
"မူလတန်းဗုဒ္ဓဘာသာလက်စွဲမှ ကလေးများအတွက် ကဗျာလင်္ကာ"
••••••••••••••••••••••••••••••••••••••••••••••••••••••••
အိပ်ရာဝင်သော် သတိရလို့၊ ဗုဒ္ဓ-ဓမ္မ-သံဃာရယ်၊
ကိုးကွယ်ပါတယ် စိတ်မှာညွတ်လို့၊ နှုတ်မှာတွတ်တွတ် ရွတ်ရတယ်။
အိပ်ရာထပြန် တစ်ဖန်ထပ်၍၊ မှန်မှန်မပြတ် ရွတ်ပါကွယ်၊
ဘေးအန္တရာယ် ရန်စွယ်ကင်းလို့၊ ကောင်းခြင်းသုခ ရလိမ့်မယ်။
ဗုဒ္ဓကြောင်းရာ ကောင်းစွာသိမှ၊ ဗုဒ္ဓကိုလည်း ကြည်ညိုမယ်၊
ကြည်ညိုသူတွေ ဟောညွှန်ပြမှ၊ စိတ်ကနှစ်ခြိုက် လိုက်ကြတယ်။
ဂုဏ်တော်တန်တန် မှန်မှန်ရလို့၊ ခဏခဏ ရွတ်သင့်တယ်၊
အကျိုးနှင့်ကံ ဝေဖန်တတ်မှ၊ ကံကောင်းကံမြတ် ပြုလိမ့်မယ်။
သရဏဂုံ တည်ရုံမျှနှင့်၊ ဥပါသက ဖြစ်ပါပြီ၊
ကိုယ်ကျင့်သိက္ခာ လုံခြုံကြဖို့၊ ငါးပါးသီလ ပဉ္စသီ။
ဒုစရိုက်တွေ ရှောင်သွေလွှဲလို့၊ သုစရိုက်လည်း စုံအညီ၊
ဆွမ်း-ပန်း-ရေတော်-မီးတော်ကပ်၍၊ နေ့စဉ်မပြတ် ပြုသင့်သည်။
တရားစစ်မှန် ကျင့်ကြံကြမှ၊ ချမ်းသာသုခ ရနိုင်မည်၊
တရားတုတွေ ကျင့်နေကြလို့၊ ဆင်းရဲဒုက္ခ ရောက်ရသည်။
ယခုတစ်ဖန် အမှန်လမ်းသို့၊ အမြန်လှမ်းဖို့ ချိန်တော်ပြီ၊
သို့မှတိုင်းပြည် ဘာသာရေးကြောင့်၊ သာယာအေးအေး ရှိလိမ့်မည်။
( မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး )
No comments:
Post a Comment