မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်ဗုဒ္ဓစေတိတော်များဆိုဒ်သို့ ၀င်ရောက်ဖတ်ရှုကြသော ဓမ္မမိတ်ဆွေစာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပြီး သာသနာအကျိုး ဆထက်တိုး၍ ထမ်းရွက်နိုင်ပြီးလျှင် နိဗ္ဗာန်ဆွေပြည်ကြီးကို လျှင်မြန်စောစွာမှောက်မြောက်ပြုနိုင်ကြပါစေသတည်း။
Friday, April 4, 2014
**** ဖန်ဆင်းရှင် ထာဝရဘုရား (God) ဆိုတာကို လေ့လာဆန်းစစ်ခြင်း။ ***
ဒီကမ္ဘာမှာ အစဦးဆုံးပေါ်ပေါက်တာက ဟိန္ဒူဘာသာ (Hindu)၊ ပြီးတော့ ဂျူး (Ju)၊ ပြီးတော့ ခရစ် (Christ)၊ နောက်ပြီး အလ္လာဟ် (Allah) အသီးသီးထာဝရဘုရားဆိုပြီး ပေါ်ပေါက်လာကြတယ်။
၁။ ဟိန္ဒူ (Hindu) က ဗြဟ္မာ (Brahma)
၂။ ဂျူး (Ju) က ထာဝရ (God)
၃။ ခရစ် (Christ) က ယေဟိုးဝါ (Gehovah)
၎။ အစ္စလာမ် (Islam) က အလ္လာဟ် (Allah) ဆိုပြီး အသီးသီး ဖန်ဆင်းရှင်တွေ ပေါ်ပေါက်ခဲ့တယ်။
ဒီလိုဆိုရင် ပထမဖန်ဆင်းရှင်က ကမ္ဘာလောကကြီးကို ဖန်ဆင်းပြီးရင် ကျန်တဲ့ သုံးဦးအတွက်က ဖန်ဆင်းစရာ ကျန်ပါအုံးမလား၊ ဒါမှမဟုတ် အတူတူပဲမျှဝေပြီး အမေရိကတို့ ဥရောပတို့ သြစတေးလျတို့ အာရှတို့ကို အညီအမျှ ညှိနှိုင်းပြီး ဖန်ဆင်းတာလား။
ဥပမာအားဖြင့်
၁။ ဗြဟ္မာက အိန္ဒိယကိုဖန်ဆင်း၊
၂။ ထာဝရက အမေရိကကိုဖန်ဆင်း၊
၃။ ယေဟိုးဝါက အစ္စရေးကိုဖန်ဆင်း၊
၎။ အလ္လာဟ်က ဆော်ဒီအာရေးဗီးယားကို ဖန်ဆင်း ဆိုပြီး အတူတူလက်တွဲ ဖန်ဆင်းခဲ့ကြတာလား။
အဲဒီလို အတူတူ ဖန်ဆင်းတယ် ဆိုရင်လည်း ဖန်ဆင်းရှင် တစ်ဦးတည်းဆိုတာ မဟုတ်တော့ဘူးလို့မြင်တယ်။ တစ်ဦးတည်း ဖန်ဆင်းတာဆိုရင် ကျန်သုံးဦးအတွက် ဖန်ဆင်းစရာက မကျန်လောက်တော့ဘူး။
ဒါမှမဟုတ် တစ်ဦး ဖန်ဆင်းတာကို ကျန်တစ်ဦးစီက Update လုပ်တာလား (ပြန်လည်မွမ်းမံတာလား) သို့မဟုတ် Upgrade လုပ်တာလား (အဆင့်မြှင့်တင်တာလား) ဆိုတာ သုံးသပ် ဆင်ခြင်စေချင်တာပါ။
ဦးခေမာစာရ ရေးသားသောဘလော့မှ ပြန်လည်မျှဝေသည်..။
http://buddhismworld.ning.com/profiles/blogs/god
Subscribe to:
Post Comments (Atom)
No comments:
Post a Comment