မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Tuesday, April 8, 2014
**** တံခါးဖွင့်ပေးရမယ့် သဒ္ဓါတရား ****
တံခါးဖွင့်ပေးရမယ့် သဒ္ဓါတရား
**********************
ချမ်းသာမှု၊
လွတ်မြောက်မှု၊
ငြိမ်းအေးမှုတို့ဟာလည်း
အသက်ကြီးရုံ၊
အချိန်ကုန်ရုံကလေးနဲ့၊
သူ့ဟာသူ တိုးလာကြ၊
ရင့်လာကြ၊
မြင့်လာကြတာ မဟုတ်ပါဘူး။
တရားစွမ်းအား ကောင်းသူနဲ့
မြှင့်တင်ပေးနိုင်မှသာ၊
ရင့်ကျက်မြင့်မား
တိုးတက်လာကြတာပါ။
ဒီလိုဆိုရင်
ဒုက္ခရဲ့ အနုတ်လက္ခဏာ၊
သုခရဲ့ အပေါင်းလက္ခဏာ၊
တရားစွမ်းအားများ
အဆက်မပြတ်
ဝင်ရောက်လာနိုင်ဖို့၊
သဒ္ဓါတရားက
တံခါးဖွင့်ပေးနေရမယ်
ဆက်သွယ်ပေးနေရပါမယ်။
တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိက
ယော ဆရာတော်ကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment