုသာ ပွားများကြပါတယ်။ ဥတေနမင်းကလည်း ချိန်ရွယ်ထားတဲ့မြှားကို တစ်အားကုန် လွှတ်လိုက်ပါတယ်။

ဒါပေမယ့် မေတ္တာတန်ခိုးကြောင့် မြှားအရှိန် ရှေ့မတိုးဘဲ ပစ်သူ့ထံ မြှားပြန်၍ ခ, လေတဲ့အတွက် ဥတေနမင်း သတိရကာ သာမာဝတီမိဖုရား ခြေရင်း၌ထိုင်ပြီး သည်းခံဖို့ရန် တောင်းပန်ရှာလေတယ်။

သာမာဝတီက “ အရှင်မင်းကြီး ကျမကို အားကိုးရာအဖြစ် မသတ်မှတ်ပါနဲ့ ဗုဒ္ဓကိုသာ အားကိုးရာ”ဟု သတ်မှတ်တော်မူပါလို့ ပြောပါတယ်။
သုံးကြိမ်တိုင်အောင် သာမာဝတီကို တောင်းပန်သော်လည်း ဘုရားကိုသာ အားထားဖို့အကြောင်း ပြောနေတော့ မင်းကြီးက ကောင်းပြီ မင်းကိုလည်း အားကိုးပါတယ်၊ ဗုဒ္ဓကိုလည်း ကိုးကွယ်ပါတယ်၊ မင်းကိုလည်း လိုရာဆုပေးပါတယ်” လို့ပြောလိုက်ပါတယ်။

သို့သော်လည်း သာမာဝတီက အဘယ်ဆုရယ်ဟု မတောင်းဆိုခဲ့သေးပါဘူး
နောက်တနေ့ .. ဥတေနမင်းကြိး ဗုဒ္ဓထံသို့ ချဉ်းကပ်ခါ “ ရှင်တော်
မြတ်ဘုရားကို ကိုးကွယ်ရာ အဖြစ် ဆည်းကပ်ပါ၏လို့” လျှောက်ထားပြီး ဘုရားအမှူးရှိသောသံဃာတော်များကိုနန်တော်မှာ ဆွမ်းပင့်ကပ်ပါတယ်။


အလှူပွဲကြီး ခုနစ်ရက်တိုင်တိုင်ကျင်းပအပြီးမှာ “ကဲ.. သာမာဝတီ..
သင်လည်း လိုရာ ဆုကို တောင်းပါလော့”ဟု မင်းကြီးက အမိန့်ရှိသောအခါ…။


“ တပည့်တော် ရွှေ၊ ငွေ ရတနာ လက်ဝတ် တန်ဆာ အဖြာဖြာကို မယူလိုပါ တပည့်တော်မ ယူလိုတဲ့ ဆုက .. မြတ်စွာဘုရားနှင့် သံဃာတော်များ နန်းတွင်းမှာ မပြတ်ကြွလာပါစေ တပည့်တော်များ တရားနာချင်ပါတယ် ဤဆုကို ပေးတော်မူပါလို့” တောင်းတော်မူပါတယ်။
နောက်နေ့များမှာ .. မင်းကြီးရဲ့ ခွင့်ပြုချက်နဲ့ နန်းတွင်းမှာ အရှင်အာနန္ဒာ ဦးဆောင်ပြီးသံဃာတော်များ မပြတ်ကြွရောက်ခါ တရာတော်များဟေားကြားပါတယ်။

သာမာဝတီတို့ရဲ့ဝဋ်းကြွေး
သာမာဝတီတို့အဖွဲ့ဟာ ဗုဒ္ဓနှင့်သံဃာတော်တည်းဟူသော သူတော်ကောင်း
များနှင့် ပေါင်းသင်းဆက်ဆံရ၍ စိတ်ကောင်းနှလုံးကောင်းများရှိပြီးမေတ္တာဘာဝနာ အပြည့်ဖြင့်နေနိုင်ကြပါတယ်။ မင်းကြီးလည်း သာမာဝတီရဲ့ ကျေးဇူးကြောင့် စိတ်ကောင်းနှလုံးကောင်းရှိသော မင်းတစ်ပါးဖြစ်လာပါတယ်။


သို့သော်လည်း ဒေါသရဲ့ ကျေးကျွန်ဖြစ်နေသော မာဂဏ္ဍီမှာ သူရဲ့လုပ်ရပ်များ မအောင်မြင်လို့ စိတ်ထဲမှာ မကျေနပ်နိုင် နောက်တကြိမ် သာမာဝတီကို ဘယ်လို အပြတ်ခြေမှုန်းရမလဲဆိုတာတွေးတောနေပါတယ်။

တနေ့ မင်းကြီးဥယျာဉ်တော် ကစားသွားတာကို အခွင့်ကောင်းယူကာ သူကိုယ်တိုင်း မင်းကြီး နောက်လိုက်ပါသွားပြီး ဦးရီးတော်အား တိတ်တဆိတ် သာမာဝတီတို့နေသော အဆောင်း မီတိုက်ရန် မှာခဲ့ပါတယ်။

သာမာဝတီတို့အဖွဲ့လည်း ကြမ္မာဝဋ်ကြွေး ပြေးမလွတ်သာ ဆိုသကဲ့သို့ အဆောင်တွင်းမှာ ကမ္မဋ္ဌာန်း စီဖြန်းရင်းဖြင့် သောတာပန် ၊ အနာဂါမ်၊ စသည်အဆင့်ဆင့်ရောက်ကာ ဘဝနိဂုံးချုပ်ရပါတယ်။

သာမာဝတီရဲ့အတိတ်ကံကြမ္မာရှေးအခါကဗာရာဏသီပြည်မှာ
မင်းကြီးရဲ့ နန်တွင်းမှာ မပြတ်ဆွမ်းရပ်တော်မူတဲ့ ပစ္စေဗုဒ္ဓါ ၈-ပါးရှိခဲ့ဖူးပါတယ်။ သာမာဝတီလောင်း မောင်းမငါးရာတို့လည် ထိုပစ္စေကဗုဒ္ဓါရှစ်ပါးကို ဆွမ်းလောင်းလှူရပါတယ်။

တစ်နေ့ ပစ္စေဗုဒ္ဓါ ၈-ပါးတွင် ၇-ပါးက ဟိမဝန္တာတောကို ကြွသွားပြီး ကျန်တစ်ပါးက မြစ်ကမ်းနားရှိ မြက်ချုံပုတ်ကြီး တခုမှာ ဈာန်ဝင် စားကာ နေရစ်ခဲ့ပါတယ်။

နောက်တစ်နေတွင် မင်းကြီးဟာ မောင်းမငါးရာကို ခေါ်ရာ မြစ်ဆိပ်ကိုရေ ကစားထွက်ကြပါတယ်။ မောင်းမတို့ဟာ တစ်နေလုံးရေကစားရတာ အလွန်တရာချမ်းအေးသည့်အတွက် မီးလှုံဖို့ရာ နေရာရှာရင်းက ပစ္စေကဗုဒ္ဓါအရှင်သူမြတ် ဈာန်ဝင်စားရာ ချုံပုတ်ကို မီးရှို့မိရာ
မြက်များ လောင်၍ ပြာကျပြီးမှ ဈာန်ဝင်စားနေသော အရှင်မြတ်ကိုတွေ့မြင်ကြပါတယ်။


ထိုနောက် .. ငါတို့ဘုရင်မင်းမြတ် တွေ့ရင် ငါတို့တော့ သတ်ခံရမှာပဲ
ဟု တွေးတောကာ ပစ္စေကဗုဒ္ဓါကို ဆက်လက်၍ မိးရှို့ လိုက်ကြပါတယ်။

ပထမအကြိမ် မသိ၍ မီးရှို့မိခြင်းက ကံမမြောက်သေးသောလည်း နောက်တကြိမ် စိတ်ပါလက်ပါ မီးရှို့လိုက်ရာ စေတနာပါသေကြောင့် အကုသိုလ်ကံ မြောက်သွားပါတယ်။

ဈာန်ဝင်စားနေသော ဘုရား၊ ရဟန္တာ ၊ဗုစ္စေကဗုဒ္ဓတို့မည်သည်ကား မည်သို့ပင် မီးရှို့သည်ဖြစ်စေ လောင်မြိုက်ခြင်း မရှိပါ။ နောက် ၇-ရက်မြောက်သောနေ့တွင် ဈာန်သမာပတ်မှ ထကာ လိုရာသို့ ကြွသွားပါတယ်။

ဤကဲ့သို့ ပစ္စေကဗုဒ္ဓါကို မီးရှို့ခဲ့တဲ့ အကုသိုလ်ကံကြောင့် ယခုပစ္စုပ္ပန်ဘဝတွင် မောင်းမငါးရာနှင့်တူ အဆောင်တွင်းမှာ သာမာဝတီတို့ မီးရှို့ခံရခြင်းဖြစ်ပါတယ်။
သို့သော်လည်း သာမာဝတီနှင့် မောင်းမများဟာ မမေ့မလျောသော သတိတရားဖြင့် နေထိုင်သွားသောကြောင့် နိဗ္ဗာန်ချမ်းသာကို ရရှိသွားကြပါတယ်။

သူတော်ကောင်းအဆင့်ကိုမျှော်မှန်းထားတဲ့သူတွေအနေနဲ့သာမာဝတီ မိဖုရားရဲ့ထုံးကို နှလုံးသွင်းလျက် မိမိအပေါ်မှာ မတော်မတရားဣဿာမစ္ဆရိယများ သူများကိုပင်ရန်မမူမိစေဘဲမိမိစိတ်ကိုသာ ကောင်းသည်ထက်

 ကောင်းအောင် ပြုပြင်ကြပါ။

အကျိုးဆောင်ခွင့် ကြုံလာလျှင် မိမိကို မလိုလားသူ၏ အကျိုးကိုပင် စိတ်ပါလက်ပါဆောင်လျက် အဖိုးတန်လှစွာသော မေတ္တာလက်နက်ကို အချက်ကျကျ သုံးစွဲလျှက်မိမိရဲ့စိတ်ကလေးကိုခုလေးတွေးတော
ကနေလိုက်ရင်လောကကြီးသာယာမှာအသေချာပါပဲ။
အာဏာရှိသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ပညာတတ်သူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ပစ္စည်းရှိသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ရုပ်ချောမောသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း

ရာထူးကြီးသူဖြစ်စေမူ

စိတ်ထားဖြူမှကောင်း သြော်လူ့ဘဝခဏလေးမှာ ငါစိတ်ထားကိုငါဖြူစင်အောင်ထားမယ်လို့တွေးတောပြီးနေစေ
ချင်ပါတယ်….

ဓမ္မစမ်းရေ..........

ဖေ့ဘုတ်မှတဆင့်

No comments:

Post a Comment