/-KK9_loa7vd0/UlGdvjyytmI/AAAAAAAAAJo/CYASBcEvf-Q/s1600/2.jpg /-lOmPFrl8XPM/UlGenrethAI/AAAAAAAAAJw/C2micEpuq98/s1600/3.jpg /-dYluM4WJoPk/UlGfQQftlJI/AAAAAAAAAJ4/jX-Uiar9weI/s1600/4.jpg /-nf8EdURdPWM/UlGf2-kc_eI/AAAAAAAAAKE/4FuxaCOarrQ/s1600/5.jpg /-saSqQhWsORI/UlGgWZb5BgI/AAAAAAAAAKM/NfXGousgxi8/s1600/6.jpg /-p8qKxxsXUqM/UlGg--8YPdI/AAAAAAAAAKY/xdBXvKSdXHc/s1600/7.jpg /-xIWC0FyHziE/UlGhgDvPjYI/AAAAAAAAAKg/KcDEVlbzTms/s1600/8.jpg /-ExizPq5U6WY/UlGh77XvSNI/AAAAAAAAAKo/-7_9l0K2i6g/s1600/9.jpg /-iINrw4I_6xg/UlGicQAf_wI/AAAAAAAAAKw/tGhsKFdLkgg/s1600/10.jpg /-ntDceJpthvQ/UlGjACykVeI/AAAAAAAAAK4/VHQQr32TK0U/s1600/11.jpg /-fqxH_m2LEEY/UlGjaObMvdI/AAAAAAAAALA/f9HaRWYO-AI/s1600/12.jpg /-xfECeCe_dDQ/UlGj-pQU9qI/AAAAAAAAALM/WM1hVLQNyOo/s1600/13.jpg /-BHG1G4ixBh8/UlGkl-z-QEI/AAAAAAAAALQ/GoWqxWOgYz4/s1600/14.jpg /-BlczOY9iWk8/UlGlF5V_25I/AAAAAAAAALY/nrFbp34VOko/s1600/15.jpg /-Cb5m_KgyDAk/UlIE8rsSOkI/AAAAAAAAAMQ/1oHjlhDHZ14/s1600/17.jpg /-yRwSwv5w8No/UlIFmUIqjwI/AAAAAAAAAMY/zktN7vgxukU/s1600/18.jpg /-inFEfyNQYIE/UlIGAPR0JvI/AAAAAAAAAMg/v21K2Odt1zc/s1600/19.jpg /-G7ntu7ury4E/UlIGUaQi37I/AAAAAAAAAMo/AZ01F8UsI58/s1600/20.jpg /-I8vCUhCS3oA/UlIKBPqQLrI/AAAAAAAAAM0/ut8eJGAsSKE/s1600/21.jpg /-41ZwK7gIr2U/UlIKXb5gzLI/AAAAAAAAAM8/WvSg-oULtgE/s1600/22.jpg /-TojgOyhekdE/UlIKrjq5bJI/AAAAAAAAANE/rRl37fDU1SM/s1600/23.jpg /https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBkeTl0tcTCHV8iwhAR7INBNesixdlrsh31sanSMEwZaR95jcu0JIW3G7kI4r1d5U2S5E9rLd4k6uXsGICeE_wZNte3JfLdKTS2Nx0wQ8GnluB_PMJYPssia3Z8X6Y3d54-mA06RKg7v4o/s1600/24.jpg /-FijLnHXN310/UlILMwydP7I/AAAAAAAAANU/UGrU5m5Qlik/s1600/25.jpg /-rCOON1atlAQ/UlIRGg-JUjI/AAAAAAAAANk/jmvr2gslKRY/s1600/26.jpg /-KhgTbZa636A/UlIRZyiryKI/AAAAAAAAANs/IVePjv0E68o/s1600/27.jpg /-GEj3iQziOPI/UlIRrWcGrrI/AAAAAAAAAN0/w5UwiZDN-5U/s1600/28.jpg /-qCBbdjQUzx4/UlIR7nMVOtI/AAAAAAAAAN8/uuovzhoG2P8/s1600/29.jpg /-TUkx_9ZzINw/UlISLSaznOI/AAAAAAAAAOE/cizev9CP9UI/s1600/30.jpg

Thursday, April 17, 2014

***** “မဆေးလျှော်ရင် ဘေးပေါ်မည်” ****

         မြတ်စွာဘုရားက “ရွံ့နွံကင်းစင်ပြီး အင်မတန်မှ ကြည်လင်သန့်ရှင်းလှပတဲ့ မဟာရေကန်ထဲသို့သင်တို့တစ်တွေ (ဗုဒ္ဓဘာသာ သာသနာနဲ့ကြုံတုန်း)အခွင့်အခါရှိတုန်း ရေဆင်းချိုးကြ၊ သင်တို့ ကိုယ်ခန္ဒာမှာ ကပ်ငြိနေတဲ့အညစ်အကြေးတို့ကို ကောင်းမွန်စွာ
 ဆေးကြောသုတ်သင်လိုက်ကြပါ” တဲ့။ 


ဒီကနေ့တို့တစ်တွေ ဒါနကောင်းမှု၊ သီလကောင်းမှု၊ ဘာဝနာကောင်းမှုတွေကို အခွင့်အခါရှိတုန်း လုပ်နိုင်ကြ
တာပါ။ လုယက်မှုတွေ ဖြစ်နေရင်၊ သူခိုး ဓားပြတွေ ဆူပူသောင်းကျန်းနေရင်၊ တိုင်းပြည်မငြိမ်မသက်
ဖြစ်နေရင်၊ သာသနာနဲ့ မဆုံဖြစ်ရင် ဒီ ဒါနကုသိုလ်၊ သီလကုသိုလ်၊ ၀ိပဿနာဘာဝနာကုသိုလ်တွေကို
မဆောင်ရွက်နိုင်ပါ။


         တရားချစ်ခင် သူတော်စင်အပေါင်းတို့ အေးသည်ဖြစ်စေ၊ ပူသည်ဖြစ်စေ နေ့စဉ်နဲ့အမျှ ရေချိုးကြ
ပါတယ်။ ကိုယ်ခန္ဓာမှာ ကပ်ငြိနေတဲ့ အညစ်အကြေးကို ဆပ်ပြာနဲ့ပွတ်သပ် ဆေးကြောရေချိုးပေးလိုက်ရင်
သန့်ရှင်းသွားပါမယ်။ ခန္ဓာကိုယ်မှာ ကပ်ငြိနေတဲ့ ချွေးဂျီးတွေ ညစ်ပေနေတာတွေ ပပျောက်သွားပါမယ်။
ရေမှန်မှန် မချိုးရင် ညစ်ပတ်မယ်၊ အခိုးမပွင့်ဘူး၊ အရေပြားနဲ့ ပတ်သက်တဲ့ ပွေး၊ ၀ဲ၊ ယားနာ၊ အဖုအပိန့်
တွေထွက်ပါမယ်။ ရောဂါထူပါမယ်။


         အသန့်ကြိုက်တတ်သူဆိုရင် တစ်နေ့ တစ်ကြိမ်မက နှစ်ကြိမ် သုံးကြိမ် လေးကြိမ်ထိအောင် ရေချိုးကြပါတယ်။ ရေချိုးလိုက်တော့ ကိုယ်ခန္ဓာအညစ်အကြေးတွေ ပြောင်စင်တယ်၊ သန့်ရှင်းတယ်၊ လန်းဆန်းတယ်၊ စိတ်အေးတယ်၊ စိတ်ကြည်လင်ပါတယ်။ ဒီလို ရုပ်ခန္ဓာအပေါ် သန့်ရှင်းအောင် ရေချိုးမှုတော့
လူတိုင်းလိုလို လုပ်ဖြစ်ကြပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရောဂါရမှာစိုးလို့၊ “ဘေးပေါ်မှာစိုးလို့” ပါ။ထို့အတူ
စိတ်ပေါ်မှာဖြစ်နေတဲ့ အကုသိုလ် ဂျီးတွေကိုလည်း ဆေးလျှော် ရပါမယ်။


         လောဘနဲ့သေ ပြိတ္တာပြည်။ ။ လောဘကြီးတဲ့သူဟာ ကိုယ်ရဖို့ကိုသာ ဦးတည်နေတာမို့ ကိုယ့်ဆီမှ တစ်ပြားတစ်ကျပ် ကုန်သွားမှာကို စိုးစဉ်းမျှမလိုလာပေ၊ ပေးကမ်းလှူဒါန်းခြင်းလည်း မရှိပါ။ မရှိဆင်းရဲ ဆာလောင်ငတ်မွတ်နေသောသူများကိုလည်း မကူညီပါ။ လောဘကြီးသူသည် မိမိကိုယ်တိုင်လည်း မ
သုံးဝံ့ မစားဝံ့ဖြစ်ကာ ရသမျှပစ္စည်းဥစ္စာကိုသာ စုဆောင်းတတ်သဖြင့် ယခုဘ၀တွင်လည်း ငတ်မွတ်နေပါတယ်။ စားရေးချို့တဲ့နေသောသူများကို ပေးလှူခြင်းမရှိ၍ ကံတူအကျိုးပေးအဖြစ် လောဘနဲ့သေလျှင်
ပြိတ္တာဘုံကိုရောက်ရပါတယ်။


         ဒေါသနဲ့သေ ငရဲပြည်။ ။ ဒေါသကြီးသောသူသည် စိတ်ကို မထိန်းနိုင်သဖြင့် ထိတ်ကနဲဆို ဓားဆွဲ
ဒုတ်ဆွဲကာ ရိုက်မယ်၊ သတ်မယ်၊ ဖြတ်မယ်လုပ်တတ်ကြသည်။ သူများကို ရိုက်လျှင် ခံရသူကလည်း စိတ်
ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပါတယ်။ သူများကလည်း တုန့်ပြန်ရိုက်သတ်လျှင်လည်း ကိုယ်ခံရတတ်ပါတယ်။
ကိုယ်အရိုက်ခံလိုက်ရလျှင်လည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ ဖြစ်ပါတယ်။ သေခါနီး ဝေဒနာခံစားနေရတဲ့
အချိန်တွင်လည်း ဝေဒနာတက်လာသည်ကို တရားမမှတ်နိုင်ဘဲ ဒေါသစိတ်သာခံပြင်းတတ်ပါတယ်။ ကိုယ်
ကလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်ပြီး သူများကိုလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်စေသဖြင့် ကံတူ
အကျိုးပေးအဖြစ် ဒေါသနဲ့သေလျှင် ငရဲပြည်ကို ရောက်ရပါတယ်။


         မောဟနဲ့သေ တိရ စ္ဆာန်(ပြည်)။ ။ မသိတတ်သောသဘောသည် မောဟပင်ဖြစ်ပါတယ်။ အနိစ္စ၊
ဒုက္ခ၊ အနတ္တ သဘောတရား၊ သစ္စာလေးပါးတရား၊ ပဋိစ္စသမုပ္ပာဒ် စသည့် သိသင့်သိထိုက်သောတရားများ
ကို (မသိအောင် ဖုံးကွယ်ထားသော) မသိခြင်းသည် မောဟဖြစ်ပါတယ်။ မောဟကြီးသောသူသည် သိသင့်
သိထိုက်စရာများကို သိအောင်လည်း မကြိုးစားကြသဖြင့် ကျင့်စဉ်သည် တိရ စ္ဆာန်ကျင့်စဉ်နှင့်မခြားကဲ့သို့တူညီနေပါသည်။ မသိမှုဖြင့်သာ ဘ၀ကိုလျှောက်လှမ်းနေသဖြင့် ကံတူအကျိုးပေးအဖြစ် မောဟနဲ့သေ
လျှင် တိရ စ္ဆာန်ဘ၀ ရောက်ရပါတယ်။


         အခု တို့တစ်တွေ ဆွမ်းလောင်းလှူကြတယ်ဆိုတာ လောဘချွေးကို ဆေးလျှော်တာပါ။ တစ်ရက်မဟုတ်၊ နှစ်ရက်မဟုတ်၊ တစ်လမဟုတ်၊ နှစ်လမဟုတ်၊ တစ်နှစ်မဟုတ်၊ နှစ်နှစ်မဟုတ် ဆွမ်းလောင်းလှူ
နေကြတာဟာ ရွံ့နွံကင်းစင်ပြီး အင်မတန်မှ ကြည်လင်သန့်ရှင်းလှပတဲ့ မဟာရေကန်ထဲသို့ တို့တစ်တွေ
အခွင့်အခါရှိတုန်း ရေဆင်းချိုးနေတာနဲ့ တူပါတယ်။ လောဘချွေးကို ဆေးလျှော်နေတာနဲ့ တူပါတယ်။


         အခု တို့တစ်တွေ တရားနာခါနီး သီလခံယူကြပါတယ်။ သီလဟူသည် ကာယကံမှု၊ ၀စီကံမှု၊ မ
နောကံမှု၏ စင်ကြယ်ခြင်းများပင် ဖြစ်ပါတယ်။ ဒေါသချွေးကို ကင်းစေလို သီလရေကိုချိုးရမယ် ဆိုတဲ့အတိုင်း ဒေါသချွေး ဆေးလျှော်တာပါ။ သီလဆောက်တည်ရာ၌လည်း တခဏဆောက်တည်သောသီလ မဟုတ်ဘဲ သီလမကျိုးမပျက်အောင် ထိန်းသိမ်းဆောက်တည်ခြင်းဖြင့် ဆေးလျှော်ရပါမယ်။  သီလရှိသူ
သည် သူတစ်ပါးကို မတော်မတရား မပြုလုပ်ပါ၊ မပြောဆိုပါ၊ မတွေးတောပါ။ စိတ်လန်းဆန်းကြည်လင်
အေးမြပြီး ဒေါသချွေးကို ရွံ့နွံကင်းစင်ပြီး အင်မတန်မှ ကြည်လင်သန့်ရှင်းလှပတဲ့ မဟာရေကန်ထဲသို့
တို့တစ်တွေ အခွင့်အခါရှိတုန်း ရေဆင်းချိုးနေတာနဲ့ တူပါတယ်။ ဒေါသချွေးကို ဆေးလျှော်နေတာနဲ့တူပါတယ်။


         အခု တို့တစ်တွေ တရားနာနေကြပါတယ်။ မောဟချွေးကို ကင်းစေလို ဘာဝနာရေကို ချိုးရမယ်
ဆိုတဲ့အတိုင်း အခု တရားနာနေတာလည်း ဘာဝနာပါပဲ၊ တရားနာတော့ အသိဉာဏ်၊ အသိတရားတွေတိုး
ပွားလာတယ်။ အမိုက်မှောင်ဓာတ်တွေ နည်းပါးလာတယ်။ လျော့ကျလာတယ်။ တရားနာပြီး တရားထိုင်
တာကလည်း မောဟချွေးကို ဆေးလျှော်တာပါပဲ၊ မေတ္တာပို့တာကလည်း

 မောဟချွေးကို ဆေးလျှော်နေတာနဲ့ တူပါတယ်။

        ဒါကြောင့် တရားချစ်ခင် သူတော်စင်အပေါင်းတို့ကလည်း  မြတ်စွာဘုရားက “ရွံ့နွံကင်းစင်ပြီး
အင်မတန်မှ ကြည်လင်သန့်ရှင်းလှပတဲ့ မဟာရေကန်ထဲသို့သင်တို့တစ်တွေ (ဗုဒ္ဓဘာသာ သာသနာနဲ့ကြုံ
တုန်း)အခွင့်အခါရှိတုန်း ရေဆင်းချိုးကြ၊ သင်တို့ ကိုယ်ခန္ဒာမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတို့ကို ကောင်း
မွန်စွာ ဆေးကြောသုတ်သင်လိုက်ကြပါ” လို့ မှာကြားတဲ့အတိုင်း လိုက်နာကြကာ လောဘချွေး၊ ဒေါသချွေး
မောဟချွေးများ ကင်းစင်ပြီး မြတ်နိဗ္ဗာန်ကို ရရောက်နိုင်ကြပါစေ ကုန်သတည်း။ ။


 { ၁၃၇၅ ခုနှစ်၊ ပြာသိုလဆန်း ၁၁ ရက်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊  ဆရာစံတောင်(စံပြ)
  ရပ်ကွက်၊ မင်္ဂလာသိဒ္ဓိလမ်း မိသားစုဓမ္မသဘင်၌ ဘဒ္ဒန္တကောသလ္လ(ဘီလူးကျွန်း)ဆရာတော်ဟောကြား
    သော “ မဆေးလျှော်ရင် ဘေးပေါ်မည် ” တရားတော်မှ ကောက်နုတ်ရေးသား ပူဇော်ပါသည်။ }


ဒီနေရာမှ ကူးယူမျှဝေသည်..။

No comments:

Post a Comment